ဇွဲကပင်တောင်တွင် လောင်ကျွမ်းနေသည့် တောမီးကို ထိန်းထားနိုင်ပြီဟု ဆို

 888

Pearl (NP News) - မတ် ၂၄

ကရင်ပြည်နယ် အထင်ကရ ဇွဲကပင်တောင်တွင် လောင်ကျွမ်းနေသည့် တောမီးကို ထိန်းထားနိုင်ပြီဖြစ်ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။

ယမန်နေ့ (မတ်လ ၂၃ ရက်)၊ မနက်ပိုင်းမှစတင်၍ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ တော်ပုံကျေးရွာ၊ ဒန့်သလွန်ဘုန်းကြီးကျောင်းအနောက်နှင့် ဇွဲကပင်ဟိုတယ်အနောက်တို့တွင် ဇွဲကပင်တောင်ခြေမှ အမြင့်ပေ(၅၀၀)ခန့်ထိ တောမီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

“မီးက မနေ့က မနက်လောက်ကတည်းကလောင်တာပေါ့။ ဒါကတော့ နှစ်တိုင်းလောင်နေကြပါ။ မနေ့ညကတော့ မီးတော်တော်များတယ်။ မနက်ကတော့ ပြည်နယ်မီးသတ်နဲ့ပူးပေါင်းပြီးတော့ တချို့တောင်ခြေရွာနားနီးတဲ့နေရာတွေ၊ လူနေအိမ်နဲ့နီးတဲ့နေရာတွေ မီးလိုက်သတ်ပေးတယ်။ အခုချိန်ထိ သတ်နေတုန်းပဲ။ မီးတော့ ထိန်းနိုင်ပါပြီ။ စိုးရိမ်ရတဲ့အနေအထားတော့ မရှိတော့ပါဘူး” ဟု ဒေသခံလူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News သို့ ပြောသည်။

အဆိုပါ မီးလောင်မှုကို ဘားအံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ၊ မီးသတ်ရေသယ်ယာဉ်များ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းမှ မီးသတ်ရေသယ်ယာဉ်များနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် တောင်ခြေတွင် စောင့်ဆိုင်းပြီး တောင်ခြေသို့ မီးကူးစက်လောင်ကျွမ်းမှုမဖြစ်စေရန် ငြှိမ်းသတ်လျက်ရှိကြောင်းသိရသည်၊၊

ထို့ပြင် မီးကူးစက်ပြန့်ပွားမှုအခြေအနေများကို အချိန်နှင့်တစ်ပြေးညီတုံ့ပြန်ငြှိမ်းသတ်နိုင်ရန် တောင်ခြေတွင်လည်း မီးသတ်ယာဉ်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအသင်းဝင်များဖြင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများနှင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် အသင့်အနေအထားရှိနေကြောင်းလည်း သိရသည်။

Zawgyi Version:
ဇြဲကပင္ေတာင္တြင္ ေလာင္ကြၽမ္းေနသည့္ ေတာမီးကို ထိန္းထားႏိုင္ၿပီဟု ဆို
Pearl (NP News) - မတ္ ၂၄

ကရင္ျပည္နယ္ အထင္ကရ ဇြဲကပင္ေတာင္တြင္ ေလာင္ကြၽမ္းေနသည့္ ေတာမီးကို ထိန္းထားႏိုင္ၿပီျဖစ္ေၾကာင္း ေဒသခံလူမႈကူညီေရးအသင္းမ်ားထံမွ သိရသည္။

ယမန္ေန႔ (မတ္လ ၂၃ ရက္)၊ မနက္ပိုင္းမွစတင္၍ ကရင္ျပည္နယ္၊ ဘားအံခ႐ိုင္၊ ဘားအံၿမိဳ႕နယ္၊ ေတာ္ပုံေက်း႐ြာ၊ ဒန႔္သလြန္ဘုန္းႀကီးေက်ာင္းအေနာက္ႏွင့္ ဇြဲကပင္ဟိုတယ္အေနာက္တို႔တြင္ ဇြဲကပင္ေတာင္ေျခမွ အျမင့္ေပ(၅၀၀)ခန႔္ထိ ေတာမီးေလာင္ကြၽမ္းခဲ့ေၾကာင္း သိရသည္။

“မီးက မေန႔က မနက္ေလာက္ကတည္းကေလာင္တာေပါ့။ ဒါကေတာ့ ႏွစ္တိုင္းေလာင္ေနၾကပါ။ မေန႔ညကေတာ့ မီးေတာ္ေတာ္မ်ားတယ္။ မနက္ကေတာ့ ျပည္နယ္မီးသတ္နဲ႔ပူးေပါင္းၿပီးေတာ့ တခ်ိဳ႕ေတာင္ေျခ႐ြာနားနီးတဲ့ေနရာေတြ၊ လူေနအိမ္နဲ႔နီးတဲ့ေနရာေတြ မီးလိုက္သတ္ေပးတယ္။ အခုခ်ိန္ထိ သတ္ေနတုန္းပဲ။ မီးေတာ့ ထိန္းႏိုင္ပါၿပီ။ စိုးရိမ္ရတဲ့အေနအထားေတာ့ မရွိေတာ့ပါဘူး” ဟု ေဒသခံလူမႈကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News သို႔ ေျပာသည္။

အဆိုပါ မီးေလာင္မႈကို ဘားအံၿမိဳ႕နယ္မီးသတ္စခန္းမွ မီးျငႇိမ္းသတ္ယာဥ္မ်ား၊ မီးသတ္ေရသယ္ယာဥ္မ်ား၊ ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအသင္းမွ မီးသတ္ေရသယ္ယာဥ္မ်ားႏွင့္ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္မ်ားျဖင့္ ေတာင္ေျခတြင္ ေစာင့္ဆိုင္းၿပီး ေတာင္ေျခသို႔ မီးကူးစက္ေလာင္ကြၽမ္းမႈမျဖစ္ေစရန္ ျငႇိမ္းသတ္လ်က္ရွိေၾကာင္းသိရသည္၊၊

ထို႔ျပင္ မီးကူးစက္ျပန႔္ပြားမႈအေျခအေနမ်ားကို အခ်ိန္ႏွင့္တစ္ေျပးညီတုံ႔ျပန္ျငႇိမ္းသတ္ႏိုင္ရန္ ေတာင္ေျခတြင္လည္း မီးသတ္ယာဥ္မ်ား၊ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ လူမႈကယ္ဆယ္ေရးအသင္းဝင္မ်ားျဖင့္ မီးျငႇိမ္းသတ္ေရးလုပ္ငန္းမ်ားႏွင့္ ကယ္ဆယ္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရန္ အသင့္အေနအထားရွိေနေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.