ဥသျှစ်ပင်-ညောင်ကျိုး-ပန်းတောင်းနဲ့ ပဲခူးအနောက်ခြမ်းဒေသက ပြည်သူ့အသံ
 10921
သန့်ဇင်(NP News)
မေး- AA က ပန်းတောင်းဘက်ကို တိုက်လာတဲ့ အခြေအနေရှိနေတော့ ပန်းတောင်း၊ ဥသျှစ်ပင်က ပြည်သူတွေရဲ့စိုးရိမ်စိတ်အခြေအနေဘယ်လိုရှိပါသလဲ ခင်ဗျ။
ဖြေ-ပြည်သူတွေရဲ့စိုးရိမ်စိတ်ကတော့ မြေပြင် သတင်းထက် Online သတင်းက မြေပြင်မှာပိုပြီး ပေါက် ရောက်နေတဲ့ အခြေအနေဖြစ်တဲ့အတွက်ကြောင့်မို့ စိုးရိမ်စိတ်ကတော့ရှိကြတယ်။ သို့သော်လည်းပဲ မြေပြင်အနေအထားနဲ့ မြေပြင် တကယ်လက်တွေ့မှာဖြစ်ပျက်နေတဲ့ ကိစ္စကျတော့ မြို့ရဲ့(၃)ပုံ(၂)ပုံ ကတော့ စိုးရိမ်စိတ်ရှိကြတယ်။ ပန်းတောင်း၊ ဥသျှစ်ပင်ပေါ့။ အဓိကပန်းတောင်းကတော့ နည်းနည်း လှမ်း သေးတာပေါ့။ အဓိကတော့ အနီးဆုံး ဥသျှစ်ပင်ပေါ့နော်။ ညောင်ကျိုးနဲ့အနီးဆုံးမြို့ပေါ့။ ညောင်ကျိုးနဲ့ ဆက်စပ်နေရာတွေကတော့ မြေပြင် အခြေအနေကိုသိတဲ့အတွက်ကြောင့်မို့ ပထမရက်ကတော့ စိုးရိမ် စိတ်ပိုပေမယ့် ဒီရက်ပိုင်းမှာတော့ တပ်မတော်ရဲ့လှုပ်ရှားမှုပိုင်းကို သိသွားတဲ့အတွက် စိုးရိမ်စိတ်တွေ လျော့သွားတယ်။
မေး- AA တွေက ညောင်ကျိုးကို တိုက်ခိုက်လာတာကြောင့် ဒေသခံတွေ ဘယ်လိုမျိုး ထိခိုက်မှုတွေ ရှိသွားလဲ။
ဖြေ-လက်ရှိအခြေအနေမှာတော့ ထိခိုက်မှုမရှိဘူး။ အမှန်က ညောင်ကျိုးကိုလာမတိုက်ဘူးမဟုတ်ဘူး။ တိုက်တယ်။ သို့သော်လည်း တပ်မတော်အနေနဲ့က‌ ခြေတစ်လှမ်းနောက်ကိုဆုတ်ပေးလိုက်တာ။ လူအင် အား လက်နက်အင်အဲဒီအနေအထားလေးနဲ့ လူထိခိုက်မှုအတွက် အင်အားအနေအထားအရ နောက်ကို ခြေတစ်လှမ်း ဆုတ်ပေးလိုက်တာ။ ခြေတစ်လှမ်း ဆုတ်လိုက်တဲ့အချိန်မှာ သူတို့ကညောင်ကျိုးကိုတက် လာပြီးတော့ ဆုတ်ပေးလိုက်တဲ့နေရာကို သူတို့က ညောင်ကျိုးစခန်းကို လာထိုင်တာဘာညာမရှိပဲနဲ့ တပ်မတော်က အဲဒီနေ့မနက်ပဲ မိမိနေရာမိမိပြန်နေရာယူထားလိုက်တယ်။ လက်ရှိအချိန်ထိပေါ့။ တပ်က လက်ရှိမှာပဲ ညောင်ကျိုးမှာထိုင်နေတာပါ။
