ရန်ကုန်တွင် သင်္ကြန်အကြို ပြည်တွင်းဆီစက်များ ဈေးရောင်းပွဲတော်ပြုလုပ်မည်

 5807

ပြည့်ဖြိုး (NP News ) မတ်-၂၆
မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းမှ ကြီးမှူး၍ လမ်းမတော်နှင့် ရန်ကင်းမြို့နယ်တို့တွင် ဆီပိဿာချိန် အကန့်အသတ်မရှိဝယ်ယူနိုင်သော သင်္ကြန်အကြို ပြည်တွင်းဆီစက်များဈေးရောင်းပွဲတော်ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းမှ သိရသည်။
အဆိုပါဈေးရောင်းပွဲတော်ကို လာမည့် ဧပြီ ၂ရက်နေ့မှ ၅ရက်နေ့အထိကျင်းပပြုလုပ် သွားမှာဖြစ်ပြီး ရန်ကုန်မြို့၊လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) နှင့် ရန်ကင်းမြို့နယ်ရှိ ရန်ရှင်းလမ်းမပေါ် တို့တွင် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီများကို ရောင်းချပေးမှာဖြစ်ကြောင်းသိရသည်။
“ဈေးရောင်းပွဲတော်မှာ မြေပဲဆီ၊ နှမ်းဆီနဲ့ နေကြာဆီတွေကို တစ်ပိဿာငွေကျပ် ၁၇,၀၀၀ နှုန်းနဲ့ ရောင်းချပေးမှာဖြစ်ပါတယ်။ ဆီပိဿာချိန်အကန့်အသတ်မရှိဝယ်ယူနိုင်မှာဖြစ်ပါတယ်” လို့ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဈေးရောင်းပွဲတော်ကျင်းပရခြင်းမှာ ပြည်ပမှ တင်သွင်းသည့် စားသုံးဆီများနှင့် ပြည်တွင်းထုတ် မြေပဲဆီဈေးနှုန်းများသည် ဈေးနှုန်းကွာဟချက်နည်းပါးသွားခြင်းကြောင့် ကျန်းမာရေးနှင့်ညီညွတ်သည့် ပြည်တွင်းထုတ် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီများကို ပိုမိုစားသုံးစေရန် ရည်ရွယ်ချက်များဖြင့် ဈေးရောင်းပွဲတော်ပြုလုပ်‌၍ ရောင်းချပေးခြင်းဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းအနေဖြင့် ၂၀၂၄ ခုနှစ် ဩဂုတ်လမှ စတင်ကာ ပြည်တွင်းဆီစက်များဈေးရောင်းပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင်လည်း ရန်ကုန်တိုင်းဒေသကြီးမှ ဆီစက် ၂ စက်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဆီစက် ၁ စက်၊ မန္တလေးတိုင်းဒေသကြီးမှ ဆီစက် ၄ စက်၊ မကွေးတိုင်းဒေသကြီးမှ ဆီစက် ၄ စက်၊ စုစုပေါင်း ဆီစက် ၁၁ စက်မှ စားသုံးဆီပိဿာချိန် ၄၀,၀၀၀ ကျော်ကို ရောင်းချပေးခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံတစ်ဝှမ်းမှတ်ပုံတင်ထားသည့် ဆီစက်များနှင့် မှတ်ပုံမတင်ထားသည့် ကျေးလက်ဒေသမှ ဆီစက်များအပါအဝင် ဆီစက် ကြီး ၊ငယ်၊ လတ် စုစုပေါင်း ၅,၀၀၀ ကျော်ခန့် ရှိပြီး အဆိုပါ ဆီစက်များ၏ ၈၀ ရာခိုင်နှုန်းခန့်သည် လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ရန္ကုန္တြင္ သၾကၤန္အႀကိဳ ျပည္တြင္းဆီစက္မ်ား ေဈးေရာင္းပြဲေတာ္ျပဳလုပ္မည္
