တရုတ်နဲ့အငြင်းပွားခိုက် တခြားကို အားကိုးမိရင် ဘာတွေဖြစ်လာတတ်ပါသလဲ။

 80

ဗီယက်နမ်ထံမှ တောင်အာရှနိုင်ငံများရရှိမည့် သင်ခန်းစာ
HtayOung (NP News) - မတ် ၂၄

မဟာမိတ်နိုင်ငံတွေကို အထောက်အပံ့ပေး လာခဲ့တဲ့ ယခင်အမေရိကန်ရဲ့မူဝါဒဟာ သမ္မတ ဒေါ် နယ်ထရမ့်လက်ထက်မှာ ပြောင်းပြန်ဖြစ်သွားပါတယ်။ ဥပမာ-ရုရှားနဲ့စစ်ခင်းနေရတဲ့ ယူကရိန်းအနေနဲ့ မော်စကိုနဲ့ စေ့စပ်ညှိနှိုင်းရေးမှာ အမေရိကန်ရဲ့အကူအညီ လိုချင်တယ်ဆိုရင် တိုင်းပြည်ရဲ့သယံဇာတ တွေကို ပွဲစားခပေးရမယ့်အချိုးမျိုး ချိုးလာတာပဲဖြစ်တယ်လို့ “ဒစ်ပလိုမက်” (17 March 2025) မှာ ဗီ ယက်နမ် နိုင်ငံရေးလေ့လာသူ “ကွမ်ဗူ” ကရေးပါတယ်။
ဒီဖြစ်ရပ်ဟာ ဒေါ်နယ်ထရမ့်သာတက်လာရင် သူတို့နဲ့နယ်မြေအငြင်းပွားနေတဲ့ တရုတ်ကို ပယ် ပယ်နယ်နယ်ဆုံးမလိမ့်မယ်လို့ အကြီးအကျယ်မျှော်လင့်နေကြတဲ့ တောင်အာရှနိုင်ငံခေါင်းဆောင်တွေ အတွက် စိတ်ပျက်စရာကြီးဖြစ်သွားပါတယ်။ စင်ကာပူ ကာကွယ်ရေးဝန်ကြီးဆိုရင် အမေရိကန်ကို “အိမ် စပေါ်ငွေ များများရှာဖွေနေတဲ့ အငှားချစားသူ”အဖြစ် ရည်ညွှန်းလာပြီး မလေးရှားကတော့ တောင်အာရှ တိုင်းပြည်တွေအနေနဲ့ “ကိုယ်ပိုင်ကာကွယ်ရေးစနစ်”တည်ဆောက်မှဖြစ်တော့မယ်လို့ ထုတ်ဖော်ပြောဆို တဲ့အထိ ဖြစ်လာပါတယ်။
တောင်အာရှနိုင်ငံတွေ ပွဲခင်းထဲမြွေဝင်သလို ရုတ်ရုတ်သဲသဲဖြစ်နေပေမယ့် ဗီယက်နမ်ကတော့ ယခင်နှစ်တုန်းမကစားခဲ့ဖူးလို့ ချောကလက်မှန်းသိနေပါတယ်။ အင်ဒိုချိုင်းနားတိုင်းပြည်များလို့ခေါ်တဲ့ လော၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံတို့ရဲ့ နှစ် (၂၀)ခန့်ကြာ ပြည်တွင်းစစ်ဟာ (၁၉၇၅)ခုနှစ်မှာ ပြီးဆုံး ခဲ့ပါတယ်။ အမေရိကန်ကျောထောက်နောက်ခံပြု တောင်ဗီယက်နမ်ကို တရုတ်-ရုရှားအကူအညီနဲ့ မြောက် ဗီယက်နမ်ကွန်မြူနစ်တွေကအနိုင်ရရှိပြီး စစ်ပွဲပြီးဆုံးသွားခြင်းဖြစ်ပါတယ်။ ဘာမှမကြာခင် အဲဒီ နှစ်မှာပဲ ဗီယက်နမ်နဲ့တရုတ်အကြား နယ်စပ်အငြင်းပွားမှု အရှိန် တိုးမြင့်လာခဲ့ပြီး တောင်တရုတ်ပင်လယ် ပါရာဆဲလ်နဲ့ စပရက်လီကျွန်းများ ပိုင်ဆိုင်ခွင့်အတွက် အပြိုင်အဆိုင်ဖြစ်လာပါတယ်။