မေး- AA က နယ်ကျွံလာတယ်ပေါ့နော်။ အစ်ကိုတို့ ဘက်ကိုနယ်ကျွံလာတဲ့အတွက်ကြောင့် စစ်ရိပ်သန်း လာတယ်ပေါ့နော်။ အဲဒီအပေါ်မှာရော ဘယ်လိုမျိုး စိုးရိမ်စိတ်တွေရှိကြလဲ။
ဖြေ-ပြည်သူတွေရဲ့စိုးရိမ်မှုကတော့ ဥသျှစ်ပင်မြို့ ပေါ်ထိရောက်မလာတဲ့အတွက် ကျွန်တော်ပြောသလိုပဲ။ ပထမပိုင်းမှာတော့ သူတို့ရဲ့ စိုးရိမ်မှုက (၉၀)ရာ ခိုင်နှုန်းလောက်ဖြစ်သွားတယ်။ အခုကတော့ ပြည်သူ တွေရဲ့စိတ်ပြန်လည်အေးချမ်းသွားတဲ့အနေအထား တွေ့ရတယ်။ လက်ရှိအနေအထားကတော့ ဥသျှစ်ပင် ကို ကျည်တစ်တောင့်မကျတာဖြစ်တဲ့အတွက်ကြောင့် မို့ ပြည်သူတွေအနေနဲ့ကတော့ လက်ရှိအခြေနေမှာ တော့ အေးဆေးပါပဲ။
မေး-နောက်တစ်ခုမေးစရာပေါ်လာတာက သတင်း တွေကြည့်ရသလောက်ဆိုရင် AA က ကပစဘက် တွေကို ပစ်မှတ်ထားတယ်လို့ ရည်ရွယ်သလိုရှိတာ ပေါ့လေ။ အဲဒီအပေါ်ဘာပြောချင်လဲ။
ဖြေ- တပ်မတော်မှာဦးဆောင်နေတဲ့ ဦးဆောင်သူတွေက ကျွန်တော်တို့ ပြည်သူတွေထက်အများကြီး ဉာဏ်ရည်မြင့်မားပါတယ်။ ကျွန်တော်တို့ပြည်သူတွေတောင်မှပဲ တပ်မတော်နဲ့ပတ်သက်တဲ့ အဓိကနေ ရာတွေကို စိုးရိမ်တတ်တယ်ဆိုရင် တပ်မတော်မှာ ခေါင်းဆောင်နေတဲ့ခေါင်းဆောင်ပိုင်းတွေအတွက်က အစီအစဉ်လေးတွေရှိမှာပါ။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့က တပ်မတော်ကိုယုံကြည်ထားတဲ့ အတွက်(AA) က မချိုးဖောက်နိုင်ဘူး။ ဒီအထိ ဥသျှစ်ပင်ထိတောင်မှ မထိုးဖောက်နိုင်ဘူးလို့ ကျွန်တော်တို့ ယုံကြည်မှုရှိထားတယ်ပေါ့။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့လို လူပိန်းမျိုးတွေတောင် မှပဲ ဒီဟာ ဒီဟာတွေတောင်မှပဲ ဒီလိုမျိုးဖြစ်ရင်ရှိနိုင်တယ်လို့သိရင် တပ်မတော်မှာအုပ်ချုပ်နေတဲ့ နိုင်ငံတော်ကို အုပ်ချုပ်နေတဲ့အကြီးအကဲတွေမှာလည်း သူတို့မှာလည်းကျွန်တော်တို့ထက်ပိုပြီးတော့ တာဝန်ယူမှု တာဝန်ခံမှုတွေ ခေါင်းဆောင်တစ်ယောက်ရဲ့ လုပ်သင့်လုပ်ထိုက်တဲ့အခြေအနေတွေ အကြောင်းအရာ တွေရှိမှာ။ ဒါကြောင့်မို့ တပ်မတော်ပေါ်ယုံကြည်မှုရှိတယ်။
မေး-ဥသျှစ်ပင်ဘက်ကနေပြီးတော့ နေရပ်စွန့်ခွာတဲ့သူတွေရှိနေပြီလား။
