“အနုပညာဖန်တီးမှု အမည်တပ် လိင်အသားပေးဖျော်ဖြေမှုများ”

 47782

အိဖြူ (NP News) - မတ် ၂၄

“NP News”ရဲ့ အပတ်စဉ်ဖော်ပြနေတဲ့ အနုပညာအနှစ်ချုပ်ကဏ္ဍကနေ အနုပညာသတင်းတွေကိုဖော်ပြပေးပါ မယ်။
မတ်လ တတိယပတ်အတွက် “ဗုံတီးမယ်” တေးသီချင်းဗီဒီယိုဖန်တီးသူတို့ တရားစွဲခံရမယ့်သတင်း၊ ဖခင်မေတ္တာ ငတ်မွတ်နေသူ အလှမယ် မိုးစက်ချိုရဲ့အဖြစ်၊ တက်သစ်စ အကယ်ဒမီမင်းသားနှစ်လက်ရဲ့ အနုပညာကြေး အစရှိတဲ့ အနုပညာသတင်းတွေက ဆိုရှယ်တစ်ခွင်မှာ ကြီးစိုးလို့နေပါတယ်။

“ဗုံတီးမယ်”တေးသီချင်း ဗီဒီယို ဖန်တီးသူတို့ အမှုဖွင့်တရားစွဲခံရမယ်
“ဗုံတီးမယ်” တေးသီချင်းဗီဒီယိုအတွင်း အဓိပ္ပာယ်နှစ်ခွ သီချင်းစာသားတွေ ထည့်သွင်းဖန်တီးထား တာကြောင့် လို့ဆိုကာ စီစဉ်ထုတ်လုပ်သူအပါအဝင် တေးသီချင်းသီဆိုသူ၊ သရုပ်ဆောင်သူတွေကို အမှုဖွင့်အရေးယူဖို့ စိစစ်ဆောင် ရွက်နေပြီ ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက (၂၀၂၅)ခုနှစ် မတ် လ(၁၉)ရက်ထုတ် နိုင်ငံပိုင်သတင်းစာကတစ်ဆင့် သတင်းထုတ်ပြန်ခဲ့ပါတယ်။
“ဗုံတီးမယ်”တေးသီချင်းဗီဒီယိုကို (၂၀၂၅)ခုနှစ် မတ်လ(၃)ရက်က လူမှုကွန်ရက်ပေါ်မှာ စတင်ထုတ်လွှင့်ခဲ့ခြင်း ဖြစ်ပြီး နာရီပိုင်းအတွင်း ဝေဖန်သံတွေထွက်ပေါ်လာခဲ့တာပါ။ အွန်လိုင်းအသုံးပြုသူတွေရဲ့ ဝေဖန်သံမြင့်တက်လာ ချိန်မှာ ပြန်ကြားရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေက စုံစမ်းစစ်ဆေးခဲ့ရာ တေးရေး/တေးဆို “အောင်ပါစေ”ဟာ ပြန်ကြားရေးဝန်ကြီးဌာနမှ တရားဝင် အမိန့်ထုတ်ပြန်ထားပြီးဖြစ်တဲ့ ‘ဆက်သွယ်ရေးကွန်ရက် အသုံးပြုကာ ရုပ်ရှင်ကား ထုတ်လွှင့်ပြသခြင်းလုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်’ ရရှိထားသူမဟုတ်ကြောင်း စိစစ်တွေ့ရှိခဲ့ ကြပါတယ်။
အဆိုတော်အောင်ပါစေ သီဆိုထားတဲ့ “ဗုံတီးမယ်” တေးသီချင်းဗီဒီယိုထဲမှာ “လိင်အသားပေး သရုပ်ပျက် ကပြဖျော်ဖြေခြင်း၊ အဓိပ္ပာယ်နှစ်ခွ ညစ်ညမ်းစာသားတွေ ထည့်သွင်းထားတာအပြင် မြန်မာ့တူရိယာ ဗုံနဲ့ပတ်မတွေကို ပြက်ရယ်ပြု စော်ကားသဖွယ်ဖြစ်နေတဲ့ သရုပ်ပျက် ကပြဖျော်ဖြေမှုတွေ” ပါဝင်ထားတာဖြစ်ပါတယ်။ ထုတ်ပြန်ကြေညာ ချက်အရ ‘တေးရေး/တေးဆို “အောင်ပါစေ”သည် ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်ရယူ ခြင်းမရှိဘဲ ၎င်း၏ လူမှုကွန်ရက်အမျိုးမျိုးတွင် တေးသီချင်းဗီဒီယိုများ ထုတ်လွှင့်ပြသလျက်ရှိကြောင်းနှင့် အဆိုပါတေးသီချင်းဗီဒီယိုများအနက် “ဗုံတီးမယ်”တေးသီချင်းဗီဒီယိုသည် မြန်မာ လူမျိုးတို့၏ အမြတ်တနိုးတန်ဖိုးထား ဂုဏ်ယူရသော မြန်မာ့တူရိယာ ဗုံနှင့်ပတ်မများကို ပြက်ရယ်ပြုစော်ကားသဖွယ် ဖြစ်နေသော သရုပ်ပျက် ကပြဖျော်ဖြေခြင်းနှင့် ညစ်ညမ်းသည့်အဓိပ္ပာယ်ပေါက်စေနိုင်သော အဓိပ္ပာယ်နှစ်ခွ သီချင်းစာ သားများဖြင့် ဖန်တီးထားကြောင်း စိစစ်တွေ့ရှိရပါကြောင်း’ ထည့်သွင်းဖော်ပြထားပါတယ်။
အထက်ဖော်ပြပါပြစ်ချက်တွေနဲ့ငြိစွန်းနေတာကြောင့် ပြန်ကြားရေးဝန်ကြီးဌာနက “ဗုံတီးမယ်”တေးသီချင်း ဗီဒီယိုနဲ့ပတ်သက်ပြီး ဖန်တီးထုတ်လွှင့်သူ၊ စီစဉ်သူ၊ ပါဝင်သူတွေကို အမှုဖွင့်အရေးယူနိုင်ရေး စိစစ် လျက်ရှိကာ၊ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်ရ ယူထားခြင်း မရှိသူတွေအနေနဲ့ လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် လျှောက်ထားရယူဖို့ လိုအပ်ပြီး၊ မိမိတို့လွှင့်တင်မယ့် Content တွေကို စိစစ်ရေးအဖွဲ့ထံတင်ပြရမှာဖြစ်ကြောင်း ထည့်သွင်းအသိပေးကြေညာထားတာကိုလည်း တွေ့ရပါ တယ်။ အဆိုပါဖြစ်စဉ်နည်းတူ အချစ်ခံကြည့်၊ ဘီယာဗိုက်စတဲ့ သီချင်း ဖန်တီးသူတွေကိုလည်း ပြန်ကြားရေးဝန်ကြီး ဌာနက (၂၀၂၄) ခုနှစ်အတွင်းမှာ သတိပေးချက်ထုတ်ပြန်ခဲ့ရဖူးပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနက ‘ဆက်သွယ်ရေး ကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းလုပ်ကိုင်ခွင့်အမိန့်}ကို (၂၀၂၄) ခုနှစ် မတ်လ(၁၃)ရက်မှာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး၊ ဆိုရှယ်လူမှုကွန်ရက်ပေါ်မှာ ရုပ်ရှင်ဗီဒီယိုနဲ့ တေးသီချင်းဗီဒီယိုထုတ်လွှင့်ပြသသူတွေအနေနဲ့ လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင် လျှောက်ထားရယူကြရမှာဖြစ်ကြောင်း ထပ်မံအသိပေးကြေညာထားတာကိုတွေ့ ရပါ တယ်။

