2NE1 အဖွဲ့ဝင် ပက်ခ်ဘုန်း “Bom Park Elizabeth”အမည်သစ်ပြောင်း

 755

ရောင်နီ (NP News) - မတ် ၂၅

2NE1 ရဲ့ အဖွဲ့ဝင် ပက်ခ်ဘုန်း က “Bom Park Elizabeth” ဆိုတဲ့ နာမည်သစ်နဲ့အတူ ဆိုရှယ်မီဒီယာမှာ ပိုစ့်အပ်ဒိတ် တစ်ခုတင်ခဲ့ပါတယ်။

'BOM PARK ELIZABETH' စတစ်ကာတွေပါတဲ့ ဓာတ်ပုံတစ်ခုနဲ့ status ကို "ဒါက BOM PARK ELIZABETH ရဲ့ အကောင့်အစစ်ဖြစ်တယ်" လို့ ရေးသားကာ update ထားတာဖြစ်ပါတယ်။
ဒါဟာ တစ်ကိုယ်တော် အဆိုတော်အဖြစ်နဲ့ နောက်ထပ် အနုပညာလှုပ်ရှားမှုတွေပြုလုပ်ဖို့ အချက်ပြခြင်းပဲလား ဆိုတာ ပရိသတ်တွေကြား စိတ်ဝင်စားစရာဖြစ်စေခဲ့ပါတယ်။ ပက်ခ်ဘုန်းဟာ ၂၀၂၄ ခုနှစ် 2NE 1 အဖွဲ့ရဲ့ 'Welcome Back' come back မှာ ပရိသတ်ရှေ့ ပြန်လည်ရောက်လာခဲ့ပါတယ်။

ပရိသတ်တွေကတော့ 2NE1 အဖွဲ့ကို ၂၀၂၅ ခုနှစ်မှာ တေးသီချင်းအသစ်တွေ ထပ်ထွက်လာဖို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

Zawgyi Version:
2NE1 အဖြဲ႕ဝင္ ပက္ခ္ဘုန္း “Bom Park Elizabeth”အမည္သစ္ေျပာင္း
ေရာင္နီ (NP News) - မတ္ ၂၅

2NE1 ရဲ႕ အဖြဲ႕ဝင္ ပက္ခ္ဘုန္း က “Bom Park Elizabeth” ဆိုတဲ့ နာမည္သစ္နဲ႔အတူ ဆိုရွယ္မီဒီယာမွာ ပိုစ့္အပ္ဒိတ္ တစ္ခုတင္ခဲ့ပါတယ္။

'BOM PARK ELIZABETH' စတစ္ကာေတြပါတဲ့ ဓာတ္ပုံတစ္ခုနဲ႔ status ကို "ဒါက BOM PARK ELIZABETH ရဲ႕ အေကာင့္အစစ္ျဖစ္တယ္" လို႔ ေရးသားကာ update ထားတာျဖစ္ပါတယ္။
ဒါဟာ တစ္ကိုယ္ေတာ္ အဆိုေတာ္အျဖစ္နဲ႔ ေနာက္ထပ္ အႏုပညာလႈပ္ရွားမႈေတြျပဳလုပ္ဖို႔ အခ်က္ျပျခင္းပဲလား ဆိုတာ ပရိသတ္ေတြၾကား စိတ္ဝင္စားစရာျဖစ္ေစခဲ့ပါတယ္။ ပက္ခ္ဘုန္းဟာ ၂၀၂၄ ခုႏွစ္ 2NE 1 အဖြဲ႕ရဲ႕ 'Welcome Back' come back မွာ ပရိသတ္ေရွ႕ ျပန္လည္ေရာက္လာခဲ့ပါတယ္။

ပရိသတ္ေတြကေတာ့ 2NE1 အဖြဲ႕ကို ၂၀၂၅ ခုႏွစ္မွာ ေတးသီခ်င္းအသစ္ေတြ ထပ္ထြက္လာဖို႔ ေမွ်ာ္လင့္ေနၾကတာ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.