ဖြေ-လက်ရှိအချိန်မှာတော့ ဥသျှစ်ပင်ဘက်ကနေ ရပ်စွန့်ခွာတဲ့လူတွေ ကျွန်တော်သိသလောက်ကတော့ မရှိသေးဘူးဗျ။
မေး- ဥသျှစ်ပင်က ကျွန်တော်သိရသလောက်ဆိုရင် အေးချမ်းတဲ့မြို့လည်းဖြစ်တယ်။ အဲဒီ ဒေသတစ် ဝိုက်က အေးချမ်းတဲ့ဒေသအဖြစ် ရပ်တည်ခဲ့တာတော်တော်လည်းကြာခဲ့ပါပြီ။ အဲဒီတော့ အခုလိုမျိုး သောင်းကျန်းသူတွေဘက်က စစ်တွေပြင်လာတဲ့အတွက် ဒေသခံတွေ ဘယ်လိုအခက်အခဲတွေကို ကြုံ ရလဲခင်ဗျ။
ဖြေ-အဓိကတော့ အဲဒီအတိုင်းအတာလေးပါပဲ။ လမ်းပန်းဆက်သွယ်ရေးနဲ့ ပတ်သက်ပြီးတော့ လုံခြုံရေး ပိုင်းနဲ့ပတ်သက်ပြီးတော့ စိုးရိမ်စိတ်ကြောင့် လူတွေမထွက်ဘူး။ အခုလည်း တောက်လျှောက် ဥသျှစ်ပင် ကားတွေ ပန်းတောင်းကားတွေ လာနေတာပဲ။ ရောင်းဝယ်ဖောက်ကားမယ့်သူကတော့ ဝယ်တာတွေနဲ့ လာနေတာပဲ။ ပုံမှန်တိုင်းပါပဲ။
မေး- ညောင်ကျိုးကတပ်ကိုပြန်တိုက်တဲ့အချိန်မှာ AA တွေများလား။ ဗမာ PDF တွေကော ဘယ်လောက် ထိပါလဲ။
ဖြေ- အဲဒီလောက်အတိမ်အနက်ကိုတော့ ကျွန်တော် မသိဘူးခင်ဗျ။ ကြားသတင်းကတော့ AA လည်းမိ တယ်။ PDF မိတာတွေလည်းရှိတယ်လို့ ကြားထား ပါတယ်ခင်ဗျ။ ကျွန်တော်မြေပြင်ကနေတစ်ဆင့်ကြား ရတဲ့သတင်းပေါ့ဗျာ။
မေး- နောက်မေးခွန်းကတော့ ဒေသခံတစ်ယောက်အနေနဲ့ ကိုယ့်ဒေသကို စစ်ရောက်လာတာလိုချင်လား။
ဖြေ-လူတိုင်းလူတိုင်းကတော့ ကိုယ့်ပေါင်ပေါ်ကို မီးခဲကျတာကို ဘယ်သူမှမကြိုက်ဘူးလေ။ အဲဒီအတွက် စစ်ဆိုတာထက် ပြည်သူတွေ ရောင်းဝယ်ဖောက်ကား မှုရပ်တန့်သွားမယ့်အကြောင်းအရာဆိုရင် ဘယ် ကိစ္စမှ မလိုအပ်ဘူးပေါ့။ မလိုလားဘူးပေါ့။ နောက်ဆုံးဒီဒေသမှာလာပြီးတော့ စစ်မဖြစ်တောင်မှပဲ အသံဗုံး တို့ ခွဲတာကအစမလိုလားဘူး။ ပြည်သူတစ်ယောက်အနေနဲ့ အေးချမ်းတာပဲလိုချင်တယ်။ အေးချမ်းတာပဲ လိုလားတယ်။ ဒါကြောင့်မို့ အခုပြည်မှာဆိုရင် အလှူအတန်းတွေမှာ ဆင်နဲ့လှည့်တာတွေ ပြည်မှာဆိုရင် ဆင်(၂) ကောင် (၃) ကောင်နဲ့လှည့်တယ်။ ဆင်စီး မြင်းရံတယ်။ အဲဒီလိုမျိုးတွေတွေ့တယ်။ ဒီလိုဟာမျိုးကို ကျွန်တော်တို့ကကြိုက်တယ်။ အဲဒီလိုဖြစ်နေတာကို ကျွန်တော်တို့တွေ့တယ်လေ။ တွေ့တဲ့အခါကျတော့ ဒီလိုပူလောင်မယ့်အရသာကြီးကိုမလိုချင်ဘူပေါ့။ စစ်ဆိုတာကို ကျွန်တော်တို့မြို့အတိုင်းအတာအနေနဲ့ မလိုလားဘူးပေါ့။