နျူလက်နက်ပိုင် ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံကြီးနဲ့ စစ်ဒဏ်မှရုန်းထစ အိမ်နီးချင်းနိုင်ငံငယ် အကြား (၁၉၇၇)ခုနှစ်ဆွေးနွေးမှုတွေဟာ မအောင် မြင်ခဲ့ပါဘူး။ ဒီအတွက် (၁၉၇၈)ခုနှစ်မှာ ဗီယက်နမ် ဟာ ဆိုဗီယက်ယူနီယံအပေါ် လုံးလုံးလျားလျား မှီခိုလိုက်ပါတယ်။ အဲဒီနှစ် ဒီဇင်ဘာလမှာ ဗီယက်နမ်က အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံအတွင်း ကျူးကျော်ဝင်ရောက်ပြီး တရုတ်ကျောထောက်နောက်ခံပြု “ခမာ နီ အစိုးရ”ကို ဖြုတ်ချလိုက်ပါတယ်။ (ဒီဖြစ်ရပ်ဟာ တောင်ပိုင်းတိုင်းပြည်တွေအနေနဲ့ ဆိုဗီယက် အကူ အညီရယူပြီး တရုတ်ကိုဝိုင်းပတ်ဖို့ကြိုးစားသလို ဖြစ် သွားပါတယ်) ဗီယက်နမ်ရဲ့လုပ်ရပ်တွေဟာ သူ့ အပေါ် ရန်လိုမှုအဖြစ်အကြောင်းပြပြီး (၁၉၇၉)ခုနှစ် ဖေဖော် ဝါရီလမှာ တရုတ်က ဗီယက်နမ်ကို အတိ အလင်း စစ်ခင်းတိုက်ခိုက်ပါတော့တယ်။
တရုတ်ဘက်က စစ်သား (၂၆၀ဝဝ)ခန့်၊ ဗီယက်နမ်ဘက်က စစ်သား (၃၀ဝဝဝ)ကျော်ခန့် ကျဆုံး ရဲ့စစ်ပွဲဟာ (၂၉)ရက်အကြာမှာ ရပ်တန့်သွားပါ တယ်။ ဗီယက်နမ်ရဲ့ ကမ္ဘောဒီးယားကိုသိမ်းယူမှုဟာ တရုတ်နဲ့ဆက်ဆံရေးမှာ အဓိကပြဿနာဖြစ်ပေမယ့် နယ်စပ်ပြဿနာတွေဟာ စစ်ပွဲအပြီး ဧပြီလမှာ စတင်ခဲ့တဲ့ဆွေးနွေးမှုတွေမှာ ပါဝင်ခဲ့ပါတယ်။ ဗီယက်နမ်က တရုတ်စစ်တပ်တွေကို ရုပ်သိမ်းသွားစေလို ပြီး တရုတ်က ကမ္ဘောဒီးယားပြဿနာကိုပါ ဆွေးနွေးပွဲမှာ ခေါင်းစဉ်တပ်လိုပါတယ်။ ဗီယက်နမ်က ငြင်း ဆိုခဲ့တဲ့အတွက် ဆွေးနွေးမှုတွေဟာ (၁၅)ကြိမ်ကျင်းပခဲ့ပြီး (၁၉၈၀)ပြည့်နှစ်မှာ အဆုံးသတ်သွားပါတယ်။
အဲဒီနောက် တရုတ်က ဗီယက်နမ်အပေါ် စစ်ရေးဖိအားဖြစ်စေတဲ့အပြုအမူတွေကို ဆက်တိုက် လုပ်လာခဲ့ပါတယ်။ (၁၉၈၈)ခုနှစ် တောင်တရုတ်ပင်လယ်ပိုင်ဆိုင်မှု အငြင်းပွား စပရက်လီကျွန်းတို့အနက် “တောင်ဂျွန်ဆင် ကျောက်တန်း”ကို တရုတ်က သိမ်းယူခဲ့ပါတယ်။ အဲဒီကျောက်တန်းဟာ ဗီယက်နမ်မှ (၃၇၅) မိုင်ခန့်ကွာဝေးပြီး ဒီရေစစ်ချိန်ရောက်မှသာ ရေပြင်ပေါ်မှာမြင်တွေ့နိုင်တဲ့ သန္တာကျွန်းတန်းဖြစ်ပါ တယ်။ ဗီယက်နမ်ပိုင် ကောလင်းကျောက်တန်းနဲ့ ကပ်လျက်တည်ရှိပြီး ဖိလစ်ပိုင်-ထိုင်ဝမ် တို့ကလည်း သူတို့ပိုင်တယ်လို့ကြေညာထားပါတယ်။ တရုတ်ပြည် သူ့လွတ်မြောက်ရေးတပ်တွေနဲ့ ပဋိပက္ခဖြစ်ပွားရာ မှ ဗီယက်နမ်စစ်သား (၆၄)ဦးသေဆုံးပြီး စစ်သုံးဘုတ် နှစ်စင်း နှစ်မြှုပ်ခံရပါတယ်။ အဲဒီနောက်ပိုင်း ကျောက်တန်းကို တရုတ်က လူလုပ်ကျွန်းအဖြစ် အားတက်သရော ပြောင်းလဲတည်ဆောက်ပါတယ်။
