တရုတ်နှင့် ပါကစ္စတန် ရေတပ်ကို အိန္ဒိယ ရေတပ် ယှဉ်ပြိုင်နိုင်စွမ်းရှိပြီလား

1163

သန်းထိုက်စိုး (NP News) - မတ် ၂၅
အိန္ဒိယဝန်ကြီးချုပ်မိုဒီသည် (၂၀၂၅) ခုနှစ် ဇန်နဝါရီလ၏ တစ်ခုသောနေ့ရက်တွင် ဖျက်သင်္ဘော၊ ဖရီးဂိတ်သင်္ဘောနှင့် ရေငုပ်သင်္ဘောသုံးစင်း တစ်ပြိုင်တည်း တပ်တော်ဝင်မည့် အိန္ဒိယရေတပ်စခန်းတစ်ခု သို့သွားရောက်ခဲ့သည်။ မကြာမီအတွင်းမှာပင် အိန္ဒိယနိုင်ငံအတွက် ရုရှားနိုင်ငံတွင် တည်ဆောက်ခဲ့သည့် Krivak 3 အမျိုးအစား ဖရီးဂိတ်ရေယာဉ်သည်လည်း အိန္ဒိယရေတပ် အနောက်တိုင်းစစ်ဌာနချုပ်သို့ ရောက်ရှိလာခဲ့သည်။
အိန္ဒိယရေတပ်သည် ၎င်း၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် အိန္ဒိယသမုဒ္ဒရာတွင် ရေတပ် သင်္ဘောအများအပြား ဖြန့်ကြက်ချထားရန် ရည်ရွယ်ထားရာ ရည်မှန်းချက်ရောက်ရှိရန်မှာ ခရီးရှည်ချီ တက်ရအုံးမည်ဖြစ်သည်။ အိန္ဒိယရေတပ်သည် နေ့စဉ် စစ်ရေးလေ့ကျင့်မှုများပြုလုပ်လျက်ရှိရာ ရေတပ်၏ ရည်မှန်းချက်ရောက်ရှိရန် စစ်သင်္ဘောအရေအတွက် များစွာရရှိရေးမှာ အရေးတကြီးဆောင်ရွက်ရမည့် ကိစ္စတစ်ခုဖြစ်သည်။ သီးသန့်စီးပွားရေးဇုန်မှာ စတုရန်းကီလိုမီတာ နှစ်သန်းကျော်ရှိပြီး ကျွန်းနှင့်ကမ်းခြေ မှာလည်း စတုရန်းကီလိုမီတာ (၇၅၀ဝ)ကျော်ရှိရာ ယင်းတို့ကို စောင့်ကြည့်ကာကွယ်ရန်အတွက် စစ်သင်္ဘောအရေအတွက် များစွာလိုအပ်နေခြင်းဖြစ်သည်။
ရေတပ်၏ ကမ်းဝေးကင်းလှည့်ယာဉ်များသည် ကုန်တင်သင်္ဘောများကို အာဖရိကဦးချိုဒေသမှ ရောက်ရှိလာသည့် ဥပဒေမဲ့ ဆောင်ရွက်လေ့ရှိသော အကြမ်းဖက်သမားများ၊ ရာဇဝတ်သားများနှင့် ပင် လယ်ဓားပြများ၏ရန်မှ အကာအကွယ်ပေးရခြင်းဖြစ်သည်။ အိန္ဒိယရေတပ်သည် အိန္ဒိယသမုဒ္ဒရာ၏ ဂိတ် မှူးတာဝန်များကို ဆောင်ရွက်လျက်ရှိသကဲ့သို့ ဟော မုဒ်ရေလက်ကြားနှင့် အေဒင်ပင်လယ်ကွေ့မှ မလက္ကာ ရေလက်ကြားသို့ ဖြတ်သန်းခုတ်မောင်းသည့် နိုင်ငံတကာသင်္ဘောလိုင်းများကို လွတ်လပ်စွာ သွားလာနိုင်ရေးကိုလည်း အလေးထားဆောင်ရွက်လျက်ရှိသည်။
