မုံရွာ- ပုလဲ ခရီး သို့မဟုတ် အညာဒေသက သွေးစွန်းမြေ

1455

သုတကျော် (NP News) - မတ် ၂၅
အွန်လိုင်းပေါ်တွင် စစ်ကိုင်းတိုင်း၊ ယင်းမာပင် ခရိုင်မှ ပြည်သူများသည် NUG နှင့် လက်နက် ကိုင်များကိုထောက်ခံကြောင်း ဝါဒဖြန့်နေကြသော်လည်း မြေပြင်တွင်မူ ပြည်သူတို့မှာမျက်စိမှိတ်ပြီး ကြိတ်ခံနေကြရသည်။ ငရုတ်ဆုံထဲမှ ကြက်သွန်ဖြူသဖွယ်ဘဝတို့ စိစိညက်ညက်ကြေနေကြရသူများ လည်းရှိနေပေပြီ။ ယင်းဖြစ်စဉ်များအနက် အကြောင်းအရာတစ်ခုကို ဆွဲထုတ်ပြရမည်ဆိုပါက မုံရွာ - ပုလဲခရီးလမ်းက သက်သေထူနိုင်ပေလိမ့်မည်။
အညာဒေသတွင် လက်နက်ကိုင်များ မရှိမီ အချိန်ကာလများဆီက မုံရွာမြို့မှ ပုလဲမြို့သို့ လမ်းခရီး သည် အလွန်စိတ်ချမ်းမြေ့ဖွယ်ကောင်းခဲ့သည်။ အညာဒေသ၏ မြို့ကြီးဖြစ်သော မုံရွာမြို့မှ လမ်းဆုံ လမ်းခွမြို့ တစ်မြို့ဖြစ်သော ယင်းမာပင်ခရိုင်မှ ပုလဲ မြို့သို့ခရီးသည် တစ်နာရီခွဲသာသာခန့်ဖြင့် ရောက် နိုင်ခဲ့သည်။
မုံရွာမြို့မှထွက်ပြီး ယင်းမာပင်မြို့ကိုကျော်ကာ ပုလဲမြို့သို့အရောက် ခရီးဆက်ပြီးလျှင် ယင်းမှ တစ်ဆင့် ကွန်ရက်သဖွယ် ဖြန့်ကြက်ထားသော လမ်းများအတိုင်း ယောနယ်ဘက်သို့လည်း သွားနိုင် သည်။ အညာဒေသမှ အခြားမြို့များသို့လည်း ဆက်သွားနိုင်ခဲ့သည်။ ချင်းပြည်နယ်အထိပင် ခရီးပေါက်ခဲ့၏။
သို့သော် ယင်းကာလများသည် အတိတ်တွင် အေးခဲနေခဲ့ပြီဟု တင်စားက လွန်အံ့မထင်ပါ။ အဘယ်ကြောင့်ဆိုသော် မုံရွာ - ပုလဲ လမ်းပိုင်းသည် နိုင်လွန်ကတ္တရာခင်းထားသည့်လမ်းကို အသုံးပြု နေရသည့်အခြေအနေမှ ရှောင်ကွင်းလမ်းများကို အသုံးပြုသွားလာနေရသော အခြေအနေသို့ ရောက် ရှိသွားပြီ ဖြစ်သောကြောင့်ပင်။ မည်သည့်အခြေအနေက လမ်းကောင်းလမ်းမွန်ကိုထားကာ မြေသား တစ်ဝက်၊ ကတ္တရာတစ်ဝက်လမ်းများကို အသုံးပြုစေပါသနည်း။ အဖြေကား ယင်းဒေသသို့ စစ်ရောက် လာသောကြောင့် ဖြစ်သည်။ “အခုက မတ္တရာ ခရိုင်ချင်းဆက်လမ်းကြီးကရှိနေပေမယ့် အဲဒီလမ်းကြီးက မသွားနိုင်တော့ဘူး။ လမ်းမှာက PDF အဖွဲ့တွေက မိုင်းတွေ ဆင်ထားတာ” ဟု ပုလဲဒေသခံ တစ်ဦးက ဆိုသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် ယခင် အဆင်ပြေခဲ့သောလမ်းကို စွန့်လွှတ်ရန်အကြောင်း ဖန်လာသည်။ မိုင်းတို့သည် ပြည်သူများ၏ အသက်ကို အချိန်တိုအတွင်း နုတ်ယူသွားနိုင်သည်။ ထို့ပြင် အသက်မသေပါက ခြေပြတ်၊ လက်ပြတ်ဘဝမျိုးသို့လည်း ရောက်ရှိသွားနိုင်၏။ ထို့ကြောင့် ယခင် သွားရိုး လမ်းကို စွန့်လွှတ်လိုက်ရသည်။ ရုပ်ရှင်ဇာတ်ကားများ၊ စာအုပ်များ သို့မဟုတ် တစ်ဆင့်စကား တစ်ဆင့် နားဖြင့်သာ ကြားဖူးသော မိုင်းဆိုသည့်အရာကို အမှန်တကယ် ပက်ပင်းရင်ဆိုင်ကြရသောအခါ ထင်ထား သည်ထက်ဆိုးရွားကြောင်း တွေ့မြင်ကြရသည်။