နိုင်ငံတကာ သံတမန်ရေးနဲ့ စီးပွားရေးအရ ဖိအားပေးလာတဲ့အတွက် (၁၉၈၉)ခုနှစ်မှာ ဗီယက် နမ်စစ်တပ်တွေ ကမ္ဘောဒီးယားမှ ရုပ်သိမ်းခဲ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ ဆိုဗီယက်ထောက်ခံမှု လျော့ နည်းလာတာနဲ့အမျှ တရုတ်နဲ့ဆွေးနွေးမှုတွေကို ပြန်လည် စတင်ခဲ့ပါတယ်။ ဆိုဗီယက်ယူနီယံပြိုကွဲတဲ့ (၁၉၉၁) ခုနှစ်မှာ နှစ်နိုင်ငံဆက်ဆံရေးဟာ ပုံမှန်ဖြစ်လာခဲ့ပြီး နယ်နိမိတ်နဲ့ ပင်လယ်ရေပိုင်နက်အငြင်းပွား မှု ပြဿနာတွေကို ဆွေးနွေးခြင်းနည်းလမ်းနဲ့ဖြေရှင်းဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ခြုံငုံ ပြောရရင် တရုတ်ရဲ့ ဟနွိုင်းအပေါ်ရပ်တည်ချက်ဟာ ဗီယက် နမ်က ပြည်ပအင်အားကြီးနိုင်ငံတစ်ခုခုကို ကျောထောက်နောက်ခံပြုမှုနဲ့သက်ဆိုင်ကြောင်း မြင်တွေ့ရတာပဲဖြစ်ပါတယ်။
(၁၉၉၉)နဲ့ (၂၀ဝဝ)ပြည့်နှစ်တွေမှာ ဟနွိုင်း နဲ့ပေကျင်းတို့အကြား နယ်မြေပြဿနာအတော်များ များကိုဖြေရှင်းနိုင်ခဲ့ပြီး ဗီယက်နမ်အပေါ် လုံခြုံရေး ခြိမ်းခြောက်မှုတွေကိုလျှော့ချနိုင်ခဲ့ပါတယ်။ နှစ်နိုင်ငံ နယ်စပ်အငြင်းပွားနယ်မြေ (၈၈)စတုရန်းမိုင်ခန့်မှာ (၄၄)စတုရန်းမိုင်ခန့်နဲ့ တုံကင်ပင်လယ်ကွေ့ဆက်စပ် ရေပြင် (၅၃)ရာခိုင်နှုန်းကို ဗီယက်နမ်ကရရှိခဲ့ပါတယ်။ တရုတ်နဲ့ဗီယက်နမ်အကြား တောင်တရုတ် ပင်လယ်အငြင်းပွားမှုအားလုံး အကျေအလည် မဖြေ ရှင်းနိုင်သေးပါဘူး။ ဒါပေမဲ့ ငြိမ်းချမ်းစွာဖြေရှင်းကြ မယ်လို့ (၂၀၁၁)ခုနှစ်မှာ သဘောတူညီထားခဲ့ကြပါ တယ်။ အဓိကသော့ချက်က ဗီယက်နမ်ရဲ့ “မလုပ်ဘူး (၃)ခု” မူဝါဒကြောင့်ပဲဖြစ်ပါလိမ့်မယ်။
တရုတ်နဲ့ပုံမှန်ဆက်ဆံရေးကိုရည်ရွယ်ပြီး မိမိတို့နိုင်ငံရဲ့ရပ်တည်မှုနဲ့ပတ်သက်လို့ (၁၉၉၈)ခုနှစ် ဗီယက်နမ် ကွန်မြူနစ်အစိုးရရဲ့ထုတ်ပြန်ချက်မှာ-
(၁) မည်သည့်နိုင်ငံနှင့်မျှ စစ်ရေးမဟာမိတ်ဖွဲ့မည် မဟုတ်။
(၂) နိုင်ငံအတွင်း မည်သည့်နိုင်ငံခြားစစ်တပ်ကိုမျှ တပ်စွဲခွင့်မပြု။
(၃) မည်သည့်နိုင်ငံကိုမဆို ဆန့်ကျင်ရန် အခြားနိုင်ငံ တစ်နိုင်ငံနှင့် ပူးပေါင်းမည်မဟုတ်ကြောင်း အဓိပ္ပာယ် ပါဝင်ပါတယ်။
