ဂေါက်သီးအားကစားအကျော်အမော် တိုက်ဂါးဝုဒ် နဲ့ မစ္စဗန်နဆာထရန့် တွဲနေကြောင်း တရားဝင်ကြေညာ
                        
                            
                             
 4479
 
                             
                            
                            
                         
                        
                        ရောင်နီ (NP News) - မတ် ၂၆
           အမေရိကန် မျိုးဆက်တစ်ခုရဲ့ အကြီးကျယ်ဆုံး ဂေါက်အားကစားသမား တိုက်ဂါးဝုဒ် ဟာ သမ္မတ ဒေါ်နယ်ထရန့်ရဲ့သားအကြီးဆုံး ဒေါ်နယ်ထရန့်ဂျားရဲ့ဇနီးဟောင်း မစ္စဗန်နဆာထရန့်နဲ့ တွဲခုတ်နေကြောင်း မတ်လ ၂၃ ရက်က အတည်ပြုခဲ့ပါတယ်။ 
         ဆိုရှယ်မီဒီယာ X မှာ ပိုစ့်တစ်ခုနဲ့အတူ ဝုဒ်က သူတို့ရဲ့ဆက်ဆံရေးကို ကြေညာခဲ့တာဖြစ်ပြီး ပိုစ့်မှာ သူတို့ နှစ်ဦး ဘေးချင်းကပ်ရပ်နေတဲ့ ဓာတ်ပုံတစ်ပုံနဲ့အတူတူ လဲလျောင်းနေတဲ့ ဓာတ်ပုံကို ပြသထားပါတယ်။ "အချစ်က လေထဲမှာရှိနေပြီး ဘဝက မင်းအနားမှာ ရှိနေတာ ပိုကောင်းပါတယ်၊ ငါတို့အတူတူ ဆက်သွားမယ့် ဘဝခရီးလမ်းကို စောင့်မျှော်နေပါတယ်"လို့ ဝုဒ် (၄၉ နှစ်)က ရေးသားထားတာ ဖြစ်ပါတယ်။ အသက် ၄၇ နှစ်အရွယ် မစ္စထရန့်ဟာ ဒေါ်နယ်ဝရန့်ဂျားနဲ့ ၂၀၀၅ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး သားသမီး (၅)ဦး ရပြီးနောက် ၂၀၁၈ ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။
       ဝုဒ်ကတော့ ယခင်က လက်ထပ်ခဲ့ဖူးပေမယ့် အားကစားလောကကို တုန်လှုပ်စေခဲ့တဲ့ ဖောက်ပြန်မှုအရှုပ်တော်ပုံမှာ ပါဝင်ပတ်သက်ခဲ့ပြီး တစ်နှစ်မပြည့်မီ ၂၀၁၀ ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။
                     
                        
                                
                                
                                        zawgyi version
ေဂါက္သီးအားကစားအေက်ာ္အေမာ္ တိုက္ဂါးဝုဒ္ နဲ႔ မစၥဗန္နဆာထရန႔္ တြဲေနေၾကာင္း တရားဝင္ေၾကညာ
ေရာင္နီ(NP News) - မတ္ ၂၆
           အေမရိကန္ မ်ိဳးဆက္တစ္ခုရဲ႕ အႀကီးက်ယ္ဆုံး ေဂါက္အားကစားသမား တိုက္ဂါးဝုဒ္ ဟာ သမၼတ ေဒၚနယ္ထရန႔္ရဲ႕သားအႀကီးဆုံး ေဒၚနယ္ထရန႔္ဂ်ားရဲ႕ဇနီးေဟာင္း မစၥဗန္နဆာထရန႔္နဲ႔ တြဲခုတ္ေနေၾကာင္း မတ္လ ၂၃ ရက္က အတည္ျပဳခဲ့ပါတယ္။ 
         ဆိုရွယ္မီဒီယာ X မွာ ပိုစ့္တစ္ခုနဲ႔အတူ ဝုဒ္က သူတို႔ရဲ႕ဆက္ဆံေရးကို ေၾကညာခဲ့တာျဖစ္ၿပီး ပိုစ့္မွာ သူတို႔ ႏွစ္ဦး ေဘးခ်င္းကပ္ရပ္ေနတဲ့ ဓာတ္ပုံတစ္ပုံနဲ႔အတူတူ လဲေလ်ာင္းေနတဲ့ ဓာတ္ပုံကို ျပသထားပါတယ္။ "အခ်စ္က ေလထဲမွာရွိေနၿပီး ဘဝက မင္းအနားမွာ ရွိေနတာ ပိုေကာင္းပါတယ္၊ ငါတို႔အတူတူ ဆက္သြားမယ့္ ဘဝခရီးလမ္းကို ေစာင့္ေမွ်ာ္ေနပါတယ္"လို႔ ဝုဒ္ (၄၉ ႏွစ္)က ေရးသားထားတာ ျဖစ္ပါတယ္။ အသက္ ၄၇ ႏွစ္အ႐ြယ္ မစၥထရန႔္ဟာ ေဒၚနယ္ဝရန႔္ဂ်ားနဲ႔ ၂၀၀၅ ခုႏွစ္မွာ လက္ထပ္ခဲ့ၿပီး သားသမီး (၅)ဦး ရၿပီးေနာက္ ၂၀၁၈ ခုႏွစ္မွာ ကြာရွင္းခဲ့ပါတယ္။
       ဝုဒ္ကေတာ့ ယခင္က လက္ထပ္ခဲ့ဖူးေပမယ့္ အားကစားေလာကကို တုန္လႈပ္ေစခဲ့တဲ့ ေဖာက္ျပန္မႈအရႈပ္ေတာ္ပုံမွာ ပါဝင္ပတ္သက္ခဲ့ၿပီး တစ္ႏွစ္မျပည့္မီ ၂၀၁၀ ခုႏွစ္မွာ ကြာရွင္းခဲ့ပါတယ္။