စစ်သားလိုအပ်ချက်ကို ဖြည့်ဆည်းရန် လုပ်ခလစာတိုးမြှင့်ပေးမည်ဟု တရုတ်(တိုင်ပေ) သမ္မတပြော

 128

ဂျန်ဇက် (NP News) - မတ် ၂၄

တရုတ်(တိုင်ပေ)သည် စစ်သားအရေအတွက်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ကြိုးပမ်းမှု အဖြစ် တပ်ဖွဲ့ဝင်များ ကို လုပ်ခလစာတိုးမြှင့်ပေးသွားဖွယ်ရှိနေကြောင်း သိရသည်။ တရုတ်(တိုင်ပေ)သည် လက်ရှိအချိန်တွင် တရုတ်နိုင်ငံနှင့် ပိုင်နက်နယ်မြေအငြင်းပွားမှုများဖြစ်ပွားနေကာ တရုတ်အစိုးရ၏ ဖိအားများကို ရင်ဆိုင်နေရချိန်တွင် စစ်သားများကို လစာတိုးပေးရန် စီစဉ်လာခြင်းဖြစ်သည်။
တရုတ်(တိုင်ပေ)တွင် လိုင်ချန်တေးသမ္မတ ဖြစ်လာခဲ့ပြီးနောက်ပိုင်း တရုတ်နှင့် တရုတ်(တိုင်ပေ)ကြားထိပ်တိုက် တွေ့ဆုံမှုများဖြစ်လာခဲ့ပြီး တရုတ်က တရုတ်(တိုင်ပေ)ကျွန်းဘက်ခြမ်းကို စစ်သင်္ဘောများ၊ စစ်လေယာဉ်များ မကြာခဏစေလွှတ်ခဲ့ကြောင်းသိရသည်။ တရုတ်(တိုင်ပေ)သမ္မတက စစ်သားများကို လစာတိုးပေးမည်ဖြစ်သကဲ့သို့ အလုပ်ကြိုးစားသည့် စစ်သားများကို ဂရုစိုက်မှုများဆက်လက်လုပ်ဆောင် မည်ဖြစ်ကြောင်းပြောသည်။
တရုတ်(တိုင်ပေ)တွင် ဧပြီ(၁)ရက်က တည်းက လုပ်အားပေးစစ်သားများကို တရုတ် (တိုင်ပေ)သုံးငွေ NT$5,000 တိုးမြှင့်ပေးမည်ဖြစ်ရာ တစ်လကို လုပ်ခလစာအဖြစ် NT$10,000 ရမည် ဖြစ်ကြောင်းသိရသည်။ ထို့ပြင် တိုက်ခိုက်ရေးစစ် သားများကိုလည်း လုပ်ခလစာနှစ်ဆတိုးမြှင့်ပေးမည် ဖြစ်ပြီး တစ်လလျှင် တရုတ်တိုင်ပေသုံးငွေ NT ($12,000) ရမည်ဖြစ်ကြောင်း သိရသည်။ တရုတ် တိုင်ပေသမ္မတက “ နိုင်ငံကို အတူတကွကာကွယ်ရမယ်။ ဒီမို ကရေစီနဲ့လွတ်လပ်ခွင့်တွေကို အတူတကွ လုပ်ဆောင်မယ်” ဟု ပြောသည်။
တရုတ်(တိုင်ပေ)ကာကွယ်ရေးဝန်ကြီးဌာနက “လုပ်ခလစာတိုးမြှင့်ပေးတာနဲ့ အကျိုးစီးပွားတွေ ခံစားခွင့် ပိုပေးတာက အရေအတွက်လိုအပ်ချက်ကို ကာလာတို ဖြေရှင်းနိုင်ရုံသာမက စစ်သားတွေအတွက် ပိုမိုကောင်းမွန်တဲ့ လုံလောက်တဲ့အရည်အသွေးဖြစ်လာစေဖို့ ဖန်တီးပေးတယ်။ လစာတိုးပေးတာဟာ တရုတ်(တိုင်ပေ)ရဲ့ ကာကွယ်ရေးလုပ်ငန်းတွေကို ပိုမိုကောင်းမွန်စေဖို့ ရည်ရွယ်တယ်။ လူငယ်တွေကို တရုတ်(တိုင်ပေ)စစ်တပ် အတွင်း ပိုမိုပူးပေါင်းဝင်ရောက်ဖို့လည်း ဆွဲဆောင်မှုရှိစေမှာပါ’’ ဟု ပြောသည်။
တရုတ်(တိုင်ပေ)သည် အမေရိကန်နိုင်ငံနှင့်မဟာမိတ်ဖြစ်ပြီး အမေရိကန်နိုင်ငံ ထံမှစစ်လက်နက်ပစ္စည်းများကို ဘီလျံနှင့် ချီဝယ်ယူ အားဖြည့်နေကြောင်း သိရသည်။

Zawgyi Version
စစ္သားလိုအပ္ခ်က္ကို ျဖည့္ဆည္းရန္ လုပ္ခလစာတိုးျမႇင့္ေပးမည္ဟု တ႐ုတ္(တိုင္ေပ) သမၼတေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၂၄