အဲဒီမူဝါဒဟာ ဗီယက်နမ်ရဲ့ စစ်ရေးသံတ မန်ရေး ချစ်ကြည်ရင်းနှီးမှု ထိန်းသိမ်းခြင်း၊ နိုင်ငံတကာ နဲ့ လိုက်လျောညီထွေဖြစ်မှုကိုအားဖြည့်ခြင်းအပြင် တရုတ်ရဲ့အကြိုက်နဲ့လည်း ကိုက်ညီမှုရှိစေမယ့် မူဝါဒ တစ်ခုဖြစ်ပါတယ်။ အဓိကအားဖြင့် ဗီယက်နမ်ဟာ အမေရိကန် သို့မဟုတ် တခြားအနောက်နိုင်ငံတွေ နဲ့ စစ်ရေးအရ ပူးပေါင်းမှုပြုလုပ်မည်မဟုတ်ကြောင်း တရုတ်အနေနဲ့ယုံကြည်စေလိုခြင်းလည်းဖြစ်ပါတယ်။ ဒါကြောင့် ဗီယက်နမ်နဲ့တရုတ်တို့အကြား နယ်နိမိတ် ပြဿနာတွေကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ခဲ့ပြီး “ပိုနေ မြဲကျားနေမြဲ”ဆက်ဆံရေး ပိုမိုခိုင်မာလာတာဖြစ်တယ် လို့သုံးသပ်ရပါတယ်။
ဗီယက်နမ်ရဲ့အတွေ့အကြုံဟာ တခြားတောင်အာရှနိုင်ငံတွေအတွက် သင်ခန်းစာကောင်း ဖြစ် ပါတယ်။ အမေရိကန်နဲ့ပူးပေါင်းမှုဟာ တရုတ်ကို ကသိကအောက်ဖြစ်စေပါတယ်။ ဥပမာအားဖြင့် တောင် တရုတ်ပင်လယ်အတွင်း ဗီယက်နမ်ရဲ့ ကျွန်း ပြုပြင်တည်ဆောက်မှုတွေကို တရုတ်က မမြင်ဟန်ဆောင် နေခဲ့ပါတယ်။ အမေရိကန်နဲ့ပိုမိုရင်းနှီးလာတဲ့ ဘောင်ဘောင်မားကို့စ်လက်ထက် ဖိလစ်ပိုင်ကတော့ ပေကျင်းရဲ့ “ဝက်အူကျပ်” ခြင်းခံနေရပါတယ်။ တည့် တည့်ပြောရရင် တောင်အာရှနိုင်ငံတွေဟာ အမေရိ ကန်နဲ့ ပုံမှန်ထက်ပိုမိုတဲ့ ချစ်ကြည်နီးကပ်မှုမပြုသင့်ကြောင်းဖော်ပြနေပါတယ်။ နယ်မြေအငြင်းပွားမှု ပါ ဝင်ပတ်သက်နေတဲ့နိုင်ငံတစ်နိုင်ငံဟာ ပြည်ပအင် အားကြီးနိုင်ငံတစ်ခုခုရဲ့လွှမ်းမိုးမှုအောက်ကို ခိုလှုံသွား ခဲ့ရင် သူ့ဘက်ကလည်း ဘယ်တော့မှ အလျှော့ပေးမှာမဟုတ်ကြောင်း ဆိုလိုရင်းဖြစ်ပါတယ်။ တရုတ် အကျိုးစီးပွားကိုဆန့်ကျင်တဲ့ဒေသတွင်း အင်အားကြီးတစ်ခုခုနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အဲဒီ တိုင်း ပြည်တွေရရှိလိုက်တဲ့ အသားတင်အကျိုးအမြတ်ထက် တရုတ်နဲ့ဆက်ဆံရေးဆုံးရှုံးမှုက သာလွန်လိမ့် မယ်လို့ ပြသတာဖြစ်ပါတယ်။
တရုတ်ဟာ စစ်ရေးနဲ့သံတမန်ရေး တစ်လှည့်စီသုံးပြီး ယခင် ဗီယက်နမ်နဲ့လိုက်လျောညီထွေ လုပ်နိုင်ခဲ့သလိုမျိုး တောင်အာရှဒေသကိုလည်း ဖန်တီးလိုစိတ်ရှိနိုင်ပါတယ်။ အမေရိကန်နဲ့ ကာကွယ်ရေး ပိုမိုချိတ်ဆက်ခြင်းအားဖြင့် တရုတ်ရဲ့ဖိအားပေးမှုကို ပိုမိုဖြစ်စေပြီး အမေရိကန်နဲ့ ခပ်ကင်းကင်းနေခြင်း ဖြင့် တရုတ်နဲ့လိုက်လျောညီထွေဆက်ဆံမှုပြုဖို့ လမ်းဖောက်နိုင်ပါလိမ့်မယ်။ တရုတ်အနေနဲ့ အဲဒီထက် ပိုပြီးတစ်ဖက် စောင်းနင်းတင်းကြပ်လာခဲ့တော့ တောင်အာရှနိုင်ငံတွေအတွက် အမေရိကန်ဆီဦးတည် စေမှာဖြစ်ပြီး “ဂျာအေး သူ့အမေရိုက်” ဇာတ်လမ်းမျိုးမှာ တဝဲလယ်လယ် ဖြစ်နေပါလိမ့်မယ်။

