BTS အဖွဲ့ဝင် ဂျောင်ကုရဲ့ "Seven" သီချင်း ဗြိတိန်ရဲ့ BRIT ရွှေလက်မှတ်ရတဲ့ ပထမဆုံး K-Pop သီချင်းဖြစ်လာ

 113

ရောင်နီ (NP News) - မတ် ၂၄

BTS အဖွဲ့ဝင် ဂျောင်ကုဟာ တကိုယ်တော်သီချင်း "Seven" နဲ့ ဗြိတိန်ရဲ့ပထမဆုံးသော BRIT ရွှေလက်မှတ်ရရှိခဲ့ ပါတယ်။

မတ်လ ၂၁ ရက် ဒေသစံတော်ချိန်က ဂျောင်ကုရဲ့ ပွဲဦးထွက်တစ်ကိုယ်တော် သီချင်း "Seven" ဟာ တရားဝင် BRIT ရွှေလက်မှတ်ရရှိခဲ့ပြီးတယ်လို့ British Phonographic Industry (BPI) မှာ ကြော်ငြာခဲ့တာဖြစ်ပါတယ်။
BPI ရဲ့အသိအမှတ်ပြု သတ်မှတ်ချက်တွေအရ တစ်ကိုယ်တော်ခွေတွေဟာ အချပ်ရေ ၄၀၀,၀၀၀ ရောင်းချရပြီး အယ်လ်ဘမ် ၁၀၀,၀၀၀ ရောင်းချနိုင်မှသာ ဒီအသိအမှတ်ပြုတဲ့ ဆုငို ရရှိနိုင်တာဖြစ်ပါတယ်။
ဒီအောင်မြင်မှုနဲ့အတူ "Seven” ဟာ ဗြိတိန်မှာ ရွှေတံဆိပ်ရတဲ့ K-pop ရဲ့ပထမဆုံး တကိုယ်တော် ပွဲဦးထွက်သီချင်း ဖြစ်လာခဲ့ပါတယ်။

Zawgyi Version:
ရောင်နီ (NP News) - မတ် ၂၄



Related news

© 2021. All rights reserved.