ကမ္ဘာ့တတိယမြောက် ဝါး အပေါဆုံးနိုင်ငံဖြစ်ခဲ့သော်လည်း စိုးရိမ်ရသည့်အခြေအနေရှိလာ

6371

ယွန်း (NP News) - မတ် ၂၄
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာပေါ်တွင် ဝါးအပေါဆုံး တတိယနိုင်ငံဖြစ်ခဲ့သော်လည်း လက်ရှိအခြေအနေတွင် စိုးရိမ်ဖွယ်အခြေအနေဖြစ်နေကြောင်း ဝါးစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှ သိရသည်။
ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံသည် ဝါးအပေါ ဆုံးနိုင်ငံဖြစ်ပြီး ဒုတိယမှာ အိန္ဒိယနိုင်ငံဖြစ်ကာ ဝါးမျိုး ရင်း(၂၁)မျိုး ကျော်နှင့် မျိုးစိတ်(၁၀ဝ)ကျော်ရှိသည့် မြန်မာနိုင်ငံက တတိယဝါးအပေါဆုံးနိုင်ငံဖြစ်ကြောင်း သစ်တောဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။ သို့သော် မြန်မာနိုင်ငံ၌ဝါးများကို ကာကွယ်မှု နည်းပါးလျက်ရှိပြီး စည်းကမ်းမဲ့ ဝါးခုတ်ယူခြင်းများကြောင့် အရည်အသွေးကျဆင်းခြင်းအပြင် ပြုန်းတီးလာကြောင်း သိရသည်။
‘မြန်မာနိုင်ငံအလယ်ပိုင်းတို့ စစ်ကိုင်းတိုင်းတို့၊ ပဲခူးတိုင်းတို့ဆိုရင် မျှစ်ကို မြေကြီးထဲမှာစရှိနေက တည်းက ချိုးတာ။ အကုန်ချိုးကြတယ်။ ဝါးဖြစ်မယ့်ဟာတွေကို ချိုးတော့ ဝါးတွေမဖြစ်တော့ဘူးပေါ့။ အနုတွေ ကိုခုတ်တဲ့အတွက် ဝါးတောအရည်အသွေးတွေကလည်း ကျသွားတယ်။ နောက်တစ်ချက်က တောင်ယာတွေခုတ်ကြတယ်။ ငှက်ပျောတွေ၊ ပြောင်းတွေစိုက်မယ်ဆို တောင်ယာတွေခုတ်တဲ့အတွက် ဝါးကလုံးလုံးကို ပျက်သုဉ်းသွားတာပေါ့။ အဲဒီတော့ ဝါးတောတွေက တဖြည်းဖြည်းနဲ့လူတွေနဲ့ဝေးဝေးသွားတာ။ ဝါးတောတွေက အရည်အသွေးကျရုံတင် မကဘူး ပြုန်းတီးလာပြီ။ မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ တတိယဝါးအပေါဆုံးနိုင်ငံလို့ပြောပေမယ့် အခုကတော့ အဲဒီစကားတောင်မှန်ပါ့ မလားတောင် မသေချာတော့ဘူး။ ပထမက တရုတ်၊ ဒုတိယက အိန္ဒိယ၊ တတိယက မြန်မာ ပေါ့။ အဲဒီသတ်မှတ်ချက်က တော့ ကြာပြီ’ဟု ဝါးစိုက်ပျိုး ထုတ်လုပ်သူ ဦးကျော်ဝင်းက NP News ကို ပြောသည်။
မြန်မာနိုင်ငံတွင် (၂၀ဝ၁) ခုနှစ်မှစ၍ စီးပွားဖြစ်အနေဖြင့် ဝါးပရိဘောဂများကို ထုတ်လုပ်ခဲ့ပြီး ကုလားထိုင်၊ စားပွဲ၊ ခုတင်၊ မှန်တင်ခုံ၊ အဝတ်စင်တို့အပြင် အိမ်အလှဆင်ခြင်းတို့ကိုပါ ဝါးဖြင့် ပြုလုပ်လာခဲ့သည်။ ထို့ပြင် ဝါးလက်မှု ပစ္စည်းများကို ပြည်ပသို့တင် ပို့မှုများလည်းရှိနေသည့်အပြင် ဝါးများကိုလည်း တင်ပို့ကြရာ နိုင်ငံတကာဝယ်လိုအားရှိ နေသော်လည်း အရည်အသွေးကျဆင်းမှုများကြောင့် ရောင်းချနိုင်ခြင်း မရှိကြောင်း သိရသည်။