ရုပ်ရှင်ဇာတ်ကားများထဲတွင် မိုင်းနင်းမိ သူက ၎င်းမိုင်းနင်းထားပြီဖြစ်ကြောင်း အခြားသူများကို အချက်ပြ၊ ထို့နောက် အလေးချိန်တူအရာကို မိုင်းပေါ်တင်ပြီး ခြေထောက်ကို ဖြေးဖြေးချင်းခွာကာ အသက်ရှင်လွတ်မြောက်သော ဇာတ်ကွက်သည် မျက်တောင်မခတ်တမ်းကြည့်ရင်း ရင်သိမ့်တုန် ဖြစ် ကောင်းဖြစ်ပေလိမ့်မည်။ သို့သော် ယင်းဒေသမှ မိုင်းတို့သည်ကား ရုပ်ရှင်ထဲမှာကဲ့သို့ မဟုတ်ပါ။ မုံရွာ -ပုလဲလမ်းပိုင်းမှ မိုင်းတို့မှာ အမျိုးစုံသည်။ မြေမြှုပ်မိုင်းလည်း ရှိသည်။ ဆွဲမိုင်းလည်းရှိသည်။ ရီမုမိုင်း လည်းရှိသည်။ စသည်ဖြင့် စသည်ဖြင့် မိုင်းအမျိုးအစားပေါင်းများစွာရှိနေသည်။
“ပေပါမိုင်းကွဲတာ တစ်ခါမြင်ဖူးတယ်။ အကွာအဝေးက ပေ(၅၀)ပတ်လည်လောက်ကို ဖွာထွက် သွားတာ။ အစအနတွေကတော့ ဒီထက် ဘယ်ကမလဲ။ ပေ(၁၀ဝ)လောက်အထိ အစအနတွေက သွား တယ်” ဟု အထက်ပါ ဒေသခံက ရှင်းပြသည်။ ယင်းအခြေအနေများအနက် ယင်းမာပင်နှင့် ပုလဲကြား လမ်းသည် မိုင်းအထူထပ်ဆုံးနေရာဟု ပြောနိုင်သည်။ ယင်းလမ်းပိုင်းတွင် မိုင်းခွဲသော ဖြစ်စဉ်များစွာ ရှိခဲ့သည်။ သာမန်ပြည်သူများလည်း ထိခိုက်သည်။ ပြည်သူများ ထိခိုက်သွားလျှင်တော့ သတင်းအစ ပျောက်သွားသည်သာ။ “ပုလဲ - ဂန့်ဂေါ လမ်းကလည်း မိုင်းလမ်းပဲ” ဟု ၎င်းကဆိုသည်။
သို့ဆိုလျှင် ယင်းဒေသမှပြည်သူများအနေဖြင့်အခြားဒေသများသို့ ကူးလူးမသွားလာနိုင်ပြီ လောဟု မေးဖွယ်ရှိသည်။ လုံးဝ မသွားနိုင်ခြင်းမျိုးတော့ မဟုတ်ပါ။ အထက်တွင်ဖော်ပြခဲ့သော လမ်းမ ကြီးကို ကွင်းသွားနိုင်သော ရှောင်ကွင်းလမ်းများရှိသည်။ ယာယီလမ်းများဖြစ်ပြီး ရွာများ၊ တောများကို ဖြတ်သန်းသွားလာရခြင်းဖြစ်သည်။
“ဝန်ထမ်းတို့၊ တပ်နဲ့အဆက်အသွယ်ရှိတဲ့လူတွေကတော့ အဲဒီရှောင်ကွင်းလမ်းကို လုံးဝ သွား မရဘူး။ ပါတီကလူတွေဆိုလည်း သွားမရဘူး။ ပါတီဆိုတာ ဘယ်ပါတီမဆို လက်မခံဘူး။ NLD က လွဲ လို့ပေါ့”ဟု ၎င်းကဆိုသည်။ ယင်းလမ်းများတွင် PDF များက ဂိတ်များဖွင့်ထားသည်။ ယင်းဂိတ်များက စစ်ဆေးသည်။ ယင်းလမ်းသာမက အခြားလမ်းများတွင်လည်း PDF တို့က ဂိတ်ပေါင်းများစွာ ဖွင့်လှစ် ထားသေးသည်။ ယင်းဂိတ်များတွင် စစ်ဆေးသည်ဆိုခြင်းမှာလည်း ဟန်ပြသာဖြစ်ပြီး ယင်းဂိတ်များရှိ ရခြင်း၏အကြောင်းပြချက်မှာ တစ်ခုတည်းသာဖြစ်ပြီး ငွေ တောင်းခံရန်အတွက်သာ ရည်ရွယ်ထားခြင်း ဖြစ်သည်။
“သူတို့ တောင်းတာက ပုံမှန်အနေအထားတော့ မဟုတ်ဘူး။ လူကိုကြည့်ပြီးတောင်းတဲ့သဘော တော့ရှိတယ်။ အမြင့်ဆုံးက တစ်သောင်း။ အနိမ့်ဆုံးက ငါးထောင်၊ သုံးထောင်ပေးရတာ။ ခရီးသည် တင် ကားဆိုလည်း ကားတစ်စီးလုံးမဟုတ်ဘူးနော်။ ခရီးသည် တစ်ယောက်ချင်းစီပေးရတာ” ဟု အခြား ယင်းမာပင် ဒေသခံတစ်ဦးက ဆိုသည်။ ငွေပေးပင် ပေးသော်လည်း အချိန်မရွေး အသုံးပြုနိုင်ခြင်းလည်း မဟုတ်ပါ။ ပုလဲ-မုံရွာ ရှောင်ကွင်းလမ်းများကို ယာယီ ပိတ်ထားသောအချိန်များလည်းရှိသည်။ ထိုအခါ တွင်တော့ နောက်ကြောင်း ပြန်လှည့်ပြီး လမ်းဖွင့်မည့်သတင်းကို နားစွင့်ကြရရုံသာ။ “နိုင်ငံတော်က ပိတ် တာတော့ မရှိပါဘူး။ သူတို့ PDF တွေ ဘက်က ပိတ်တာ”ဟု ၎င်းကဆိုသည်။
