CCTVများတွင် AI စနစ်ကို  ထည့်သွင်းကာ မှုခင်းများဖော်ထုတ်ရန်ဆောင်ရွက်နေ
                        
                            
                             
 3171
 
                             
                            
                            
                         
                        
 
                        Pearl (NP News) - မတ် ၂၆
CCTVများတွင် AI စနစ်ကို  ထည့်သွင်းကာ၍ မှုခင်းများဖော်ထုတ်ရန်ဆောင်ရွက်နေကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၊ NSPNC ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ကပြောသည်။ 
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က ယနေ့ (မတ်လ၂၆ ရက်)တွင်  နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန (NSPNC)၌ ကျင်းပသည့်  ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲ တတိယနေ့၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ 
“မှုခင်းဖော်ထုတ်ရေးအပိုင်းမှာ  ကျွန်တော်တို့မှုခင်းဖော်ထုတ်တယ် ဓါးပြတိုက်တာတို့၊ လူသတ်မှုဖြစ်တာတို့ ဖော်ထုတ်တဲ့နေရာမှာ သူ့ရဲ့ သဲလွန်စတွေ မခိုင်မာရင် ဆက်ပြီးဖော်ထုတ်ရတာခတ်လာတယ်။ အဓိကအားဖြင့် CCTV တွေ အားကိုးရတာပေါ့။ ဒါကြောင့်မို့ ကျွန်တော်တို့က CCTVတွေမှာလည်း AI ထည့်ပြီးတော့မှ တစ်နိုင်ငံလုံးမှာရှိတဲ့လူတွေရဲ့ Facial Information  ပေါ့ ထည့်ပြီးတော့မှ ဘယ်ဟာကတော့ လူဆိုး၊ ဘယ်ဟာကတော့ လူကောင်းစသည်ဖြင့် ဂိတ်တွေမှာရော ၊ တစ်နိုင်ငံလုံးမှာ ရှိတဲ့ CCTV နဲ့ ချိတ်ဆက်ပြီးမှ စီမံဆောင်ရွက်ဖို့ရှိပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ကပြောသည်။ 
ထို့ပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုလည်း နည်းပညာအထောက် အကူပြုရဲတပ်ဖွဲ့၊ ပြည်သူလူထုအခြေပြုရဲတပ်ဖွဲ့အဖြစ် ပြုပြင် ပြောင်းလဲနေကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားသည်။
                     
                        
                                                                    
 
                                
                                
                                        Zawgyi Version:
CCTVမ်ားတြင္ AI စနစ္ကို  ထည့္သြင္းကာ မႈခင္းမ်ားေဖာ္ထုတ္ရန္ေဆာင္႐ြက္ေန
Pearl (NP News) - မတ္ ၂၆
CCTVမ်ားတြင္ AI စနစ္ကို  ထည့္သြင္းကာ၍ မႈခင္းမ်ားေဖာ္ထုတ္ရန္ေဆာင္႐ြက္ေနေၾကာင္း ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ ၊ NSPNC ဥကၠ႒၊ နယ္စပ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္ ကေျပာသည္။ 
ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္ က ယေန႔ (မတ္လ၂၆ ရက္)တြင္  ေနျပည္ေတာ္ရွိ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈဗဟိုဌာန (NSPNC)၌ က်င္းပသည့္  ၿငိမ္းခ်မ္းေရးစကားဝိုင္းေဆြးေႏြးပြဲ တတိယေန႔၌ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။ 
“မႈခင္းေဖာ္ထုတ္ေရးအပိုင္းမွာ  ကြၽန္ေတာ္တို႔မႈခင္းေဖာ္ထုတ္တယ္ ဓါးျပတိုက္တာတို႔၊ လူသတ္မႈျဖစ္တာတို႔ ေဖာ္ထုတ္တဲ့ေနရာမွာ သူ႔ရဲ႕ သဲလြန္စေတြ မခိုင္မာရင္ ဆက္ၿပီးေဖာ္ထုတ္ရတာခတ္လာတယ္။ အဓိကအားျဖင့္ CCTV ေတြ အားကိုးရတာေပါ့။ ဒါေၾကာင့္မို႔ ကြၽန္ေတာ္တို႔က CCTVေတြမွာလည္း AI ထည့္ၿပီးေတာ့မွ တစ္ႏိုင္ငံလုံးမွာရွိတဲ့လူေတြရဲ႕ Facial Information  ေပါ့ ထည့္ၿပီးေတာ့မွ ဘယ္ဟာကေတာ့ လူဆိုး၊ ဘယ္ဟာကေတာ့ လူေကာင္းစသည္ျဖင့္ ဂိတ္ေတြမွာေရာ ၊ တစ္ႏိုင္ငံလုံးမွာ ရွိတဲ့ CCTV နဲ႔ ခ်ိတ္ဆက္ၿပီးမွ စီမံေဆာင္႐ြက္ဖို႔ရွိပါတယ္” ဟု ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္ ကေျပာသည္။ 
ထို႔ျပင္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကိုလည္း နည္းပညာအေထာက္ အကူျပဳရဲတပ္ဖြဲ႕၊ ျပည္သူလူထုအေျချပဳရဲတပ္ဖြဲ႕အျဖစ္ ျပဳျပင္ ေျပာင္းလဲေနေၾကာင္းလည္း ၎က ထည့္သြင္းေျပာၾကားသည္။