မေး-စောစောကပြောခဲ့သလို့ မြေပြင်မှာက မြေပြင် သတင်းထက် အွန်လိုင်းပေါ်က သတင်းတွေ၊ သွေး ထိုးတဲ့သတင်းတွေက ပိုဆိုးတယ်ပေါ့။ အဲဒါကြောင့် ဥသျှစ်ပင်ကဒေသခံတွေနဲ့ ပြည်ဒေသတစ်ဝိုက်က ဒေသခံတွေက သတင်းမှားတွေရဲ့ဒဏ်ကို ဘယ်လောက်တောင် ခံနေရသလဲခင်ဗျ။
ဖြေ- ဒီဂယက်ကတော့ တော်တော်လေးများတယ် ခင်ဗျ။ သူတို့ဘက်ကထိုးစစ်က သူတို့ရဲ့လုပ်ရပ်က ပြည်သူတွေရော တပ်မတော်သားတွေအပေါ်မှာရော ထိုးစစ်တာကများတယ်။ နောက်တစ်ခုက ပြည်သူ တစ်ယောက်အနေနဲ့ပြောရမယ်ဆိုရင် သတင်းကို သတင်းလို ဟိုဘက်ဒီဘက်ကို Balance ချိန်ပြီးတော့ ပြည်သူတွေဖတ်လို့ရအောင်ထိုးဖောက်နိုင်တဲ့အင်အား၊ သတင်းအားတွေက ပြည်၊ ပဲခူးတိုင်းအနောက် ပိုင်း ဥသျှစ်ပင်တို့ အဲဒီဘက်နဲ့ ပတ်သက်လို့ကတော့ လိုအပ်တယ်ဗျ။ ဘာကြောင့်လဲဆိုတော့ ဒီသတင်း တွေကို ထိုးဖောက်နိုင်တဲ့အင်အားက မီဒီယာဆိုတဲ့ တကယ့်မီဒီယာကိုပြောတာနော်။ တခြားမီဒီညာတွေ က (၂)လုံး (၃) လုံးရောင်းတာလောက်နဲ့ Without ကားစီးတာလောက်ကို လျှောက်အော်နေတဲ့ကောင် ပေါက်ပန်း လေးဆယ်ကောင်တွေလောက်ကို ကျွန်တော်မပြောချင်ဘူး။ ကျွန်တော်ပြောချင်တာက တကယ်မီဒီယာရဲ့ကျင့်ဝတ်နဲ့ တကယ်အလုပ်လုပ်နေတဲ့ မီဒီယာကိုပဲကျွန်တော်ပြောချင်တယ်။ ပြည်သူ တွေအနေနဲ့က သူတို့တိုက်တဲ့မှိုင်းတွေက သူတို့ပေးတဲ့ Message တွေကိုရပြီးတော့ လူတွေက စိတ်ဖိစီး မှုတွေများနေတယ်။ ဟိုနေ့က ကျွန်တော့်မိတ်ဆွေတစ်ယောက် အလှူလုပ်ဖို့ကိုတဲ့ ချီတုံချတုံ ဖြစ်နေ တယ်တဲ့။ ဘယ်လိုလုပ်ရမလဲမသိဘူးကွာတဲ့။ အဲဒါနဲ့ပဲ ကျွန်တော်လည်း စကားလေးတစ်ခွန်းတော့ ပြော လိုက်ပါတယ်။ ဥသျှစ်ပင်တောင် ကျည်တစ်တောင့်မရောက်သေးတာ။ ပြည်မှာဘာမှဖြစ်စရာအကြောင်း မရှိဘူးလို့။ အဲဒီတော့ ရဲရဲတင်းတင်း အလှူအတန်းလုပ်စရာရှိတဲ့အလုပ်ကို လုပ်သာလုပ်လို့။ ချီတုံချတုံ မလုပ်နဲ့လို့ ဒီလိုစကားလေးပြောလိုက် တယ်။ အဲဒီလိုမျိုး ကျွန်တော်တို့ ဒီပြည်မြို့နဲ့ ဥသျှစ်ပင် ဘာညာ ပေါ့။ မြန်မာတစ်နိုင်ငံလုံးပါပဲ။ အဲဒီ မှိုင်းတွေက ကျွန်တော်တို့ ပြည်မြို့ကိုသိမ်းလိုက်ပြီဆိုတော့ ကျွန် တော်တို့ပြည်မြို့ကို ဘာသိမ်းတာလဲ။ အမှိုက်သိမ်းတာလားပေါ့။ သူတို့က အခုလိုမျိုး မှိုင်းတိုက်နေတဲ့ အပေါ်မှာ အခုလိုမျိုးသတင်းဌာနတွေကနေပြီးတော့ ပြည်မြို့ရဲ့အခြေအနေကတော့ ဘယ်လိုရှိတယ်။ ဥသျှစ်ပင်ရဲ့အခြေအနေကတော့ ဘယ်လိုရှိတယ်ဆိုတာမျိုးတွေထုတ်ပြန်စေချင်တာ။ ဖင်ပိတ် ငြင်းခိုင်း စေချင်တာမဟုတ်ဘူး။ အဓိက ဟိုတလောကလည်း တစ်ယောက်လွှင့်တယ်။ ညောင်ကျိုးမှာကျွန်တော် ရောက်နေပါတယ်။ ဘာမှမဖြစ်ပါဘူးဆိုတော့ ဟာဘာမှမဖြစ်ပါဘူးမပြောနဲ့ ဖြစ်သွားတာဖြစ်သွားတာပဲ။ ကိုယ့်ဘက်က (၁၀)မိနစ်တိုက်ပွဲဖြစ်လား။ (၁၅)မိနစ် တိုက်ပွဲဖြစ်လား။ နာရီဝက်တိုက်ပွဲဖြစ်လား။ အဲဒီ တိုက်ပွဲဖြစ်တဲ့အတိုင်းအတာမှာ ကိုယ့်ဘက်က ဘယ်လို ထိန်းသိမ်းထားနိုင်လဲပေါ့။ နာရီဝက်တိုက်ပွဲဖြစ် ရင် နိုင်ငံတော်အကြီးအကဲတွေက နာရီဝက်တိုက်ပွဲဖြစ်လိုက်တဲ့အပေါ်မှာ မီဒီယာသမားရဲ့ သတင်းတင် ဆက်မှုကိုကြည့်ပြီးတော့ လိုအပ်တဲ့အပြောင်းအရွှေ့တွေ လုပ်မှာလေ။ ကျွန်တော်တို့ဘက်က မီဒီယာ အားနည်းတယ်။ သူတို့ရဲ့ တိုက်တဲ့မှိုင်းတွေက ပြည်သူတွေမှာ အများကြီး ရောက်နေတယ်။ တချို့ဆို ဆန် အိတ်တွေ ဝယ်စုတာတွေဖြစ်လို့ဖြစ်နေတယ်။ ဘာမှမဖြစ်ဘူး။ ဝယ်နိုင်တဲ့လူကဝယ်တယ်။ မဝယ်နိုင်တဲ့ လူကတော့ အထုပ်ပဲပြင်မှာပေါ့။ ဒီလိုလေးတွေတော့ ရှိတယ်။
မေး-ညောင်ကျိုးမှာတိုက်ပွဲဖြစ်ခဲ့တယ်ပေါ့နော်။ အဲဒီတော့ ဥသျှစ်ပင်မြို့ရဲ့စီးပွားရေးကို ထိခိုက်သွားတာ မျိုးရှိလား။
