မန္တလေးနန်းတော် နှင့် ရွှေကျောင်းကြီးသို့ တစ်နှစ်အတွင်း ခရီးသွား ၅၈ဝဝဝ ကျော် လာရောက်

 371

NP News - မတ်လ ၂၄

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း မန္တလေးမြို့ရှိ မြနန်းစံကျော်ရွှေနန်းတော်နှင့် ရွှေနန်းတော်ကျောင်းသို့ လာရောက်လေ့လာသည့် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်ပေါင်း (၅၈,၀၀၀) ကျော် ရှိကြောင်း ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲမှ သိရသည်။

အဆိုပါ မြနန်းစံကျော်ရွှေနန်းတော်နှင့် ရွှေနန်းတော်ကျောင်းဟာ နှစ်ပေါင်း ၁၆၅ နှစ်ရှိပြီဖြစ်ပြီး ရှေးဟောင်းအဆောက်အအုံများ နှင့် ရှေးဟောင်းမြန်မာ့လက်မှုအနုပညာ ဗိသုကာလက်ရာများတည်ရှိနေသောကြောင့် လေ့လာလိုသူများ နှင့် အပန်းဖြေအနားယူလိုသူများစွာက လာရောက်လေ့လာ လည်ပတ်ကြကြောင်း သိရသည်။

မြနန်းစံကျော်ရွှေနန်းတော်နှင့် ရွှေနန်းတော်ကျောင်းသို့ ခရီးသွားဧည့်သည် ဝင်ရောက်မှုစာရင်းများအရ ပြည်ပခရီးသွားဧည့်သည်မှာ ၄,၉၉၃ ဦး နှင့် ပြည်တွင်းခရီးသွားဧည့်သည်ပေါင်း ၅၃,၂၁၁ ဦး၊ စုစုပေါင်း ၅၈,၂၀၄ ဦး ရှိခဲ့ကြောင်း သိရသည်။

မြနန်းစံကျော်ရွှေနန်းတော် နှင့် ရွှေနန်းတော်ကျောင်းကြီးသို့ ပြည်တွင်းဧည့်သည်များအနေဖြင့် တစ်ဦးလျှင် ဝင်ကြေးကျပ် ၅၀၀ ကောက်ခံကြောင်း နှင့် ပြည်ပခရီးသွားများအတွက် တစ်ဦးလျှင် ဇုန်ဝင်ကြေးငွေကျပ် ၁၅,၀၀၀ ကောက်ခံကြောင်း သိရသည်။

Zawgyi Version:
မႏၲေလးနန္းေတာ္ ႏွင့္ ေ႐ႊေက်ာင္းႀကီးသို႔ တစ္ႏွစ္အတြင္း ခရီးသြား ၅၈ဝဝဝ ေက်ာ္ လာေရာက္
NP News - မတ္လ ၂၄

ယခု ၂၀၂၄-၂၀၂၅ ဘ႑ာႏွစ္အတြင္း မႏၲေလးၿမိဳ႕ရွိ ျမနန္းစံေက်ာ္ေ႐ႊနန္းေတာ္ႏွင့္ ေ႐ႊနန္းေတာ္ေက်ာင္းသို႔ လာေရာက္ေလ့လာသည့္ ျပည္တြင္းျပည္ပခရီးသြားဧည့္သည္ေပါင္း (၅၈,၀၀၀) ေက်ာ္ ရွိေၾကာင္း ေရွးေဟာင္းသုေတသန ႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန၊ မႏၲေလးဌာနခြဲမွ သိရသည္။

အဆိုပါ ျမနန္းစံေက်ာ္ေ႐ႊနန္းေတာ္ႏွင့္ ေ႐ႊနန္းေတာ္ေက်ာင္းဟာ ႏွစ္ေပါင္း ၁၆၅ ႏွစ္ရွိၿပီျဖစ္ၿပီး ေရွးေဟာင္းအေဆာက္အအုံမ်ား ႏွင့္ ေရွးေဟာင္းျမန္မာ့လက္မႈအႏုပညာ ဗိသုကာလက္ရာမ်ားတည္ရွိေနေသာေၾကာင့္ ေလ့လာလိုသူမ်ား ႏွင့္ အပန္းေျဖအနားယူလိုသူမ်ားစြာက လာေရာက္ေလ့လာ လည္ပတ္ၾကေၾကာင္း သိရသည္။

ျမနန္းစံေက်ာ္ေ႐ႊနန္းေတာ္ႏွင့္ ေ႐ႊနန္းေတာ္ေက်ာင္းသို႔ ခရီးသြားဧည့္သည္ ဝင္ေရာက္မႈစာရင္းမ်ားအရ ျပည္ပခရီးသြားဧည့္သည္မွာ ၄,၉၉၃ ဦး ႏွင့္ ျပည္တြင္းခရီးသြားဧည့္သည္ေပါင္း ၅၃,၂၁၁ ဦး၊ စုစုေပါင္း ၅၈,၂၀၄ ဦး ရွိခဲ့ေၾကာင္း သိရသည္။

ျမနန္းစံေက်ာ္ေ႐ႊနန္းေတာ္ ႏွင့္ ေ႐ႊနန္းေတာ္ေက်ာင္းႀကီးသို႔ ျပည္တြင္းဧည့္သည္မ်ားအေနျဖင့္ တစ္ဦးလွ်င္ ဝင္ေၾကးက်ပ္ ၅၀၀ ေကာက္ခံေၾကာင္း ႏွင့္ ျပည္ပခရီးသြားမ်ားအတြက္ တစ္ဦးလွ်င္ ဇုန္ဝင္ေၾကးေငြက်ပ္ ၁၅,၀၀၀ ေကာက္ခံေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.