Zawgyi Version
တ႐ုတ္နဲ႔အျငင္းပြားခိုက္ တျခားကို အားကိုးမိရင္ ဘာေတြျဖစ္လာတတ္ပါသလဲ။
ဗီယက္နမ္ထံမွ ေတာင္အာရွႏိုင္ငံမ်ားရရွိမည့္ သင္ခန္းစာ
HtayOung (NP News) - မတ္ ၂၄

မဟာမိတ္ႏိုင္ငံေတြကို အေထာက္အပံ့ေပး လာခဲ့တဲ့ ယခင္အေမရိကန္ရဲ႕မူဝါဒဟာ သမၼတ ေဒၚ နယ္ထရမ့္လက္ထက္မွာ ေျပာင္းျပန္ျဖစ္သြားပါတယ္။ ဥပမာ-႐ုရွားနဲ႔စစ္ခင္းေနရတဲ့ ယူကရိန္းအေနနဲ႔ ေမာ္စကိုနဲ႔ ေစ့စပ္ညႇိႏႈိင္းေရးမွာ အေမရိကန္ရဲ႕အကူအညီ လိုခ်င္တယ္ဆိုရင္ တိုင္းျပည္ရဲ႕သယံဇာတ ေတြကို ပြဲစားခေပးရမယ့္အခ်ိဳးမ်ိဳး ခ်ိဳးလာတာပဲျဖစ္တယ္လို႔ “ဒစ္ပလိုမက္” (17 March 2025) မွာ ဗီ ယက္နမ္ ႏိုင္ငံေရးေလ့လာသူ “ကြမ္ဗူ” ကေရးပါတယ္။
ဒီျဖစ္ရပ္ဟာ ေဒၚနယ္ထရမ့္သာတက္လာရင္ သူတို႔နဲ႔နယ္ေျမအျငင္းပြားေနတဲ့ တ႐ုတ္ကို ပယ္ ပယ္နယ္နယ္ဆုံးမလိမ့္မယ္လို႔ အႀကီးအက်ယ္ေမွ်ာ္လင့္ေနၾကတဲ့ ေတာင္အာရွႏိုင္ငံေခါင္းေဆာင္ေတြ အတြက္ စိတ္ပ်က္စရာႀကီးျဖစ္သြားပါတယ္။ စင္ကာပူ ကာကြယ္ေရးဝန္ႀကီးဆိုရင္ အေမရိကန္ကို “အိမ္ စေပၚေငြ မ်ားမ်ားရွာေဖြေနတဲ့ အငွားခ်စားသူ”အျဖစ္ ရည္ၫႊန္းလာၿပီး မေလးရွားကေတာ့ ေတာင္အာရွ တိုင္းျပည္ေတြအေနနဲ႔ “ကိုယ္ပိုင္ကာကြယ္ေရးစနစ္”တည္ေဆာက္မွျဖစ္ေတာ့မယ္လို႔ ထုတ္ေဖာ္ေျပာဆို တဲ့အထိ ျဖစ္လာပါတယ္။
ေတာင္အာရွႏိုင္ငံေတြ ပြဲခင္းထဲေႁမြဝင္သလို ႐ုတ္႐ုတ္သဲသဲျဖစ္ေနေပမယ့္ ဗီယက္နမ္ကေတာ့ ယခင္ႏွစ္တုန္းမကစားခဲ့ဖူးလို႔ ေခ်ာကလက္မွန္းသိေနပါတယ္။ အင္ဒိုခ်ိဳင္းနားတိုင္းျပည္မ်ားလို႔ေခၚတဲ့ ေလာ၊ ကေမာၻဒီးယား၊ ဗီယက္နမ္ႏိုင္ငံတို႔ရဲ႕ ႏွစ္ (၂၀)ခန႔္ၾကာ ျပည္တြင္းစစ္ဟာ (၁၉၇၅)ခုႏွစ္မွာ ၿပီးဆုံး ခဲ့ပါတယ္။ အေမရိကန္ေက်ာေထာက္ေနာက္ခံျပဳ ေတာင္ဗီယက္နမ္ကို တ႐ုတ္-႐ုရွားအကူအညီနဲ႔ ေျမာက္ ဗီယက္နမ္ကြန္ျမဴနစ္ေတြကအႏိုင္ရရွိၿပီး စစ္ပြဲၿပီးဆုံးသြားျခင္းျဖစ္ပါတယ္။ ဘာမွမၾကာခင္ အဲဒီ ႏွစ္မွာပဲ ဗီယက္နမ္နဲ႔တ႐ုတ္အၾကား နယ္စပ္အျငင္းပြားမႈ အရွိန္ တိုးျမင့္လာခဲ့ၿပီး ေတာင္တ႐ုတ္ပင္လယ္ ပါရာဆဲလ္နဲ႔ စပရက္လီကြၽန္းမ်ား ပိုင္ဆိုင္ခြင့္အတြက္ အၿပိဳင္အဆိုင္ျဖစ္လာပါတယ္။