အဆိုပါလမ်းကြောင်းသည် ကမ္ဘာ့ကုန်သွယ်စီးဆင်းမှု၏ (၃၀)ရာခိုင်နှုန်းကျော် ဖြတ်သန်းခုတ် မောင်းနေကြခြင်းဖြစ်သည်။ အဆိုပါရေလမ်းကြောင်းလုံခြုံရေးအတွက် ရေတပ်၏ စွမ်းဆောင်ရည်မြှင့် တင်ရန်လို အပ်သကဲ့သို့ ဒေသတွင်းလုံခြုံရေးပုံသဏ္ဌာန်တစ်ခု ဖန်တီးတည်ဆောက်ရန်လည်း ခိုင်မာ သည့် ရေတပ်အင်အားတစ်ရပ်လိုအပ်သည်။ အိန္ဒိယရေတပ်သည် အနောက်ဘက်တွင် အာဖရိက ကမ်း ခြေအထိလည်းကောင်း၊ တောင်ဘက်တွင် Southern Ocean နှင့် Anatarctica အထိလည်းကောင်း၊ အရှေ့ဘက်တွင် အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနှင့် မြန်မာနိုင်ငံအထိ ၎င်း၏လုံခြုံရေးတာဝန် များကို ထမ်းဆောင်နေခြင်းဖြစ်သည်။
အိန္ဒိယရေတပ်သည် နိုင်ငံ၏အကျိုးစီးပွားနှင့် သံတမန်ရေးတာဝန်များကိုဆောင်ရွက်နေသည့် တစ် ပြိုင်တည်းမှာပင် ပင်မတာဝန်ဖြစ်သည့် တိုက်ခိုက်ရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရန် အတွက် ကြိုတင်ပြင်ဆင်နေခြင်းဖြစ်သည်။ အိန္ဒိယရေတပ်သည် ရေတပ်အင်အားကြီးနှစ်နိုင်ငံဖြစ်သည့် တရုတ် နှင့် ပါကစ္စတန်ရေတပ်တို့၏ မဟာမိတ်ဖွဲ့ထားမှုကို အန်တုနိုင်ရန်နှင့် ကာကွယ်နိုင်ရန်အတွက် မျှော်မှန်းပြင်ဆင်နေခြင်းလည်းဖြစ်သည်။ အိန္ဒိယရေတပ်တွင် သိပ်ပြီးခေတ်မမီတော့သည့် စစ်သင်္ဘော အစင်း(၆၀) နှင့် ရေငုပ်င်္ဘော(၂၀)သာ အင်ပြည့်အားပြည့် သုံးနိုင်သည်ဖြစ်ရာ တိုက်ခိုက်ရေး စစ်သင်္ဘော အစင်း(၅၀ဝ) နှင့် ရေငုပ်သင်္ဘောအစင်း(၂၀) ရှိသည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် ရင်ဆိုင်ရပါက ဟုမျှော်မှန်းပြီး ရေတပ်အင်အားကောင်းလာစေရန် ကြိုတင်ပြင်ဆင်နေခြင်းဖြစ်သည်။
ပါကစ္စတန်ရေတပ်တွင် စစ်သင်္ဘောအစင်း(၇၀) နှင့် ရေငုပ်သင်္ဘော (၁၃)စင်းရှိရာ တရုတ်ရေတပ် နှင့် သာပေါင်းစည်းပြီး မဟာမိတ်ဖွဲ့သွားလျှင်ဟု အိန္ဒိယ ရေတပ်ကလည်း ကြိုတင်တွက်ဆ ထားပြီးဖြစ်ပါ လိမ့်မည်။ အိန္ဒိယရေတပ်သည် အစောပိုင်းကာလက နျူကလီးယားခြိမ်းခြောက်မှုတစ်ခုကို အချက်ပြခြင်း နှင့် ၎င်း၏ မဟာဗျူဟာတပ်ဖွဲ့များတည်ဆောက်ခြင်းစသည့် အချိုးမညီသည့်တုံ့ပြန်မှုများအပေါ်တွင် မှီ တည်နေရခြင်းဖြစ်သည်။ သို့သော် အိန္ဒိယရေတပ်သည် ၎င်း၏စစ်င်္ဘောများတွင် သမားရိုးကျပစ်အား ကောင်းသည့်လက်နက်များကို ပိုမိုတပ်ဆင်ပေးလာ နိုင်သည်ကိုလည်းတွေ့လာရသည်။ အိန္ဒိယရေတပ် ကို အင်အားပြည့်တပ်ဆင်နိုင်ပါက ဘင်္ဂလားပင်လယ်အော်အတွင်း ရောက်လာနိုင်သည့် တရုတ်ရေတပ် ကို ဖြစ်စေ၊ ပါကစ္စတန်ရေတပ်ကိုဖြစ်စေ တစ်ရက်၊ နှစ်ရက်အတွင်း ချေမှုန်းနိုင်စွမ်းရှိသည်ဟု သင်္ချာနည်း ဖြင့် တွက်ချက်ပြီး ဟောကိန်းထုတ်မှုများလည်းရှိသည်။