အလှမယ် မိုးစက်ချိုရဲ့ ဖခင် “ ? ’’
Miss Universe Insein (2025) အလှမယ် မိုးစက်ချိုဟာ သူ့ဖခင်ဖြစ်သူက အနုပညာလောကထဲက စနေနာမ်နဲ့ စပြီး နာမည်နှစ်လုံးနဲ့ ဝါရင့်ရုပ်ရှင်သရုပ်ဆောင် ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့တာပါ။ သူရဲ့ပြောဆိုချက်တွေ လူမှုကွန်ရက်တစ်ခွင်မှာပျံ့နှံ့ခဲ့ပြီးနောက် အနုပညာလောကထဲက စနေနာမ်နဲ့စတဲ့ ‘နေတိုး၊ နေဆန်း၊ နေမင်း၊ နိုင်လူ’ အစရှိတဲ့ နာမည်နှစ်လုံးနဲ့မင်းသားတွေကို ထင်ကြေးပေးခဲ့ကြပါတယ်။
ဒါပေမဲ့လည်း မသက်ဆိုင်သူတွေရဲ့နာမည်ဂုဏ်သိက္ခာကို ငဲ့ညှာသင့်ကြောင်း၊ အဆိုပါမိန်းကလေးရဲ့ရုပ်ရည်အရ ရုပ်ရှင်သရုပ်ဆောင် “နေ-’’နဲ့ တစ်ထပ်တည်း တူညီနေကြောင်း မှတ်ချက်စကားတွေထွက်ပေါ်ခဲ့ပါတယ်။ Miss Universe Insein (2025) အလှမယ် မိုးစက်ချိုရဲ့ငယ်ဘဝဟာ သူ့အသက် (၃) နှစ်အရွယ်ကတည်းက မိဘနှစ်ပါး အိမ်ထောင်ရေး ပြိုကွဲခဲ့ရတာဖြစ်ပြီး လက်ရှိ သူ့အသက် (၂၂) နှစ်ပြည့်မွေးနေ့ပွဲမှာ သူ့အနေနဲ့ အနုပညာလောကထဲ ဝင်ရောက်ခဲ့ရခြင်းမှာ “ဖခင်နဲ့အတူ တွဲဖက်သရုပ်ဆောင်လိုစိတ်က အိပ်မက်တစ်ခုဖြစ်ကြောင်း၊ ဖခင်ဖြစ်သူက သမီးအဖြစ် တရားဝင်အသိ အမှတ်ပြုတာကို မျှော်လင့်လျက်ရှိကြောင်း” အနုပညာမီဒီယာတွေကနေတစ်ဆင့် ဖွင့်ဟထားပါတယ်။ ဒါပေမဲ့လည်း မိသားစုပြဿနာကို မိသားစုအချင်းချင်းမဖြေရှင်းဘဲ Miss Universe Insein (2025) ပြိုင်ပွဲ ယှဉ်ပြိုင်နေတာကြောင့် လူသိများလာအောင်၊ မီဒီယာစာမျက်နှာထက် နေရာရလာအောင်သာ လုပ်ကြံပြောဆိုနေတာမျိုးဖြစ်ကြောင်း မှတ်ချက် ပြုသူတွေလည်း များပြားလျက်ရှိပါတယ်။ တခြားတစ်ဖက်မှာတော့ ဖခင်မေတ္တာငတ်မွတ်နေတဲ့ သမီးငယ်တစ်ဦးအဖြစ် ကရုဏာပိုလျက်ရှိကြပါတယ်။ ဒါ့ပြင် ၎င်းရဲ့ဖခင်အဖြစ် လူအများကမှတ်ချက်ပြုကြတဲ့ စနေနာမ်နဲ့ ဝါရင့်သရုပ်ဆောင်က “နာမည်ထိပ်စာလုံးက ‘နေ’ နဲ့စပြီး လက်ရှိမှာ အောင်မြင်နေတဲ့ အိန္ဒိယအစားအစာရောင်းချနေသူ၊ နယူးချစ်တီး ဆိုင်ပိုင်ရှင်” ဖြစ်နိုင်ခြေ ရာခိုင်နှုန်းများကြောင်း မှတ်ချက်ပြုထားကြတာကိုတွေ့ရပါတယ်။ မိုးစက်ချိုရဲ့ထုတ်ဖော်ပြောဆို ချက်တွေအရ ဆယ်ကျော်သက်အရွယ်မှာ သုံးကြိမ်ခန့် ဖခင်ဖြစ်သူနဲ့တွေ့ဆုံဖူးပေမယ့် နောက်ပိုင်း အဆက်အသွယ် မရှိတော့ကြောင်းဆိုထားကာ မိဘနှစ်ပါးရဲ့တွေ့ဆုံမှု၊ ကွဲကွာမှုဖြစ်စဉ်အပါအဝင် ဖခင်ဖြစ်သူရဲ့အိမ်ထောင်ရေးနဲ့ မိခင်ဖြစ်သူရဲ့နောက်အိမ်ထောင်ရေးအခြေအနေတွေကို အရိပ်အမြွက်ပြောပြထားတာပါ။
“သမီးက တိတ်တိတ်ပုန်းသမီး မဟုတ်ပါဘူး။ သမီးက အရင်မွေးတာပါ။ တွေ့ခွင့်ရမယ်ဆိုရင် ပါပါးကို (၁)စက္ကန့် လောက်ပဲဖြစ်ဖြစ် ဖက်ထားချင်ပါတယ်။ သမီးမှာ ဘာအပြစ်ရှိလို့လဲဆိုပြီး ပါပါးကိုမေးချင်ပါတယ်။ အမှန်အတိုင်း ပြောရမယ်ဆိုရင် အရမ်းစိတ်နာပါတယ်။ ဘာကြောင့်များ ဒီလိုမျိုးဖြစ်သွားခဲ့ရတာလဲ မသိပါဘူး။ သမီးအဖေက အဖေပဲမို့လို့ သမီးအတွက် အဖေက လိုအပ်နေဆဲပါပဲ”လို့ မျက်ရည်ကျလျက် ပြောပြခဲ့ပါတယ်။ မိုးစက်ချိုအနေနဲ့ အသက် (၂၀)ကျော်အရွယ်ရောက်ရှိလာပြီဖြစ်တာကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်)လုပ်ဆောင်ဖို့လို အပ်လာပြီ ဖြစ်တဲ့အတွက် ဖခင်ဖြစ်သူထံဆက်သွယ်ခဲ့ရာ ဖခင်ရဲ့ဇနီးဖြစ်သူက “စာရွက်စာတမ်းတွေလိုချင်ပါက DNA စစ်ဆေးပေးဖို့ လိုအပ်ကြောင်း၊ ကွာရှင်းစာချုပ်မှာပါ လက်မှတ်ထိုးပေးရမှာဖြစ်ကြောင်း၊ မိုးစက်ချိုရဲ့ဖခင်အဖြစ် ဆက်လက်မရှိစေလို ကြောင်၊ ဖခင်နာမည် ပြောင်းပေးစေလိုကြောင်း” ခြိမ်းခြောက်မှုတွေရှိခဲ့တယ်လို့ အသိပေးပြောပြ ထားတာပါ။ မြန်မာနိုင်ငံမှာ တစ်လင်တစ်မယားစနစ်ကိုသာ လက်ခံကျင့်သုံးလျက်ရှိကြပြီး၊ တရားဥပဒေအရ အိမ်ထောင်မှုမှာ အိမ်ထောင်စုစာရင်းဇယားတစ်ခုသာ ရှိရမှာဖြစ်ကြောင်း ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ အလားတူ နိုင်ငံသားစိစစ်‌ရေး ကတ်ပြား “နိုင်ငံသားမှတ်ပုံတင်”ဆိုတာကလည်း မိမိမွေးဖွားကြီးပြင်းရာနိုင်ငံက မိမိကို နိုင်ငံသားဖြစ် ကြောင်း တရားဝင် အသိအမှတ်ပြုတဲ့ ကတ်ပြားဖြစ်ပြီး၊ လူတစ်ဦးချင်းစီအတွက် နိုင်ငံသားတိုင်း ရပိုင်ခွင့် အခွင့်အရေး ရရှိမှု၊ ဥပဒေအရ ကာကွယ်ပေးနိုင်မှု၊ လူမှုဘဝ ရပ်တည်နေထိုင်ရေးအတွက် နိုင်ငံသားစိစစ်‌ရေးကတ်ပြား “နိုင်ငံသား မှတ်ပုံတင်” ဟာ မရှိမဖြစ် လိုအပ်တဲ့အရာပဲဖြစ်ပါတယ်။