န်ဴလက္နက္ပိုင္ ကမာၻ႔လူဦးေရအမ်ားဆုံး ႏိုင္ငံႀကီးနဲ႔ စစ္ဒဏ္မွ႐ုန္းထစ အိမ္နီးခ်င္းႏိုင္ငံငယ္ အၾကား (၁၉၇၇)ခုႏွစ္ေဆြးေႏြးမႈေတြဟာ မေအာင္ ျမင္ခဲ့ပါဘူး။ ဒီအတြက္ (၁၉၇၈)ခုႏွစ္မွာ ဗီယက္နမ္ ဟာ ဆိုဗီယက္ယူနီယံအေပၚ လုံးလုံးလ်ားလ်ား မွီခိုလိုက္ပါတယ္။ အဲဒီႏွစ္ ဒီဇင္ဘာလမွာ ဗီယက္နမ္က အိမ္နီးခ်င္း ကေမာၻဒီးယားႏိုင္ငံအတြင္း က်ဴးေက်ာ္ဝင္ေရာက္ၿပီး တ႐ုတ္ေက်ာေထာက္ေနာက္ခံျပဳ “ခမာ နီ အစိုးရ”ကို ျဖဳတ္ခ်လိုက္ပါတယ္။ (ဒီျဖစ္ရပ္ဟာ ေတာင္ပိုင္းတိုင္းျပည္ေတြအေနနဲ႔ ဆိုဗီယက္ အကူ အညီရယူၿပီး တ႐ုတ္ကိုဝိုင္းပတ္ဖို႔ႀကိဳးစားသလို ျဖစ္ သြားပါတယ္) ဗီယက္နမ္ရဲ႕လုပ္ရပ္ေတြဟာ သူ႔ အေပၚ ရန္လိုမႈအျဖစ္အေၾကာင္းျပၿပီး (၁၉၇၉)ခုႏွစ္ ေဖေဖာ္ ဝါရီလမွာ တ႐ုတ္က ဗီယက္နမ္ကို အတိ အလင္း စစ္ခင္းတိုက္ခိုက္ပါေတာ့တယ္။
တ႐ုတ္ဘက္က စစ္သား (၂၆၀ဝဝ)ခန႔္၊ ဗီယက္နမ္ဘက္က စစ္သား (၃၀ဝဝဝ)ေက်ာ္ခန႔္ က်ဆုံး ရဲ႕စစ္ပြဲဟာ (၂၉)ရက္အၾကာမွာ ရပ္တန႔္သြားပါ တယ္။ ဗီယက္နမ္ရဲ႕ ကေမာၻဒီးယားကိုသိမ္းယူမႈဟာ တ႐ုတ္နဲ႔ဆက္ဆံေရးမွာ အဓိကျပႆနာျဖစ္ေပမယ့္ နယ္စပ္ျပႆနာေတြဟာ စစ္ပြဲအၿပီး ဧၿပီလမွာ စတင္ခဲ့တဲ့ေဆြးေႏြးမႈေတြမွာ ပါဝင္ခဲ့ပါတယ္။ ဗီယက္နမ္က တ႐ုတ္စစ္တပ္ေတြကို ႐ုပ္သိမ္းသြားေစလို ၿပီး တ႐ုတ္က ကေမာၻဒီးယားျပႆနာကိုပါ ေဆြးေႏြးပြဲမွာ ေခါင္းစဥ္တပ္လိုပါတယ္။ ဗီယက္နမ္က ျငင္း ဆိုခဲ့တဲ့အတြက္ ေဆြးေႏြးမႈေတြဟာ (၁၅)ႀကိမ္က်င္းပခဲ့ၿပီး (၁၉၈၀)ျပည့္ႏွစ္မွာ အဆုံးသတ္သြားပါတယ္။
အဲဒီေနာက္ တ႐ုတ္က ဗီယက္နမ္အေပၚ စစ္ေရးဖိအားျဖစ္ေစတဲ့အျပဳအမူေတြကို ဆက္တိုက္ လုပ္လာခဲ့ပါတယ္။ (၁၉၈၈)ခုႏွစ္ ေတာင္တ႐ုတ္ပင္လယ္ပိုင္ဆိုင္မႈ အျငင္းပြား စပရက္လီကြၽန္းတို႔အနက္ “ေတာင္ဂြၽန္ဆင္ ေက်ာက္တန္း”ကို တ႐ုတ္က သိမ္းယူခဲ့ပါတယ္။ အဲဒီေက်ာက္တန္းဟာ ဗီယက္နမ္မွ (၃၇၅) မိုင္ခန႔္ကြာေဝးၿပီး ဒီေရစစ္ခ်ိန္ေရာက္မွသာ ေရျပင္ေပၚမွာျမင္ေတြ႕ႏိုင္တဲ့ သႏၲာကြၽန္းတန္းျဖစ္ပါ တယ္။ ဗီယက္နမ္ပိုင္ ေကာလင္းေက်ာက္တန္းနဲ႔ ကပ္လ်က္တည္ရွိၿပီး ဖိလစ္ပိုင္-ထိုင္ဝမ္ တို႔ကလည္း သူတို႔ပိုင္တယ္လို႔ေၾကညာထားပါတယ္။ တ႐ုတ္ျပည္ သူ႔လြတ္ေျမာက္ေရးတပ္ေတြနဲ႔ ပဋိပကၡျဖစ္ပြားရာ မွ ဗီယက္နမ္စစ္သား (၆၄)ဦးေသဆုံးၿပီး စစ္သုံးဘုတ္ ႏွစ္စင္း ႏွစ္ျမႇဳပ္ခံရပါတယ္။ အဲဒီေနာက္ပိုင္း ေက်ာက္တန္းကို တ႐ုတ္က လူလုပ္ကြၽန္းအျဖစ္ အားတက္သေရာ ေျပာင္းလဲတည္ေဆာက္ပါတယ္။
