ဂျန်ဇက် (NP News) - မတ် ၂၃
အမေရိကန်အစိုးရအနေဖြင့် ဂျပန်နိုင်ငံတွင် အမေရိကန်တပ်ဖွဲ့ဝင်များ ဖြန့်ကြက်ချထားမှုတိုးမြှင့်ခြင်းကို ရပ်တန့်ရန်စဉ်းစားနေကြောင်း အမေရိကန် အခြေစိုက် CNN သတင်းဌာနက ဖော်ပြလိုက်သည်။
အဆိုပါ အမေရိကန်သတင်းဌာနသည် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများထံမှ ယုံကြည်ရသည့် အချက်အလက်များကို ရရှိခဲ့ပြီးနောက် သတင်းဖော်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဂျပန်နိုင်ငံတွင် အမေရိကန်တပ်ဖွဲ့ဝင်များ ဖြန့်ကြက်ချ ထားခြင်းတိုးမြှင့်မည့်အစီအစဉ်ကို ရပ်တန့်နိုင်မည်ဆို လျှင် အမေရိကန် ဒေါ်လာ (၁ ဒသမ ၁)ဘီလျံလျော့ နည်းမည်ဖြစ်သကဲ့သို့ ပစိဖိတ်ဒေသတွင် အမေရိကန် ၏အမိန့်ပေးထိန်းချုပ်မှုများ လျော့ကျသွားဖွယ်ရှိနေ ကြောင်း CNN သတင်းဌာနက ဖော်ပြထားသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် လက်ရှိအချိန်တွင် အမေရိကန်အစိုးရဌာနများ၏ စွမ်းဆောင်ရည်နှင့် အသုံးစရိတ်ကိုလေ့လာစောင့်ကြည့်မည့် အမေရိကန်အစိုးရ၏စွမ်းဆောင်ရည် အကဲဖြတ်မည့်ဌာန DOGE ကို ဖွဲ့စည်းခဲ့ပြီးနောက် အမေရိကန်ကာကွယ်ရေးဌာနတာဝန်ရှိသူများက ၎င်းတို့သည် DOGE ဌာနနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုကောင်းမွန်ရန်လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောသည်။
အမေရိကန်သည် ဂျပန်နိုင်ငံနှင့်မဟာမိတ်နိုင်ငံဖြစ်ရာ ဂျပန်နိုင်ငံလုံခြုံရေးအတွက် အမေရိကန်တပ် ဖွဲ့ဝင် များကို ဂျပန်နိုင်ငံသို့ စေလွှတ်ဖြန့်ကြက်ချထားပြီး အမေရိကန်စစ်သားများအတွက် ကုန်ကျစရိတ်များကို ကျခံပေးနေရ သည့်အတွက် အငြင်းပွားမှုများရှိခဲ့ဖူးကြောင်းသိရသည်။ ဂျပန်နိုင်ငံသည် လက်ရှိအချိန်တွင် တရုတ်၊ မြောက်ကိုရီးယားနိုင်ငံတို့နှင့်အငြင်း ပွားမှုများဖြစ်နေပြီး မြောက်ကိုရီးယားနိုင်ငံ၏ခြိမ်း ခြောက်မှုများ ရင်ဆိုင်နေရ ကြောင်း သိရသည်။ CNN သတင်းဌာနက အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများမှရရှိခဲ့သော စာထဲတွင် အမေရိကန်နိုင်ငံအနေဖြင့် ဥရောပတိုက်နှင့်အာဖရိကတိုက်များရှိ အမေရိကန် အမိန့်ပေးစင်တာများကို တစ်ခုတည်း ဖြစ်လာစေရန် လုပ်ဆောင်မည်ဆိုသောအချက်လည်း ပါဝင်နေကြောင်း ဖော်ပြထားသည်။
Zawgyi Version