ပါကစ္စတန်ရေတပ်သည် အိန္ဒိယရေတပ်၏ အင်အားပြည့်တိုက်ခိုက်နိုင်စွမ်းရှိသည့် ပင်လယ်ပြင် တွင် တိုက်ခိုက်ခြင်းကိုရှောင်ရှားနိုင်သည်။ ပါကစ္စတန် ရေတပ်သည် ထိုသို့တိုက်ခိုက်မည့်အစား ၎င်းတို့ ကို အကာအကွယ်ပေးနိုင်သော ပါကစ္စတန်လေတပ်အခြေစိုက်ထားသည့်ကမ်းခြေသို့ လျင်မြန်စွာ ဆုတ် ခွာခြင်းမျိုးသာ ပြုလုပ်နိုင်သည်။ ပါကစ္စတန်ရေတပ်၏ နည်းဗျူဟာမှာ ပါကစ္စတန်စစ်သင်္ဘောအနည်း ငယ် နှင့် အိန္ဒိယစစ်သင်္ဘောအနည်းငယ်တို့ ထိတွေ့မှုဖြစ်ပွားပြီး အိန္ဒိယရေတပ်၏ အင်အားသုံးမှုနှင့် ပစ်အားအသုံးပြုမှုကို ထိရောက်မှုမရှိစေရေး ကြိုးပမ်းခြင်းပင်ဖြစ်သည်။ ပါကစ္စတန်ရေတပ်များ တိုက်ပွဲ ဇုန်မှထွက်ခွာသွားပါက ပါကစ္စတန်လေတပ်စခန်းအနီးအထိ ရောက်ရှိသွားနိုင်သော်လည်း အိန္ဒိယ ရေ တပ်နှင့် လေတပ်ကလည်း ထက်ကြပ်မကွာ လိုက်ပါတိုက်ခိုက်နိုင် ပါသည်။ အိန္ဒိယရေတပ်များသည် ပါကစ္စတန်ကမ်းခြေ သို့ချဉ်းကပ်ပြီး အင်ဒိုအစ္စရေးမြေပြင်မှ ဝေဟင်အထိ တာဝေးပစ်နိုင်သည့်လက်နက် များအသုံးပြု၍ ပစ်ခတ်နိုင်သည်။ ပါကစ္စတန်ရေတပ်ဘက်ကိုကြည့်မည်ဆိုပါက ခရီးဝေးပျံသန်းနိုင်သည့် ကင်းထောက်လေယာဉ်မှာ P-3C Orion သာလျှင် မြေပြင်ပစ်မှတ်များကို ပစ်ခတ်နိုင်ရန်အတွက် (၁၆) နာရီ ကြာပျံသန်းနိုင်သည်ဟုဆိုသည်။ P-3C Orion သည် ပထမဆုံး ဖျက်သင်္ဘောမစ်ဆိုင်းဒုံးကျည်ဖြစ်ရာ အဝေးဆုံး(၅၀)ကီလိုမီတာအကွာအဝေးမှ ပစ်ခတ်နိုင်သည်။
တရုတ်နိုင်ငံမှ အထောက်အပံ့မရပါက ပါကစ္စတန်ရေတပ်၏ မဟာဗျူဟာသည် ရေငုပ်သင်္ဘော များနှင့် မိုင်းများအသုံးပြုပြီး တစ်ဖက်ရန်သူက ပင်လယ်ပြင်ကို အသုံးပြုတိုက်ခိုက်လာနိုင်မှုအပေါ် တားဆီးရန်ဖြစ်သည်။ သမားရိုးကျ ရေငုပ်သင်္ဘောများသည် ရွေ့လျားမှုနှေးကွေးသော်လည်း ဦးတည် သင်္ဘောများ Mumbai ဆိပ်ကမ်း၊ Kutch ပင်လယ်ကွေ့နှင့် Cambay ပင်လယ်ကွေ့ဝင်ပေါက်များသို့ ချဉ်းကပ်လာသည့်အချိန်တွင် မဟာဗျူဟာမြောက်နေရာများတွင် ဖြန့်ကြက်ပိတ်ဆို့ထားနိုင်သည်။ ဆိပ်ကမ်းဝတွင် မိုင်းခွဲခြင်းဖြင့်လည်းကောင်း၊ Visakhapatnam သို့မဟုတ် Karwar