တက်သစ်စ အကယ်ဒမီမင်းသား နှစ်လက်ရဲ့ အနုပညာကြေး
တက်သစ်စမင်းသားတွေဖြစ်တဲ့ နေဝင်းနဲ့အေးချမ်းမောင်တို့ရရှိတဲ့အနုပညာကြေးက အကယ်ဒမီ လေးထပ်ကွမ်း ဝါရင့်သရုပ်ဆောင် နေတိုးနဲ့ အကယ်ဒမီမြင့်မြတ်တို့ရရှိတဲ့အနုပညာကြေးထက်များနေတဲ့သတင်းအပေါ် မထိုက်တန် သေးကြောင်း ထောက်ပြလာကြပါတယ်။ တချို့ကတော့ ထုတ်လုပ်သူနဲ့မင်းသားတို့ကြား ညှိနှိုင်းမှုအဆင်ပြေ တာကြောင့် ရရှိလာတဲ့အနုပညာကြေးကို မနာလိုစရာမရှိကြောင်းလည်း ပြောဆိုသူတွေ ရှိလို့နေပြန်ပါတယ်။ မင်းသား၊ မင်းသမီးတွေ ရရှိတဲ့အနုပညာကြေးကို ပရိသတ်တွေတင်မက အများစုက စိတ်ဝင်တစားသိချင်ကြပြီး၊ ဈေးကွက် အတွင်းမှာ ဘယ်မင်းသား၊ မင်းသမီးက အနုပညာကြေးအမြင့် ဆုံးဆိုတာကိုလည်း လုပ်ငန်းရှင်ကြီးတွေကိုယ်တိုင် နားစွင့် လျက်ရှိကြပါတယ်။ အနုပညာလောကအတွင်းမှထွက်ပေါ်လာတဲ့သတင်းစကားတွေအရ ထပ်ဆင့်အကယ်ဒမီနေတိုးက ရုပ်ရှင်ဇာတ်ကားတစ်ကားအတွက် ကျပ်သိန်း (၉၀ဝ-၁၀ဝဝ)အထက်ရရှိပြီး၊ အကယ်ဒမီမြင့်မြတ်ကတော့ ကျပ်သိန်း (၇၀ဝ-၉၀ဝ)ကြားရရှိကြောင်းသိရပါတယ်။ ပြေတီဦးရဲ့လက်ရှိပေါက်ဈေးကတော့ ထွက်ပေါ်လာခြင်းမရှိသေးဘဲ ၎င်းရဲ့ အနုပညာ လှုပ်ရှားမှုကနည်းပါးလွန်းတာကြောင့် လူအများက မင်းသားတွေရဲ့အနုပညာကြေးနှိုင်းယှဉ်မှုစာရင်းမှာ ထည့်သွင်းစဉ်းစားထားပုံမရတာကိုလည်း သတိပြုမိပါတယ်။ တက်သစ်စမင်းသား နေဝင်းက အနုပညာကြေး ကျပ်သိန်း (၁၀ဝဝ) ချက်ချင်းဆိုသလိုသတ်မှတ်ရရှိနေတဲ့အပေါ် ဒါရိုက်တာကြေး ကျပ်သိန်း (၁၀ဝ)အထက်သာရရှိခဲ့တဲ့ ဒါရိုက်တာပြည်ဟိန်းသီဟက ဖော်ကောင်လုပ်ခဲ့တာမျိုးလို့လည်းဆိုနိုင်ပါတယ်။ ပြည်ပြေးဒါရိုက်တာ ပြည်ဟိန်းသီဟက “ကျွန်တော်ပြောခဲ့တဲ့စကားတွေက မင်းသားနေဝင်းကိုပြောတာပါ။ ဒါပေမဲ့ ကျွန်တော်ပြောဆိုမှုနောက်ပိုင်း နေဝင်းနဲ့ ပတ်သက်ပြီး သတင်းမထွက်လာဘဲ အေးချမ်းမောင်ဆိုပြီး သတင်းထွက်လာတဲ့အပေါ်မှာ ကျွန်တော် တော်တော်လေးကို အံ့ဩသွားပါတယ်။ ကျွန်တော့်ကို အရင်က ဘိုဘိုစန်းကမေးဖူးတယ်။ မြင့်မြတ်တို့က အသက်ကြီးလာပြီ။ မင်းသားအဖြစ် နောက်ထပ်မွေးဖို့လိုလာပြီဆိုတာမျိုးပေါ့”လို့ သူရဲ့ယူ ကျုချန်နယ်ကတစ်ဆင့်ပြောထားတာပါ။ ပရိသတ်တွေရဲ့ မှတ်ချက်တွေအရ “နေဝင်းက သိန်းတစ်ထောင်နဲ့မှမတန်တာ။ နေဝင်းကို မင်းသားလို့ကိုခံစားလို့မရတာ။ အဆိုတော်က ရုပ်ရှင်တစ်ကားနှစ်ကားနဲ့ အကယ်ဒမီ တန်းရပြီး မာန်တက်သွားတာ။ ‘ကျော်ဟိန်း’ အငယ်စားဆိုပြီး လမ်းကြောင်း ပေးပြောနေကြကတည်းက တမင်မြှောက်ပင့်နေမှန်း သိပ်သိသာတာပေါ့။ အားလုံးက ထုတ်လုပ်သူ ဘိုဘိုစန်းရဲ့ လုပ်ကွက်တွေပဲ” စသဖြင့် မှတ်ချက်မျိုးစုံပေးခဲ့ကြပါတယ်။ အေးချမ်းမောင်ကတော့ သူ့အနေနဲ့ အနုပညာကြေးက သတင်းတွေထွက်နေသလိုမျိုး ထင်သလောက်မများသေးကြောင်း မီဒီယာတွေကို တရားဝင်အသိပေးထားပါတယ်။ ဒါရိုက် တာပြည်ဟိန်းသီဟဆိုသူက မြန်မာရုပ်ရှင်ဒါရိုက်တာတွေထဲမှာ ဟာသရုပ်ရှင်ဇာတ်ကားတွေ အများဆုံးရိုက်ကူး သူအဖြစ်လည်း လူသိများပြီး (၂၀၂၁)ခုနှစ် နိုင်ငံရေးအခင်းအကျင်းဖြစ်စဉ်ကိုအကြောင်းပြကာ ပြည်ပနိုင်ငံ ကို ထွက်ပြေးတိမ်းရှောင်ခဲ့သူဖြစ်ပါတယ်။ အနုပညာလောကမှနုတ်ထွက်ပြီးနောက် မြန်မာ့အနုပညာ လောကရဲ့ဇာတ်ရှုပ် တွေကို အထုပ်ဖြည်ချနေသူဖြစ်ပါတယ်။ သူရဲ့ဖော်ကောင်လုပ်မှုကြောင့် အကယ်ဒမီမြင့်မြတ် လည်း နာမည်ဂုဏ်သိက္ခာ ကျဆင်းခဲ့ရဖူးပြီး၊ ပြည်ပြေးဖြစ်နေကြတဲ့ ကိုပေါက်၊ စိန်သီး၊ ဟားငါးကောင်အဖွဲ့ရဲ့ တော်လှန်ရေးဟန်ပြ ငွေကောက်ခံမှုဖြစ်စဉ်တွေ၊ ထုတ်လုပ်သူ ဘိုဘိုစန်းရဲ့အနုပညာလောကအတွင်း ခြယ် လှယ်မှုလုပ်ရပ်တွေအပါအဝင် လတ်တလော ဝေဖန်မှုမြင့်တက်ခဲ့တဲ့ လွှမ်းပိုင်၊ နော်ဖောအယ်ထား၊ နန်းစုရတီစိုးစတဲ့ သူတို့ရဲ့ပုဂ္ဂိုလ်ရေး ဆိုင်ရာကိစ္စတွေကို တစ်ချက်ချင်းစီ ဖော်ကောင်လုပ် Viewer ရှာနေသူတစ်ဦးဖြစ်ပါတယ်။

ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ။

Zawgyi Version
“အႏုပညာဖန္တီးမႈ အမည္တပ္ လိင္အသားေပးေဖ်ာ္ေျဖမႈမ်ား”
အိျဖဴ (NP News) - မတ္ ၂၄

“NP News”ရဲ႕ အပတ္စဥ္ေဖာ္ျပေနတဲ့ အႏုပညာအႏွစ္ခ်ဳပ္က႑ကေန အႏုပညာသတင္းေတြကိုေဖာ္ျပေပးပါ မယ္။
မတ္လ တတိယပတ္အတြက္ “ဗုံတီးမယ္” ေတးသီခ်င္းဗီဒီယိုဖန္တီးသူတို႔ တရားစြဲခံရမယ့္သတင္း၊ ဖခင္ေမတၱာ ငတ္မြတ္ေနသူ အလွမယ္ မိုးစက္ခ်ိဳရဲ႕အျဖစ္၊ တက္သစ္စ အကယ္ဒမီမင္းသားႏွစ္လက္ရဲ႕ အႏုပညာေၾကး အစရွိတဲ့ အႏုပညာသတင္းေတြက ဆိုရွယ္တစ္ခြင္မွာ ႀကီးစိုးလို႔ေနပါတယ္။

“ဗုံတီးမယ္”ေတးသီခ်င္း ဗီဒီယို ဖန္တီးသူတို႔ အမႈဖြင့္တရားစြဲခံရမယ္
“ဗုံတီးမယ္” ေတးသီခ်င္းဗီဒီယိုအတြင္း အဓိပၸာယ္ႏွစ္ခြ သီခ်င္းစာသားေတြ ထည့္သြင္းဖန္တီးထား တာေၾကာင့္ လို႔ဆိုကာ စီစဥ္ထုတ္လုပ္သူအပါအဝင္ ေတးသီခ်င္းသီဆိုသူ၊ သ႐ုပ္ေဆာင္သူေတြကို အမႈဖြင့္အေရးယူဖို႔ စိစစ္ေဆာင္ ႐ြက္ေနၿပီ ျဖစ္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာနက (၂၀၂၅)ခုႏွစ္ မတ္ လ(၁၉)ရက္ထုတ္ ႏိုင္ငံပိုင္သတင္းစာကတစ္ဆင့္ သတင္းထုတ္ျပန္ခဲ့ပါတယ္။
“ဗုံတီးမယ္”ေတးသီခ်င္းဗီဒီယိုကို (၂၀၂၅)ခုႏွစ္ မတ္လ(၃)ရက္က လူမႈကြန္ရက္ေပၚမွာ စတင္ထုတ္လႊင့္ခဲ့ျခင္း ျဖစ္ၿပီး နာရီပိုင္းအတြင္း ေဝဖန္သံေတြထြက္ေပၚလာခဲ့တာပါ။ အြန္လိုင္းအသုံးျပဳသူေတြရဲ႕ ေဝဖန္သံျမင့္တက္လာ ခ်ိန္မွာ ျပန္ၾကားေရးဝန္ႀကီးဌာနမွ သက္ဆိုင္ရာတာဝန္ရွိပုဂၢိဳလ္ေတြက စုံစမ္းစစ္ေဆးခဲ့ရာ ေတးေရး/ေတးဆို “ေအာင္ပါေစ”ဟာ ျပန္ၾကားေရးဝန္ႀကီးဌာနမွ တရားဝင္ အမိန႔္ထုတ္ျပန္ထားၿပီးျဖစ္တဲ့ ‘ဆက္သြယ္ေရးကြန္ရက္ အသုံးျပဳကာ ႐ုပ္ရွင္ကား ထုတ္လႊင့္ျပသျခင္းလုပ္ငန္းလုပ္ကိုင္ခြင့္ မွတ္ပုံတင္လက္မွတ္’ ရရွိထားသူမဟုတ္ေၾကာင္း စိစစ္ေတြ႕ရွိခဲ့ ၾကပါတယ္။