ထို့ပြင် ရှောင်ကွင်းလမ်းများဖြစ်သည့် အတွက် ယခင်လမ်းမကြီးကိုသုံးသကဲ့သို့ အချိန်တိုအတွင်း လိုရာခရီးကို ရောက်ခြင်းမျိုးမဟုတ်တော့ပါ။ အနည်းဆုံး သုံးနာရီအထက်ကြာမြင့်သည်။ မြန်မာ စကား တွင် မြေကြောကျုံ့သည်ဆိုသော စကား ရှိသော်လည်း ပုလဲ - မုံရွာလမ်းကိုမူ မြေကြောကျယ်သွားသည် ဟု တင်စားရမည့် သဘောရှိသည်။ ယင်းဒေသဘက်မှ ပြည်သူများအနေဖြင့် သွားလိုသော နေရာကို ငွေ ပေးပြီး ရုတ်တရက်ထထွက်သွားရန် လည်း မလွယ်ပါ။ ၎င်းတို့ ဖွဲ့ထားသော ကျေးလက်အဆင့် ပကဖ၊ ပလဖ များထံမှ သွားလာခွင့်လက်မှတ် လိုသည်။ ခွင့်ပြုချက်ပါမှသာ ကူးသန်းသွားလာနိုင်သည်။
လက်နက်ကိုင်များက ချမှတ်ထားသော စည်းကမ်းများအတိုင်း နေထိုင်သွားလာလျှင်လည်း အလုံးစုံဘေးကင်းလုံခြုံပြီဟု မဆိုနိုင်သေးပါ။ လမ်းပိုင်းတွင် အန္တရာယ်များရှိသည်။ ယင်းဒေသတွင် နေထိုင်သူများသည် ဓားမဦးချ လယ်ယာလုပ်ငန်း၊ တောင်သူ လုပ်ငန်းလုပ်ရာမှ အချိန်တိုအတွင်း ဒလန် ဟူသော ခေါင်းစဉ်အောက်ရောက်သွားနိုင်သည်။ မှားသတ်မိလျှင်လည်း ဒလန်ဟု ခေါင်းစဉ်တပ်လိုက် ရုံဖြင့် အမှုက ကျေပျောက်သွားသည်သာ။
“အသတ်ခံရတယ်ဆိုတဲ့ ဖြစ်စဉ်တွေကတော့ ခဏခဏ ရှိနေတာပဲလေ။ ထားပါတော့တပ်နဲ့ ဆက်သွယ်တယ်ဆိုတဲ့ဟာမျိုးပေါ့။ ဒါလည်း သတ်တယ်။ သူတို့စကားကို နားမထောင်ဘူးဆိုရင်လည်း သတ်တာပဲ” ဟု ယင်းဒေသမှအခြေအနေကို ရှင်းပြသည်။
ယင်းကြောင့် ငါနှင့်မတူ ငါ့ရန်သူဆိုသော အယူအဆသည်လည်း ယင်းဒေသတွင် ကြီးကြီး မား မား အမြစ်တွယ်နေသည်။ အခြားမကြည့်ပါနှင့်။ ပုလဲမြို့နယ်တွင် ပြည်သူ့စစ် ရွာ(၂)ရွာမှာ ယခုထက် တိုင် မိမိရပ်ရွာကို ကာကွယ်ရင်းရှိနေ၏။ လက်နက်ကိုင်များဘက်သို့မပါဘဲ မိမိရပ်ရွာတည်ငြိမ်ရေးအ တွက် ဆောင်ရွက်လိုကြသူများဖြစ်သည်။ သို့သော် ရွာထဲတွင်သာနေရပြီး ပြင်ပသို့ထွက်ခွာလျှင် အသတ် ခံရနိုင်သောအခြေအနေကို ရင်ဆိုင်နေရသည်။ ယင်းအပြင် လယ်ယာလုပ်ငန်းလည်း မလုပ်နိုင်တော့။
“ပြည်သူ့စစ်ရွာတွေတောင် အောက်လမ်းကနေ ရိက္ခာမပို့နိုင်တာ ကြာသွားပြီ။ လေကြောင်းက ချပေးတာလေးလောက်နဲ့ပဲ သုံးနေရတာ။ ပုလဲမှာဆိုရင် အင်မထီးရယ် နောက်တစ်ရွာရယ် ပြည်သူ့စစ် ရွာရှိတယ်။ အင်မထီးဆို လူဦးရေကလည်း (၉၀ဝ) လောက် ရှိတယ်။ အခုဆို ရိက္ခာကပြတ်နေတယ်။ (၁၂) နဲ့ တစ်ခါချပြီးရင် တစ်လလောက်နေတာဆို တော့ လူဦးရေကမမျှတော့ မလောက်ငှဘူး ဖြစ်နေ တာ” ဟု ယင်းက ဆိုသည်။ ရွာကြီးများတွင် PDF တို့က ခြေကုပ်ရယူထားသည့်အတွက် ယင်း ပြည်သူ့ စစ်ရွာများသည်လည်း ထွက်ခွာရန်ပိတ်မိနေသည်။ ယင်းပြင် ပုလဲတွင် အခက်အခဲများက ပေါင်းစုံနေ သည်။ နာမည်က ပုလဲဖြစ်သော်လည်း ဖြူလွှလွှမ ဟုတ်ပါ။ သွေးစွန်းသော အခြေအနေကို ဆိုက်ရောက် နေခြင်းဖြစ်သည်။
မော်စီတုံးက အာဏာသည် သေနတ်ပြောင်းဝက လာသည်ဟုပြောဖူး၏။ မော်စီတုံးဆိုလို သည်မှာ ကွန်မြူနစ်ဝါဒ အလိုအားဖြင့်ပါတီက လက်နက်ကိုင်အင်အားကို ထိန်းချုပ်ရန်ရည်ရွယ်ပြော ကြားခြင်းဖြစ်သော်လည်း ယင်းမာပင်ခရိုင်တွင်မူ အမှန်တကယ်ပင် အာဏာသည် သေနတ်ပြောင်းဝက လာနေသည်။ သေနတ်ကိုင်ထားသူ PDF များကို ကြောက်နေရသည်။ အွန်လိုင်းထက်တွင် ဥပဒေ အတိုင်း ဆောင်ရွက်သည်ဟု ၎င်းတို့က ပြောနေစေ ကာမူမြေပြင်တွင်မူ ကျည်ဆန်သည်သာ ဥပဒေဖြစ်နေသည်။
