တန်ဖိုးမြှင့် သနပ်ခါးထုတ်ကုန်များ ဈေးကွက် ကောင်းမွန်နေ

 461

NP News - မတ်လ ၂၄

ခေတ်နှင့်အညီပြောင်းလဲလာမှုကြောင့် သနပ်ခါးအတုံးသွေးလိမ်းခြင်းအပြင် သနပ်ခါးဖြင့်ပြုလုပ်သော သနပ်ခါး ပေါင်ဒါမှုန့်၊ သနပ်ခါးလိုးရှင်း၊ သနပ်ခါးဆပ်ပြာ စသည့် တန်ဖိုးမြှင့် သနပ်ခါးထုတ်ကုန်များကို ဈေးကွက်အတွင်း ဝယ်ယူသုံးစွဲမှုများပြားလာကြောင်း သနပ်ခါးတန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင်များ ထံမှ သိသည်။
လက်ရှိတွင် တန်ဖိုးမြှင့် သနပ်ခါးထုတ်ကုန်များကို လူငယ်နှင့်လူလတ်ပိုင်းများမှ သုံးစွဲမှုများပြားနေပြီး သနပ်ခါး အတုံးကိုမူ လူကြီးပိုင်းများမှ သုံးစွဲမှုများပြားကြောင်း သိရသည်။
အဆိုပါ သနပ်ခါးထုတ်ကုန်များအား ပြည်တွင်းတွင်သာမက အိမ်နီးချင်းပြည်ပနိုင်ငံများသို့ တင်ပို့နေရပြီး နွေရာသီ ကာလမှာ အရောင်းအဝယ်အကောင်းဆုံးဖြစ်ကြောင်း သိရသည်။
“မြန်မာ့သနပ်ခါးရဲ့ ‌လက်ရှိဈေးကွက် အနေအထားကတော့ အရင်ကာလတွေထက် အခုလိုနွေရာသီကာလက ပိုပြီးတော့ ရောင်းရတယ်လို့ ပြောနိုင်ပါတယ်။ သနပ်ခါးကိုအတုံးလိုက် သွေးလိမ်းတဲ့သူရှိသလို တန်ဖိုးမြှင့် ထုတ်ကုန်ဖြစ်တဲ့ သနပ်ခါးခဲတို့၊ အမှုန့်တို့ကိုလည်းသုံးတဲ့သူများတယ်။ အထူးသဖြင့် လူငယ်တွေ အသုံးများတယ်။ သနပ်ခါးကုန်ချောထဲမှာအရောင်းရဆုံးကတော့ ရှင်မတောင်သနပ်ခါးခဲရယ်၊ သနပ်ခါးအမှုန့်ရယ် ဖြစ်ပါတယ်” ဟု သနပ်ခါးကိုအဆင့်မြှင့်ထုတ်ကုန်အဖြစ်ထုတ်လုပ်နေသည့် လုပ်ငန်းရှင်တစ်ဦးမှ ပြောကြားသည်။
သနပ်ခါးထုတ်ကုန်များအားအိမ်နီးချင်းနိုင်ငံများသို့ တင်ပို့မှုသည် ဈေးကွက်အနေအထားကောင်းမွန်နေသည့်အပြင် ပြည်တွင်း၌လည်းအထူးသဖြင့် နွေဦးကာလနှင့်နွေရာသီတွင် အရောင်းရဆုံးဖြစ်ကြောင်း၊ လက်ရှိကာလတွင် တန်ဖိုးမြှင့် သနပ်ခါးထုတ်ကုန်များကို ပိုမိုတိုးချဲ့ထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
သနပ်ခါးကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်ခြင်းဖြင့် လူငယ်များအကြား သုံးစွဲမှုအား ပိုမိုကောင်းမွန်လာမှာဖြစ်ကြောင်း၊ ယင်းသို့ တန်ဖိုးမြှင့်ထုတ်ကုန်များ တွင်ကျယ်စွာ ထုတ်လုပ်လာနိုင်ရန်အတွက် ကိုလည်း ထုတ်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် မြန်မာနိုင်ငံသနပ်ခါးအသင်းတို့ ပူးပေါင်းဆောင်ရွက်နေ ကြောင်း သိရသည်။

Zawgyi Version:
တန္ဖိုးျမႇင့္ သနပ္ခါးထုတ္ကုန္မ်ား ေဈးကြက္ ေကာင္းမြန္ေန
NP News - မတ္လ ၂၄