ဖြေ-အဲဒီလိုတော့မရှိဘူး။ ရက်ပိုင်းလေးပဲဖြစ်တာလေ။ ရက်ပိုင်းလေးပဲဆိုတာက ကျွန်တော်တို့သိလိုက် တဲ့ နေ့ခင်းပိုင်းလေးဖြစ်လိုက်တာလေးနဲ့ ညပိုင်းလေးဖြစ်လိုက်တာလေးမှာ တစ်ရက်နှစ်ရက်အပြင် ပို မဖြစ်သွားဘူး။ လူတွေက သွားမြဲသွား လာမြဲလာပဲလေ။ (၂)ရက်လောက်မှာတော့ လူတွေ ရဲ့စိုးရိမ်မှုက သူတို့ရဲ့ ဟိုဘက်ကနေပြီးတော့ ညောင်ကျိုးဆိုင်းဘုတ်ကြီးနဲ့ ရိုက်ပြီးပြတော့ အဲဒီဟာတွေက Group တွေမှာ ပလူပျံအောင်တက်လိုက်တဲ့အခါကျတော့ ပြည်သူတွေအနေနဲ့က စိတ်ပူပန်မှုတော့ ရှိတာပေါ့။ ဒါပေမဲ့ အနီးဆုံးမှာနေတဲ့လူတွကတော့ ပိုသိတာပေါ့။ ပိုသိတယ်ဆိုတာက ညောင်ကျိုးနဲ့ ဥသျှစ်ပင်ဆို တော့ ဥသျှစ်ပင်ကလူတွေကို ခဏပဲလိမ် လို့ရမယ်လေ လိမ်တာတော့။ ဘာမှမဟုတ်ဘူးဆိုတာသိရတဲ့ အခါကျတော့ ပုံမှန်အတိုင်း သူတို့ဟာသူတို့ သွားမြဲသွား လာမြဲလာပေါ့။ ဒီလိုမျိုးတော့ရှိတာပေါ့။ ခဏ လေးပေါ့။ လူတွေရဲ့စိုးရိမ်ပူပန်မှုကို အသုံးချနိုင်တာက ခေတ္တခဏ လေးပေါ့။
မေး- ဥသျှစ်ပင်မှာတော့ ပုံမှန်အတိုင်းရှိတယ်။ AA တွေရဲ့ စိမ့်ဝင်မှုကိုကော ဘယ်လိုသုံးသပ်နိုင်မလဲခင်ဗျ။
ဖြေ-ဝင်တာတော့ အတိုင်းအတာလေးပေါ့။ အတိုင်းအတာလေးတစ်ခုလောက်တော့ ဝင်နေတာပဲ။ လုံခြုံ ရေးပိုင်းနဲ့ ပတ်သက်ရင်လည်း လုံခြုံရေးပိုင်းမှာ သေချာစိစစ်ပြီးတော့ လုပ်နေတာပဲ။ ဒါပေမဲ့ ခက်တာက သိတဲ့အတိုင်းပဲ။ နဖူးမှာသူခိုးလို့စာမရေးထားတဲ့ အခါကျတော့ စိစစ်ချက်အပေါ်မူတည်ပြီးတော့ ဖော် ထုတ်ချက်တွေဖြစ်တာလေ။ အဲဒီတော့ ကြိုက်တာကတော့ စစ်ဆေးတာတွေကို ကြိုက်တယ်။ ကြိုက် တယ်ဆိုတာကလည်း စစ်ဆေးမှလည်း ဒီအနေအထားက စိမ့်ဝင်လာတဲ့အနေအထားတွေကို သိရမှာ။ ဟို တလောက မင်းနင်းချောင်းမှာစိမ့်ဝင်တဲ့လူတွေ ရလိုက်တယ်ဆိုတဲ့ သတင်းလေးလည်းကြားတယ်ပေါ့ နော်။ တကယ်စစ်ကြည့်မှ မင်းနင်းချောင်းမှာ စိမ့်ဝင်တဲ့လူတွေကို ဖမ်းမိလိုက်တယ်ဆိုတဲ့သတင်းတွေ ဖတ်လိုက်ရတယ်ပေါ့။ အဲဒီတော့ တကယ်စစ်ကြည့်မှ တကယ်ရမယ့် ရလဒ်တွေပေါ့။ အခုလည်း စစ်နေ တာလေးတွေ ကျွန်တော်သွားရင်းလာရင်းနဲ့ ကျွန်တော်တွေ့နေရတယ်ပေါ့နော်။ အဲဒီအတွက်တော့ ကျေနပ်ပါတယ်။ အားရပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီလိုပိုက်စိပ်တိုက်စစ်မှလည်းမဖြစ်မှာ။ စိမ့်ဝင် တာကို