ကဲ့သို့သော အဓိက ဆိပ်ကမ်း တစ်ခု၏အဝတွင် သင်္ဘောတစ်စင်းကို နှစ်မြှုပ်လိုက်ခြင်းသည် အခြားသော ပါကစ္စတန်သင်္ဘာ ငယ်များကိုလည်း ပစ်ခတ်နှစ်မြှုပ်ရန်ဖြစ်နိုင်သည်ဟု တွက်ချက်ထားကြသည်။ (၁၉၇၁) ခုနှစ် အိန္ဒိယ၊ ပါကစ္စတန် စစ်ပွဲမစတင်မီတွင် အိန္ဒိယနိုင်ငံ၏ တစ်ခုတည်းသောလေယာဉ် တင်သင်္ဘော INS Vikrant သည် Visakhapatnam မှ ခုတ်မောင်းသွားခဲ့ဖူးသည်။
သို့သော် ကမ်းခြေ၏အနောက်ဘက်နှင့် အရှေ့ဘက်နှစ်ခုလုံးတွင် အိန္ဒိယရေတပ်တွင် ရေငုပ် သင်္ဘော၊ မိုင်းဖျက်သင်္ဘောနှင့် ရေငုပ်သင်္ဘောဖျက်ယာဉ်များ မရှိဖြစ်နေသည်။ အိန္ဒိယနိုင်ငံသည် တောင် တရုတ်ပင်လယ်အခြေစိုက်စခန်းများမှ မလက္ကာရေလက်ကြား၊ Sunda ၊ Lombok နှင့် Ombai Wettar ကို ဖြတ်၍ အိန္ဒိယသမုဒ္ဒရာသို့ ဖြတ်သန်းဝင်ရောက်လာနိုင်သည့် တရုတ်ရေငုပ်သင်္ဘောများနှင့် စစ် သင်္ဘောအုပ်စုများကိုပိတ်ဆို့ရန်အတွက် ကြီးမားသည့်ရေငုပ်သင်္ဘောအုပ်စုတစ်ခုလည်း လိုအပ်သည်ဟု ဆိုသည်။ အိန္ဒိယကာကွယ်ရေးဝန်ကြီး Rajnath Singh သည် Telangana ၊ Damagundam Reserve Forest တွင် ဒုတိယမြောက်ဆက်သွယ်ရေးစခန်းတစ်ခု ဖွင့်လှစ်ခဲ့သည်။ ယင်းသို့ဖွင့်လှစ်နိုင်ခြင်းကြောင့် သတင်း အချက်အလက်များကိုလည်း လုံခြုံစွာလဲလှယ်နိုင်မည်ဖြစ်သည်။ အိန္ဒိယရေတပ်ပိုင်ဆိုင်ထား သည့် နျူကလီးယားရေငုပ်သင်္ဘောနှစ်စင်းသည် နျူကလီးယား ကပ်ဘေးဆိုက်မှုကိုရှောင်ရှားနိုင်ရန် အတွက် ကမ်းခြေမှရှင်းလင်းတိကျသည့် အမိန့်ပေးစနစ်လိုအပ်သည်။
အိန္ဒိယအစိုးရသည် ရေတပ်တွင် စစ်သင်္ဘော အလုံအလောက်မရှိသည်ကိုသိနေသော်လည်း အာ ဒန်ပင်လယ်ကွေ့တွင်ကြုံတွေ့ရလေ့ရှိသည့် ပင်လယ် ဓားပြရန်များကိုကာကွယ်ရန် စစ်သင်္ဘောတစ်စင်း စခန်းချရပ်နားရန်အတွက်ပင် ရုန်းကန်နေရသည်။ တရုတ်ရေတပ်သည် ပင်လယ်ဓားပြရန်မှကာကွယ်ရန် အတွက် ၎င်း၏ရေတပ်သင်္ဘောများကို နှစ်စဉ်စေလွှတ်လေ့ရှိသည်။ တစ်ဖွဲ့တွင် ဖျက်သင်္ဘောနှစ်စင်း ပါဝင်ပြီး အနည်းဆုံး ရေငုပ်သင်္ဘောတစ်စင်းနှင့် လောင်စာ တန်ချိန် နှစ်သောင်း တင်ဆောင်လာသည့် ထောက်ပံ့ရေးသင်္ဘောတစ်စင်းလည်းပါဝင်သည်။ အိန္ဒိယနှင့်မတူသည့်အချက်မှာ တရုတ်နိုင်ငံသည် ကမ္ဘာကြီးကိုကြည့်ရန်အတွက် ၎င်း၏ ခေတ်အမီဆုံး ပလက်ဖောင်းများကို စေလွှတ်လေ့ရှိသည်။ ကမ္ဘာကြီးကလည်း ရင်ဖိုလှိုက်မောစွာဖြင့် ကြည့်ရှုနေရသည်။