အဆိုေတာ္ေအာင္ပါေစ သီဆိုထားတဲ့ “ဗုံတီးမယ္” ေတးသီခ်င္းဗီဒီယိုထဲမွာ “လိင္အသားေပး သ႐ုပ္ပ်က္ ကျပေဖ်ာ္ေျဖျခင္း၊ အဓိပၸာယ္ႏွစ္ခြ ညစ္ညမ္းစာသားေတြ ထည့္သြင္းထားတာအျပင္ ျမန္မာ့တူရိယာ ဗုံနဲ႔ပတ္မေတြကို ျပက္ရယ္ျပဳ ေစာ္ကားသဖြယ္ျဖစ္ေနတဲ့ သ႐ုပ္ပ်က္ ကျပေဖ်ာ္ေျဖမႈေတြ” ပါဝင္ထားတာျဖစ္ပါတယ္။ ထုတ္ျပန္ေၾကညာ ခ်က္အရ ‘ေတးေရး/ေတးဆို “ေအာင္ပါေစ”သည္ ဆက္သြယ္ေရးကြန္ရက္ကိုအသုံးျပဳ၍ ႐ုပ္ရွင္ကားထုတ္လႊင့္ျပသျခင္း လုပ္ငန္း လုပ္ကိုင္ခြင့္မွတ္ပုံတင္လက္မွတ္ရယူ ျခင္းမရွိဘဲ ၎၏ လူမႈကြန္ရက္အမ်ိဳးမ်ိဳးတြင္ ေတးသီခ်င္းဗီဒီယိုမ်ား ထုတ္လႊင့္ျပသလ်က္ရွိေၾကာင္းႏွင့္ အဆိုပါေတးသီခ်င္းဗီဒီယိုမ်ားအနက္ “ဗုံတီးမယ္”ေတးသီခ်င္းဗီဒီယိုသည္ ျမန္မာ လူမ်ိဳးတို႔၏ အျမတ္တႏိုးတန္ဖိုးထား ဂုဏ္ယူရေသာ ျမန္မာ့တူရိယာ ဗုံႏွင့္ပတ္မမ်ားကို ျပက္ရယ္ျပဳေစာ္ကားသဖြယ္ ျဖစ္ေနေသာ သ႐ုပ္ပ်က္ ကျပေဖ်ာ္ေျဖျခင္းႏွင့္ ညစ္ညမ္းသည့္အဓိပၸာယ္ေပါက္ေစႏိုင္ေသာ အဓိပၸာယ္ႏွစ္ခြ သီခ်င္းစာ သားမ်ားျဖင့္ ဖန္တီးထားေၾကာင္း စိစစ္ေတြ႕ရွိရပါေၾကာင္း’ ထည့္သြင္းေဖာ္ျပထားပါတယ္။
အထက္ေဖာ္ျပပါျပစ္ခ်က္ေတြနဲ႔ၿငိစြန္းေနတာေၾကာင့္ ျပန္ၾကားေရးဝန္ႀကီးဌာနက “ဗုံတီးမယ္”ေတးသီခ်င္း ဗီဒီယိုနဲ႔ပတ္သက္ၿပီး ဖန္တီးထုတ္လႊင့္သူ၊ စီစဥ္သူ၊ ပါဝင္သူေတြကို အမႈဖြင့္အေရးယူႏိုင္ေရး စိစစ္ လ်က္ရွိကာ၊ ဆက္သြယ္ေရးကြန္ရက္ကိုအသုံးျပဳ၍ ႐ုပ္ရွင္ကားထုတ္လႊင့္ျပသျခင္းလုပ္ငန္း လုပ္ကိုင္ခြင့္မွတ္ပုံတင္လက္မွတ္ရ ယူထားျခင္း မရွိသူေတြအေနနဲ႔ လုပ္ကိုင္ခြင့္မွတ္ပုံတင္လက္မွတ္ ေလွ်ာက္ထားရယူဖို႔ လိုအပ္ၿပီး၊ မိမိတို႔လႊင့္တင္မယ့္ Content ေတြကို စိစစ္ေရးအဖြဲ႕ထံတင္ျပရမွာျဖစ္ေၾကာင္း ထည့္သြင္းအသိေပးေၾကညာထားတာကိုလည္း ေတြ႕ရပါ တယ္။ အဆိုပါျဖစ္စဥ္နည္းတူ အခ်စ္ခံၾကည့္၊ ဘီယာဗိုက္စတဲ့ သီခ်င္း ဖန္တီးသူေတြကိုလည္း ျပန္ၾကားေရးဝန္ႀကီး ဌာနက (၂၀၂၄) ခုႏွစ္အတြင္းမွာ သတိေပးခ်က္ထုတ္ျပန္ခဲ့ရဖူးပါတယ္။ ျပန္ၾကားေရးဝန္ႀကီးဌာနက ‘ဆက္သြယ္ေရး ကြန္ရက္ကိုအသုံးျပဳ၍ ႐ုပ္ရွင္ကားထုတ္လႊင့္ျပသျခင္း လုပ္ငန္းလုပ္ကိုင္ခြင့္အမိန႔္}ကို (၂၀၂၄) ခုႏွစ္ မတ္လ(၁၃)ရက္မွာ ထုတ္ျပန္ခဲ့ျခင္းျဖစ္ၿပီး၊ ဆိုရွယ္လူမႈကြန္ရက္ေပၚမွာ ႐ုပ္ရွင္ဗီဒီယိုနဲ႔ ေတးသီခ်င္းဗီဒီယိုထုတ္လႊင့္ျပသသူေတြအေနနဲ႔ လုပ္ငန္းလုပ္ကိုင္ခြင့္မွတ္ပုံတင္ ေလွ်ာက္ထားရယူၾကရမွာျဖစ္ေၾကာင္း ထပ္မံအသိေပးေၾကညာထားတာကိုေတြ႕ ရပါ တယ္။