အဲဒီလိုတော့မသိဘူး။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် စောစောလေးကကျွန်တော်ပြောသလို တချို့ ကလည်း ကိုယ့်မြို့ကနေထွက်လာပြီးတော့ ထောင်ကနေ ထွက်လာသလို အနေအထားမျိုးတွေနဲ့ နေတာ မျိုးတွေရှိ ကောင်းရှိမှာပေါ့လေ။ ပြစ်ဒဏ်ကျပြီးသလိုမျိုးရှိ ကောင်းရှိမှာပေါ့လေ။ လက်ပူးလက်ကြပ်သာ မသိတာ။ သူတို့ဟာသူတို့အတိုင်းတာတစ်ခုထိတော့ရှိ ကောင်းရှိမှာပေါ့လေ။
မေး-အွန်လိုင်းပေါ်မှာလည်းတွေ့နေရတာပေါ့လေ။ ကိုယ့်မြို့ကိုလာတိုက်ပါဆိုတာမျိုးလေ။ အဲဒီတော့ ဥသျှစ်ပင်ကလူတွေရဲ့သဘောထားကကော စစ်နဲ့ပတ်သက်ပြီးတော့ ဘယ်လိုရှိပါသလဲ။
ဖြေ-ဥသျှစ်ပင်ကလူတွေက တကယ့်တကယ်က မြို့ကလူတွေကမခေါ်ဘူးဗျ။ အဲဒီစစ်ခေါ်တယ်။ လာ ချပါ။ တိုက်ပါဆိုတဲ့လူတွေကို ကျွန်တော်ကြည့်ရသလောက်ကတော့ အဲဒီစစ်ကိုခေါ်တဲ့လူတွေအများစု အကောင့်တွေက Fake အကောင့်တွေနဲ့ မြို့သားတွေ မဟုတ်ဘူး။ ဒီကောင်တွေက ဘယ်လောက်လဲဆို တော့ နောက်ဆုံးမြို့နားတိုက်ခဲ့ရင်တောင်မှ သူခိုးကြမ်းပိုး အနေအထားကပဲ စစ်ကိုခေါ်မှာလေ။ အဲဒီလို မျိုးဖြစ်မှ ခိုးဝှက်လို့၊ လုလို့ယက်လို့ရမှာဖြစ်တဲ့အတွက် ဒီကောင်တွေကပဲ စစ်ကိုခေါ်မှာ။ အေးချမ်းစွာနေ လိုတဲ့ မြို့ခံလူတန်းစားကတော့ စိတ်ချ စစ်ကိုမခေါ်ဘူး။ ဘာကြောင့်လဲဆိုတော့ စစ်ရဲ့အပူတွေကို ကိုယ့် မြို့ မဖြစ်ပေမယ့် တခြားမြို့တွေဖြစ်ထားတော့ အမြင်တွေက အများကြီးမြင်တွေ့ထားရတဲ့အတွက် ပြည် သူကတော့ စစ်ကိုကြောက်တယ်။ ဥသျှစ်ပင်သားတွေ ကိုယ်စားပြောရရင်တော့ ဥသျှစ်ပင်သားတွေ ကတော့ လူသားအချင်းချင်းသူ့စိတ်ကိုယ့်စိတ်သိသွားတာပေါ့။ အခုချိန်မှာက စိမ်းခြင်း၊ နီခြင်း၊ ဝါခြင်း၊ ပြာခြင်းထက် အပူကိုပေါင်ပေါ်ကို ဘယ်သူမှ ဆွဲမတင်ဘူး။ ကျွန်တော် ရှေ့မှာလည်းဖြေဖူးပါတယ်။ ကိုယ့်ပေါင်ပေါ်ကို အပူတင်မှာ ဘယ်သူမှမကြိုက်ပါဘူး။ ကျရင်ပူမယ်ဆိုတာသိတယ်လေ။ ကိုယ်မကြိုက် လို့ခါချလိုက်ရင်လည်း ဘေးမှာစောင်ရှိရင်စောင် လောင်မယ်။ ပုဆိုးရှိရင်ပုဆိုးလောင်မယ်။ လုံချည် ရှိရင် လုံချည်လောင်မယ်။ ကူးနိုင်တဲ့အမျိုးဖြစ်တာပေါ့။ အဲဒီအတွက် စစ်ကိုတော့ဘယ်သူမှလိုလားမှာ မဟုတ် ပါဘူး။ စစ်ကိုတော့ ဘယ်သူမှမခေါ်ဘူး။ အဲဒီလိုစစ်ကိုခေါ်နေတဲ့လူတန်းစားတွေကလည်း Fake အ ကောင့်တွေနဲ့ သူတို့ရဲ့ လော်ဘီတွေပဲခေါ်တာလေ။ မြို့ခံကတော့ လုံးဝမခေါ်ပါဘူး။