zawgyi version
တ႐ုတ္ႏွင့္ ပါကစၥတန္ ေရတပ္ကို အိႏၵိယ ေရတပ္ ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိၿပီလား
သန္းထိုက္စိုး (NP News) - မတ္ ၂၅
အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီသည္ (၂၀၂၅) ခုႏွစ္ ဇန္နဝါရီလ၏ တစ္ခုေသာေန႔ရက္တြင္ ဖ်က္သေဘၤာ၊ ဖရီးဂိတ္သေဘၤာႏွင့္ ေရငုပ္သေဘၤာသုံးစင္း တစ္ၿပိဳင္တည္း တပ္ေတာ္ဝင္မည့္ အိႏၵိယေရတပ္စခန္းတစ္ခု သို႔သြားေရာက္ခဲ့သည္။ မၾကာမီအတြင္းမွာပင္ အိႏၵိယႏိုင္ငံအတြက္ ႐ုရွားႏိုင္ငံတြင္ တည္ေဆာက္ခဲ့သည့္ Krivak 3 အမ်ိဳးအစား ဖရီးဂိတ္ေရယာဥ္သည္လည္း အိႏၵိယေရတပ္ အေနာက္တိုင္းစစ္ဌာနခ်ဳပ္သို႔ ေရာက္ရွိလာခဲ့သည္။
အိႏၵိယေရတပ္သည္ ၎၏အက်ိဳးစီးပြားကို ကာကြယ္ရန္အတြက္ အိႏၵိယသမုဒၵရာတြင္ ေရတပ္ သေဘၤာအမ်ားအျပား ျဖန႔္ၾကက္ခ်ထားရန္ ရည္႐ြယ္ထားရာ ရည္မွန္းခ်က္ေရာက္ရွိရန္မွာ ခရီးရွည္ခ်ီ တက္ရအုံးမည္ျဖစ္သည္။ အိႏၵိယေရတပ္သည္ ေန႔စဥ္ စစ္ေရးေလ့က်င့္မႈမ်ားျပဳလုပ္လ်က္ရွိရာ ေရတပ္၏ ရည္မွန္းခ်က္ေရာက္ရွိရန္ စစ္သေဘၤာအေရအတြက္ မ်ားစြာရရွိေရးမွာ အေရးတႀကီးေဆာင္႐ြက္ရမည့္ ကိစၥတစ္ခုျဖစ္သည္။ သီးသန႔္စီးပြားေရးဇုန္မွာ စတုရန္းကီလိုမီတာ ႏွစ္သန္းေက်ာ္ရွိၿပီး ကြၽန္းႏွင့္ကမ္းေျခ မွာလည္း စတုရန္းကီလိုမီတာ (၇၅၀ဝ)ေက်ာ္ရွိရာ ယင္းတို႔ကို ေစာင့္ၾကည့္ကာကြယ္ရန္အတြက္ စစ္သေဘၤာအေရအတြက္ မ်ားစြာလိုအပ္ေနျခင္းျဖစ္သည္။
ေရတပ္၏ ကမ္းေဝးကင္းလွည့္ယာဥ္မ်ားသည္ ကုန္တင္သေဘၤာမ်ားကို အာဖရိကဦးခ်ိဳေဒသမွ ေရာက္ရွိလာသည့္ ဥပေဒမဲ့ ေဆာင္႐ြက္ေလ့ရွိေသာ အၾကမ္းဖက္သမားမ်ား၊ ရာဇဝတ္သားမ်ားႏွင့္ ပင္ လယ္ဓားျပမ်ား၏ရန္မွ အကာအကြယ္ေပးရျခင္းျဖစ္သည္။ အိႏၵိယေရတပ္သည္ အိႏၵိယသမုဒၵရာ၏ ဂိတ္ မႉးတာဝန္မ်ားကို ေဆာင္႐ြက္လ်က္ရွိသကဲ့သို႔ ေဟာ မုဒ္ေရလက္ၾကားႏွင့္ ေအဒင္ပင္လယ္ေကြ႕မွ မလကၠာ ေရလက္ၾကားသို႔ ျဖတ္သန္းခုတ္ေမာင္းသည့္ ႏိုင္ငံတကာသေဘၤာလိုင္းမ်ားကို လြတ္လပ္စြာ သြားလာႏိုင္ေရးကိုလည္း အေလးထားေဆာင္႐ြက္လ်က္ရွိသည္။
