ရေကစားမဏ္ဍပ်လျှောက်ထားလိုသူများကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဖိတ်ခေါ်

 2483

စော (NP News) - မတ် ၂၅

ရေကစားမဏ္ဍပ်လျှောက်ထားလိုသူများအနေဖြင့် ယနေ့(မတ် ၂၅ ရက်)မှစ၍ လျှောက်ထားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အသိပေးဖိတ်ခေါ်ထားခြင်းဖြစ်သည်။

၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ရိုးရာယဉ်ကျေးမှုများနှင့်အညီကျင်းပနိုင်ရေးအတွက် ကော်မတီများဖွဲ့စည်း၍ စနစ်တကျ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ရေကစားမဏ္ဍပ် လျှောက်ထားလိုသူများသည် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ မိသားစုမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များကို ရေရရှိနိုင်ရေးအခြေအနေပေါ်မူတည်၍လည်းကောင်း၊ ယာဉ်ကြောကြပ်တည်းမှုအခြေအနေပေါ်မူတည်၍လည်းကောင်း၊ မဏ္ဍပ်အကြီးနှင့် အလတ်များကို စနစ်တကျ ခွင့်ပြုနေရာချ ထားပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားချက်အရ သိရသည်။

ရေကစားမဏ္ဍပ်အမျိုးအစားအလိုက်ခွဲခြား၍ သတ်မှတ်လျှောက်လွှာပုံစံများဖြင့် သက်ဆိုင်ရာ ခရိုင်/မြို့ နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၏ စိစစ်ထောက်ခံချက်များနှင့်အတူ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)သို့ လျှောက်ထား၍ မဏ္ဍပ်နေရာချထားရေးနှင့် ကြံ့ခိုင်မှုစစ်ဆေးရေးကော်မတီ၏ စိစစ်ချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ အတည်ပြုခွင့်ပြုချက်ရရှိမှသာ စတင်ဆောက်လုပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသတ်မှတ်စည်းကမ်းချက်များနှင့်အညီ စိစစ်ခွင့်ပြုနိုင်ရေးအတွက် ယနေ့ (မတ်လ ၂၅ ရက်မှ ဧပြီလ ၇ ရက်)အထိ လျှောက်ထားဆောင်ရွက်ရမည်ဖြစ်ပြီး သတ်မှတ်စည်းကမ်းချက်များနှင့်လျှောက်လွှာများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)တွင် ရယူနိုင်၍ သတ်မှတ်ရက်ထက် နောက်ကျလျှောက်ထားသောလျှောက်လွှာများကို လက်ခံစဉ်းစားပေးမည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့ ၌ (၂၀၂၄) ခုနှစ်၊ ဒီဇင်ဘာလ (၂ ရက်မှ ၇ ရက်)အထိ ကျင်းပပြုလုပ်သော (၁၉)ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံတွင် “မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်” သည် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် မြန်မာနိုင်ငံအနေဖြင့် ပထမဆုံးတရားဝင်ပါဝင်နိုင်ခဲ့သည်။

zawgyi version
ေရကစားမ႑ပ္ေလွ်ာက္ထားလိုသူမ်ားကို ရန္ကုန္တိုင္းအစိုးရအဖြဲ႕ ဖိတ္ေခၚ
ေစာ(NP News)- မတ္ ၂၅

ေရကစားမ႑ပ္ေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ ယေန႔(မတ္ ၂၅ ရက္)မွစ၍ ေလွ်ာက္ထားႏိုင္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ အသိေပးဖိတ္ေခၚထားျခင္းျဖစ္သည္။

၁၃၈၆ ခုႏွစ္၊ ျမန္မာ့႐ိုးရာမဟာသၾကၤန္ပြဲေတာ္ကို ရန္ကုန္တိုင္းေဒသႀကီးအတြင္း ႐ိုးရာယဥ္ေက်းမႈမ်ားႏွင့္အညီက်င္းပႏိုင္ေရးအတြက္ ေကာ္မတီမ်ားဖြဲ႕စည္း၍ စနစ္တက် စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ထားသည္။

