လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်၍ ဆိုလာများ ဆက်လက်ထုတ်လုပ်ရေး ဆောင်ရွက်မည်

691

ယွန်း(NP News)- မတ် ၂၄
လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်၍ ဆိုလာများ ဆက်လက်ထုတ်လုပ်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက မတ်လ(၂၃)ရက်တွင် တောင်ဒဂုံမြို့နယ်ရှိ အမှတ် (၂၄) အကြီးစားစက်ရုံ(ဒဂုံ)သို့သွားရောက်ကြည့်ရှုစဥ် အထက်ပါကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်၏ လျှပ်စစ်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးနိုင်ရန် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်၍ ဆိုလာများ ဆက်လက်ထုတ်လုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားထားသည်။
ထို့ပြင် ဝန်ကြီးဌာနပိုင် ပုံသေပိုင်ပစ္စည်းများကို အကျိုးရှိအောင် စီမံဆောင်ရွက်ရန်နှင့် ဝန်ထမ်းများအနေဖြင့် ပြောင်းလဲတိုးတက်နေသည့် နည်းပညာများရရှိရေးအတွက် စဉ်ဆက်မပြတ် လေ့လာသင်ယူရေးကိုလည်း တိုက်တွန်းပြောကြားခဲ့သည်။
ဆိုလာများကို နေအိမ်သုံးအပြင် စက်မှုလုပ်ငန်းများပါ တပ်ဆင်အသုံးပြုလျက်ရှိသည့်အတွက် ထုတ်ကုန်ပစ္စည်းများ နှင့် ပတ်သက်၍ ပြည်သူများယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ရန်နှင့် စွမ်းဆောင်ရည်ပြည့် အသုံးပြုနိုင်ရန် စက်ရုံ၌ အရည်အသွေးအာမခံသည့်စနစ်များ ထူထောင်ထားရှိရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ထို့ပြင် ထုတ်လုပ်သည့်လုပ်ငန်းစဉ် အဆင့်ဆင့်တွင်လည်း အရည်အသွေးကို စနစ်တကျစစ်ဆေးရေးနှင့် ဈေးကွက် ဝယ်လိုအားများပြားနေသည့် ဆိုလာများအား တိုးမြှင့်ထုတ်လုပ်နိုင်ရေးကို စီမံဆောင်ရွက်ရန် အသိပေးထားသည်။

Zawgyi Version:
လွ်ပ္စစ္လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္ရန္ ျပည္တြင္းျပည္ပရင္းႏွီးျမႇဳပ္ႏွံသူမ်ား ဖိတ္ေခၚ၍ ဆိုလာမ်ား ဆက္လက္ထုတ္လုပ္ေရး ေဆာင္႐ြက္မည္
ယြန္း(NP News)- မတ္ ၂၄
လွ်ပ္စစ္လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္ရန္ ျပည္တြင္းျပည္ပရင္းႏွီးျမႇဳပ္ႏွံသူမ်ား ဖိတ္ေခၚ၍ ဆိုလာမ်ား ဆက္လက္ထုတ္လုပ္ေရး ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သိရသည္။
စက္မႈဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာခ်ာလီသန္းက မတ္လ(၂၃)ရက္တြင္ ေတာင္ဒဂုံၿမိဳ႕နယ္ရွိ အမွတ္ (၂၄) အႀကီးစားစက္႐ုံ(ဒဂုံ)သို႔သြားေရာက္ၾကည့္ရႈစဥ္ အထက္ပါကဲ့သို႔ေျပာခဲ့ျခင္းျဖစ္သည္။
ႏိုင္ငံေတာ္၏ လွ်ပ္စစ္လိုအပ္ခ်က္မ်ားကို တစ္ဖက္တစ္လမ္းက ျဖည့္ဆည္းေပးႏိုင္ရန္ ျပည္တြင္းျပည္ပ ရင္းႏွီးျမႇဳပ္ႏွံသူမ်ား ဖိတ္ေခၚ၍ ဆိုလာမ်ား ဆက္လက္ထုတ္လုပ္ႏိုင္ေရး ပူးေပါင္းေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက အသိေပးေျပာၾကားထားသည္။
ထို႔ျပင္ ဝန္ႀကီးဌာနပိုင္ ပုံေသပိုင္ပစၥည္းမ်ားကို အက်ိဳးရွိေအာင္ စီမံေဆာင္႐ြက္ရန္ႏွင့္ ဝန္ထမ္းမ်ားအေနျဖင့္ ေျပာင္းလဲတိုးတက္ေနသည့္ နည္းပညာမ်ားရရွိေရးအတြက္ စဥ္ဆက္မျပတ္ ေလ့လာသင္ယူေရးကိုလည္း တိုက္တြန္းေျပာၾကားခဲ့သည္။
ဆိုလာမ်ားကို ေနအိမ္သုံးအျပင္ စက္မႈလုပ္ငန္းမ်ားပါ တပ္ဆင္အသုံးျပဳလ်က္ရွိသည့္အတြက္ ထုတ္ကုန္ပစၥည္းမ်ား ႏွင့္ ပတ္သက္၍ ျပည္သူမ်ားယုံၾကည္စိတ္ခ်စြာ အသုံးျပဳႏိုင္ရန္ႏွင့္ စြမ္းေဆာင္ရည္ျပည့္ အသုံးျပဳႏိုင္ရန္ စက္႐ုံ၌ အရည္အေသြးအာမခံသည့္စနစ္မ်ား ထူေထာင္ထားရွိရမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ထို႔ျပင္ ထုတ္လုပ္သည့္လုပ္ငန္းစဥ္ အဆင့္ဆင့္တြင္လည္း အရည္အေသြးကို စနစ္တက်စစ္ေဆးေရးႏွင့္ ေဈးကြက္ ဝယ္လိုအားမ်ားျပားေနသည့္ ဆိုလာမ်ားအား တိုးျမႇင့္ထုတ္လုပ္ႏိုင္ေရးကို စီမံေဆာင္႐ြက္ရန္ အသိေပးထားသည္။