အဆိုပါလမ္းေၾကာင္းသည္ ကမာၻ႔ကုန္သြယ္စီးဆင္းမႈ၏ (၃၀)ရာခိုင္ႏႈန္းေက်ာ္ ျဖတ္သန္းခုတ္ ေမာင္းေနၾကျခင္းျဖစ္သည္။ အဆိုပါေရလမ္းေၾကာင္းလုံၿခဳံေရးအတြက္ ေရတပ္၏ စြမ္းေဆာင္ရည္ျမႇင့္ တင္ရန္လို အပ္သကဲ့သို႔ ေဒသတြင္းလုံၿခဳံေရးပုံသဏၭာန္တစ္ခု ဖန္တီးတည္ေဆာက္ရန္လည္း ခိုင္မာ သည့္ ေရတပ္အင္အားတစ္ရပ္လိုအပ္သည္။ အိႏၵိယေရတပ္သည္ အေနာက္ဘက္တြင္ အာဖရိက ကမ္း ေျခအထိလည္းေကာင္း၊ ေတာင္ဘက္တြင္ Southern Ocean ႏွင့္ Anatarctica အထိလည္းေကာင္း၊ အေရွ႕ဘက္တြင္ အင္ဒိုနီးရွား၊ မေလးရွား၊ ထိုင္းႏွင့္ ျမန္မာႏိုင္ငံအထိ ၎၏လုံၿခဳံေရးတာဝန္ မ်ားကို ထမ္းေဆာင္ေနျခင္းျဖစ္သည္။
အိႏၵိယေရတပ္သည္ ႏိုင္ငံ၏အက်ိဳးစီးပြားႏွင့္ သံတမန္ေရးတာဝန္မ်ားကိုေဆာင္႐ြက္ေနသည့္ တစ္ ၿပိဳင္တည္းမွာပင္ ပင္မတာဝန္ျဖစ္သည့္ တိုက္ခိုက္ေရးတာဝန္မ်ားကို ေက်ပြန္စြာထမ္းေဆာင္ႏိုင္ရန္ အတြက္ ႀကိဳတင္ျပင္ဆင္ေနျခင္းျဖစ္သည္။ အိႏၵိယေရတပ္သည္ ေရတပ္အင္အားႀကီးႏွစ္ႏိုင္ငံျဖစ္သည့္ တ႐ုတ္ ႏွင့္ ပါကစၥတန္ေရတပ္တို႔၏ မဟာမိတ္ဖြဲ႕ထားမႈကို အန္တုႏိုင္ရန္ႏွင့္ ကာကြယ္ႏိုင္ရန္အတြက္ ေမွ်ာ္မွန္းျပင္ဆင္ေနျခင္းလည္းျဖစ္သည္။ အိႏၵိယေရတပ္တြင္ သိပ္ၿပီးေခတ္မမီေတာ့သည့္ စစ္သေဘၤာ အစင္း(၆၀) ႏွင့္ ေရငုပ္ေဘၤာ(၂၀)သာ အင္ျပည့္အားျပည့္ သုံးႏိုင္သည္ျဖစ္ရာ တိုက္ခိုက္ေရး စစ္သေဘၤာ အစင္း(၅၀ဝ) ႏွင့္ ေရငုပ္သေဘၤာအစင္း(၂၀) ရွိသည့္ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ႏွင့္ ရင္ဆိုင္ရပါက ဟုေမွ်ာ္မွန္းၿပီး ေရတပ္အင္အားေကာင္းလာေစရန္ ႀကိဳတင္ျပင္ဆင္ေနျခင္းျဖစ္သည္။
ပါကစၥတန္ေရတပ္တြင္ စစ္သေဘၤာအစင္း(၇၀) ႏွင့္ ေရငုပ္သေဘၤာ (၁၃)စင္းရွိရာ တ႐ုတ္ေရတပ္ ႏွင့္ သာေပါင္းစည္းၿပီး မဟာမိတ္ဖြဲ႕သြားလွ်င္ဟု အိႏၵိယ ေရတပ္ကလည္း ႀကိဳတင္တြက္ဆ ထားၿပီးျဖစ္ပါ လိမ့္မည္။ အိႏၵိယေရတပ္သည္ အေစာပိုင္းကာလက န်ဴကလီးယားၿခိမ္းေျခာက္မႈတစ္ခုကို အခ်က္ျပျခင္း ႏွင့္ ၎၏ မဟာဗ်ဴဟာတပ္ဖြဲ႕မ်ားတည္ေဆာက္ျခင္းစသည့္ အခ်ိဳးမညီသည့္တုံ႔ျပန္မႈမ်ားအေပၚတြင္ မွီ တည္ေနရျခင္းျဖစ္သည္။ သို႔ေသာ္ အိႏၵိယေရတပ္သည္ ၎၏စစ္ေဘၤာမ်ားတြင္ သမား႐ိုးက်ပစ္အား ေကာင္းသည့္လက္နက္မ်ားကို ပိုမိုတပ္ဆင္ေပးလာ ႏိုင္သည္ကိုလည္းေတြ႕လာရသည္။ အိႏၵိယေရတပ္ ကို အင္အားျပည့္တပ္ဆင္ႏိုင္ပါက ဘဂၤလားပင္လယ္ေအာ္အတြင္း ေရာက္လာႏိုင္သည့္ တ႐ုတ္ေရတပ္ ကို ျဖစ္ေစ၊ ပါကစၥတန္ေရတပ္ကိုျဖစ္ေစ တစ္ရက္၊ ႏွစ္ရက္အတြင္း ေခ်မႈန္းႏိုင္စြမ္းရွိသည္ဟု သခ်ၤာနည္း ျဖင့္ တြက္ခ်က္ၿပီး ေဟာကိန္းထုတ္မႈမ်ားလည္းရွိသည္။