တ႐ုတ္(တိုင္ေပ)သည္ စစ္သားအေရအတြက္လိုအပ္ခ်က္ကို ျဖည့္ဆည္းႏိုင္ရန္ ႀကိဳးပမ္းမႈ အျဖစ္ တပ္ဖြဲ႕ဝင္မ်ား ကို လုပ္ခလစာတိုးျမႇင့္ေပးသြားဖြယ္ရွိေနေၾကာင္း သိရသည္။ တ႐ုတ္(တိုင္ေပ)သည္ လက္ရွိအခ်ိန္တြင္ တ႐ုတ္ႏိုင္ငံႏွင့္ ပိုင္နက္နယ္ေျမအျငင္းပြားမႈမ်ားျဖစ္ပြားေနကာ တ႐ုတ္အစိုးရ၏ ဖိအားမ်ားကို ရင္ဆိုင္ေနရခ်ိန္တြင္ စစ္သားမ်ားကို လစာတိုးေပးရန္ စီစဥ္လာျခင္းျဖစ္သည္။
တ႐ုတ္(တိုင္ေပ)တြင္ လိုင္ခ်န္ေတးသမၼတ ျဖစ္လာခဲ့ၿပီးေနာက္ပိုင္း တ႐ုတ္ႏွင့္ တ႐ုတ္(တိုင္ေပ)ၾကားထိပ္တိုက္ ေတြ႕ဆုံမႈမ်ားျဖစ္လာခဲ့ၿပီး တ႐ုတ္က တ႐ုတ္(တိုင္ေပ)ကြၽန္းဘက္ျခမ္းကို စစ္သေဘၤာမ်ား၊ စစ္ေလယာဥ္မ်ား မၾကာခဏေစလႊတ္ခဲ့ေၾကာင္းသိရသည္။ တ႐ုတ္(တိုင္ေပ)သမၼတက စစ္သားမ်ားကို လစာတိုးေပးမည္ျဖစ္သကဲ့သို႔ အလုပ္ႀကိဳးစားသည့္ စစ္သားမ်ားကို ဂ႐ုစိုက္မႈမ်ားဆက္လက္လုပ္ေဆာင္ မည္ျဖစ္ေၾကာင္းေျပာသည္။
တ႐ုတ္(တိုင္ေပ)တြင္ ဧၿပီ(၁)ရက္က တည္းက လုပ္အားေပးစစ္သားမ်ားကို တ႐ုတ္ (တိုင္ေပ)သုံးေငြ NT$5,000 တိုးျမႇင့္ေပးမည္ျဖစ္ရာ တစ္လကို လုပ္ခလစာအျဖစ္ NT$10,000 ရမည္ ျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ တိုက္ခိုက္ေရးစစ္ သားမ်ားကိုလည္း လုပ္ခလစာႏွစ္ဆတိုးျမႇင့္ေပးမည္ ျဖစ္ၿပီး တစ္လလွ်င္ တ႐ုတ္တိုင္ေပသုံးေငြ NT ($12,000) ရမည္ျဖစ္ေၾကာင္း သိရသည္။ တ႐ုတ္ တိုင္ေပသမၼတက “ ႏိုင္ငံကို အတူတကြကာကြယ္ရမယ္။ ဒီမို ကေရစီနဲ႔လြတ္လပ္ခြင့္ေတြကို အတူတကြ လုပ္ေဆာင္မယ္” ဟု ေျပာသည္။
တ႐ုတ္(တိုင္ေပ)ကာကြယ္ေရးဝန္ႀကီးဌာနက “လုပ္ခလစာတိုးျမႇင့္ေပးတာနဲ႔ အက်ိဳးစီးပြားေတြ ခံစားခြင့္ ပိုေပးတာက အေရအတြက္လိုအပ္ခ်က္ကို ကာလာတို ေျဖရွင္းႏိုင္႐ုံသာမက စစ္သားေတြအတြက္ ပိုမိုေကာင္းမြန္တဲ့ လုံေလာက္တဲ့အရည္အေသြးျဖစ္လာေစဖို႔ ဖန္တီးေပးတယ္။ လစာတိုးေပးတာဟာ တ႐ုတ္(တိုင္ေပ)ရဲ႕ ကာကြယ္ေရးလုပ္ငန္းေတြကို ပိုမိုေကာင္းမြန္ေစဖို႔ ရည္႐ြယ္တယ္။ လူငယ္ေတြကို တ႐ုတ္(တိုင္ေပ)စစ္တပ္ အတြင္း ပိုမိုပူးေပါင္းဝင္ေရာက္ဖို႔လည္း ဆြဲေဆာင္မႈရွိေစမွာပါ’’ ဟု ေျပာသည္။
တ႐ုတ္(တိုင္ေပ)သည္ အေမရိကန္ႏိုင္ငံႏွင့္မဟာမိတ္ျဖစ္ၿပီး အေမရိကန္ႏိုင္ငံ ထံမွစစ္လက္နက္ပစၥည္းမ်ားကို ဘီလ်ံႏွင့္ ခ်ီဝယ္ယူ အားျဖည့္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.