ႏိုင္ငံတကာ သံတမန္ေရးနဲ႔ စီးပြားေရးအရ ဖိအားေပးလာတဲ့အတြက္ (၁၉၈၉)ခုႏွစ္မွာ ဗီယက္ နမ္စစ္တပ္ေတြ ကေမာၻဒီးယားမွ ႐ုပ္သိမ္းခဲ့ရပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ဆိုဗီယက္ေထာက္ခံမႈ ေလ်ာ့ နည္းလာတာနဲ႔အမွ် တ႐ုတ္နဲ႔ေဆြးေႏြးမႈေတြကို ျပန္လည္ စတင္ခဲ့ပါတယ္။ ဆိုဗီယက္ယူနီယံၿပိဳကြဲတဲ့ (၁၉၉၁) ခုႏွစ္မွာ ႏွစ္ႏိုင္ငံဆက္ဆံေရးဟာ ပုံမွန္ျဖစ္လာခဲ့ၿပီး နယ္နိမိတ္နဲ႔ ပင္လယ္ေရပိုင္နက္အျငင္းပြား မႈ ျပႆနာေတြကို ေဆြးေႏြးျခင္းနည္းလမ္းနဲ႔ေျဖရွင္းဖို႔ သေဘာတူလက္မွတ္ေရးထိုးခဲ့ၾကပါတယ္။ ၿခဳံငုံ ေျပာရရင္ တ႐ုတ္ရဲ႕ ဟႏြိဳင္းအေပၚရပ္တည္ခ်က္ဟာ ဗီယက္ နမ္က ျပည္ပအင္အားႀကီးႏိုင္ငံတစ္ခုခုကို ေက်ာေထာက္ေနာက္ခံျပဳမႈနဲ႔သက္ဆိုင္ေၾကာင္း ျမင္ေတြ႕ရတာပဲျဖစ္ပါတယ္။
(၁၉၉၉)နဲ႔ (၂၀ဝဝ)ျပည့္ႏွစ္ေတြမွာ ဟႏြိဳင္း နဲ႔ေပက်င္းတို႔အၾကား နယ္ေျမျပႆနာအေတာ္မ်ား မ်ားကိုေျဖရွင္းႏိုင္ခဲ့ၿပီး ဗီယက္နမ္အေပၚ လုံၿခဳံေရး ၿခိမ္းေျခာက္မႈေတြကိုေလွ်ာ့ခ်ႏိုင္ခဲ့ပါတယ္။ ႏွစ္ႏိုင္ငံ နယ္စပ္အျငင္းပြားနယ္ေျမ (၈၈)စတုရန္းမိုင္ခန႔္မွာ (၄၄)စတုရန္းမိုင္ခန႔္နဲ႔ တုံကင္ပင္လယ္ေကြ႕ဆက္စပ္ ေရျပင္ (၅၃)ရာခိုင္ႏႈန္းကို ဗီယက္နမ္ကရရွိခဲ့ပါတယ္။ တ႐ုတ္နဲ႔ဗီယက္နမ္အၾကား ေတာင္တ႐ုတ္ ပင္လယ္အျငင္းပြားမႈအားလုံး အေက်အလည္ မေျဖ ရွင္းႏိုင္ေသးပါဘူး။ ဒါေပမဲ့ ၿငိမ္းခ်မ္းစြာေျဖရွင္းၾက မယ္လို႔ (၂၀၁၁)ခုႏွစ္မွာ သေဘာတူညီထားခဲ့ၾကပါ တယ္။ အဓိကေသာ့ခ်က္က ဗီယက္နမ္ရဲ႕ “မလုပ္ဘူး (၃)ခု” မူဝါဒေၾကာင့္ပဲျဖစ္ပါလိမ့္မယ္။
တ႐ုတ္နဲ႔ပုံမွန္ဆက္ဆံေရးကိုရည္႐ြယ္ၿပီး မိမိတို႔ႏိုင္ငံရဲ႕ရပ္တည္မႈနဲ႔ပတ္သက္လို႔ (၁၉၉၈)ခုႏွစ္ ဗီယက္နမ္ ကြန္ျမဴနစ္အစိုးရရဲ႕ထုတ္ျပန္ခ်က္မွာ-
(၁) မည္သည့္ႏိုင္ငံႏွင့္မွ် စစ္ေရးမဟာမိတ္ဖြဲ႕မည္ မဟုတ္။
(၂) ႏိုင္ငံအတြင္း မည္သည့္ႏိုင္ငံျခားစစ္တပ္ကိုမွ် တပ္စြဲခြင့္မျပဳ။
(၃) မည္သည့္ႏိုင္ငံကိုမဆို ဆန႔္က်င္ရန္ အျခားႏိုင္ငံ တစ္ႏိုင္ငံႏွင့္ ပူးေပါင္းမည္မဟုတ္ေၾကာင္း အဓိပၸာယ္ ပါဝင္ပါတယ္။