‘ကျွန်တော်တို့နိုင်ငံက ဝါးပေါပေမယ့် စည်းမဲ့ကမ်းမဲ့ခုတ်တဲ့အတွက် နိုင်ငံခြားဝင်ငွေရတာ ကလည်း သိပ်ပြီး မပြောပ လောက်ဘူး။ ထိုင်းတို့၊ တရုတ်တို့ဆိုရင် ဘီလျံဘယ်လောက်ဆိုပြီးရတယ်။ ကျွန်တော်တို့ကတော့ သူတို့အစွန်း ထွက်လောက်ပဲ ရှိတာပေါ့။ ဝါးတင်ပို့မှုက ဝယ်လက်မရှိတာမဟုတ်ဘူး ရောင်းစရာဝါးမရှိတာ။ ရောင်းစရာဝါးက ရှိတော့ရှိတယ် သူတို့လိုချင်တဲ့အရည်အသွေးမီတာက ကျွန်တော်တို့မှာမရှိဘူး။ ဝယ်လက်တွေက တောက် လျှောက်လာတယ်။ ဝါးတွေကို သီးသန့်ဝယ်ကြတာ’ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့် နိုင်ငံတော်အနေဖြင့် မျှစ်ချိုးသည့် ဧရိယာနှင့် ဝါးခုတ်သည့်ဧရိယာကို သတ်မှတ်၍ ဝါးတောများကို အဆင့်မြှင့်တင်ပေးရန်လိုအပ်ပြီး ထိုသို့ဆောင်ရွက်ပေးခြင်းကြောင့် ဝါးအရည်အသွေး များကောင်းမွန်လာနိုင်သည့် အတွက် နိုင်ငံတော်အတွက် ဝင်ငွေများလည်းရှာဖွေပေးနိုင်မည်ဖြစ်သည်။ဝါးသည် လျင်မြန်စွာကြီးပြင်းနိုင်သည့် အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုက်လျော့နည်းစေခြင်း၊ မြေဆီလွှာထိန်းသိမ်းနိုင်ခြင်း နှင့် ရေဝေ ရေလဲဒေသများ ထိန်းသိမ်းနိုင်ခြင်း စသည့် ကောင်းကျိုးများကိုလည်း ပေးစွမ်းနိုင်ကြောင်း သိရသည်။

Zawgyi Version:
ကမာၻ႔တတိယေျမာက္ ဝါး အေပါဆုံးႏိုင္ငံျဖစ္ခဲ့ေသာ္လည္း စိုးရိမ္ရသည့္အေျခအေနရွိလာ
ယြန္း (NP News) - မတ္ ၂၄
ျမန္မာႏိုင္ငံအေနျဖင့္ ကမာၻေပၚတြင္ ဝါးအေပါဆုံး တတိယႏိုင္ငံျဖစ္ခဲ့ေသာ္လည္း လက္ရွိအေျခအေနတြင္ စိုးရိမ္ဖြယ္အေျခအေနျဖစ္ေနေၾကာင္း ဝါးစိုက္ပ်ိဳးထုတ္လုပ္သည့္ လုပ္ငန္းရွင္အသိုင္းအဝိုင္းထံမွ သိရသည္။
ကမာၻေပၚတြင္ တ႐ုတ္ႏိုင္ငံသည္ ဝါးအေပါ ဆုံးႏိုင္ငံျဖစ္ၿပီး ဒုတိယမွာ အိႏၵိယႏိုင္ငံျဖစ္ကာ ဝါးမ်ိဳး ရင္း(၂၁)မ်ိဳး ေက်ာ္ႏွင့္ မ်ိဳးစိတ္(၁၀ဝ)ေက်ာ္ရွိသည့္ ျမန္မာႏိုင္ငံက တတိယဝါးအေပါဆုံးႏိုင္ငံျဖစ္ေၾကာင္း သစ္ေတာဦးစီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။ သို႔ေသာ္ ျမန္မာႏိုင္ငံ၌ဝါးမ်ားကို ကာကြယ္မႈ နည္းပါးလ်က္ရွိၿပီး စည္းကမ္းမဲ့ ဝါးခုတ္ယူျခင္းမ်ားေၾကာင့္ အရည္အေသြးက်ဆင္းျခင္းအျပင္ ျပဳန္းတီးလာေၾကာင္း သိရသည္။
