ဈေးနှုန်းကျဆင်းနေခြင်းကြောင့် ရောင်းချရန်ခက်ခဲနေသည့် ဧည့်မထအုပ်စု စပါးများကို တင်းပေါင်းသိန်း(၁၅၀)အထိ ဝယ်ယူမည်

 4261

ယွန်း(NP News)- မတ် ၂၃

ဈေးနှုန်းကျဆင်းနေခြင်းကြောင့် ရောင်းချရန်ခက်ခဲနေသည့် ဧည့်မထအုပ်စု စပါးများကို တင်းပေါင်းသိန်း(၁၅၀)အထိ ဝယ်ယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ(၂၂)ရက်တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးများ၊ ဆွေးနွေးပွဲများနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်တွင် အထက်ပါကဲ့သို့ အသိပေးထားခြင်းဖြစ်သည်။

လက်ရှိအခြေအနေတွင် နိုင်ငံတကာ ဝယ်လိုအားကျဆင်းနေခြင်းနှင့် ပြည်တွင်းဝယ်လိုအားများ ကျဆင်းနေခြင်းအတွက် ဆန်စပါးဈေးကွက်အတွင်း ဧည့်မထ နွေစပါး စိုက်ပျိုးသော တောင်သူလယ်သမားများ အနေဖြင့် ဈေးနှုန်းကျဆင်းနေခြင်း နှင့် ရောင်းချရန် ခက်ခဲနေခြင်းတို့ကြောင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အနေဖြင့် ပို့ကုန်ကုမ္ပဏီများ၊ အသင်းဝင် ဆန်စက်ကြီးများနှင့် ညှိနှိုင်း ပေါင်းစပ်၍ စပါးတင်းသိန်း (၁၅ဝ)နှင့် ဧည့်မထဆန်အိတ် (၄) သိန်း ဝယ်ယူရေးကို လာမည့် ဧပြီလနှင့် မေလတွင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ဖြစ်၍ စပါး/ ဆန် ရောင်းချရန် အခက်အခဲ ရှိပါက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ရုံးဖုန်းနံပါတ် ၀၁-၂၃၀၁၁၂၈-၂၉ ၊ ၀၁-၂၁၈၂၆၆-၆၈ သို့ ဆက်သွယ်နိုင်ကြောင်း MRF ကအသိပေးထားသည်။

"ပေါ်ဆန်း စပါးစျေးတွေက အမြင့်ပိုင်းမှာ ဖြစ်ပေါ်တည်ရှိနေပါတယ်။ ပေါ်ဆန်း ကို ဆောင်ရွက်ရန် မလိုအပ်သေးပါ။ နွေစပါးပေါ်ချိန် ဧည့်မထ/ အထူးဧည့်မထ အုပ်စု စပါးများသာ စျေးကျဆင်းပြီး တင်း ၁၀၀ လျှင် ၁၃ သိန်း-၁၄ သိန်း ဝန်းကျင်ဖြစ်နေ၍ ဧည့်မထစပါးများကိုသာ ဝယ်ယူရေးကို ဦးစားပေးလုပ်တာ ဖြစ်ပါတယ်။ စပါးတင်း (၁) သိန်းလျှင် ကျပ်ငွေ ၁.၄ ဘီလီယံခန့် တန်ဖိုးရှိရျ် စပါးတင်းသိန်း ၁၅၀ သည် ကျပ်ငွေ ဘီလီယံ ၁၄၀ ခန့် ရှိပါတယ်"ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဦးရဲမင်းအောင် က ပြောသည်။

ထို့ပြင် ၂ဝ၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပေါင်းဆန်တန်ချိန် (၃) သိန်း တင်ပို့နိုင်ရေး လျာထား၍ ပေါင်းဆန်စက် (၃ဝ) အား အဆင့်မြှင့်တင်ခြင်းအပြင် လိုအပ်သော ပံ့ပိုးကူညီမှုများ ဆောင်ရွက်ခြင်းနှင့် ပေါင်းဆန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတိုရေရှည် ဆောင်ရွက်ရန် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း MRF ၏ ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version:
ေဈးႏႈန္းက်ဆင္းေနျခင္းေၾကာင့္ ေရာင္းခ်ရန္ခက္ခဲေနသည့္ ဧည့္မထအုပ္စု စပါးမ်ားကို တင္းေပါင္းသိန္း(၁၅၀)အထိ ဝယ္ယူမည္

ယြန္း(NP News)- မတ္ ၂၃

ေဈးႏႈန္းက်ဆင္းေနျခင္းေၾကာင့္ ေရာင္းခ်ရန္ခက္ခဲေနသည့္ ဧည့္မထအုပ္စု စပါးမ်ားကို တင္းေပါင္းသိန္း(၁၅၀)အထိ ဝယ္ယူသြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ထံမွ သိရသည္။