အဲဒီမူဝါဒဟာ ဗီယက္နမ္ရဲ႕ စစ္ေရးသံတ မန္ေရး ခ်စ္ၾကည္ရင္းႏွီးမႈ ထိန္းသိမ္းျခင္း၊ ႏိုင္ငံတကာ နဲ႔ လိုက္ေလ်ာညီေထြျဖစ္မႈကိုအားျဖည့္ျခင္းအျပင္ တ႐ုတ္ရဲ႕အႀကိဳက္နဲ႔လည္း ကိုက္ညီမႈရွိေစမယ့္ မူဝါဒ တစ္ခုျဖစ္ပါတယ္။ အဓိကအားျဖင့္ ဗီယက္နမ္ဟာ အေမရိကန္ သို႔မဟုတ္ တျခားအေနာက္ႏိုင္ငံေတြ နဲ႔ စစ္ေရးအရ ပူးေပါင္းမႈျပဳလုပ္မည္မဟုတ္ေၾကာင္း တ႐ုတ္အေနနဲ႔ယုံၾကည္ေစလိုျခင္းလည္းျဖစ္ပါတယ္။ ဒါေၾကာင့္ ဗီယက္နမ္နဲ႔တ႐ုတ္တို႔အၾကား နယ္နိမိတ္ ျပႆနာေတြကို ၿငိမ္းခ်မ္းစြာေျဖရွင္းႏိုင္ခဲ့ၿပီး “ပိုေန ၿမဲက်ားေနၿမဲ”ဆက္ဆံေရး ပိုမိုခိုင္မာလာတာျဖစ္တယ္ လို႔သုံးသပ္ရပါတယ္။
ဗီယက္နမ္ရဲ႕အေတြ႕အႀကဳံဟာ တျခားေတာင္အာရွႏိုင္ငံေတြအတြက္ သင္ခန္းစာေကာင္း ျဖစ္ ပါတယ္။ အေမရိကန္နဲ႔ပူးေပါင္းမႈဟာ တ႐ုတ္ကို ကသိကေအာက္ျဖစ္ေစပါတယ္။ ဥပမာအားျဖင့္ ေတာင္ တ႐ုတ္ပင္လယ္အတြင္း ဗီယက္နမ္ရဲ႕ ကြၽန္း ျပဳျပင္တည္ေဆာက္မႈေတြကို တ႐ုတ္က မျမင္ဟန္ေဆာင္ ေနခဲ့ပါတယ္။ အေမရိကန္နဲ႔ပိုမိုရင္းႏွီးလာတဲ့ ေဘာင္ေဘာင္မားကို႔စ္လက္ထက္ ဖိလစ္ပိုင္ကေတာ့ ေပက်င္းရဲ႕ “ဝက္အူက်ပ္” ျခင္းခံေနရပါတယ္။ တည့္ တည့္ေျပာရရင္ ေတာင္အာရွႏိုင္ငံေတြဟာ အေမရိ ကန္နဲ႔ ပုံမွန္ထက္ပိုမိုတဲ့ ခ်စ္ၾကည္နီးကပ္မႈမျပဳသင့္ေၾကာင္းေဖာ္ျပေနပါတယ္။ နယ္ေျမအျငင္းပြားမႈ ပါ ဝင္ပတ္သက္ေနတဲ့ႏိုင္ငံတစ္ႏိုင္ငံဟာ ျပည္ပအင္ အားႀကီးႏိုင္ငံတစ္ခုခုရဲ႕လႊမ္းမိုးမႈေအာက္ကို ခိုလႈံသြား ခဲ့ရင္ သူ႔ဘက္ကလည္း ဘယ္ေတာ့မွ အေလွ်ာ့ေပးမွာမဟုတ္ေၾကာင္း ဆိုလိုရင္းျဖစ္ပါတယ္။ တ႐ုတ္ အက်ိဳးစီးပြားကိုဆန႔္က်င္တဲ့ေဒသတြင္း အင္အားႀကီးတစ္ခုခုနဲ႔ ပူးေပါင္းေဆာင္႐ြက္ျခင္းျဖင့္ အဲဒီ တိုင္း ျပည္ေတြရရွိလိုက္တဲ့ အသားတင္အက်ိဳးအျမတ္ထက္ တ႐ုတ္နဲ႔ဆက္ဆံေရးဆုံးရႈံးမႈက သာလြန္လိမ့္ မယ္လို႔ ျပသတာျဖစ္ပါတယ္။
တ႐ုတ္ဟာ စစ္ေရးနဲ႔သံတမန္ေရး တစ္လွည့္စီသုံးၿပီး ယခင္ ဗီယက္နမ္နဲ႔လိုက္ေလ်ာညီေထြ လုပ္ႏိုင္ခဲ့သလိုမ်ိဳး ေတာင္အာရွေဒသကိုလည္း ဖန္တီးလိုစိတ္ရွိႏိုင္ပါတယ္။ အေမရိကန္နဲ႔ ကာကြယ္ေရး ပိုမိုခ်ိတ္ဆက္ျခင္းအားျဖင့္ တ႐ုတ္ရဲ႕ဖိအားေပးမႈကို ပိုမိုျဖစ္ေစၿပီး အေမရိကန္နဲ႔ ခပ္ကင္းကင္းေနျခင္း ျဖင့္ တ႐ုတ္နဲ႔လိုက္ေလ်ာညီေထြဆက္ဆံမႈျပဳဖို႔ လမ္းေဖာက္ႏိုင္ပါလိမ့္မယ္။ တ႐ုတ္အေနနဲ႔ အဲဒီထက္ ပိုၿပီးတစ္ဖက္ ေစာင္းနင္းတင္းၾကပ္လာခဲ့ေတာ့ ေတာင္အာရွႏိုင္ငံေတြအတြက္ အေမရိကန္ဆီဦးတည္ ေစမွာျဖစ္ၿပီး “ဂ်ာေအး သူ႔အေမ႐ိုက္” ဇာတ္လမ္းမ်ိဳးမွာ တဝဲလယ္လယ္ ျဖစ္ေနပါလိမ့္မယ္။

Related news

© 2021. All rights reserved.