မန်းရွှေစက်တော်တွင် ရွှေသမင် စခန်းတည်ဆောက်ရန် စီစဉ်နေ

 392

Pearl (NP News) - မတ် ၂၄

မန်းရွှေစက်တော်တွင် ရွှေသမင်စခန်း တည် ဆောက်ရန် စီစဉ်နေကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအေးကို က NP News သို့ပြောသည်။
မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်ရှိ မန်းရွှေစက်တော် ရွှေသမင်ဘေးမဲ့တောဥယျာဉ်၌ ဌာနေဖွားဒေသ ရင်း မျိုးစိတ်ရှားပါးစာရင်းဝင် မြန်မာ့ ရွှေသမင် (၆၀) ကျော် ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။
အဆိုပါ မန်းရွှေစက်တော် ရွှေသမင်ဘေးမဲ့တော ဥယျာဉ်၌ ရွှေသမင်အထီး (၅)ကောင် ၊ အမ (၇)ကောင်ဖြင့် စတင် မွေးမြူထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး ယခု အချိန်တွင် အထီး (၁၈)ကောင်၊ အမ (၃၅) ကောင် စုစုပေါင်း ရွှေသမင် (၅၃) ကောင်ရှိကာ ရွှေသမင် အထီး (၅)ကောင် အမ (၄) ကောင် ထပ်မံပေါက်ဖွား ခဲ့ကြောင်း သိရသည်။
“ဘေးမဲ့တောတစ်ခုလုံးရဲ့ကောင်ရေက သစ်တောကပဲ အတည်ပြုနိုင်မယ်။ ဒီကသမင်တွေက ဘေးမဲ့တော မှာရှိတဲ့ သမင်တွေပဲ။ သစ်တောက လွှဲပေးထားတာ။ ကျွန်တော်သိသလောက်က ဘေးမဲ့ တောထဲမှာရှိတဲ့အထဲက သစ် တောက ထိန်းသိမ်းထားတဲ့အထဲက ခြံနဲ့ ဘာနဲ့ စနစ်တကျမွေးမြူလို့ ရအောင် လွှဲပေးထားတာ။ အခုပေါက်ဖွား လာတဲ့ သမင်ငယ်လေးတွေကို တရားဝင်စာရင်း မပို့သေးဘူး။ သမင်တွေရဲ့သဘောသဘာဝက အစာစိမ်းစားတဲ့ အခါကျမှ စိတ်ချရတာပေါ့လေ။ အခုကျတော့ တိရစ္ဆာန်ဆရာဝန်တွေ ဘာတွေနဲ့ခေါ်ပြတာ။ မွေးမွေးချင်းက ဆက်ရှင်သန်ဖို့ ဘာညာက မသိသေးတော့ စာရင်းမတင်သေးဘူး။ အခု ဒီလကုန်လောက်တော့ တင်မှာပေါ့” ဟု ဦးအေးကိုက ဆိုသည်။
အဆိုပါ ရွှေသမင်များကို အစာရေစာများ၊ ကန်းစွန်းရွက်၊ ဗေဒါရွက် နှင့် ဖြည့်စွက်စာတို့ကို ကျွေးမွေး၍ ထိန်းသိမ်း စောက်ရှောက်ထားပြီး ခရီးသွားများအနေဖြင့် ရွှေစက်တော် ဘေးမဲ့တောဥယျာဉ်မှ မြန်မာ့ ရွှေသမင်များကိုလည်း လာရောက်လေ့လာကြည့်ရှုနိုင်ကြောင်း သိရသည်။
“သမင်တွေကို ကန်စွန်းရွက်တို့ ဗေဒါတို့ ကျွေးရတာပေါ့။ ကန်စွန်းရွက်ကိုက ဝယ်ရတယ်။ ဗေဒါ တွေက ခူးရတယ်။ ဝန်ထမ်းတစ်ယောက်ခန့်ထားတယ်။ တစ်လ တစ်လကို သမင်စာဖိုးက သိန်း (၂၀)လောက် သုံးရတယ်။ လစဉ် သုံးနေရတာပါ။ ကုန်ကျစရိတ်ကို ဘုရားကြီးက ကျခံတာ။ ဘေးမဲ့သစ် တောဦးစီးဌာနကလည်း တတ်နိုင် သလောက်‌တော့ လှူတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် အဆိုပါ ရွှေသမင်များကို ဆင်စခန်း များကဲ့သို့ အဆင့်မြှင့်တင်ရန် စီစဉ်နေပြီး သက်ဆိုင်ရာ ဝန်ကြီး ဌာနများနှင့် အသေးစိတ်ဆွေးနွေးရန် ပြင်ဆင်နေကြောင်း သိရသည်။ “ဝင်ကြေးအခမဲ့နဲ့ ဝင်ပြီး သမင်စာကျွေးလို့ ရတယ်ဆိုတာမျိုး၊ အလှဓာတ်ပုံရိုက် လို့ရတယ်ဆိုတာမျိုးဖြစ်အောင်လုပ်မယ်လို့ စီစဉ် ထားပါတယ်။ ဆင်စခန်း လိုမျိုး သမင်လေးတွေကို အစာကျွေးရင်း အမှတ်တရဓာတ်ပုံရိုက်ရင် ရိုက်လို့ ရအောင်ဆိုပြီး အဆင့်မြှင့်တင်ဆောင်ရွက်ဖို့တော့ ရှိတယ်။ သစ်တောနဲ့ ညှိရဦးမယ်။ အစာကျွေးလို့ ရ၊ မရတွေကိုပေါ့။ စီစဉ်ဆောင်ရွက်ဖို့တော့ရှိပါတယ်။ ဒီနှစ်ထဲ မီ၊ မမီတော့ မပြောနိုင်သေးပါဘူး။ သစ်တောဦးစီးနဲ့ ညှိရပါဦးမယ်။ သူတို့ကို ခြံထဲ ဘယ်လိုထားမယ်။ အပြင်မှာ အစာကျွေး တဲ့လူက ဘယ်လို ကျွေးလို့ရမယ်ဆိုတာ အသေးစိတ် ဆွေးနွေးဖို့ရှိပါသေးတယ်။ အခုလည်း ဝင်ကြည့်လို့ရတယ်” ဟု ဦးအေးကိုက ဆက်လက်ပြောသည်။
ရွှေစက်တော် ဘေးမဲ့တောဥယျာဉ်သည် မြန်မာနိုင်ငံအလယ်ပိုင်း မင်းဘူး (စကု)မြို့နယ်၌ တည်ရှိပြီး ဧရိယာ စတုရန်းမိုင် ၂၁၃ ဒသမ ၄ မိုင်ကျယ်ဝန်းပြီး အဆိုပါ ဘေးမဲ့တော၌လည်း ရွှေသမင် အများအပြား ရှိကြောင်း သိရသည်။