အလွမယ္ မိုးစက္ခ်ိဳရဲ႕ ဖခင္ “ ? ’’
Miss Universe Insein (2025) အလွမယ္ မိုးစက္ခ်ိဳဟာ သူ႔ဖခင္ျဖစ္သူက အႏုပညာေလာကထဲက စေနနာမ္နဲ႔ စၿပီး နာမည္ႏွစ္လုံးနဲ႔ ဝါရင့္႐ုပ္ရွင္သ႐ုပ္ေဆာင္ ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့တာပါ။ သူရဲ႕ေျပာဆိုခ်က္ေတြ လူမႈကြန္ရက္တစ္ခြင္မွာပ်ံ႕ႏွံ႔ခဲ့ၿပီးေနာက္ အႏုပညာေလာကထဲက စေနနာမ္နဲ႔စတဲ့ ‘ေနတိုး၊ ေနဆန္း၊ ေနမင္း၊ ႏိုင္လူ’ အစရွိတဲ့ နာမည္ႏွစ္လုံးနဲ႔မင္းသားေတြကို ထင္ေၾကးေပးခဲ့ၾကပါတယ္။
ဒါေပမဲ့လည္း မသက္ဆိုင္သူေတြရဲ႕နာမည္ဂုဏ္သိကၡာကို ငဲ့ညႇာသင့္ေၾကာင္း၊ အဆိုပါမိန္းကေလးရဲ႕႐ုပ္ရည္အရ ႐ုပ္ရွင္သ႐ုပ္ေဆာင္ “ေန-’’နဲ႔ တစ္ထပ္တည္း တူညီေနေၾကာင္း မွတ္ခ်က္စကားေတြထြက္ေပၚခဲ့ပါတယ္။ Miss Universe Insein (2025) အလွမယ္ မိုးစက္ခ်ိဳရဲ႕ငယ္ဘဝဟာ သူ႔အသက္ (၃) ႏွစ္အ႐ြယ္ကတည္းက မိဘႏွစ္ပါး အိမ္ေထာင္ေရး ၿပိဳကြဲခဲ့ရတာျဖစ္ၿပီး လက္ရွိ သူ႔အသက္ (၂၂) ႏွစ္ျပည့္ေမြးေန႔ပြဲမွာ သူ႔အေနနဲ႔ အႏုပညာေလာကထဲ ဝင္ေရာက္ခဲ့ရျခင္းမွာ “ဖခင္နဲ႔အတူ တြဲဖက္သ႐ုပ္ေဆာင္လိုစိတ္က အိပ္မက္တစ္ခုျဖစ္ေၾကာင္း၊ ဖခင္ျဖစ္သူက သမီးအျဖစ္ တရားဝင္အသိ အမွတ္ျပဳတာကို ေမွ်ာ္လင့္လ်က္ရွိေၾကာင္း” အႏုပညာမီဒီယာေတြကေနတစ္ဆင့္ ဖြင့္ဟထားပါတယ္။ ဒါေပမဲ့လည္း မိသားစုျပႆနာကို မိသားစုအခ်င္းခ်င္းမေျဖရွင္းဘဲ Miss Universe Insein (2025) ၿပိဳင္ပြဲ ယွဥ္ၿပိဳင္ေနတာေၾကာင့္ လူသိမ်ားလာေအာင္၊ မီဒီယာစာမ်က္ႏွာထက္ ေနရာရလာေအာင္သာ လုပ္ႀကံေျပာဆိုေနတာမ်ိဳးျဖစ္ေၾကာင္း မွတ္ခ်က္ ျပဳသူေတြလည္း မ်ားျပားလ်က္ရွိပါတယ္။ တျခားတစ္ဖက္မွာေတာ့ ဖခင္ေမတၱာငတ္မြတ္ေနတဲ့ သမီးငယ္တစ္ဦးအျဖစ္ က႐ုဏာပိုလ်က္ရွိၾကပါတယ္။ ဒါ့ျပင္ ၎ရဲ႕ဖခင္အျဖစ္ လူအမ်ားကမွတ္ခ်က္ျပဳၾကတဲ့ စေနနာမ္နဲ႔ ဝါရင့္သ႐ုပ္ေဆာင္က “နာမည္ထိပ္စာလုံးက ‘ေန’ နဲ႔စၿပီး လက္ရွိမွာ ေအာင္ျမင္ေနတဲ့ အိႏၵိယအစားအစာေရာင္းခ်ေနသူ၊ နယူးခ်စ္တီး ဆိုင္ပိုင္ရွင္” ျဖစ္ႏိုင္ေျခ ရာခိုင္ႏႈန္းမ်ားေၾကာင္း မွတ္ခ်က္ျပဳထားၾကတာကိုေတြ႕ရပါတယ္။ မိုးစက္ခ်ိဳရဲ႕ထုတ္ေဖာ္ေျပာဆို