တောင်းသမျှကို ပေးရသည်။ ပြည်သူများအနေဖြင့် မငြင်းဆန်ဝံ့ပါ။ အာဏာဖီဆန် သေဒဏ်ဖြစ် လေရာ တောင်းသမျှကိုပေးပြီး အသက်ရှင်ရန် ကြိုးစားနေကြရသည်။ သူပုန်လက်အောက်တွင် နေရသူ များအတွက် ကျင့်ဝတ်နှင့် ဥပဒေတို့သည် A4 စာရွက်ပေါ်မှ စာလုံးများသာဖြစ်လေရာ အလိုကို လိုက် လျောပေးရုံမှတစ်ပါး အခြားမရှိပါ။
“သူတို့ကို စပါးတစ်ရာသီ ဘယ်လောက် လှူရမယ်ဆိုတာ အဲဒါတွေကရှိသေးတာ။ လစဉ် ကြေး လိုကို ပေးနေရတယ်။ ကျောမွဲလူတန်းစားဆို ရင် တစ်လကို ဆန်သုံးပြည်ဆို သုံးပြည်၊ ငွေက တစ် သောင်းဆို တစ်သောင်း အလှူခံတာရှိသေးတာ။ ပုလဲ ဆိုရင် တောင်ပေါ်အရပ်တို့ အောက်အရပ်တို့ ရှိတယ်လေ။ ခင်ဗျားတို့ဘက်အခေါ်ဆို ကူလီပေါ့။ ကူလီ လိုက်တဲ့သူတွေလည်းပေးရတာ” ဟု ၎င်းက ဆို သည်။
“မပေးရင်တော့ အရိုက်ခံရနိုင်သည်၊ အသတ်ခံရနိုင်သည်။ ဖြစ်သွားနိုင်သော အခြေအနေကို မှန်းမရပါ။ စာဖတ်သူ၏စိတ်အတွင်း အဆိုးဆုံးဆိုသောအရာများကို နံပါတ်စဉ်အတိုင်း တန်းစီ တွေး ကြည့်ပါ။ ယင်းနံပါတ်စဉ်များထဲမှ တစ်ခုမဟုတ်တစ်ခု ဖြစ်သွားနိုင်သည်။ “ပြန်မပြောနိုင်တဲ့ အနေ အထား ဖြစ်နေတာ။ မှားမှား၊ မှန်မှန်ပဲ”ဟု ၎င်းက ဆိုသည်။ အညာဒေသတွင် လက်နက်များ ဖောခြင်း သောခြင်း ဝင်နေလေရာ ယင်း၏ အကျိုးဆက်အဖြစ် အချို့က PDF ဟုဆိုကာ လက်နက်ကိုင် အစုအဖွဲ့ ငယ်များကို ဖွဲ့ပြီး ဓားပြဆန်ဆန် ကျူးလွန်ခြင်းများလည်း ရှိလာသည်။ ထို့ကြောင့် နောက်ဆက်တွဲအဖြစ် ပြန်ပေးဆွဲခြင်း၊ ဓားပြတိုက်ခြင်းများလည်း ဖြစ်လာသည်။ စစ် ဆိုသောသန္ဓေသားကို မွေးပြီးနောက် အဆိုပါ သန္ဓေသားနှင့် အတူပါလာသော အကျိအချွဲများပင် ဖြစ်သည်။
မုံရွာ - ပုလဲ လမ်းပိုင်းတွင် ယင်းအစုအဖွဲ့များ၏ဘေးကလည်း ဒေသခံများကို ခြောက်လှန့် နေ သည်။ အမင်္ဂလာတို့သည်ယင်းဒေသတွင်နေထိုင် သူများအပေါ် အချိန်မရွေး ရောက်လာနိုင်၏။ “လမ်း ခရီးမှာ တစ်ယောက်တည်းသွားတယ်၊ အမျိုးသမီး တစ်ယောက်တည်းသွားတယ်။ တစ်ရွာနဲ့တစ်ရွာ ကူးတယ်ဆို ဓားပြတိုက်တာတွေကလည်း ရှိနေတယ်” ဟု ဖြစ်စဉ်ကိုသိရှိသူ အခြားယင်းမာပင် ဒေသခံ တစ်ဦးက ဆိုသည်။ မုံရွာ-ပုလဲ လမ်းပိုင်း သည် လမ်းလည်းအဆင်မပြေပါ။ ထို့ပြင် ဒေသတွင်း နေထိုင်သူ များမှာလည်း စိုးရိမ်ပူပန်မှုအပြည့်ဖြင့် ရှင်သန်နေထိုင်ကြရသည်။ ယင်းဒေသတွင် နေထိုင်ခဲ့သူများ၏ အပြုံးတို့မှာ ယခုတော့မဲ့ပြုံးအဖြစ်သို့ ကူးပြောင်းခဲ့ပြီ ဖြစ်သည်။
စစ်နှင့် အတူ ယင်း၏ အဆွယ်အပွားများက မုံရွာ-ပုလဲ လမ်းပိုင်းတွင် မင်းမူနေခဲ့ပေပြီ။ ယင်းအ ရာတို့က ဒေသခံတို့ကို အစွယ်အဖွေးသားဖြင့် ခြောက်လှန့်နေခဲ့ကြပြီ ဖြစ်ပါသည်။ ယခင်က အသုံးပြုခဲ့ သော ကတ္တရာလမ်းလည်း အသွားအလာနည်းကာ ခြောက်သွေ့နေသကဲ့သို့ ပြည်သူတို့၏ရင်တွင်း မှာ လည်း အပူတို့ဖြင့်အပျော်စိတ်နှလုံးတို့မှာ ခြောက်ကပ်နေပြီဖြစ်ပါသည်။ ပြည်သူတို့၏ နာကျင်မှုနှင့် မျက်ရည်တို့ကို စစ်တစ္ဆေက ခပ်ပြုံးပြုံးသာ ကြည့်နေပေလိမ့်မည်။ ပုလဲသည် လုံခြုံသော ကမာကောင်အတွင်းမှထွက်ကာ နာကျင်မှုသောင်ပြင်အတွင်း နစ်ဝင်သွားခဲ့ လေပြီ။