ၿပီးခဲ့သည့္ မတ္လ(၂၂)ရက္တြင္ က်င္းပခဲ့သည့္ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္(MRF)၏ လုပ္ငန္းညႇိႏႈိင္း အစည္းအေဝးမ်ား၊ ေဆြးေႏြးပြဲမ်ားႏွင့္ စပ္လ်ဥ္းသည့္ သတင္းထုတ္ျပန္ခ်က္တြင္ အထက္ပါကဲ့သို႔ အသိေပးထားျခင္းျဖစ္သည္။

လက္ရွိအေျခအေနတြင္ ႏိုင္ငံတကာ ဝယ္လိုအားက်ဆင္းေနျခင္းႏွင့္ ျပည္တြင္းဝယ္လိုအားမ်ား က်ဆင္းေနျခင္းအတြက္ ဆန္စပါးေဈးကြက္အတြင္း ဧည့္မထ ေႏြစပါး စိုက္ပ်ိဳးေသာ ေတာင္သူလယ္သမားမ်ား အေနျဖင့္ ေဈးႏႈန္းက်ဆင္းေနျခင္း ႏွင့္ ေရာင္းခ်ရန္ ခက္ခဲေနျခင္းတို႔ေၾကာင့္ စိုးရိမ္ပူပန္မႈမ်ား ျဖစ္ေပၚလ်က္ရွိေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္ အေနျဖင့္ ပို႔ကုန္ကုမၸဏီမ်ား၊ အသင္းဝင္ ဆန္စက္ႀကီးမ်ားႏွင့္ ညႇိႏႈိင္း ေပါင္းစပ္၍ စပါးတင္းသိန္း (၁၅ဝ)ႏွင့္ ဧည့္မထဆန္အိတ္ (၄) သိန္း ဝယ္ယူေရးကို လာမည့္ ဧၿပီလႏွင့္ ေမလတြင္ ေဆာင္႐ြက္သြားမည္ ျဖစ္ပါေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

သို႔ျဖစ္၍ စပါး/ ဆန္ ေရာင္းခ်ရန္ အခက္အခဲ ရွိပါက ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ ႐ုံးဖုန္းနံပါတ္ ၀၁-၂၃၀၁၁၂၈-၂၉ ၊ ၀၁-၂၁၈၂၆၆-၆၈ သို႔ ဆက္သြယ္ႏိုင္ေၾကာင္း MRF ကအသိေပးထားသည္။

"ေပၚဆန္း စပါးေစ်းေတြက အျမင့္ပိုင္းမွာ ျဖစ္ေပၚတည္ရွိေနပါတယ္။ ေပၚဆန္း ကို ေဆာင္႐ြက္ရန္ မလိုအပ္ေသးပါ။ ေႏြစပါးေပၚခ်ိန္ ဧည့္မထ/ အထူးဧည့္မထ အုပ္စု စပါးမ်ားသာ ေစ်းက်ဆင္းၿပီး တင္း ၁၀၀ လွ်င္ ၁၃ သိန္း-၁၄ သိန္း ဝန္းက်င္ျဖစ္ေန၍ ဧည့္မထစပါးမ်ားကိုသာ ဝယ္ယူေရးကို ဦးစားေပးလုပ္တာ ျဖစ္ပါတယ္။ စပါးတင္း (၁) သိန္းလွ်င္ က်ပ္ေငြ ၁.၄ ဘီလီယံခန္႔ တန္ဖိုးရွိရ်္ စပါးတင္းသိန္း ၁၅၀ သည္ က်ပ္ေငြ ဘီလီယံ ၁၄၀ ခန္႔ ရွိပါတယ္"ဟု ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ ဦးရဲမင္းေအာင္ က ေျပာသည္။

ထို႔ျပင္ ၂ဝ၂၅-၂၀၂၆ ဘ႑ာႏွစ္တြင္ ေပါင္းဆန္တန္ခ်ိန္ (၃) သိန္း တင္ပို႔ႏိုင္ေရး လ်ာထား၍ ေပါင္းဆန္စက္ (၃ဝ) အား အဆင့္ျမႇင့္တင္ျခင္းအျပင္ လိုအပ္ေသာ ပံ့ပိုးကူညီမႈမ်ား ေဆာင္႐ြက္ျခင္းႏွင့္ ေပါင္းဆန္ထုတ္လုပ္မႈ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေရတိုေရရွည္ ေဆာင္႐ြက္ရန္ ကိစၥရပ္မ်ားကိုလည္း ေဆြးေႏြးခဲ့ေၾကာင္း MRF ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.