ခ်က္ေတြအရ ဆယ္ေက်ာ္သက္အ႐ြယ္မွာ သုံးႀကိမ္ခန႔္ ဖခင္ျဖစ္သူနဲ႔ေတြ႕ဆုံဖူးေပမယ့္ ေနာက္ပိုင္း အဆက္အသြယ္ မရွိေတာ့ေၾကာင္းဆိုထားကာ မိဘႏွစ္ပါးရဲ႕ေတြ႕ဆုံမႈ၊ ကြဲကြာမႈျဖစ္စဥ္အပါအဝင္ ဖခင္ျဖစ္သူရဲ႕အိမ္ေထာင္ေရးနဲ႔ မိခင္ျဖစ္သူရဲ႕ေနာက္အိမ္ေထာင္ေရးအေျခအေနေတြကို အရိပ္အႁမြက္ေျပာျပထားတာပါ။
“သမီးက တိတ္တိတ္ပုန္းသမီး မဟုတ္ပါဘူး။ သမီးက အရင္ေမြးတာပါ။ ေတြ႕ခြင့္ရမယ္ဆိုရင္ ပါပါးကို (၁)စကၠန႔္ ေလာက္ပဲျဖစ္ျဖစ္ ဖက္ထားခ်င္ပါတယ္။ သမီးမွာ ဘာအျပစ္ရွိလို႔လဲဆိုၿပီး ပါပါးကိုေမးခ်င္ပါတယ္။ အမွန္အတိုင္း ေျပာရမယ္ဆိုရင္ အရမ္းစိတ္နာပါတယ္။ ဘာေၾကာင့္မ်ား ဒီလိုမ်ိဳးျဖစ္သြားခဲ့ရတာလဲ မသိပါဘူး။ သမီးအေဖက အေဖပဲမို႔လို႔ သမီးအတြက္ အေဖက လိုအပ္ေနဆဲပါပဲ”လို႔ မ်က္ရည္က်လ်က္ ေျပာျပခဲ့ပါတယ္။ မိုးစက္ခ်ိဳအေနနဲ႔ အသက္ (၂၀)ေက်ာ္အ႐ြယ္ေရာက္ရွိလာၿပီျဖစ္တာေၾကာင့္ ႏိုင္ငံသားစိစစ္ေရးကတ္ျပား (မွတ္ပုံတင္)လုပ္ေဆာင္ဖို႔လို အပ္လာၿပီ ျဖစ္တဲ့အတြက္ ဖခင္ျဖစ္သူထံဆက္သြယ္ခဲ့ရာ ဖခင္ရဲ႕ဇနီးျဖစ္သူက “စာ႐ြက္စာတမ္းေတြလိုခ်င္ပါက DNA စစ္ေဆးေပးဖို႔ လိုအပ္ေၾကာင္း၊ ကြာရွင္းစာခ်ဳပ္မွာပါ လက္မွတ္ထိုးေပးရမွာျဖစ္ေၾကာင္း၊ မိုးစက္ခ်ိဳရဲ႕ဖခင္အျဖစ္ ဆက္လက္မရွိေစလို ေၾကာင္၊ ဖခင္နာမည္ ေျပာင္းေပးေစလိုေၾကာင္း” ၿခိမ္းေျခာက္မႈေတြရွိခဲ့တယ္လို႔ အသိေပးေျပာျပ ထားတာပါ။ ျမန္မာႏိုင္ငံမွာ တစ္လင္တစ္မယားစနစ္ကိုသာ လက္ခံက်င့္သုံးလ်က္ရွိၾကၿပီး၊ တရားဥပေဒအရ အိမ္ေထာင္မႈမွာ အိမ္ေထာင္စုစာရင္းဇယားတစ္ခုသာ ရွိရမွာျဖစ္ေၾကာင္း ျပ႒ာန္းထားၿပီးျဖစ္ပါတယ္။ အလားတူ ႏိုင္ငံသားစိစစ္‌ေရး ကတ္ျပား “ႏိုင္ငံသားမွတ္ပုံတင္”ဆိုတာကလည္း မိမိေမြးဖြားႀကီးျပင္းရာႏိုင္ငံက မိမိကို ႏိုင္ငံသားျဖစ္ ေၾကာင္း တရားဝင္ အသိအမွတ္ျပဳတဲ့ ကတ္ျပားျဖစ္ၿပီး၊ လူတစ္ဦးခ်င္းစီအတြက္ ႏိုင္ငံသားတိုင္း ရပိုင္ခြင့္ အခြင့္အေရး ရရွိမႈ၊ ဥပေဒအရ ကာကြယ္ေပးႏိုင္မႈ၊ လူမႈဘဝ ရပ္တည္ေနထိုင္ေရးအတြက္ ႏိုင္ငံသားစိစစ္‌ေရးကတ္ျပား “ႏိုင္ငံသား မွတ္ပုံတင္” ဟာ မရွိမျဖစ္ လိုအပ္တဲ့အရာပဲျဖစ္ပါတယ္။

