ရန်ကုန်၌ အမှိုက်မှ စွန့်ပစ်လောင်စာဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်ရေးကို အကောင်အထည်ဖော်နေ

 4310

ယွန်း (NP News) - မတ် ၂၅

ရေရှည်လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် ရန်ကုန်မြို့၌ အမှိုက်မှ စွန့်ပစ်လောင်စာဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်ရေးကို အကောင်အထည် ဖော် စီစဉ်ဆောင်ရွက်နေကြောင်း လျှပ်စစ်စွမ်းအားဝန် ကြီးဌာနထံမှ သိရသည်။

ရေရှည်လျှပ်စစ်ဓာတ်အားလိုအပ်ချက် ပြည့်မီစေရေးအတွက် စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ပါဝင် ထုတ်လုပ်နိုင်ရန် ရန်ကုန်မြို့၌ အမှိုက်မှစွန့်ပစ်လောင်စာဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူခြင်းကိုလည်း ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။

“ရေရှည်လျှပ်စစ်ဓာတ်အားလိုအပ်ချက် ပြည့်မီစေဖို့အတွက် စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ပါဝင် ထုတ်လုပ်နိုင်ရေး ရန်ကုန်မြို့မှ အမှိုက်မှ စွန့်ပစ်လောင်စာဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူခြင်း၊ ပြန် လည်ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်သည့် နေရောင် ခြည်စွမ်းအင်၊ လေစွမ်းအင်တို့ကို ဦးစားပေးအကောင် ထည်ဖော်စီစဉ်ဆောင်ရွက်လျက်ရှိပြီး စွမ်းအင်ပါဝင်မှု အချိုးအစားမျှတစေရေးအတွက် အခြားသော ရရှိ နိုင်သည့် စွမ်းအင်အရင်းအမြစ်များမှလည်း ဓာတ်အားထုတ်လုပ်ရရှိနိုင်ရေး စီမံချက်များရေးဆွဲဆောင် ရွက်လျက်ရှိပါတယ်” ဟု လျှပ်စစ်စွမ်းအားဝန် ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။ ရန်ကုန်ရှိ ထိန်ပင်နှင့် ထားဝယ်ချောင် အမှိုက်ပုံတို့မှ လျှပ်စစ်ထုတ်ယူနိုင်ရေးအတွက် ပြီးခဲ့သည့် (၂၀၂၃) ခုနှစ်၊ နိုဝင်ဘာလအတွင်းက ကိုရီးယားကုမ္ပဏီတစ်ခုမှ လာရောက်ဆွေးနွေး မှုရှိခဲ့သည်။ အဆိုပါ စီမံ ကိန်းနှင့်ပတ်သက်၍ NP News မှ ပြီးခဲ့သည့် (၂၀၂၄) ခုနှစ်၊ ဇန်နဝါရီလတွင် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနကို မေးမြန်းခဲ့ရာ ထိန်ပင်အမှိုက်ပုံမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးအတွက်ဆောင်ရွက်ရန် ဝန်ကြီးဌာနသို့ အဆိုပြုတင်ပြထားခြင်းမရှိကြောင်း သိရသည်။

ထို့ပြင် (၂၀၁၄) ခုနှစ်တွင်ထုတ်ပြန်ခဲ့သည့် လျှပ်စစ်ဥပဒေအခန်း(၄)၊ ပုဒ်မ (၉-က)အရ ၃၀ မဂ္ဂါဝပ် အောက်ထုတ်လုပ်မှုများကို တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအစီအစဉ်ဖြင့် ဆောင်ရွက်၍ရပါသော ကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ဆောင်ရွက်မည်ဟုယူဆရကြောင်း ဝန်ကြီးဌာနမှ ဆိုသည်။

စီမံကိန်းမှ လျှပ်စစ်ဓာတ်အားထွက်ရှိပါက ၎င်းလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို နိုင်ငံတော် ဓာတ်အားစနစ်သို့ရောင်းချလာပါက ဝယ်ယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး နည်းပညာ အရလိုအပ်ပါက ဝန်ကြီးဌာနမှ ပံ့ပိုးဆောင်ရွက်ပေးသွားမည်ကြောင်း သိရသည်။ ထို့ကြောင့် အဆိုပါ စီမံကိန်းနှင့်ပတ်သက်၍ ဆောင်ရွက်နေသည့် အလားအလာများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဆက်သွယ်မေးမြန်းခဲ့ရာ လက်ခံဖြေကြားခြင်းမရှိခဲ့ ပေ။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် လက်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအနေဖြင့် ရေအားလျှပ် စစ်ဓာတ်အားပေးစက်ရုံများ၊ နေရောင်ခြည် စွမ်း အင်သုံး ဓာတ်အားပေးစက်ရုံများ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများနှင့် ကျောက်မီးသွေး သုံးဓာတ် အားပေးစက်ရုံများမှ စုစုပေါင်းဓာတ်အား (၂၅၀ဝ) မဂ္ဂါဝပ်ခန့်ကို ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိ ကြောင်း သိရသည်။

zawgyi version
ရန္ကုန္၌ အမႈိက္မွ စြန႔္ပစ္ေလာင္စာျဖင့္ လွ်ပ္စစ္ဓာတ္အားထုတ္ယူႏိုင္ေရးကို အေကာင္အထည္ေဖာ္ေန
ယြန္း (NP News) - မတ္ ၂၅

ေရရွည္လွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္အတြက္ ရန္ကုန္ၿမိဳ႕၌ အမႈိက္မွ စြန႔္ပစ္ေလာင္စာျဖင့္ လွ်ပ္စစ္ဓာတ္အားထုတ္ယူႏိုင္ေရးကို အေကာင္အထည္ ေဖာ္ စီစဥ္ေဆာင္႐ြက္ေနေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ ႀကီးဌာနထံမွ သိရသည္။