ပါကစၥတန္ေရတပ္သည္ အိႏၵိယေရတပ္၏ အင္အားျပည့္တိုက္ခိုက္ႏိုင္စြမ္းရွိသည့္ ပင္လယ္ျပင္ တြင္ တိုက္ခိုက္ျခင္းကိုေရွာင္ရွားႏိုင္သည္။ ပါကစၥတန္ ေရတပ္သည္ ထိုသို႔တိုက္ခိုက္မည့္အစား ၎တို႔ ကို အကာအကြယ္ေပးႏိုင္ေသာ ပါကစၥတန္ေလတပ္အေျခစိုက္ထားသည့္ကမ္းေျခသို႔ လ်င္ျမန္စြာ ဆုတ္ ခြာျခင္းမ်ိဳးသာ ျပဳလုပ္ႏိုင္သည္။ ပါကစၥတန္ေရတပ္၏ နည္းဗ်ဴဟာမွာ ပါကစၥတန္စစ္သေဘၤာအနည္း ငယ္ ႏွင့္ အိႏၵိယစစ္သေဘၤာအနည္းငယ္တို႔ ထိေတြ႕မႈျဖစ္ပြားၿပီး အိႏၵိယေရတပ္၏ အင္အားသုံးမႈႏွင့္ ပစ္အားအသုံးျပဳမႈကို ထိေရာက္မႈမရွိေစေရး ႀကိဳးပမ္းျခင္းပင္ျဖစ္သည္။ ပါကစၥတန္ေရတပ္မ်ား တိုက္ပြဲ ဇုန္မွထြက္ခြာသြားပါက ပါကစၥတန္ေလတပ္စခန္းအနီးအထိ ေရာက္ရွိသြားႏိုင္ေသာ္လည္း အိႏၵိယ ေရ တပ္ႏွင့္ ေလတပ္ကလည္း ထက္ၾကပ္မကြာ လိုက္ပါတိုက္ခိုက္ႏိုင္ ပါသည္။ အိႏၵိယေရတပ္မ်ားသည္ ပါကစၥတန္ကမ္းေျခ သို႔ခ်ဥ္းကပ္ၿပီး အင္ဒိုအစၥေရးေျမျပင္မွ ေဝဟင္အထိ တာေဝးပစ္ႏိုင္သည့္လက္နက္ မ်ားအသုံးျပဳ၍ ပစ္ခတ္ႏိုင္သည္။ ပါကစၥတန္ေရတပ္ဘက္ကိုၾကည့္မည္ဆိုပါက ခရီးေဝးပ်ံသန္းႏိုင္သည့္ ကင္းေထာက္ေလယာဥ္မွာ P-3C Orion သာလွ်င္ ေျမျပင္ပစ္မွတ္မ်ားကို ပစ္ခတ္ႏိုင္ရန္အတြက္ (၁၆) နာရီ ၾကာပ်ံသန္းႏိုင္သည္ဟုဆိုသည္။ P-3C Orion သည္ ပထမဆုံး ဖ်က္သေဘၤာမစ္ဆိုင္းဒုံးက်ည္ျဖစ္ရာ အေဝးဆုံး(၅၀)ကီလိုမီတာအကြာအေဝးမွ ပစ္ခတ္ႏိုင္သည္။
တ႐ုတ္ႏိုင္ငံမွ အေထာက္အပံ့မရပါက ပါကစၥတန္ေရတပ္၏ မဟာဗ်ဴဟာသည္ ေရငုပ္သေဘၤာ မ်ားႏွင့္ မိုင္းမ်ားအသုံးျပဳၿပီး တစ္ဖက္ရန္သူက ပင္လယ္ျပင္ကို အသုံးျပဳတိုက္ခိုက္လာႏိုင္မႈအေပၚ တားဆီးရန္ျဖစ္သည္။ သမား႐ိုးက် ေရငုပ္သေဘၤာမ်ားသည္ ေ႐ြ႕လ်ားမႈေႏွးေကြးေသာ္လည္း ဦးတည္ သေဘၤာမ်ား Mumbai ဆိပ္ကမ္း၊ Kutch ပင္လယ္ေကြ႕ႏွင့္ Cambay ပင္လယ္ေကြ႕ဝင္ေပါက္မ်ားသို႔ ခ်ဥ္းကပ္လာသည့္အခ်ိန္တြင္ မဟာဗ်ဴဟာေျမာက္ေနရာမ်ားတြင္ ျဖန႔္ၾကက္ပိတ္ဆို႔ထားႏိုင္သည္။ ဆိပ္ကမ္းဝတြင္ မိုင္းခြဲျခင္းျဖင့္လည္းေကာင္း၊ Visakhapatnam သို႔မဟုတ္ Karwar ကဲ့သို႔ေသာ အဓိက ဆိပ္ကမ္း