TNLA စစ်ရှောင်များထံ ဆက်ကြေးကောက်နေပြီး မပေးပါက အိမ်သိမ်းမည်ဟု ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်လာ

 3757

Pearl (NP News) - မတ် ၂၅

TNLA ထိန်းချုပ်ထားသည့် ဒေသများကိုစွန့်ခွာ၍ စစ်ရှောင်နေရသူများထံသို့ TNLA က ဆက်သွယ်၍ ဆက်ကြေးကောက်ခံမှုများပြုလုပ်နေပြီး မပေးပါကအိမ်သိမ်းမည်ဟု ခြိမ်းခြောက်ခြင်းများကို ယခုနောက်ပိုင်းတွင် ပိုမိုလုပ်ဆောင်လာနေကြောင်း ဒေသခံများထံမှသိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ၊ ကျောက်မဲစသည့်ဒေသများမှဒေသခံများစွာသည် TNLA ၏ ရန်ကိုကြောက်သောကြောင့် လက်ရှိအချိန်ထိ နေရပ်စွန့်ခွာတိမ်းရှောင်နေရဆဲဖြစ်ပြီး စားဝတ်နေရေး အတွက် ဒုက္ခများစွာရင်ဆိုင်နေရလျက်ရှိသော်လည်း TNLA အဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေး၊ ရေပေးဝေ ရေးစနစ် စသည့်ခေါင်းစဉ်အမျိုးမျိုးဖြင့် စစ်‌ရှောင်ပြည်သူများထံ ဆက်သွယ်၍ဆက်ကြေးကောက်ခံနေ ကြောင်း သိရသည်။

“ကျွန်တော်တို့က စစ်ဘေးရှောင်လာတာ (၂)နှစ် ၊ (၃)နှစ်ဖြစ်နေပြီ။ အိမ်မှာလည်း ဘယ်သူမှ မရှိ ဘူး။ အဲဒါကို သူတို့ကပလောင်က ဆက်ကြေးကောက်တယ်။ အရင်လတွေက (၇)သောင်းထည့်ရတယ်။ ဒီတစ်ခါ ထပ်ကောက်ပြန်ပြီဗျ။ ကျွန်တော်တို့ ထပ်မထည့်နိုင်တော့ဘူး။ အိမ်မှာလည်း လူမနေဘူးလေ။ လူမနေတဲ့အတွက် သူတို့ကမထည့်ရင်လည်း အိမ်သိမ်းမယ်တဲ့။ ကျွန်တော်တို့က စစ်ဘေးရှောင်ရတာက ဒုက္ခတစ်မျိုး၊ ရှာဖွေစားသောက်ရတာ ဒုက္ခတစ်မျိုး၊ သူတို့ကို ထည့်ရတာက တစ်မျိုးဆိုတော့ ကျွန်တော် တို့မှာ ဒုက္ခတွေမျိုးစုံပဲ” ဟု သီပေါဒေသခံတစ်ဦးက NP News သို့ ပြောသည်။

ထို့အတူ TNLA ထိန်းချုပ်ထားသည့် ဒေသများဖြစ်သော နမ္မတူ ၊ နမ့်ခမ်းနှင့် သိန္နီဒေသများတွင် လည်း စစ်ရှောင်ပြည်သူတို့ထံ ဆက်ကြေး ကောက်ခံမှုများပြုလုပ်လျက်ရှိပြီး မပေးပါက နေအိမ်များ ချိပ် ပိတ်ခြင်း၊ အိမ်အငှားချခြင်းတို့ကိုလည်း TNLA က ပြုလုပ်လျက်ရှိကြောင်းသိရသည်။