zawgyi version
မုံ႐ြာ- ပုလဲ ခရီး သို႔မဟုတ္ အညာေဒသက ေသြးစြန္းေျမ
သုတေက်ာ္ (NP News) - မတ္ ၂၅
အြန္လိုင္းေပၚတြင္ စစ္ကိုင္းတိုင္း၊ ယင္းမာပင္ ခ႐ိုင္မွ ျပည္သူမ်ားသည္ NUG ႏွင့္ လက္နက္ ကိုင္မ်ားကိုေထာက္ခံေၾကာင္း ဝါဒျဖန႔္ေနၾကေသာ္လည္း ေျမျပင္တြင္မူ ျပည္သူတို႔မွာမ်က္စိမွိတ္ၿပီး ႀကိတ္ခံေနၾကရသည္။ င႐ုတ္ဆုံထဲမွ ၾကက္သြန္ျဖဴသဖြယ္ဘဝတို႔ စိစိညက္ညက္ေၾကေနၾကရသူမ်ား လည္းရွိေနေပၿပီ။ ယင္းျဖစ္စဥ္မ်ားအနက္ အေၾကာင္းအရာတစ္ခုကို ဆြဲထုတ္ျပရမည္ဆိုပါက မုံ႐ြာ - ပုလဲခရီးလမ္းက သက္ေသထူႏိုင္ေပလိမ့္မည္။
အညာေဒသတြင္ လက္နက္ကိုင္မ်ား မရွိမီ အခ်ိန္ကာလမ်ားဆီက မုံ႐ြာၿမိဳ႕မွ ပုလဲၿမိဳ႕သို႔ လမ္းခရီး သည္ အလြန္စိတ္ခ်မ္းေျမ့ဖြယ္ေကာင္းခဲ့သည္။ အညာေဒသ၏ ၿမိဳ႕ႀကီးျဖစ္ေသာ မုံ႐ြာၿမိဳ႕မွ လမ္းဆုံ လမ္းခြၿမိဳ႕ တစ္ၿမိဳ႕ျဖစ္ေသာ ယင္းမာပင္ခ႐ိုင္မွ ပုလဲ ၿမိဳ႕သို႔ခရီးသည္ တစ္နာရီခြဲသာသာခန႔္ျဖင့္ ေရာက္ ႏိုင္ခဲ့သည္။
မုံ႐ြာၿမိဳ႕မွထြက္ၿပီး ယင္းမာပင္ၿမိဳ႕ကိုေက်ာ္ကာ ပုလဲၿမိဳ႕သို႔အေရာက္ ခရီးဆက္ၿပီးလွ်င္ ယင္းမွ တစ္ဆင့္ ကြန္ရက္သဖြယ္ ျဖန႔္ၾကက္ထားေသာ လမ္းမ်ားအတိုင္း ေယာနယ္ဘက္သို႔လည္း သြားႏိုင္ သည္။ အညာေဒသမွ အျခားၿမိဳ႕မ်ားသို႔လည္း ဆက္သြားႏိုင္ခဲ့သည္။ ခ်င္းျပည္နယ္အထိပင္ ခရီးေပါက္ခဲ့၏။
သို႔ေသာ္ ယင္းကာလမ်ားသည္ အတိတ္တြင္ ေအးခဲေနခဲ့ၿပီဟု တင္စားက လြန္အံ့မထင္ပါ။ အဘယ္ေၾကာင့္ဆိုေသာ္ မုံ႐ြာ - ပုလဲ လမ္းပိုင္းသည္ ႏိုင္လြန္ကတၱရာခင္းထားသည့္လမ္းကို အသုံးျပဳ ေနရသည့္အေျခအေနမွ ေရွာင္ကြင္းလမ္းမ်ားကို အသုံးျပဳသြားလာေနရေသာ အေျခအေနသို႔ ေရာက္ ရွိသြားၿပီ ျဖစ္ေသာေၾကာင့္ပင္။ မည္သည့္အေျခအေနက လမ္းေကာင္းလမ္းမြန္ကိုထားကာ ေျမသား တစ္ဝက္၊ ကတၱရာတစ္ဝက္လမ္းမ်ားကို အသုံးျပဳေစပါသနည္း။ အေျဖကား ယင္းေဒသသို႔ စစ္ေရာက္ လာေသာေၾကာင့္ ျဖစ္သည္။ “အခုက မတၱရာ ခ႐ိုင္ခ်င္းဆက္လမ္းႀကီးကရွိေနေပမယ့္ အဲဒီလမ္းႀကီးက မသြားႏိုင္ေတာ့ဘူး။ လမ္းမွာက PDF အဖြဲ႕ေတြက မိုင္းေတြ ဆင္ထားတာ” ဟု ပုလဲေဒသခံ တစ္ဦးက ဆိုသည္။
ထို႔ေၾကာင့္ ျပည္သူမ်ားအေနျဖင့္ ယခင္ အဆင္ေျပခဲ့ေသာလမ္းကို စြန႔္လႊတ္ရန္အေၾကာင္း ဖန္လာသည္။ မိုင္းတို႔သည္ ျပည္သူမ်ား၏ အသက္ကို အခ်ိန္တိုအတြင္း ႏုတ္ယူသြားႏိုင္သည္။ ထို႔ျပင္ အသက္မေသပါက ေျချပတ္၊ လက္ျပတ္ဘဝမ်ိဳးသို႔လည္း ေရာက္ရွိသြားႏိုင္၏။ ထို႔ေၾကာင့္ ယခင္ သြား႐ိုး လမ္းကို စြန႔္လႊတ္လိုက္ရသည္။ ႐ုပ္ရွင္ဇာတ္ကားမ်ား၊ စာအုပ္မ်ား သို႔မဟုတ္ တစ္ဆင့္စကား တစ္ဆင့္ နားျဖင့္သာ ၾကားဖူးေသာ မိုင္းဆိုသည့္အရာကို အမွန္တကယ္ ပက္ပင္းရင္ဆိုင္ၾကရေသာအခါ ထင္ထား သည္ထက္ဆိုး႐ြားေၾကာင္း ေတြ႕ျမင္ၾကရသည္။
