မြဝတီမြို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေသည့် ပြည်ပနိုင်ငံသား (၂၀၀)ကျော်ကို ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့

532

စော (NP News) - မတ် ၂၅
မြဝတီမြို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေသည့် ပြည်ပနိုင်ငံသား (၂၀၀)ကျော်ကို ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရ သည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု နှင့် အွန်လိုင်းလောင်းကစားမှု လုပ်ဆောင်နေသူများ၊ ပါဝင်ပတ်သက်သူများအားလုံးကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများ၊ အထူးသဖြင့် မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံအကြားသုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုပုံစံတို့ဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်နေထိုင်ပြီး ကရင်ပြည်နယ်၊ မြဝတီမြို့- မယ်ထော်သလေးနယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများနှင့် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ဖိလစ်ပိုင်နိုင်ငံသား (၃၀) ဦးနှင့် လာအိုနိုင်ငံသား (၂၃) ဦးတို့ကို ယမန်နေ့ (မတ်လ ၂၄ ရက်)က မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့(မတ်လ ၂၄ ရက်)တွင်လည်း မြဝတီမြို့၊ မယ်ထော်သလေးနယ်မြေသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသား (၂၃၀) ဦးကို ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး လိုအပ်သည့် ကိုယ်ရေးအချက်အလက်များ၊ မှတ်တမ်းများစာရင်းကောက်ယူခြင်းကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ယခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ မတ်လ ၂၄ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားစုစုပေါင်း (၈၄၃၂) ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ (၅၂၀၀) ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား (၃၂၃၂)ဦးကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။
လက်ရှိတွင် Online Scam Center လုပ်ငန်းများ၌ ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
zawgyi version
ျမဝတီၿမိဳ႕ တရားမဝင္လမ္းေၾကာင္းမ်ားမွတစ္ဆင့္ ဝင္ေရာက္ေနသည့္ ျပည္ပႏိုင္ငံသား (၂၀၀)ေက်ာ္ကို ထပ္မံေဖာ္ထုတ္ထိန္းသိမ္းႏိုင္ခဲ့
ေစာ (NP News) - မတ္ ၂၅
ျမဝတီၿမိဳ႕ တရားမဝင္လမ္းေၾကာင္းမ်ားမွတစ္ဆင့္ ဝင္ေရာက္ေနသည့္ ျပည္ပႏိုင္ငံသား (၂၀၀)ေက်ာ္ကို ထပ္မံေဖာ္ထုတ္ထိန္းသိမ္းႏိုင္ခဲ့ေၾကာင္း နစက သတင္းထုတ္ျပန္ေရးအဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရ သည္။