“စစ်ဘေးရှောင်သွားလို့ ကျန်ခဲ့တဲ့အိမ်တွေဆိုရင် ချိပ်ပိတ်လိုက်ပြီးတော့ နေစရာမရှိတဲ့လူကို အငှားပြန်ချတဲ့ပုံနဲ့ သူတို့ကရန်ပုံငွေရှာတယ် ပေါ့နော်။ ဆက်ကြေးကောက်တယ် သူတို့ပြောတဲ့ အခွန် ကောက်တယ်ဆိုတာကတော့ သူတို့ကနီးစပ်ရာ နီးစပ်ရာပေါ့နော်။ စစ်ဘေးရှောင်သွားရင် ကျန်ခဲ့တဲ့ အိမ်နီးနားချင်းကို ဖုန်းနံပါတ်တောင်းပြီးတော့ အခွန်အခကောက်တယ်။ တကယ်လို့ ပြန်မလာဘူးဆိုရင် အိမ်ကို သိမ်းလိုက်တယ်။ ပြန်လာရွေးပေါ့။ အဲဒီလိုပုံစံတွေနဲ့အရင်က နမ့်ခမ်းမှာလုပ်တယ်။ အခုသီပေါနဲ့ ကျောက်မဲမှာအဲဒီလိုလုပ်လာတာတွေ့ ရတယ်။ အိမ်အမျိုးအစားပေါ်မူတည်ပြီး ကောက်တာ” ဟု ကျောက်မဲဒေသခံတစ်ဦးက NP News သို့ ပြောသည်။

TNLA အဖွဲ့အနေဖြင့် ၎င်းတို့ထိန်းချုပ် ထားရာဒေသများတွင် ခေါင်းစဉ်အမျိုးမျိုးတပ်ကာ လူ သစ်စုဆောင်းခြင်းများကို ယခင်ထက်ပိုမိုလုပ်ဆောင်နေကြောင်းလည်း သိရသည်။

zawgyi version
TNLA စစ္ေရွာင္မ်ားထံ ဆက္ေၾကးေကာက္ေနၿပီး မေပးပါက အိမ္သိမ္းမည္ဟု ၿခိမ္းေျခာက္ျခင္းမ်ား လုပ္ေဆာင္လာ
Pearl (NP News) - မတ္ ၂၅

TNLA ထိန္းခ်ဳပ္ထားသည့္ ေဒသမ်ားကိုစြန႔္ခြာ၍ စစ္ေရွာင္ေနရသူမ်ားထံသို႔ TNLA က ဆက္သြယ္၍ ဆက္ေၾကးေကာက္ခံမႈမ်ားျပဳလုပ္ေနၿပီး မေပးပါကအိမ္သိမ္းမည္ဟု ၿခိမ္းေျခာက္ျခင္းမ်ားကို ယခုေနာက္ပိုင္းတြင္ ပိုမိုလုပ္ေဆာင္လာေနေၾကာင္း ေဒသခံမ်ားထံမွသိရသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း သီေပါ၊ ေက်ာက္မဲစသည့္ေဒသမ်ားမွေဒသခံမ်ားစြာသည္ TNLA ၏ ရန္ကိုေၾကာက္ေသာေၾကာင့္ လက္ရွိအခ်ိန္ထိ ေနရပ္စြန႔္ခြာတိမ္းေရွာင္ေနရဆဲျဖစ္ၿပီး စားဝတ္ေနေရး အတြက္ ဒုကၡမ်ားစြာရင္ဆိုင္ေနရလ်က္ရွိေသာ္လည္း TNLA အဖြဲ႕အေနျဖင့္ ေဒသဖြံ႕ၿဖိဳးေရး၊ ေရေပးေဝ ေရးစနစ္ စသည့္ေခါင္းစဥ္အမ်ိဳးမ်ိဳးျဖင့္ စစ္‌ေရွာင္ျပည္သူမ်ားထံ ဆက္သြယ္၍ဆက္ေၾကးေကာက္ခံေန ေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔က စစ္ေဘးေရွာင္လာတာ (၂)ႏွစ္ ၊ (၃)ႏွစ္ျဖစ္ေနၿပီ။ အိမ္မွာလည္း ဘယ္သူမွ မရွိ ဘူး။ အဲဒါကို သူတို႔ကပေလာင္က ဆက္ေၾကးေကာက္တယ္။ အရင္လေတြက (၇)ေသာင္းထည့္ရတယ္။ ဒီတစ္ခါ ထပ္ေကာက္ျပန္ၿပီဗ်။ ကြၽန္ေတာ္တို႔ ထပ္မထည့္ႏိုင္ေတာ့ဘူး။ အိမ္မွာလည္း လူမေနဘူးေလ။ လူမေနတဲ့အတြက္ သူတို႔ကမထည့္ရင္လည္း အိမ္သိမ္းမယ္တဲ့။ ကြၽန္ေတာ္တို႔က စစ္ေဘးေရွာင္ရတာက ဒုကၡတစ္မ်ိဳး၊ ရွာေဖြစားေသာက္ရတာ ဒုကၡတစ္မ်ိဳး၊ သူတို႔ကို ထည့္ရတာက တစ္မ်ိဳးဆိုေတာ့ ကြၽန္ေတာ္ တို႔မွာ ဒုကၡေတြမ်ိဳးစုံပဲ” ဟု သီေပါေဒသခံတစ္ဦးက NP News သို႔ ေျပာသည္။