႐ုပ္ရွင္ဇာတ္ကားမ်ားထဲတြင္ မိုင္းနင္းမိ သူက ၎မိုင္းနင္းထားၿပီျဖစ္ေၾကာင္း အျခားသူမ်ားကို အခ်က္ျပ၊ ထို႔ေနာက္ အေလးခ်ိန္တူအရာကို မိုင္းေပၚတင္ၿပီး ေျခေထာက္ကို ေျဖးေျဖးခ်င္းခြာကာ အသက္ရွင္လြတ္ေျမာက္ေသာ ဇာတ္ကြက္သည္ မ်က္ေတာင္မခတ္တမ္းၾကည့္ရင္း ရင္သိမ့္တုန္ ျဖစ္ ေကာင္းျဖစ္ေပလိမ့္မည္။ သို႔ေသာ္ ယင္းေဒသမွ မိုင္းတို႔သည္ကား ႐ုပ္ရွင္ထဲမွာကဲ့သို႔ မဟုတ္ပါ။ မုံ႐ြာ -ပုလဲလမ္းပိုင္းမွ မိုင္းတို႔မွာ အမ်ိဳးစုံသည္။ ေျမျမႇဳပ္မိုင္းလည္း ရွိသည္။ ဆြဲမိုင္းလည္းရွိသည္။ ရီမုမိုင္း လည္းရွိသည္။ စသည္ျဖင့္ စသည္ျဖင့္ မိုင္းအမ်ိဳးအစားေပါင္းမ်ားစြာရွိေနသည္။
“ေပပါမိုင္းကြဲတာ တစ္ခါျမင္ဖူးတယ္။ အကြာအေဝးက ေပ(၅၀)ပတ္လည္ေလာက္ကို ဖြာထြက္ သြားတာ။ အစအနေတြကေတာ့ ဒီထက္ ဘယ္ကမလဲ။ ေပ(၁၀ဝ)ေလာက္အထိ အစအနေတြက သြား တယ္” ဟု အထက္ပါ ေဒသခံက ရွင္းျပသည္။ ယင္းအေျခအေနမ်ားအနက္ ယင္းမာပင္ႏွင့္ ပုလဲၾကား လမ္းသည္ မိုင္းအထူထပ္ဆုံးေနရာဟု ေျပာႏိုင္သည္။ ယင္းလမ္းပိုင္းတြင္ မိုင္းခြဲေသာ ျဖစ္စဥ္မ်ားစြာ ရွိခဲ့သည္။ သာမန္ျပည္သူမ်ားလည္း ထိခိုက္သည္။ ျပည္သူမ်ား ထိခိုက္သြားလွ်င္ေတာ့ သတင္းအစ ေပ်ာက္သြားသည္သာ။ “ပုလဲ - ဂန႔္ေဂါ လမ္းကလည္း မိုင္းလမ္းပဲ” ဟု ၎ကဆိုသည္။
သို႔ဆိုလွ်င္ ယင္းေဒသမွျပည္သူမ်ားအေနျဖင့္အျခားေဒသမ်ားသို႔ ကူးလူးမသြားလာႏိုင္ၿပီ ေလာဟု ေမးဖြယ္ရွိသည္။ လုံးဝ မသြားႏိုင္ျခင္းမ်ိဳးေတာ့ မဟုတ္ပါ။ အထက္တြင္ေဖာ္ျပခဲ့ေသာ လမ္းမ ႀကီးကို ကြင္းသြားႏိုင္ေသာ ေရွာင္ကြင္းလမ္းမ်ားရွိသည္။ ယာယီလမ္းမ်ားျဖစ္ၿပီး ႐ြာမ်ား၊ ေတာမ်ားကို ျဖတ္သန္းသြားလာရျခင္းျဖစ္သည္။
“ဝန္ထမ္းတို႔၊ တပ္နဲ႔အဆက္အသြယ္ရွိတဲ့လူေတြကေတာ့ အဲဒီေရွာင္ကြင္းလမ္းကို လုံးဝ သြား မရဘူး။ ပါတီကလူေတြဆိုလည္း သြားမရဘူး။ ပါတီဆိုတာ ဘယ္ပါတီမဆို လက္မခံဘူး။ NLD က လြဲ လို႔ေပါ့”ဟု ၎ကဆိုသည္။ ယင္းလမ္းမ်ားတြင္ PDF မ်ားက ဂိတ္မ်ားဖြင့္ထားသည္။ ယင္းဂိတ္မ်ားက စစ္ေဆးသည္။ ယင္းလမ္းသာမက အျခားလမ္းမ်ားတြင္လည္း PDF တို႔က ဂိတ္ေပါင္းမ်ားစြာ ဖြင့္လွစ္ ထားေသးသည္။ ယင္းဂိတ္မ်ားတြင္ စစ္ေဆးသည္ဆိုျခင္းမွာလည္း ဟန္ျပသာျဖစ္ၿပီး ယင္းဂိတ္မ်ားရွိ ရျခင္း၏အေၾကာင္းျပခ်က္မွာ တစ္ခုတည္းသာျဖစ္ၿပီး ေငြ ေတာင္းခံရန္အတြက္သာ ရည္႐ြယ္ထားျခင္း ျဖစ္သည္။
“သူတို႔ ေတာင္းတာက ပုံမွန္အေနအထားေတာ့ မဟုတ္ဘူး။ လူကိုၾကည့္ၿပီးေတာင္းတဲ့သေဘာ ေတာ့ရွိတယ္။ အျမင့္ဆုံးက တစ္ေသာင္း။ အနိမ့္ဆုံးက ငါးေထာင္၊ သုံးေထာင္ေပးရတာ။ ခရီးသည္ တင္ ကားဆိုလည္း ကားတစ္စီးလုံးမဟုတ္ဘူးေနာ္။ ခရီးသည္ တစ္ေယာက္ခ်င္းစီေပးရတာ” ဟု အျခား ယင္းမာပင္ ေဒသခံတစ္ဦးက ဆိုသည္။ ေငြေပးပင္ ေပးေသာ္လည္း အခ်ိန္မေ႐ြး အသုံးျပဳႏိုင္ျခင္းလည္း မဟုတ္ပါ။ ပုလဲ-မုံ႐ြာ ေရွာင္ကြင္းလမ္းမ်ားကို ယာယီ ပိတ္ထားေသာအခ်ိန္မ်ားလည္းရွိသည္။ ထိုအခါ တြင္ေတာ့ ေနာက္ေၾကာင္း ျပန္လွည့္ၿပီး လမ္းဖြင့္မည့္သတင္းကို နားစြင့္ၾကရ႐ုံသာ။ “ႏိုင္ငံေတာ္က ပိတ္ တာေတာ့ မရွိပါဘူး။ သူတို႔ PDF ေတြ ဘက္က ပိတ္တာ”ဟု ၎ကဆိုသည္။