‘ျမန္မာႏိုင္ငံအလယ္ပိုင္းတို႔ စစ္ကိုင္းတိုင္းတို႔၊ ပဲခူးတိုင္းတို႔ဆိုရင္ မွ်စ္ကို ေျမႀကီးထဲမွာစရွိေနက တည္းက ခ်ိဳးတာ။ အကုန္ခ်ိဳးၾကတယ္။ ဝါးျဖစ္မယ့္ဟာေတြကို ခ်ိဳးေတာ့ ဝါးေတြမျဖစ္ေတာ့ဘူးေပါ့။ အႏုေတြ ကိုခုတ္တဲ့အတြက္ ဝါးေတာအရည္အေသြးေတြကလည္း က်သြားတယ္။ ေနာက္တစ္ခ်က္က ေတာင္ယာေတြခုတ္ၾကတယ္။ ငွက္ေပ်ာေတြ၊ ေျပာင္းေတြစိုက္မယ္ဆို ေတာင္ယာေတြခုတ္တဲ့အတြက္ ဝါးကလုံးလုံးကို ပ်က္သုဥ္းသြားတာေပါ့။ အဲဒီေတာ့ ဝါးေတာေတြက တျဖည္းျဖည္းနဲ႔လူေတြနဲ႔ေဝးေဝးသြားတာ။ ဝါးေတာေတြက အရည္အေသြးက်႐ုံတင္ မကဘူး ျပဳန္းတီးလာၿပီ။ ျမန္မာႏိုင္ငံက ကမာၻေပၚမွာ တတိယဝါးအေပါဆုံးႏိုင္ငံလို႔ေျပာေပမယ့္ အခုကေတာ့ အဲဒီစကားေတာင္မွန္ပါ့ မလားေတာင္ မေသခ်ာေတာ့ဘူး။ ပထမက တ႐ုတ္၊ ဒုတိယက အိႏၵိယ၊ တတိယက ျမန္မာ ေပါ့။ အဲဒီသတ္မွတ္ခ်က္က ေတာ့ ၾကာၿပီ’ဟု ဝါးစိုက္ပ်ိဳး ထုတ္လုပ္သူ ဦးေက်ာ္ဝင္းက NP News ကို ေျပာသည္။
ျမန္မာႏိုင္ငံတြင္ (၂၀ဝ၁) ခုႏွစ္မွစ၍ စီးပြားျဖစ္အေနျဖင့္ ဝါးပရိေဘာဂမ်ားကို ထုတ္လုပ္ခဲ့ၿပီး ကုလားထိုင္၊ စားပြဲ၊ ခုတင္၊ မွန္တင္ခုံ၊ အဝတ္စင္တို႔အျပင္ အိမ္အလွဆင္ျခင္းတို႔ကိုပါ ဝါးျဖင့္ ျပဳလုပ္လာခဲ့သည္။ ထို႔ျပင္ ဝါးလက္မႈ ပစၥည္းမ်ားကို ျပည္ပသို႔တင္ ပို႔မႈမ်ားလည္းရွိေနသည့္အျပင္ ဝါးမ်ားကိုလည္း တင္ပို႔ၾကရာ ႏိုင္ငံတကာဝယ္လိုအားရွိ ေနေသာ္လည္း အရည္အေသြးက်ဆင္းမႈမ်ားေၾကာင့္ ေရာင္းခ်ႏိုင္ျခင္း မရွိေၾကာင္း သိရသည္။
‘ကြၽန္ေတာ္တို႔ႏိုင္ငံက ဝါးေပါေပမယ့္ စည္းမဲ့ကမ္းမဲ့ခုတ္တဲ့အတြက္ ႏိုင္ငံျခားဝင္ေငြရတာ ကလည္း သိပ္ၿပီး မေျပာပ ေလာက္ဘူး။ ထိုင္းတို႔၊ တ႐ုတ္တို႔ဆိုရင္ ဘီလ်ံဘယ္ေလာက္ဆိုၿပီးရတယ္။ ကြၽန္ေတာ္တို႔ကေတာ့ သူတို႔အစြန္း ထြက္ေလာက္ပဲ ရွိတာေပါ့။ ဝါးတင္ပို႔မႈက ဝယ္လက္မရွိတာမဟုတ္ဘူး ေရာင္းစရာဝါးမရွိတာ။ ေရာင္းစရာဝါးက ရွိေတာ့ရွိတယ္ သူတို႔လိုခ်င္တဲ့အရည္အေသြးမီတာက ကြၽန္ေတာ္တို႔မွာမရွိဘူး။ ဝယ္လက္ေတြက ေတာက္ ေလွ်ာက္လာတယ္။ ဝါးေတြကို သီးသန႔္ဝယ္ၾကတာ’ဟု ၎က ဆက္လက္ေျပာသည္။
ထို႔ေၾကာင့္ ႏိုင္ငံေတာ္အေနျဖင့္ မွ်စ္ခ်ိဳးသည့္ ဧရိယာႏွင့္ ဝါးခုတ္သည့္ဧရိယာကို သတ္မွတ္၍ ဝါးေတာမ်ားကို အဆင့္ျမႇင့္တင္ေပးရန္လိုအပ္ၿပီး ထိုသို႔ေဆာင္႐ြက္ေပးျခင္းေၾကာင့္ ဝါးအရည္အေသြး မ်ားေကာင္းမြန္လာႏိုင္သည့္ အတြက္ ႏိုင္ငံေတာ္အတြက္ ဝင္ေငြမ်ားလည္းရွာေဖြေပးႏိုင္မည္ျဖစ္သည္။ဝါးသည္ လ်င္ျမန္စြာႀကီးျပင္းႏိုင္သည့္ အတြက္ ပတ္ဝန္းက်င္ထိန္းသိမ္းျခင္း၊ ကာဗြန္ဒိုင္ေအာက္ဆိုက္ေလ်ာ့နည္းေစျခင္း၊ ေျမဆီလႊာထိန္းသိမ္းႏိုင္ျခင္း ႏွင့္ ေရေဝ ေရလဲေဒသမ်ား ထိန္းသိမ္းႏိုင္ျခင္း စသည့္ ေကာင္းက်ိဳးမ်ားကိုလည္း ေပးစြမ္းႏိုင္ေၾကာင္း သိရသည္။