ဂ်ပန္တြင္ အေမရိကန္တပ္ဖြဲ႕ဝင္မ်ားျဖန႔္ၾကက္ခ်ထားျခင္း တိုးျမႇင့္မည့္အစီအစဥ္ကို ရပ္ဆိုင္းရန္ စဥ္းစားေနဟုဆို
ဂ်န္ဇက္ (NP News) - မတ္ ၂၃
အေမရိကန္အစိုးရအေနျဖင့္ ဂ်ပန္ႏိုင္ငံတြင္ အေမရိကန္တပ္ဖြဲ႕ဝင္မ်ား ျဖန႔္ၾကက္ခ်ထားမႈတိုးျမႇင့္ျခင္းကို ရပ္တန႔္ရန္စဥ္းစားေနေၾကာင္း အေမရိကန္ အေျခစိုက္ CNN သတင္းဌာနက ေဖာ္ျပလိုက္သည္။
အဆိုပါ အေမရိကန္သတင္းဌာနသည္ အေမရိကန္ကာကြယ္ေရးဝန္ႀကီးဌာန တာဝန္ရွိသူမ်ားထံမွ ယုံၾကည္ရသည့္ အခ်က္အလက္မ်ားကို ရရွိခဲ့ၿပီးေနာက္ သတင္းေဖာ္ျပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ဂ်ပန္ႏိုင္ငံတြင္ အေမရိကန္တပ္ဖြဲ႕ဝင္မ်ား ျဖန႔္ၾကက္ခ် ထားျခင္းတိုးျမႇင့္မည့္အစီအစဥ္ကို ရပ္တန႔္ႏိုင္မည္ဆို လွ်င္ အေမရိကန္ ေဒၚလာ (၁ ဒသမ ၁)ဘီလ်ံေလ်ာ့ နည္းမည္ျဖစ္သကဲ့သို႔ ပစိဖိတ္ေဒသတြင္ အေမရိကန္ ၏အမိန႔္ေပးထိန္းခ်ဳပ္မႈမ်ား ေလ်ာ့က်သြားဖြယ္ရွိေန ေၾကာင္း CNN သတင္းဌာနက ေဖာ္ျပထားသည္။
အေမရိကန္သမၼတေဒၚနယ္ထရမ့္သည္ လက္ရွိအခ်ိန္တြင္ အေမရိကန္အစိုးရဌာနမ်ား၏ စြမ္းေဆာင္ရည္ႏွင့္ အသုံးစရိတ္ကိုေလ့လာေစာင့္ၾကည့္မည့္ အေမရိကန္အစိုးရ၏စြမ္းေဆာင္ရည္ အကဲျဖတ္မည့္ဌာန DOGE ကို ဖြဲ႕စည္းခဲ့ၿပီးေနာက္ အေမရိကန္ကာကြယ္ေရးဌာနတာဝန္ရွိသူမ်ားက ၎တို႔သည္ DOGE ဌာနႏွင့္ ပူးေပါင္း ေဆာင္႐ြက္မႈမ်ား ပိုမိုေကာင္းမြန္ရန္လုပ္ေဆာင္မည္ျဖစ္ေၾကာင္း ေျပာသည္။
အေမရိကန္သည္ ဂ်ပန္ႏိုင္ငံႏွင့္မဟာမိတ္ႏိုင္ငံျဖစ္ရာ ဂ်ပန္ႏိုင္ငံလုံၿခဳံေရးအတြက္ အေမရိကန္တပ္ ဖြဲ႕ဝင္ မ်ားကို ဂ်ပန္ႏိုင္ငံသို႔ ေစလႊတ္ျဖန႔္ၾကက္ခ်ထားၿပီး အေမရိကန္စစ္သားမ်ားအတြက္ ကုန္က်စရိတ္မ်ားကို က်ခံေပးေနရ သည့္အတြက္ အျငင္းပြားမႈမ်ားရွိခဲ့ဖူးေၾကာင္းသိရသည္။ ဂ်ပန္ႏိုင္ငံသည္ လက္ရွိအခ်ိန္တြင္ တ႐ုတ္၊ ေျမာက္ကိုရီးယားႏိုင္ငံတို႔ႏွင့္အျငင္း ပြားမႈမ်ားျဖစ္ေနၿပီး ေျမာက္ကိုရီးယားႏိုင္ငံ၏ၿခိမ္း ေျခာက္မႈမ်ား ရင္ဆိုင္ေနရ ေၾကာင္း သိရသည္။ CNN သတင္းဌာနက အေမရိကန္ကာကြယ္ေရးဝန္ႀကီးဌာန တာဝန္ရွိသူမ်ားမွရရွိခဲ့ေသာ စာထဲတြင္ အေမရိကန္ႏိုင္ငံအေနျဖင့္ ဥေရာပတိုက္ႏွင့္အာဖရိကတိုက္မ်ားရွိ အေမရိကန္ အမိန႔္ေပးစင္တာမ်ားကို တစ္ခုတည္း ျဖစ္လာေစရန္ လုပ္ေဆာင္မည္ဆိုေသာအခ်က္လည္း ပါဝင္ေနေၾကာင္း ေဖာ္ျပထားသည္။
Related news
© 2021. All rights reserved.