ထို႔ျပင္ ေရွာင္ကြင္းလမ္းမ်ားျဖစ္သည့္ အတြက္ ယခင္လမ္းမႀကီးကိုသုံးသကဲ့သို႔ အခ်ိန္တိုအတြင္း လိုရာခရီးကို ေရာက္ျခင္းမ်ိဳးမဟုတ္ေတာ့ပါ။ အနည္းဆုံး သုံးနာရီအထက္ၾကာျမင့္သည္။ ျမန္မာ စကား တြင္ ေျမေၾကာက်ဳံ႕သည္ဆိုေသာ စကား ရွိေသာ္လည္း ပုလဲ - မုံ႐ြာလမ္းကိုမူ ေျမေၾကာက်ယ္သြားသည္ ဟု တင္စားရမည့္ သေဘာရွိသည္။ ယင္းေဒသဘက္မွ ျပည္သူမ်ားအေနျဖင့္ သြားလိုေသာ ေနရာကို ေငြ ေပးၿပီး ႐ုတ္တရက္ထထြက္သြားရန္ လည္း မလြယ္ပါ။ ၎တို႔ ဖြဲ႕ထားေသာ ေက်းလက္အဆင့္ ပကဖ၊ ပလဖ မ်ားထံမွ သြားလာခြင့္လက္မွတ္ လိုသည္။ ခြင့္ျပဳခ်က္ပါမွသာ ကူးသန္းသြားလာႏိုင္သည္။
လက္နက္ကိုင္မ်ားက ခ်မွတ္ထားေသာ စည္းကမ္းမ်ားအတိုင္း ေနထိုင္သြားလာလွ်င္လည္း အလုံးစုံေဘးကင္းလုံၿခဳံၿပီဟု မဆိုႏိုင္ေသးပါ။ လမ္းပိုင္းတြင္ အႏၲရာယ္မ်ားရွိသည္။ ယင္းေဒသတြင္ ေနထိုင္သူမ်ားသည္ ဓားမဦးခ် လယ္ယာလုပ္ငန္း၊ ေတာင္သူ လုပ္ငန္းလုပ္ရာမွ အခ်ိန္တိုအတြင္း ဒလန္ ဟူေသာ ေခါင္းစဥ္ေအာက္ေရာက္သြားႏိုင္သည္။ မွားသတ္မိလွ်င္လည္း ဒလန္ဟု ေခါင္းစဥ္တပ္လိုက္ ႐ုံျဖင့္ အမႈက ေက်ေပ်ာက္သြားသည္သာ။
“အသတ္ခံရတယ္ဆိုတဲ့ ျဖစ္စဥ္ေတြကေတာ့ ခဏခဏ ရွိေနတာပဲေလ။ ထားပါေတာ့တပ္နဲ႔ ဆက္သြယ္တယ္ဆိုတဲ့ဟာမ်ိဳးေပါ့။ ဒါလည္း သတ္တယ္။ သူတို႔စကားကို နားမေထာင္ဘူးဆိုရင္လည္း သတ္တာပဲ” ဟု ယင္းေဒသမွအေျခအေနကို ရွင္းျပသည္။
ယင္းေၾကာင့္ ငါႏွင့္မတူ ငါ့ရန္သူဆိုေသာ အယူအဆသည္လည္း ယင္းေဒသတြင္ ႀကီးႀကီး မား မား အျမစ္တြယ္ေနသည္။ အျခားမၾကည့္ပါႏွင့္။ ပုလဲၿမိဳ႕နယ္တြင္ ျပည္သူ႔စစ္ ႐ြာ(၂)႐ြာမွာ ယခုထက္ တိုင္ မိမိရပ္႐ြာကို ကာကြယ္ရင္းရွိေန၏။ လက္နက္ကိုင္မ်ားဘက္သို႔မပါဘဲ မိမိရပ္႐ြာတည္ၿငိမ္ေရးအ တြက္ ေဆာင္႐ြက္လိုၾကသူမ်ားျဖစ္သည္။ သို႔ေသာ္ ႐ြာထဲတြင္သာေနရၿပီး ျပင္ပသို႔ထြက္ခြာလွ်င္ အသတ္ ခံရႏိုင္ေသာအေျခအေနကို ရင္ဆိုင္ေနရသည္။ ယင္းအျပင္ လယ္ယာလုပ္ငန္းလည္း မလုပ္ႏိုင္ေတာ့။
“ျပည္သူ႔စစ္႐ြာေတြေတာင္ ေအာက္လမ္းကေန ရိကၡာမပို႔ႏိုင္တာ ၾကာသြားၿပီ။ ေလေၾကာင္းက ခ်ေပးတာေလးေလာက္နဲ႔ပဲ သုံးေနရတာ။ ပုလဲမွာဆိုရင္ အင္မထီးရယ္ ေနာက္တစ္႐ြာရယ္ ျပည္သူ႔စစ္ ႐ြာရွိတယ္။ အင္မထီးဆို လူဦးေရကလည္း (၉၀ဝ) ေလာက္ ရွိတယ္။ အခုဆို ရိကၡာကျပတ္ေနတယ္။ (၁၂) နဲ႔ တစ္ခါခ်ၿပီးရင္ တစ္လေလာက္ေနတာဆို ေတာ့ လူဦးေရကမမွ်ေတာ့ မေလာက္ငွဘူး ျဖစ္ေန တာ” ဟု ယင္းက ဆိုသည္။ ႐ြာႀကီးမ်ားတြင္ PDF တို႔က ေျခကုပ္ရယူထားသည့္အတြက္ ယင္း ျပည္သူ႔ စစ္႐ြာမ်ားသည္လည္း ထြက္ခြာရန္ပိတ္မိေနသည္။ ယင္းျပင္ ပုလဲတြင္ အခက္အခဲမ်ားက ေပါင္းစုံေန သည္။ နာမည္က ပုလဲျဖစ္ေသာ္လည္း ျဖဴလႊလႊမ ဟုတ္ပါ။ ေသြးစြန္းေသာ အေျခအေနကို ဆိုက္ေရာက္ ေနျခင္းျဖစ္သည္။
ေမာ္စီတုံးက အာဏာသည္ ေသနတ္ေျပာင္းဝက လာသည္ဟုေျပာဖူး၏။ ေမာ္စီတုံးဆိုလို သည္မွာ ကြန္ျမဴနစ္ဝါဒ အလိုအားျဖင့္ပါတီက လက္နက္ကိုင္အင္အားကို ထိန္းခ်ဳပ္ရန္ရည္႐ြယ္ေျပာ ၾကားျခင္းျဖစ္ေသာ္လည္း ယင္းမာပင္ခ႐ိုင္တြင္မူ အမွန္တကယ္ပင္ အာဏာသည္ ေသနတ္ေျပာင္းဝက လာေနသည္။ ေသနတ္ကိုင္ထားသူ PDF မ်ားကို ေၾကာက္ေနရသည္။ အြန္လိုင္းထက္တြင္ ဥပေဒ အတိုင္း ေဆာင္႐ြက္သည္ဟု ၎တို႔က ေျပာေနေစ ကာမူေျမျပင္တြင္မူ က်ည္ဆန္သည္သာ ဥပေဒျဖစ္ေနသည္။