တစ္ခု၏အဝတြင္ သေဘၤာတစ္စင္းကို ႏွစ္ျမႇဳပ္လိုက္ျခင္းသည္ အျခားေသာ ပါကစၥတန္သဘၤာ ငယ္မ်ားကိုလည္း ပစ္ခတ္ႏွစ္ျမႇဳပ္ရန္ျဖစ္ႏိုင္သည္ဟု တြက္ခ်က္ထားၾကသည္။ (၁၉၇၁) ခုႏွစ္ အိႏၵိယ၊ ပါကစၥတန္ စစ္ပြဲမစတင္မီတြင္ အိႏၵိယႏိုင္ငံ၏ တစ္ခုတည္းေသာေလယာဥ္ တင္သေဘၤာ INS Vikrant သည္ Visakhapatnam မွ ခုတ္ေမာင္းသြားခဲ့ဖူးသည္။
သို႔ေသာ္ ကမ္းေျခ၏အေနာက္ဘက္ႏွင့္ အေရွ႕ဘက္ႏွစ္ခုလုံးတြင္ အိႏၵိယေရတပ္တြင္ ေရငုပ္ သေဘၤာ၊ မိုင္းဖ်က္သေဘၤာႏွင့္ ေရငုပ္သေဘၤာဖ်က္ယာဥ္မ်ား မရွိျဖစ္ေနသည္။ အိႏၵိယႏိုင္ငံသည္ ေတာင္ တ႐ုတ္ပင္လယ္အေျခစိုက္စခန္းမ်ားမွ မလကၠာေရလက္ၾကား၊ Sunda ၊ Lombok ႏွင့္ Ombai Wettar ကို ျဖတ္၍ အိႏၵိယသမုဒၵရာသို႔ ျဖတ္သန္းဝင္ေရာက္လာႏိုင္သည့္ တ႐ုတ္ေရငုပ္သေဘၤာမ်ားႏွင့္ စစ္ သေဘၤာအုပ္စုမ်ားကိုပိတ္ဆို႔ရန္အတြက္ ႀကီးမားသည့္ေရငုပ္သေဘၤာအုပ္စုတစ္ခုလည္း လိုအပ္သည္ဟု ဆိုသည္။ အိႏၵိယကာကြယ္ေရးဝန္ႀကီး Rajnath Singh သည္ Telangana ၊ Damagundam Reserve Forest တြင္ ဒုတိယေျမာက္ဆက္သြယ္ေရးစခန္းတစ္ခု ဖြင့္လွစ္ခဲ့သည္။ ယင္းသို႔ဖြင့္လွစ္ႏိုင္ျခင္းေၾကာင့္ သတင္း အခ်က္အလက္မ်ားကိုလည္း လုံၿခဳံစြာလဲလွယ္ႏိုင္မည္ျဖစ္သည္။ အိႏၵိယေရတပ္ပိုင္ဆိုင္ထား သည့္ န်ဴကလီးယားေရငုပ္သေဘၤာႏွစ္စင္းသည္ န်ဴကလီးယား ကပ္ေဘးဆိုက္မႈကိုေရွာင္ရွားႏိုင္ရန္ အတြက္ ကမ္းေျခမွရွင္းလင္းတိက်သည့္ အမိန႔္ေပးစနစ္လိုအပ္သည္။
အိႏၵိယအစိုးရသည္ ေရတပ္တြင္ စစ္သေဘၤာ အလုံအေလာက္မရွိသည္ကိုသိေနေသာ္လည္း အာ ဒန္ပင္လယ္ေကြ႕တြင္ႀကဳံေတြ႕ရေလ့ရွိသည့္ ပင္လယ္ ဓားျပရန္မ်ားကိုကာကြယ္ရန္ စစ္သေဘၤာတစ္စင္း စခန္းခ်ရပ္နားရန္အတြက္ပင္ ႐ုန္းကန္ေနရသည္။ တ႐ုတ္ေရတပ္သည္ ပင္လယ္ဓားျပရန္မွကာကြယ္ရန္ အတြက္ ၎၏ေရတပ္သေဘၤာမ်ားကို ႏွစ္စဥ္ေစလႊတ္ေလ့ရွိသည္။ တစ္ဖြဲ႕တြင္ ဖ်က္သေဘၤာႏွစ္စင္း ပါဝင္ၿပီး အနည္းဆုံး ေရငုပ္သေဘၤာတစ္စင္းႏွင့္ ေလာင္စာ တန္ခ်ိန္ ႏွစ္ေသာင္း တင္ေဆာင္လာသည့္ ေထာက္ပံ့ေရးသေဘၤာတစ္စင္းလည္းပါဝင္သည္။ အိႏၵိယႏွင့္မတူသည့္အခ်က္မွာ တ႐ုတ္ႏိုင္ငံသည္ ကမာၻႀကီးကိုၾကည့္ရန္အတြက္ ၎၏ ေခတ္အမီဆုံး ပလက္ေဖာင္းမ်ားကို ေစလႊတ္ေလ့ရွိသည္။ ကမာၻႀကီးကလည္း ရင္ဖိုလႈိက္ေမာစြာျဖင့္ ၾကည့္ရႈေနရသည္။