ေခတ္ႏွင့္အညီေျပာင္းလဲလာမႈေၾကာင့္ သနပ္ခါးအတုံးေသြးလိမ္းျခင္းအျပင္ သနပ္ခါးျဖင့္ျပဳလုပ္ေသာ သနပ္ခါး ေပါင္ဒါမႈန႔္၊ သနပ္ခါးလိုးရွင္း၊ သနပ္ခါးဆပ္ျပာ စသည့္ တန္ဖိုးျမႇင့္ သနပ္ခါးထုတ္ကုန္မ်ားကို ေဈးကြက္အတြင္း ဝယ္ယူသုံးစြဲမႈမ်ားျပားလာေၾကာင္း သနပ္ခါးတန္ဖိုးျမႇင့္ထုတ္ကုန္အျဖစ္ ထုတ္လုပ္ေရာင္းခ်သည့္ လုပ္ငန္းရွင္မ်ား ထံမွ သိသည္။
လက္ရွိတြင္ တန္ဖိုးျမႇင့္ သနပ္ခါးထုတ္ကုန္မ်ားကို လူငယ္ႏွင့္လူလတ္ပိုင္းမ်ားမွ သုံးစြဲမႈမ်ားျပားေနၿပီး သနပ္ခါး အတုံးကိုမူ လူႀကီးပိုင္းမ်ားမွ သုံးစြဲမႈမ်ားျပားေၾကာင္း သိရသည္။
အဆိုပါ သနပ္ခါးထုတ္ကုန္မ်ားအား ျပည္တြင္းတြင္သာမက အိမ္နီးခ်င္းျပည္ပႏိုင္ငံမ်ားသို႔ တင္ပို႔ေနရၿပီး ေႏြရာသီ ကာလမွာ အေရာင္းအဝယ္အေကာင္းဆုံးျဖစ္ေၾကာင္း သိရသည္။
“ျမန္မာ့သနပ္ခါးရဲ႕ ‌လက္ရွိေဈးကြက္ အေနအထားကေတာ့ အရင္ကာလေတြထက္ အခုလိုေႏြရာသီကာလက ပိုၿပီးေတာ့ ေရာင္းရတယ္လို႔ ေျပာႏိုင္ပါတယ္။ သနပ္ခါးကိုအတုံးလိုက္ ေသြးလိမ္းတဲ့သူရွိသလို တန္ဖိုးျမႇင့္ ထုတ္ကုန္ျဖစ္တဲ့ သနပ္ခါးခဲတို႔၊ အမႈန႔္တို႔ကိုလည္းသုံးတဲ့သူမ်ားတယ္။ အထူးသျဖင့္ လူငယ္ေတြ အသုံးမ်ားတယ္။ သနပ္ခါးကုန္ေခ်ာထဲမွာအေရာင္းရဆုံးကေတာ့ ရွင္မေတာင္သနပ္ခါးခဲရယ္၊ သနပ္ခါးအမႈန႔္ရယ္ ျဖစ္ပါတယ္” ဟု သနပ္ခါးကိုအဆင့္ျမႇင့္ထုတ္ကုန္အျဖစ္ထုတ္လုပ္ေနသည့္ လုပ္ငန္းရွင္တစ္ဦးမွ ေျပာၾကားသည္။
သနပ္ခါးထုတ္ကုန္မ်ားအားအိမ္နီးခ်င္းႏိုင္ငံမ်ားသို႔ တင္ပို႔မႈသည္ ေဈးကြက္အေနအထားေကာင္းမြန္ေနသည့္အျပင္ ျပည္တြင္း၌လည္းအထူးသျဖင့္ ေႏြဦးကာလႏွင့္ေႏြရာသီတြင္ အေရာင္းရဆုံးျဖစ္ေၾကာင္း၊ လက္ရွိကာလတြင္ တန္ဖိုးျမႇင့္ သနပ္ခါးထုတ္ကုန္မ်ားကို ပိုမိုတိုးခ်ဲ႕ထုတ္လုပ္ႏိုင္ရန္ ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
သနပ္ခါးကို တန္ဖိုးျမႇင့္ထုတ္ကုန္မ်ားအျဖစ္ ေျပာင္းလဲထုတ္လုပ္ျခင္းျဖင့္ လူငယ္မ်ားအၾကား သုံးစြဲမႈအား ပိုမိုေကာင္းမြန္လာမွာျဖစ္ေၾကာင္း၊ ယင္းသို႔ တန္ဖိုးျမႇင့္ထုတ္ကုန္မ်ား တြင္က်ယ္စြာ ထုတ္လုပ္လာႏိုင္ရန္အတြက္ ကိုလည္း ထုတ္ကုန္ထုတ္လုပ္သည့္ လုပ္ငန္းရွင္မ်ားႏွင့္ ျမန္မာႏိုင္ငံသနပ္ခါးအသင္းတို႔ ပူးေပါင္းေဆာင္႐ြက္ေန ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.