ေတာင္းသမွ်ကို ေပးရသည္။ ျပည္သူမ်ားအေနျဖင့္ မျငင္းဆန္ဝံ့ပါ။ အာဏာဖီဆန္ ေသဒဏ္ျဖစ္ ေလရာ ေတာင္းသမွ်ကိုေပးၿပီး အသက္ရွင္ရန္ ႀကိဳးစားေနၾကရသည္။ သူပုန္လက္ေအာက္တြင္ ေနရသူ မ်ားအတြက္ က်င့္ဝတ္ႏွင့္ ဥပေဒတို႔သည္ A4 စာ႐ြက္ေပၚမွ စာလုံးမ်ားသာျဖစ္ေလရာ အလိုကို လိုက္ ေလ်ာေပး႐ုံမွတစ္ပါး အျခားမရွိပါ။
“သူတို႔ကို စပါးတစ္ရာသီ ဘယ္ေလာက္ လႉရမယ္ဆိုတာ အဲဒါေတြကရွိေသးတာ။ လစဥ္ ေၾကး လိုကို ေပးေနရတယ္။ ေက်ာမြဲလူတန္းစားဆို ရင္ တစ္လကို ဆန္သုံးျပည္ဆို သုံးျပည္၊ ေငြက တစ္ ေသာင္းဆို တစ္ေသာင္း အလႉခံတာရွိေသးတာ။ ပုလဲ ဆိုရင္ ေတာင္ေပၚအရပ္တို႔ ေအာက္အရပ္တို႔ ရွိတယ္ေလ။ ခင္ဗ်ားတို႔ဘက္အေခၚဆို ကူလီေပါ့။ ကူလီ လိုက္တဲ့သူေတြလည္းေပးရတာ” ဟု ၎က ဆို သည္။
“မေပးရင္ေတာ့ အ႐ိုက္ခံရႏိုင္သည္၊ အသတ္ခံရႏိုင္သည္။ ျဖစ္သြားႏိုင္ေသာ အေျခအေနကို မွန္းမရပါ။ စာဖတ္သူ၏စိတ္အတြင္း အဆိုးဆုံးဆိုေသာအရာမ်ားကို နံပါတ္စဥ္အတိုင္း တန္းစီ ေတြး ၾကည့္ပါ။ ယင္းနံပါတ္စဥ္မ်ားထဲမွ တစ္ခုမဟုတ္တစ္ခု ျဖစ္သြားႏိုင္သည္။ “ျပန္မေျပာႏိုင္တဲ့ အေန အထား ျဖစ္ေနတာ။ မွားမွား၊ မွန္မွန္ပဲ”ဟု ၎က ဆိုသည္။ အညာေဒသတြင္ လက္နက္မ်ား ေဖာျခင္း ေသာျခင္း ဝင္ေနေလရာ ယင္း၏ အက်ိဳးဆက္အျဖစ္ အခ်ိဳ႕က PDF ဟုဆိုကာ လက္နက္ကိုင္ အစုအဖြဲ႕ ငယ္မ်ားကို ဖြဲ႕ၿပီး ဓားျပဆန္ဆန္ က်ဴးလြန္ျခင္းမ်ားလည္း ရွိလာသည္။ ထို႔ေၾကာင့္ ေနာက္ဆက္တြဲအျဖစ္ ျပန္ေပးဆြဲျခင္း၊ ဓားျပတိုက္ျခင္းမ်ားလည္း ျဖစ္လာသည္။ စစ္ ဆိုေသာသေႏၶသားကို ေမြးၿပီးေနာက္ အဆိုပါ သေႏၶသားႏွင့္ အတူပါလာေသာ အက်ိအခြၽဲမ်ားပင္ ျဖစ္သည္။
မုံ႐ြာ - ပုလဲ လမ္းပိုင္းတြင္ ယင္းအစုအဖြဲ႕မ်ား၏ေဘးကလည္း ေဒသခံမ်ားကို ေျခာက္လွန႔္ ေန သည္။ အမဂၤလာတို႔သည္ယင္းေဒသတြင္ေနထိုင္ သူမ်ားအေပၚ အခ်ိန္မေ႐ြး ေရာက္လာႏိုင္၏။ “လမ္း ခရီးမွာ တစ္ေယာက္တည္းသြားတယ္၊ အမ်ိဳးသမီး တစ္ေယာက္တည္းသြားတယ္။ တစ္႐ြာနဲ႔တစ္႐ြာ ကူးတယ္ဆို ဓားျပတိုက္တာေတြကလည္း ရွိေနတယ္” ဟု ျဖစ္စဥ္ကိုသိရွိသူ အျခားယင္းမာပင္ ေဒသခံ တစ္ဦးက ဆိုသည္။ မုံ႐ြာ-ပုလဲ လမ္းပိုင္း သည္ လမ္းလည္းအဆင္မေျပပါ။ ထို႔ျပင္ ေဒသတြင္း ေနထိုင္သူ မ်ားမွာလည္း စိုးရိမ္ပူပန္မႈအျပည့္ျဖင့္ ရွင္သန္ေနထိုင္ၾကရသည္။ ယင္းေဒသတြင္ ေနထိုင္ခဲ့သူမ်ား၏ အၿပဳံးတို႔မွာ ယခုေတာ့မဲ့ၿပဳံးအျဖစ္သို႔ ကူးေျပာင္းခဲ့ၿပီ ျဖစ္သည္။
စစ္ႏွင့္ အတူ ယင္း၏ အဆြယ္အပြားမ်ားက မုံ႐ြာ-ပုလဲ လမ္းပိုင္းတြင္ မင္းမူေနခဲ့ေပၿပီ။ ယင္းအ ရာတို႔က ေဒသခံတို႔ကို အစြယ္အေဖြးသားျဖင့္ ေျခာက္လွန႔္ေနခဲ့ၾကၿပီ ျဖစ္ပါသည္။ ယခင္က အသုံးျပဳခဲ့ ေသာ ကတၱရာလမ္းလည္း အသြားအလာနည္းကာ ေျခာက္ေသြ႕ေနသကဲ့သို႔ ျပည္သူတို႔၏ရင္တြင္း မွာ လည္း အပူတို႔ျဖင့္အေပ်ာ္စိတ္ႏွလုံးတို႔မွာ ေျခာက္ကပ္ေနၿပီျဖစ္ပါသည္။ ျပည္သူတို႔၏ နာက်င္မႈႏွင့္ မ်က္ရည္တို႔ကို စစ္တေစၦက ခပ္ၿပဳံးၿပဳံးသာ ၾကည့္ေနေပလိမ့္မည္။ ပုလဲသည္ လုံၿခဳံေသာ ကမာေကာင္အတြင္းမွထြက္ကာ နာက်င္မႈေသာင္ျပင္အတြင္း နစ္ဝင္သြားခဲ့ ေလၿပီ။