ေရကစားမ႑ပ္ ေလွ်ာက္ထားလိုသူမ်ားသည္ သတ္မွတ္စည္းကမ္းခ်က္မ်ားႏွင့္အညီ မိသားစုမ႑ပ္မ်ား၊ ေဖ်ာ္ေျဖေရးမ႑ပ္မ်ားကို ေရရရွိႏိုင္ေရးအေျခအေနေပၚမူတည္၍လည္းေကာင္း၊ ယာဥ္ေၾကာၾကပ္တည္းမႈအေျခအေနေပၚမူတည္၍လည္းေကာင္း၊ မ႑ပ္အႀကီးႏွင့္ အလတ္မ်ားကို စနစ္တက် ခြင့္ျပဳေနရာခ် ထားေပးမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားခ်က္အရ သိရသည္။

ေရကစားမ႑ပ္အမ်ိဳးအစားအလိုက္ခြဲျခား၍ သတ္မွတ္ေလွ်ာက္လႊာပုံစံမ်ားျဖင့္ သက္ဆိုင္ရာ ခ႐ိုင္/ၿမိဳ႕ နယ္၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနတို႔၏ စိစစ္ေထာက္ခံခ်က္မ်ားႏွင့္အတူ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ သာယာေရးေကာ္မတီ၊ အင္ဂ်င္နီယာဌာန (လမ္းႏွင့္တံတား)သို႔ ေလွ်ာက္ထား၍ မ႑ပ္ေနရာခ်ထားေရးႏွင့္ ႀကံ့ခိုင္မႈစစ္ေဆးေရးေကာ္မတီ၏ စိစစ္ခ်က္ျဖင့္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕႐ုံး၏ အတည္ျပဳခြင့္ျပဳခ်က္ရရွိမွသာ စတင္ေဆာက္လုပ္ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါသတ္မွတ္စည္းကမ္းခ်က္မ်ားႏွင့္အညီ စိစစ္ခြင့္ျပဳႏိုင္ေရးအတြက္ ယေန႔ (မတ္လ ၂၅ ရက္မွ ဧၿပီလ ၇ ရက္)အထိ ေလွ်ာက္ထားေဆာင္႐ြက္ရမည္ျဖစ္ၿပီး သတ္မွတ္စည္းကမ္းခ်က္မ်ားႏွင့္ေလွ်ာက္လႊာမ်ားကို ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ အင္ဂ်င္နီယာဌာန (လမ္းႏွင့္တံတား)တြင္ ရယူႏိုင္၍ သတ္မွတ္ရက္ထက္ ေနာက္က်ေလွ်ာက္ထားေသာေလွ်ာက္လႊာမ်ားကို လက္ခံစဥ္းစားေပးမည္ မဟုတ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က အသိေပးထုတ္ျပန္ထားသည္။

ပါရာေဂြးႏိုင္ငံ၊ အာဆြန္စီယြန္ၿမိဳ႕ ၌ (၂၀၂၄) ခုႏွစ္၊ ဒီဇင္ဘာလ (၂ ရက္မွ ၇ ရက္)အထိ က်င္းပျပဳလုပ္ေသာ (၁၉)ႀကိမ္ေျမာက္ ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္ညီလာခံတြင္ “ျမန္မာ့႐ိုးရာႏွစ္သစ္ကူး အတာသၾကၤန္ပြဲေတာ္” သည္ ကမာၻ႔ျဒပ္မဲ့ယဥ္ေက်းမႈ အေမြအႏွစ္စာရင္းတြင္ ျမန္မာႏိုင္ငံအေနျဖင့္ ပထမဆုံးတရားဝင္ပါဝင္ႏိုင္ခဲ့သည္။

Related news

© 2021. All rights reserved.