ေရရွည္လွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္ ျပည့္မီေစေရးအတြက္ စြမ္းအင္အရင္းအျမစ္မ်ိဳးစုံမွ ပါဝင္ ထုတ္လုပ္ႏိုင္ရန္ ရန္ကုန္ၿမိဳ႕၌ အမႈိက္မွစြန႔္ပစ္ေလာင္စာျဖင့္ လွ်ပ္စစ္ဓာတ္အားထုတ္ယူျခင္းကိုလည္း ဦးစားေပးအေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

“ေရရွည္လွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္ ျပည့္မီေစဖို႔အတြက္ စြမ္းအင္အရင္းအျမစ္မ်ိဳးစုံမွ ပါဝင္ ထုတ္လုပ္ႏိုင္ေရး ရန္ကုန္ၿမိဳ႕မွ အမႈိက္မွ စြန႔္ပစ္ေလာင္စာျဖင့္ လွ်ပ္စစ္ဓာတ္အားထုတ္ယူျခင္း၊ ျပန္ လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္မ်ားျဖစ္သည့္ ေနေရာင္ ျခည္စြမ္းအင္၊ ေလစြမ္းအင္တို႔ကို ဦးစားေပးအေကာင္ ထည္ေဖာ္စီစဥ္ေဆာင္႐ြက္လ်က္ရွိၿပီး စြမ္းအင္ပါဝင္မႈ အခ်ိဳးအစားမွ်တေစေရးအတြက္ အျခားေသာ ရရွိ ႏိုင္သည့္ စြမ္းအင္အရင္းအျမစ္မ်ားမွလည္း ဓာတ္အားထုတ္လုပ္ရရွိႏိုင္ေရး စီမံခ်က္မ်ားေရးဆြဲေဆာင္ ႐ြက္လ်က္ရွိပါတယ္” ဟု လွ်ပ္စစ္စြမ္းအားဝန္ ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။ ရန္ကုန္ရွိ ထိန္ပင္ႏွင့္ ထားဝယ္ေခ်ာင္ အမႈိက္ပုံတို႔မွ လွ်ပ္စစ္ထုတ္ယူႏိုင္ေရးအတြက္ ၿပီးခဲ့သည့္ (၂၀၂၃) ခုႏွစ္၊ ႏိုဝင္ဘာလအတြင္းက ကိုရီးယားကုမၸဏီတစ္ခုမွ လာေရာက္ေဆြးေႏြး မႈရွိခဲ့သည္။ အဆိုပါ စီမံ ကိန္းႏွင့္ပတ္သက္၍ NP News မွ ၿပီးခဲ့သည့္ (၂၀၂၄) ခုႏွစ္၊ ဇန္နဝါရီလတြင္ လွ်ပ္စစ္စြမ္းအားဝန္ႀကီး ဌာနကို ေမးျမန္းခဲ့ရာ ထိန္ပင္အမႈိက္ပုံမွ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ႏိုင္ေရးအတြက္ေဆာင္႐ြက္ရန္ ဝန္ႀကီးဌာနသို႔ အဆိုျပဳတင္ျပထားျခင္းမရွိေၾကာင္း သိရသည္။

ထို႔ျပင္ (၂၀၁၄) ခုႏွစ္တြင္ထုတ္ျပန္ခဲ့သည့္ လွ်ပ္စစ္ဥပေဒအခန္း(၄)၊ ပုဒ္မ (၉-က)အရ ၃၀ မဂၢါဝပ္ ေအာက္ထုတ္လုပ္မႈမ်ားကို တိုင္းေဒသႀကီး၊ ျပည္နယ္အစိုးရအစီအစဥ္ျဖင့္ ေဆာင္႐ြက္၍ရပါေသာ ေၾကာင့္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရမွ ေဆာင္႐ြက္မည္ဟုယူဆရေၾကာင္း ဝန္ႀကီးဌာနမွ ဆိုသည္။

စီမံကိန္းမွ လွ်ပ္စစ္ဓာတ္အားထြက္ရွိပါက ၎လွ်ပ္စစ္ဓာတ္အားထုတ္လုပ္မႈကို ႏိုင္ငံေတာ္ ဓာတ္အားစနစ္သို႔ေရာင္းခ်လာပါက ဝယ္ယူႏိုင္ေရး ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး နည္းပညာ အရလိုအပ္ပါက ဝန္ႀကီးဌာနမွ ပံ့ပိုးေဆာင္႐ြက္ေပးသြားမည္ေၾကာင္း သိရသည္။ ထို႔ေၾကာင့္ အဆိုပါ စီမံကိန္းႏွင့္ပတ္သက္၍ ေဆာင္႐ြက္ေနသည့္ အလားအလာမ်ားကို ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕သို႔ ဆက္သြယ္ေမးျမန္းခဲ့ရာ လက္ခံေျဖၾကားျခင္းမရွိခဲ့ ေပ။ လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနအေနျဖင့္ လက္ရွိ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္မႈအေနျဖင့္ ေရအားလွ်ပ္ စစ္ဓာတ္အားေပးစက္႐ုံမ်ား၊ ေနေရာင္ျခည္ စြမ္း အင္သုံး ဓာတ္အားေပးစက္႐ုံမ်ား၊ သဘာဝဓာတ္ေငြ႕သုံး ဓာတ္အားေပးစက္႐ုံမ်ားႏွင့္ ေက်ာက္မီးေသြး သုံးဓာတ္ အားေပးစက္႐ုံမ်ားမွ စုစုေပါင္းဓာတ္အား (၂၅၀ဝ) မဂၢါဝပ္ခန႔္ကို ထုတ္လုပ္ျဖန႔္ျဖဴးေပးလ်က္ရွိ ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.