Zawgyi Version:
မန္းေ႐ႊစက္ေတာ္တြင္ ေ႐ႊသမင္ စခန္းတည္ေဆာက္ရန္ စီစဥ္ေန
Pearl (NP News) - မတ္ ၂၄

မန္းေ႐ႊစက္ေတာ္တြင္ ေ႐ႊသမင္စခန္း တည္ ေဆာက္ရန္ စီစဥ္ေနေၾကာင္း မန္းေ႐ႊစက္ေတာ္ဘုရား ေဂါပကအဖြဲ႕ ဥကၠ႒ ဦးေအးကို က NP News သို႔ေျပာသည္။
မေကြးတိုင္းေဒသႀကီး မင္းဘူး (စကု) ၿမိဳ႕နယ္ရွိ မန္းေ႐ႊစက္ေတာ္ ေ႐ႊသမင္ေဘးမဲ့ေတာဥယ်ာဥ္၌ ဌာေနဖြားေဒသ ရင္း မ်ိဳးစိတ္ရွားပါးစာရင္းဝင္ ျမန္မာ့ ေ႐ႊသမင္ (၆၀) ေက်ာ္ ထိန္းသိမ္းေစာင့္ေရွာက္ထားေၾကာင္း သိရသည္။
အဆိုပါ မန္းေ႐ႊစက္ေတာ္ ေ႐ႊသမင္ေဘးမဲ့ေတာ ဥယ်ာဥ္၌ ေ႐ႊသမင္အထီး (၅)ေကာင္ ၊ အမ (၇)ေကာင္ျဖင့္ စတင္ ေမြးျမဴထိန္းသိမ္းခဲ့ျခင္းျဖစ္ၿပီး ယခု အခ်ိန္တြင္ အထီး (၁၈)ေကာင္၊ အမ (၃၅) ေကာင္ စုစုေပါင္း ေ႐ႊသမင္ (၅၃) ေကာင္ရွိကာ ေ႐ႊသမင္ အထီး (၅)ေကာင္ အမ (၄) ေကာင္ ထပ္မံေပါက္ဖြား ခဲ့ေၾကာင္း သိရသည္။
“ေဘးမဲ့ေတာတစ္ခုလုံးရဲ႕ေကာင္ေရက သစ္ေတာကပဲ အတည္ျပဳႏိုင္မယ္။ ဒီကသမင္ေတြက ေဘးမဲ့ေတာ မွာရွိတဲ့ သမင္ေတြပဲ။ သစ္ေတာက လႊဲေပးထားတာ။ ကြၽန္ေတာ္သိသေလာက္က ေဘးမဲ့ ေတာထဲမွာရွိတဲ့အထဲက သစ္ ေတာက ထိန္းသိမ္းထားတဲ့အထဲက ၿခံနဲ႔ ဘာနဲ႔ စနစ္တက်ေမြးျမဴလို႔ ရေအာင္ လႊဲေပးထားတာ။ အခုေပါက္ဖြား လာတဲ့ သမင္ငယ္ေလးေတြကို တရားဝင္စာရင္း မပို႔ေသးဘူး။ သမင္ေတြရဲ႕သေဘာသဘာဝက အစာစိမ္းစားတဲ့ အခါက်မွ စိတ္ခ်ရတာေပါ့ေလ။ အခုက်ေတာ့ တိရစာၦန္ဆရာဝန္ေတြ ဘာေတြနဲ႔ေခၚျပတာ။ ေမြးေမြးခ်င္းက ဆက္ရွင္သန္ဖို႔ ဘာညာက မသိေသးေတာ့ စာရင္းမတင္ေသးဘူး။ အခု ဒီလကုန္ေလာက္ေတာ့ တင္မွာေပါ့” ဟု ဦးေအးကိုက ဆိုသည္။
အဆိုပါ ေ႐ႊသမင္မ်ားကို အစာေရစာမ်ား၊ ကန္းစြန္း႐ြက္၊ ေဗဒါ႐ြက္ ႏွင့္ ျဖည့္စြက္စာတို႔ကို ေကြၽးေမြး၍ ထိန္းသိမ္း ေစာက္ေရွာက္ထားၿပီး ခရီးသြားမ်ားအေနျဖင့္ ေ႐ႊစက္ေတာ္ ေဘးမဲ့ေတာဥယ်ာဥ္မွ ျမန္မာ့ ေ႐ႊသမင္မ်ားကိုလည္း လာေရာက္ေလ့လာၾကည့္ရႈႏိုင္ေၾကာင္း သိရသည္။