ႏိုင္ငံေတာ္အစိုးရအေနျဖင့္ အြန္လိုင္းအသုံးျပဳလိမ္လည္မႈ ႏွင့္ အြန္လိုင္းေလာင္းကစားမႈ လုပ္ေဆာင္ေနသူမ်ား၊ ပါဝင္ပတ္သက္သူမ်ားအားလုံးကို ျပတ္ျပတ္သားသား စုံစမ္းေဖာ္ထုတ္လ်က္ရွိၿပီး အိမ္နီးခ်င္းႏိုင္ငံမ်ားအပါအဝင္ ႏိုင္ငံတကာမွ အဖြဲ႕အစည္းမ်ား၊ အထူးသျဖင့္ ျမန္မာ-တ႐ုတ္-ထိုင္း သုံးႏိုင္ငံအၾကားသုံးပြင့္ဆိုင္ ပူးေပါင္းေဆာင္႐ြက္မႈပုံစံတို႔ျဖင့္ စဥ္ဆက္မျပတ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံအတြင္းသို႔ နယ္စပ္လမ္းေၾကာင္းမ်ားမွတစ္ဆင့္ တရားမဝင္ ဝင္ေရာက္ေနထိုင္ၿပီး ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕- မယ္ေထာ္သေလးနယ္ေျမမွ အြန္လိုင္းေလာင္းကစားမႈမ်ား၊ အြန္လိုင္းလိမ္လည္မႈမ်ားႏွင့္ ဒုစ႐ိုက္မႈမ်ားက်ဴးလြန္ခဲ့ၾကသည့္ ဖိလစ္ပိုင္ႏိုင္ငံသား (၃၀) ဦးႏွင့္ လာအိုႏိုင္ငံသား (၂၃) ဦးတို႔ကို ယမန္ေန႔ (မတ္လ ၂၄ ရက္)က ျမန္မာ-ထိုင္း အမွတ္(၂)ခ်စ္ၾကည္ေရးတံတားမွတစ္ဆင့္ သက္ဆိုင္ရာႏိုင္ငံသို႔ ဥပေဒလုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ျပည္ႏွင္လႊဲေျပာင္းေပးခဲ့ေၾကာင္း သိရသည္။
အလားတူ ယမန္ေန႔(မတ္လ ၂၄ ရက္)တြင္လည္း ျမဝတီၿမိဳ႕၊ မယ္ေထာ္သေလးနယ္ေျမသို႔ တရားမဝင္လမ္းေၾကာင္းမ်ားမွတစ္ဆင့္ ဝင္ေရာက္ေနၾကသည့္ ျပည္ပႏိုင္ငံသား (၂၃၀) ဦးကို ထပ္မံစစ္ေဆးေဖာ္ထုတ္ထိန္းသိမ္းႏိုင္ခဲ့ၿပီး သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ အျမန္ဆုံးျပန္လည္လႊဲေျပာင္းေပးအပ္ႏိုင္ေရး လိုအပ္သည့္ ကိုယ္ေရးအခ်က္အလက္မ်ား၊ မွတ္တမ္းမ်ားစာရင္းေကာက္ယူျခင္းကို ဌာနဆိုင္ရာပူးေပါင္းအဖြဲ႕မ်ားက ေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ယခုႏွစ္၊ ဇန္နဝါရီလ ၃၀ ရက္မွ မတ္လ ၂၄ ရက္အထိ ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာသည့္ ျပည္ပႏိုင္ငံသားစုစုေပါင္း (၈၄၃၂) ဦးကို စစ္ေဆးေဖာ္ထုတ္ထိန္းသိမ္းႏိုင္ခဲ့ကာ ၎တို႔အနက္မွ (၅၂၀၀) ဦးကို ထိုင္းႏိုင္ငံမွတစ္ဆင့္ သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ ဥပေဒလုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ စနစ္တက်လႊဲေျပာင္းေပးခဲ့ၿပီး က်န္ရွိသည့္ ျပည္ပႏိုင္ငံသား (၃၂၃၂)ဦးကိုလည္း သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ လႊဲေျပာင္းေပးရန္ အသင့္ျဖစ္ေနၿပီျဖစ္ေၾကာင္းႏွင့္ ၎တို႔ကို ေကာင္းမြန္စြာထိန္းသိမ္းေစာင့္ေရွာက္ထားေၾကာင္း သိရသည္။
လက္ရွိတြင္ Online Scam Center လုပ္ငန္းမ်ား၌ ပါဝင္ပတ္သက္ေနသူမ်ားႏွင့္ ေနာက္ကြယ္မွ ႀကိဳးကိုင္ေသာ ႏိုင္ငံျခားသားမ်ားကို ေဖာ္ထုတ္ဖမ္းဆီးၿပီး ထိထိေရာက္ေရာက္ ျပင္းျပင္းထန္ထန္ အေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိသည့္အျပင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဒုကၡေရာက္ေနၾကေသာ ႏိုင္ငံျခားသားမ်ားႏွင့္ လူကုန္ကူးခံရသည့္ ႏိုင္ငံျခားသားမ်ားကို သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ အျမန္ဆုံး ျပည္ႏွင္လႊဲေျပာင္းေပးႏိုင္ေရး တက္ႂကြစြာပူးေပါင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။