တက္သစ္စ အကယ္ဒမီမင္းသား ႏွစ္လက္ရဲ႕ အႏုပညာေၾကး
တက္သစ္စမင္းသားေတြျဖစ္တဲ့ ေနဝင္းနဲ႔ေအးခ်မ္းေမာင္တို႔ရရွိတဲ့အႏုပညာေၾကးက အကယ္ဒမီ ေလးထပ္ကြမ္း ဝါရင့္သ႐ုပ္ေဆာင္ ေနတိုးနဲ႔ အကယ္ဒမီျမင့္ျမတ္တို႔ရရွိတဲ့အႏုပညာေၾကးထက္မ်ားေနတဲ့သတင္းအေပၚ မထိုက္တန္ ေသးေၾကာင္း ေထာက္ျပလာၾကပါတယ္။ တခ်ိဳ႕ကေတာ့ ထုတ္လုပ္သူနဲ႔မင္းသားတို႔ၾကား ညႇိႏႈိင္းမႈအဆင္ေျပ တာေၾကာင့္ ရရွိလာတဲ့အႏုပညာေၾကးကို မနာလိုစရာမရွိေၾကာင္းလည္း ေျပာဆိုသူေတြ ရွိလို႔ေနျပန္ပါတယ္။ မင္းသား၊ မင္းသမီးေတြ ရရွိတဲ့အႏုပညာေၾကးကို ပရိသတ္ေတြတင္မက အမ်ားစုက စိတ္ဝင္တစားသိခ်င္ၾကၿပီး၊ ေဈးကြက္ အတြင္းမွာ ဘယ္မင္းသား၊ မင္းသမီးက အႏုပညာေၾကးအျမင့္ ဆုံးဆိုတာကိုလည္း လုပ္ငန္းရွင္ႀကီးေတြကိုယ္တိုင္ နားစြင့္ လ်က္ရွိၾကပါတယ္။ အႏုပညာေလာကအတြင္းမွထြက္ေပၚလာတဲ့သတင္းစကားေတြအရ ထပ္ဆင့္အကယ္ဒမီေနတိုးက ႐ုပ္ရွင္ဇာတ္ကားတစ္ကားအတြက္ က်ပ္သိန္း (၉၀ဝ-၁၀ဝဝ)အထက္ရရွိၿပီး၊ အကယ္ဒမီျမင့္ျမတ္ကေတာ့ က်ပ္သိန္း (၇၀ဝ-၉၀ဝ)ၾကားရရွိေၾကာင္းသိရပါတယ္။ ေျပတီဦးရဲ႕လက္ရွိေပါက္ေဈးကေတာ့ ထြက္ေပၚလာျခင္းမရွိေသးဘဲ ၎ရဲ႕ အႏုပညာ လႈပ္ရွားမႈကနည္းပါးလြန္းတာေၾကာင့္ လူအမ်ားက မင္းသားေတြရဲ႕အႏုပညာေၾကးႏႈိင္းယွဥ္မႈစာရင္းမွာ ထည့္သြင္းစဥ္းစားထားပုံမရတာကိုလည္း သတိျပဳမိပါတယ္။ တက္သစ္စမင္းသား ေနဝင္းက အႏုပညာေၾကး က်ပ္သိန္း (၁၀ဝဝ) ခ်က္ခ်င္းဆိုသလိုသတ္မွတ္ရရွိေနတဲ့အေပၚ ဒါ႐ိုက္တာေၾကး က်ပ္သိန္း (၁၀ဝ)အထက္သာရရွိခဲ့တဲ့ ဒါ႐ိုက္တာျပည္ဟိန္းသီဟက ေဖာ္ေကာင္လုပ္ခဲ့တာမ်ိဳးလို႔လည္းဆိုႏိုင္ပါတယ္။ ျပည္ေျပးဒါ႐ိုက္တာ ျပည္ဟိန္းသီဟက “ကြၽန္ေတာ္ေျပာခဲ့တဲ့စကားေတြက မင္းသားေနဝင္းကိုေျပာတာပါ။ ဒါေပမဲ့ ကြၽန္ေတာ္ေျပာဆိုမႈေနာက္ပိုင္း ေနဝင္းနဲ႔ ပတ္သက္ၿပီး သတင္းမထြက္လာဘဲ ေအးခ်မ္းေမာင္ဆိုၿပီး သတင္းထြက္လာတဲ့အေပၚမွာ ကြၽန္ေတာ္ ေတာ္ေတာ္ေလးကို အံ့ဩသြားပါတယ္။ ကြၽန္ေတာ့္ကို အရင္က ဘိုဘိုစန္းကေမးဖူးတယ္။ ျမင့္ျမတ္တို႔က အသက္ႀကီးလာၿပီ။ မင္းသားအျဖစ္ ေနာက္ထပ္ေမြးဖို႔လိုလာၿပီဆိုတာမ်ိဳးေပါ့”လို႔ သူရဲ႕ယူ က်ဳခ်န္နယ္ကတစ္ဆင့္ေျပာထားတာပါ။ ပရိသတ္ေတြရဲ႕ မွတ္ခ်က္ေတြအရ “ေနဝင္းက သိန္းတစ္ေထာင္နဲ႔မွမတန္တာ။ ေနဝင္းကို မင္းသားလို႔ကိုခံစားလို႔မရတာ။ အဆိုေတာ္က ႐ုပ္ရွင္တစ္ကားႏွစ္ကားနဲ႔ အကယ္ဒမီ တန္းရၿပီး မာန္တက္သြားတာ။ ‘ေက်ာ္ဟိန္း’ အငယ္စားဆိုၿပီး လမ္းေၾကာင္း ေပးေျပာေနၾကကတည္းက တမင္ေျမႇာက္ပင့္ေနမွန္း သိပ္သိသာတာေပါ့။ အားလုံးက ထုတ္လုပ္သူ ဘိုဘိုစန္းရဲ႕ လုပ္ကြက္ေတြပဲ” စသျဖင့္ မွတ္ခ်က္မ်ိဳးစုံေပးခဲ့ၾကပါတယ္။ ေအးခ်မ္းေမာင္ကေတာ့ သူ႔အေနနဲ႔ အႏုပညာေၾကးက သတင္းေတြထြက္ေနသလိုမ်ိဳး ထင္သေလာက္မမ်ားေသးေၾကာင္း မီဒီယာေတြကို တရားဝင္အသိေပးထားပါတယ္။ ဒါ႐ိုက္ တာျပည္ဟိန္းသီဟဆိုသူက ျမန္မာ႐ုပ္ရွင္ဒါ႐ိုက္တာေတြထဲမွာ ဟာသ႐ုပ္ရွင္ဇာတ္ကားေတြ အမ်ားဆုံး႐ိုက္ကူး သူအျဖစ္လည္း လူသိမ်ားၿပီး (၂၀၂၁)ခုႏွစ္ ႏိုင္ငံေရးအခင္းအက်င္းျဖစ္စဥ္ကိုအေၾကာင္းျပကာ ျပည္ပႏိုင္ငံ ကို ထြက္ေျပးတိမ္းေရွာင္ခဲ့သူျဖစ္ပါတယ္။ အႏုပညာေလာကမွႏုတ္ထြက္ၿပီးေနာက္ ျမန္မာ့အႏုပညာ ေလာကရဲ႕ဇာတ္ရႈပ္ ေတြကို အထုပ္ျဖည္ခ်ေနသူျဖစ္ပါတယ္။ သူရဲ႕ေဖာ္ေကာင္လုပ္မႈေၾကာင့္ အကယ္ဒမီျမင့္ျမတ္ လည္း နာမည္ဂုဏ္သိကၡာ က်ဆင္းခဲ့ရဖူးၿပီး၊ ျပည္ေျပးျဖစ္ေနၾကတဲ့ ကိုေပါက္၊ စိန္သီး၊ ဟားငါးေကာင္အဖြဲ႕ရဲ႕ ေတာ္လွန္ေရးဟန္ျပ ေငြေကာက္ခံမႈျဖစ္စဥ္ေတြ၊ ထုတ္လုပ္သူ ဘိုဘိုစန္းရဲ႕အႏုပညာေလာကအတြင္း ျခယ္ လွယ္မႈလုပ္ရပ္ေတြအပါအဝင္ လတ္တေလာ ေဝဖန္မႈျမင့္တက္ခဲ့တဲ့ လႊမ္းပိုင္၊ ေနာ္ေဖာအယ္ထား၊ နန္းစုရတီစိုးစတဲ့ သူတို႔ရဲ႕ပုဂၢိဳလ္ေရး ဆိုင္ရာကိစၥေတြကို တစ္ခ်က္ခ်င္းစီ ေဖာ္ေကာင္လုပ္ Viewer ရွာေနသူတစ္ဦးျဖစ္ပါတယ္။

ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ဒီေလာက္နဲ႔ရပ္နားခြင့္ျပဳပါ။

Related news

© 2021. All rights reserved.