“သမင္ေတြကို ကန္စြန္း႐ြက္တို႔ ေဗဒါတို႔ ေကြၽးရတာေပါ့။ ကန္စြန္း႐ြက္ကိုက ဝယ္ရတယ္။ ေဗဒါ ေတြက ခူးရတယ္။ ဝန္ထမ္းတစ္ေယာက္ခန႔္ထားတယ္။ တစ္လ တစ္လကို သမင္စာဖိုးက သိန္း (၂၀)ေလာက္ သုံးရတယ္။ လစဥ္ သုံးေနရတာပါ။ ကုန္က်စရိတ္ကို ဘုရားႀကီးက က်ခံတာ။ ေဘးမဲ့သစ္ ေတာဦးစီးဌာနကလည္း တတ္ႏိုင္ သေလာက္‌ေတာ့ လႉတယ္” ဟု ၎က ဆက္လက္ေျပာသည္။
လက္ရွိတြင္ အဆိုပါ ေ႐ႊသမင္မ်ားကို ဆင္စခန္း မ်ားကဲ့သို႔ အဆင့္ျမႇင့္တင္ရန္ စီစဥ္ေနၿပီး သက္ဆိုင္ရာ ဝန္ႀကီး ဌာနမ်ားႏွင့္ အေသးစိတ္ေဆြးေႏြးရန္ ျပင္ဆင္ေနေၾကာင္း သိရသည္။ “ဝင္ေၾကးအခမဲ့နဲ႔ ဝင္ၿပီး သမင္စာေကြၽးလို႔ ရတယ္ဆိုတာမ်ိဳး၊ အလွဓာတ္ပုံ႐ိုက္ လို႔ရတယ္ဆိုတာမ်ိဳးျဖစ္ေအာင္လုပ္မယ္လို႔ စီစဥ္ ထားပါတယ္။ ဆင္စခန္း လိုမ်ိဳး သမင္ေလးေတြကို အစာေကြၽးရင္း အမွတ္တရဓာတ္ပုံ႐ိုက္ရင္ ႐ိုက္လို႔ ရေအာင္ဆိုၿပီး အဆင့္ျမႇင့္တင္ေဆာင္႐ြက္ဖို႔ေတာ့ ရွိတယ္။ သစ္ေတာနဲ႔ ညႇိရဦးမယ္။ အစာေကြၽးလို႔ ရ၊ မရေတြကိုေပါ့။ စီစဥ္ေဆာင္႐ြက္ဖို႔ေတာ့ရွိပါတယ္။ ဒီႏွစ္ထဲ မီ၊ မမီေတာ့ မေျပာႏိုင္ေသးပါဘူး။ သစ္ေတာဦးစီးနဲ႔ ညႇိရပါဦးမယ္။ သူတို႔ကို ၿခံထဲ ဘယ္လိုထားမယ္။ အျပင္မွာ အစာေကြၽး တဲ့လူက ဘယ္လို ေကြၽးလို႔ရမယ္ဆိုတာ အေသးစိတ္ ေဆြးေႏြးဖို႔ရွိပါေသးတယ္။ အခုလည္း ဝင္ၾကည့္လို႔ရတယ္” ဟု ဦးေအးကိုက ဆက္လက္ေျပာသည္။
ေ႐ႊစက္ေတာ္ ေဘးမဲ့ေတာဥယ်ာဥ္သည္ ျမန္မာႏိုင္ငံအလယ္ပိုင္း မင္းဘူး (စကု)ၿမိဳ႕နယ္၌ တည္ရွိၿပီး ဧရိယာ စတုရန္းမိုင္ ၂၁၃ ဒသမ ၄ မိုင္က်ယ္ဝန္းၿပီး အဆိုပါ ေဘးမဲ့ေတာ၌လည္း ေ႐ႊသမင္ အမ်ားအျပား ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.