မေး-မတော်တဆများ အစ်ကိုတို့ဒေသကို စစ် ရောက်လာခဲ့ရင် ဘယ်လိုများဖြစ်သွားနိုင်မလဲ။ လူမှုစီးပွားဘဝတွေလည်း ဘယ်လောက်ထိ ပျက်စီးသွားနိုင်လဲခင်ဗျ။
ဖြေ-ကျည်ဆန်-ကျည်ဆန်ချင်းပစ်ကြတာပဲ။ အတိုင်းထက်အလွန်ဖြစ်နိုင်တယ်။ RPG တစ်လုံး လောက် ပစ်ရင်တောင် အိမ်(၇)လုံးလောက်က အသာလေးပျက်စီးသွားမှာပဲလေ။ အဲဒီတော့ ဟိုဘက်ဒီဘက် မင်း လည်းပစ်။ ငါလည်းပစ်။ ပစ်တဲ့အနေအထား တစ်ခုမှာတော့ ဆုံးရှုံးမှုတွေကတော့များမှာပဲလေ။ ပြည်သူ တွေအနေနဲ့ စစ်ရဲ့ပူနေတဲ့ အပူဒဏ်တွေကနေ ရှောင်ရှားဖို့အတွက် သောကဗျာပါဒများမယ်။ လူနေမှု အနေအထားတွေ ဂယက်ရိုက်ကုန်မယ်။ စီးပွားကူးသန်းရောင်းဝယ်မှုတွေ Stop ဖြစ်သွားမယ်။ ဒီလိုတော့ ဖြစ်သွားမယ်။ လက်ရှိအခြေအနေမှာတောင် လူမှုစီးပွားဘဝအနေအထားက ပုံမှန်အတိုင်းဖြစ်ဖို့ကို ရပ် တည်နေရတာ။ ဘာလို့လဲဆိုတော့ ကုန်ဈေးနှုန်းနဲ့ ပြီးရင်လုပ်ငန်းတွေလည်း စိုးတထိတ်ထိတ်နဲ့လုပ်နေရ တယ်။ အဲဒီအနေအထားတစ်ခုမှာ လုပ်ငန်းတွေရဲ့လည်ပတ်မှု။ အဲဒီလုပ်ငန်းလည်မှုတွေကနေမှ တစ်နေ့ ဝင်ငွေတစ်နေ့ရဖို့ ထမင်းအိုးချက်ရတဲ့လူတွေ အတွက်က ပိုပြီးတော့အလုပ်တွေရှားတယ်။ အဲဒီအပေါ် မှာမှ ဒီလိုမျိုးစစ်ဆိုတာကြီး ကျရောက်လာမယ်ဆိုရင်တော့ မတွေးရဲစရာပေါ့။ ဒါကြောင့်မို့လည်း ကိုယ်လို လူတွေအများကြီးရှိမယ်ထင်ပါတယ်။ ပြည်သူပြည်သားတွေလည်း စစ်ကို မလာစေချင်ကြတဲ့ လူတွေ (၁၀ဝ) ရာခိုင်နှုန်းမှာ (၉၀) ရာခိုင်နှုန်းလောက်ကတော့ စစ်ကိုမလာစေချင်ကြပါဘူး။ ဥသျှစ်ပင်ကလူတွေ ကတော့ ပိုဆိုးတာပေါ့လေ။ အဲဒီလိုဆိုတော့ စစ်ကို ဘယ်သူမှမလိုချင်ကြပါဘူးလေ။
Zawgyi Version:
သန့်ဇင်(NP News)
Related news
© 2021. All rights reserved.