ဘိလပ်မြေ တန်ချိန်(၁၅၀၀)တင်ဆောင်လာသည့် ရေယာဥ် ရွှေမဲဆိပ်ကမ်းသို့ ရောက်ရှိပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရန် ဆောင်ရွက်ပေးလျက်ရှိ

 6861

ချယ်ရီ(NP News)- မတ် ၂၄

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်ရှိ ရွှေမဲဆိပ်ကမ်းသို့ ဘိလပ်မြေတန်ချိန်(၁၅၀၀)တင်ဆောင်လာသည့် ရေယာဥ် ရောက်ရှိပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရန်အတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိကာလသည် ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သောကြောင့် နိုင်ငံတစ်ဝန်းရှိ ဆောက်လုပ်ရေးလုပ်ငန်း များ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့တည်ဆောက်မှုလုပ်ငန်းများအတွက် ယခုကာလအတွင်း လိုအပ်သည့် ပြည်တွင်းဘိလပ်မြေလိုအပ်ချက်ကို ပြည့်မီစေရန်နှင့် ပြည်တွင်းထုတ်လုပ်မှုကို အင်အားဖြည့်တင်းပေးနိုင်ရန်အတွက် ပြည်ပမှဘိလပ်မြေများကို တင်သွင်းခွင့်ပြုလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တင်သွင်းလာသော ဘိလပ်မြေ ရေယာဉ်များ စဉ်ဆက်မပြတ်ရောက်ရှိလျက်ရှိပြီး ယခုတန်ချိန် (၁၅၀၀) တင်ဆောင်လာသည့်ရေယာဉ်သည် ရန်ကုန်မြို့ရွှေပြည်သာ ရွှေမဲဆိပ်ကမ်းသို့ ယမန်နေ့(မတ်လ ၂၃ ရက်)၊ ညနေပိုင်းက ထပ်မံရောက်ရှိ၍ ယနေ့ (မတ်လ ၂၄ ရက်)၊ နံနက်ပိုင်းတွင် ဈေးကွက်အတွင်း ဖြန့်ဖြူးရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်မှ ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းများအတွက် ယခုကာလအတွင်း လိုအပ်သော ဘိလပ်မြေကို တင်သွင်းခွင့်ပြုထားပြီး ယခုရေယာဉ်အပြင် ကျန်ဘိလပ်မြေ တင်ဆောင်လာသည့် ရေယာဉ်များပါ အပတ်စဉ် ဆက်လက်ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ နှစ်စဉ်ဘိလပ်မြေလိုအပ်ချက်သည် တန်(၁၀)သန်းကျော်ရှိပြီး ပြည်တွင်းထုတ်လုပ်မှုသည် တန် (၈) သန်းအောက်တွင်ရှိနေရာ နေ့စဉ်ဘိလပ်မြေလိုအပ်ချက်မှာ အိတ်ရေ(၅)သိန်းအထက်တွင် ရှိနေကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှ သိရသည်။

Zawgyi Version:
ဘိလပ္ေျမ တန္ခ်ိန္(၁၅၀၀)တင္ေဆာင္လာသည့္ ေရယာဥ္ ေ႐ႊမဲဆိပ္ကမ္းသို႔ ေရာက္ရွိၿပီး ေဈးကြက္အတြင္း ျဖန႔္ျဖဴးရန္ ေဆာင္႐ြက္ေပးလ်က္ရွိ
ခ်ယ္ရီ(NP News)- မတ္ ၂၄

ရန္ကုန္ၿမိဳ႕၊ ေ႐ႊျပည္သာၿမိဳ႕နယ္ရွိ ေ႐ႊမဲဆိပ္ကမ္းသို႔ ဘိလပ္ေျမတန္ခ်ိန္(၁၅၀၀)တင္ေဆာင္လာသည့္ ေရယာဥ္ ေရာက္ရွိၿပီး ေဈးကြက္အတြင္း ျဖန႔္ျဖဴးရန္အတြက္ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
လက္ရွိကာလသည္ ပြင့္လင္းရာသီသို႔ေရာက္ရွိလာၿပီျဖစ္ေသာေၾကာင့္ ႏိုင္ငံတစ္ဝန္းရွိ ေဆာက္လုပ္ေရးလုပ္ငန္း မ်ား အရွိန္အဟုန္ျဖင့္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထိုကဲ့သို႔တည္ေဆာက္မႈလုပ္ငန္းမ်ားအတြက္ ယခုကာလအတြင္း လိုအပ္သည့္ ျပည္တြင္းဘိလပ္ေျမလိုအပ္ခ်က္ကို ျပည့္မီေစရန္ႏွင့္ ျပည္တြင္းထုတ္လုပ္မႈကို အင္အားျဖည့္တင္းေပးႏိုင္ရန္အတြက္ ျပည္ပမွဘိလပ္ေျမမ်ားကို တင္သြင္းခြင့္ျပဳလ်က္ရွိေၾကာင္း သိရသည္။
ထိုသို႔ေဆာင္႐ြက္လ်က္ရွိရာ ေကာ့ေသာင္းနယ္စပ္ကုန္သြယ္ေရးစခန္းမွတစ္ဆင့္ တင္သြင္းလာေသာ ဘိလပ္ေျမ ေရယာဥ္မ်ား စဥ္ဆက္မျပတ္ေရာက္ရွိလ်က္ရွိၿပီး ယခုတန္ခ်ိန္ (၁၅၀၀) တင္ေဆာင္လာသည့္ေရယာဥ္သည္ ရန္ကုန္ၿမိဳ႕ေ႐ႊျပည္သာ ေ႐ႊမဲဆိပ္ကမ္းသို႔ ယမန္ေန႔(မတ္လ ၂၃ ရက္)၊ ညေနပိုင္းက ထပ္မံေရာက္ရွိ၍ ယေန႔ (မတ္လ ၂၄ ရက္)၊ နံနက္ပိုင္းတြင္ ေဈးကြက္အတြင္း ျဖန႔္ျဖဴးရန္ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။
ႏိုင္ငံေတာ္မွ ျပည္တြင္းေဆာက္လုပ္ေရးလုပ္ငန္းမ်ားအတြက္ ယခုကာလအတြင္း လိုအပ္ေသာ ဘိလပ္ေျမကို တင္သြင္းခြင့္ျပဳထားၿပီး ယခုေရယာဥ္အျပင္ က်န္ဘိလပ္ေျမ တင္ေဆာင္လာသည့္ ေရယာဥ္မ်ားပါ အပတ္စဥ္ ဆက္လက္ေရာက္ရွိလာမည္ျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံ၌ ႏွစ္စဥ္ဘိလပ္ေျမလိုအပ္ခ်က္သည္ တန္(၁၀)သန္းေက်ာ္ရွိၿပီး ျပည္တြင္းထုတ္လုပ္မႈသည္ တန္ (၈) သန္းေအာက္တြင္ရွိေနရာ ေန႔စဥ္ဘိလပ္ေျမလိုအပ္ခ်က္မွာ အိတ္ေရ(၅)သိန္းအထက္တြင္ ရွိေနေၾကာင္း ေဆာက္လုပ္ေရးလုပ္ငန္းရွင္အသိုင္းအဝိုင္းထံမွ သိရသည္။

Related news

© 2021. All rights reserved.