ထို႔အတူ TNLA ထိန္းခ်ဳပ္ထားသည့္ ေဒသမ်ားျဖစ္ေသာ နမၼတူ ၊ နမ့္ခမ္းႏွင့္ သိႏၷီေဒသမ်ားတြင္ လည္း စစ္ေရွာင္ျပည္သူတို႔ထံ ဆက္ေၾကး ေကာက္ခံမႈမ်ားျပဳလုပ္လ်က္ရွိၿပီး မေပးပါက ေနအိမ္မ်ား ခ်ိပ္ ပိတ္ျခင္း၊ အိမ္အငွားခ်ျခင္းတို႔ကိုလည္း TNLA က ျပဳလုပ္လ်က္ရွိေၾကာင္းသိရသည္။

“စစ္ေဘးေရွာင္သြားလို႔ က်န္ခဲ့တဲ့အိမ္ေတြဆိုရင္ ခ်ိပ္ပိတ္လိုက္ၿပီးေတာ့ ေနစရာမရွိတဲ့လူကို အငွားျပန္ခ်တဲ့ပုံနဲ႔ သူတို႔ကရန္ပုံေငြရွာတယ္ ေပါ့ေနာ္။ ဆက္ေၾကးေကာက္တယ္ သူတို႔ေျပာတဲ့ အခြန္ ေကာက္တယ္ဆိုတာကေတာ့ သူတို႔ကနီးစပ္ရာ နီးစပ္ရာေပါ့ေနာ္။ စစ္ေဘးေရွာင္သြားရင္ က်န္ခဲ့တဲ့ အိမ္နီးနားခ်င္းကို ဖုန္းနံပါတ္ေတာင္းၿပီးေတာ့ အခြန္အခေကာက္တယ္။ တကယ္လို႔ ျပန္မလာဘူးဆိုရင္ အိမ္ကို သိမ္းလိုက္တယ္။ ျပန္လာေ႐ြးေပါ့။ အဲဒီလိုပုံစံေတြနဲ႔အရင္က နမ့္ခမ္းမွာလုပ္တယ္။ အခုသီေပါနဲ႔ ေက်ာက္မဲမွာအဲဒီလိုလုပ္လာတာေတြ႕ ရတယ္။ အိမ္အမ်ိဳးအစားေပၚမူတည္ၿပီး ေကာက္တာ” ဟု ေက်ာက္မဲေဒသခံတစ္ဦးက NP News သို႔ ေျပာသည္။

TNLA အဖြဲ႕အေနျဖင့္ ၎တို႔ထိန္းခ်ဳပ္ ထားရာေဒသမ်ားတြင္ ေခါင္းစဥ္အမ်ိဳးမ်ိဳးတပ္ကာ လူ သစ္စုေဆာင္းျခင္းမ်ားကို ယခင္ထက္ပိုမိုလုပ္ေဆာင္ေနေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.