ဒဂုံမြို့သစ် (မြောက်ပိုင်း) က ပင်လုံခန်းမ အနီးတွင် တွင် ပေါက်ကွဲမှု ဖြစ်

9628
သုတကျော် (NP News) - မတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်က ပြည်ပသွားမည့် အလုပ်သမားများ အတွက် သင်တန်းပို့ချရာ ပင်လုံ ခန်းမ အနီးတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း NP News က မေးမြန်းထားသော အချက်အလက်များအရ သိရသည်။
ယင်းဖြစ်စဉ်မှာ မတ်လ ၂၆ ရက် နံနက်ပိုင်း ၅ နာရီခွဲ အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ ထိခိုက်သူ မရှိကြောင်း လည်း ကနဦး သိရကာ ပင်လုံ ခန်းမသည် OWIC ကဒ် ထုတ်ပေးရာ နေရာ လည်း ဖြစ်သည်။
“ကျွန်တော့် တပည့်ကို လှမ်းမေးကြည့်တော့ ကိုရီးယား သင်တန်းကျောင်းနားက အုတ်တံတိုင်း ထိတယ် လို့လည်း ကြားတယ်။ ပေါက်တာကတော့ သေချာတယ်” ဟု ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
ပေါက်ကွဲသံကို အနီးအနားတွင် နေထိုင်သူများလည်း ကြားခဲ့ရကြောင်း မေးမြန်းထားသော အချက်အလက်များအရ သိရသည်။
Zawgyi Version:
ဒဂုံၿမိဳ႕သစ္ (ေျမာက္ပိုင္း) က ပင္လုံခန္းမ အနီးတြင္ တြင္ ေပါက္ကြဲမႈ ျဖစ္
သုတေက်ာ္ (NP News) - မတ္ ၂၆
ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္ (ေျမာက္ပိုင္း) ၿမိဳ႕နယ္က ျပည္ပသြားမည့္ အလုပ္သမားမ်ား အတြက္ သင္တန္းပို႔ခ်ရာ ပင္လုံ ခန္းမ အနီးတြင္ ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ေၾကာင္း NP News က ေမးျမန္းထားေသာ အခ်က္အလက္မ်ားအရ သိရသည္။
ယင္းျဖစ္စဥ္မွာ မတ္လ ၂၆ ရက္ နံနက္ပိုင္း ၅ နာရီခြဲ အခ်ိန္ခန႔္က ျဖစ္ပြားခဲ့ျခင္း ျဖစ္ၿပီး ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ထိခိုက္သူ မရွိေၾကာင္း လည္း ကနဦး သိရကာ ပင္လုံ ခန္းမသည္ OWIC ကဒ္ ထုတ္ေပးရာ ေနရာ လည္း ျဖစ္သည္။
“ကြၽန္ေတာ့္ တပည့္ကို လွမ္းေမးၾကည့္ေတာ့ ကိုရီးယား သင္တန္းေက်ာင္းနားက အုတ္တံတိုင္း ထိတယ္ လို႔လည္း ၾကားတယ္။ ေပါက္တာကေတာ့ ေသခ်ာတယ္” ဟု ျပည္ပ အလုပ္အကိုင္ ဝန္ေဆာင္မႈ လုပ္ငန္းရွင္ တစ္ဦးက ေျပာသည္။
ေပါက္ကြဲသံကို အနီးအနားတြင္ ေနထိုင္သူမ်ားလည္း ၾကားခဲ့ရေၾကာင္း ေမးျမန္းထားေသာ အခ်က္အလက္မ်ားအရ သိရသည္။