ျပည့္ၿဖိဳး (NP News ) မတ္-၂၆
ျမန္မာႏိုင္ငံဆီစက္ပိုင္ရွင္မ်ားအသင္းမွ ႀကီးမႉး၍ လမ္းမေတာ္ႏွင့္ ရန္ကင္းၿမိဳ႕နယ္တို႔တြင္ ဆီပိႆာခ်ိန္ အကန႔္အသတ္မရွိဝယ္ယူႏိုင္ေသာ သၾကၤန္အႀကိဳ ျပည္တြင္းဆီစက္မ်ားေဈးေရာင္းပြဲေတာ္ကို က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆီစက္ပိုင္ရွင္မ်ားအသင္းမွ သိရသည္။
အဆိုပါေဈးေရာင္းပြဲေတာ္ကို လာမည့္ ဧၿပီ ၂ရက္ေန႔မွ ၅ရက္ေန႔အထိက်င္းပျပဳလုပ္ သြားမွာျဖစ္ၿပီး ရန္ကုန္ၿမိဳ႕၊လမ္းမေတာ္ၿမိဳ႕နယ္ရွိ ျမန္မာႏိုင္ငံကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္(UMFCCI) ႏွင့္ ရန္ကင္းၿမိဳ႕နယ္ရွိ ရန္ရွင္းလမ္းမေပၚ တို႔တြင္ ေျမပဲဆီ၊ ႏွမ္းဆီ၊ ေနၾကာဆီမ်ားကို ေရာင္းခ်ေပးမွာျဖစ္ေၾကာင္းသိရသည္။
“ေဈးေရာင္းပြဲေတာ္မွာ ေျမပဲဆီ၊ ႏွမ္းဆီနဲ႔ ေနၾကာဆီေတြကို တစ္ပိႆာေငြက်ပ္ ၁၇,၀၀၀ ႏႈန္းနဲ႔ ေရာင္းခ်ေပးမွာျဖစ္ပါတယ္။ ဆီပိႆာခ်ိန္အကန႔္အသတ္မရွိဝယ္ယူႏိုင္မွာျဖစ္ပါတယ္” လို႔ ျမန္မာႏိုင္ငံဆီစက္ပိုင္ရွင္မ်ားအသင္း မွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္။
ေဈးေရာင္းပြဲေတာ္က်င္းပရျခင္းမွာ ျပည္ပမွ တင္သြင္းသည့္ စားသုံးဆီမ်ားႏွင့္ ျပည္တြင္းထုတ္ ေျမပဲဆီေဈးႏႈန္းမ်ားသည္ ေဈးႏႈန္းကြာဟခ်က္နည္းပါးသြားျခင္းေၾကာင့္ က်န္းမာေရးႏွင့္ညီၫြတ္သည့္ ျပည္တြင္းထုတ္ ေျမပဲဆီ၊ ႏွမ္းဆီ၊ ေနၾကာဆီမ်ားကို ပိုမိုစားသုံးေစရန္ ရည္႐ြယ္ခ်က္မ်ားျဖင့္ ေဈးေရာင္းပြဲေတာ္ျပဳလုပ္‌၍ ေရာင္းခ်ေပးျခင္းျဖစ္ေၾကာင္းသိရသည္။
ျမန္မာႏိုင္ငံဆီစက္ပိုင္ရွင္မ်ားအသင္းအေနျဖင့္ ၂၀၂၄ ခုႏွစ္ ဩဂုတ္လမွ စတင္ကာ ျပည္တြင္းဆီစက္မ်ားေဈးေရာင္းပြဲေတာ္ကို ရန္ကုန္တိုင္းေဒသႀကီးႏွင့္ မႏၲေလးတိုင္းေဒသႀကီးတို႔တြင္ က်င္းပေပးခဲ့ျခင္းျဖစ္ေၾကာင္း၊ ယခု ၂၀၂၅ ခုႏွစ္ ဇန္နဝါရီလတြင္လည္း ရန္ကုန္တိုင္းေဒသႀကီးမွ ဆီစက္ ၂ စက္၊ စစ္ကိုင္းတိုင္းေဒသႀကီးမွ ဆီစက္ ၁ စက္၊ မႏၲေလးတိုင္းေဒသႀကီးမွ ဆီစက္ ၄ စက္၊ မေကြးတိုင္းေဒသႀကီးမွ ဆီစက္ ၄ စက္၊ စုစုေပါင္း ဆီစက္ ၁၁ စက္မွ စားသုံးဆီပိႆာခ်ိန္ ၄၀,၀၀၀ ေက်ာ္ကို ေရာင္းခ်ေပးခဲ့ေၾကာင္း သိရသည္။
လက္ရွိအခ်ိန္တြင္ ျမန္မာႏိုင္ငံတစ္ဝွမ္းမွတ္ပုံတင္ထားသည့္ ဆီစက္မ်ားႏွင့္ မွတ္ပုံမတင္ထားသည့္ ေက်းလက္ေဒသမွ ဆီစက္မ်ားအပါအဝင္ ဆီစက္ ႀကီး ၊ငယ္၊ လတ္ စုစုေပါင္း ၅,၀၀၀ ေက်ာ္ခန႔္ ရွိၿပီး အဆိုပါ ဆီစက္မ်ား၏ ၈၀ ရာခိုင္ႏႈန္းခန႔္သည္ လုပ္ငန္းလည္ပတ္လ်က္ရွိေၾကာင္း သိရသည္။

Picture

carole lay

27/03/2025 14:17

good

Related news

© 2021. All rights reserved.