ဂျပန်နာမည်ကြီး သရုပ်ဆောင်မင်းသား ကန်တိုရာမာဇက်ကီ နဲ့ မင်းသမီး ဆူဇူဟီရိုစ့်တို့စုံတွဲ လမ်းခွဲပြတ်စဲ

 598

ရောင်နီ (NP News) - မတ် ၂၇

တနင်္လာနေ့ (မတ်လ ၂၄ ရက်) က ဖော်ပြတဲ့ ဂျပန်မဂ္ဂဇင်း Josei Seven အရ Alice In Borderland ဇာတ်ကားထဲက ကြယ်ပွင့်မင်းသား ကန်တိုရာမာဇက်ကီနဲ့ မင်းသမီး ဆူဇူဟီရိုစ့်တို့စုံတွဲ လမ်းခွဲလိုက်ကြပြီလို့ သိရပါတယ်။
နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ သူတို့နှစ်ဦးဟာ ၂၀၁၆ ခုနှစ်ထွက် Manga ကိုပြန်ရိုက်ထားတဲ့ ဇာတ်ကား "Your Lie In April" မှာ အတူတွဲ သရုပ်ဆောင်ခဲ့ပြီး ရင်းနီးခဲ့တာပါ။
အဲဒီနောက် သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကို ၂၀၂၂ ခုနှစ်မှာ တရားဝင်ကြေညာခဲ့ပြီး လက်တွဲခဲ့ကြပါတယ်။ ဒါအပြင် ရာမာဇက်ကီနဲ့ ဟီရိုစ့်တို့ နှစ်ယောက် လက်သူကြွယ်မှာ ဆင်တူလက်စွပ် ကိုယ်စီ ဝတ်ဆင်ထားကြလို့လည်း မကြာခင် လက်ထပ်ကြတော့မယ်လို့ ပရိသတ်က မျှော်လင့်ထားကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကန်တိုရာမာ ဇက်ကီရဲ့အမည်မဖော်လိုသူ အသိမိတ်ဆွေတစ်ဦးရဲ့ပြောကြားချက်အရ သူတို့စုံတွဲဟာ ၂၀၂၅ ခုနှစ် အစောပိုင်းမှာ လမ်းခွဲခဲ့ကြတယ်လို့ သိရပါတယ်။

နီးစပ်သူတွေရဲ့ပြောကြားချက်အရ ဟီးရိုစ့်ဟာ အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ သူ့ဘေးနားက လူတွေနဲ့ တိုင်ပင်ရတာကို ကြိုက်တဲ့လူအမျိုးအစားဖြစ်ပြီး ရာမာဇက်ကီ ရိုက်ကူးရေးကြောင့် အဝေးကို ထွက်ခွာနေရချိန်မှာ အထီးကျန်မှုနဲ့အတူ သဘောထားကွဲလွဲမှုတွေ စတင်ဖြစ်ပေါ်လာခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် နှစ်ဦးသား သေချာဆွေးနွေးခဲ့ကြပြီးနောက် နောက်ဆုံး အသက်မွေးဝမ်းကြောင်းလုပ်ငန်းကိုသာ ကိုယ်စီအာရုံစိုက်ဖို့ ဆုံးဖြတ်ခဲ့ ကြတာဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version:
ဂ်ပန္နာမည္ႀကီး သ႐ုပ္ေဆာင္မင္းသား ကန္တိုရာမာဇက္ကီ နဲ႔ မင္းသမီး ဆူဇူဟီ႐ိုစ့္တို႔စုံတြဲ လမ္းခြဲျပတ္စဲ
ေရာင္နီ (NP News) - မတ္ ၂၇

တနလၤာေန႔ (မတ္လ ၂၄ ရက္) က ေဖာ္ျပတဲ့ ဂ်ပန္မဂၢဇင္း Josei Seven အရ Alice In Borderland ဇာတ္ကားထဲက ၾကယ္ပြင့္မင္းသား ကန္တိုရာမာဇက္ကီနဲ႔ မင္းသမီး ဆူဇူဟီ႐ိုစ့္တို႔စုံတြဲ လမ္းခြဲလိုက္ၾကၿပီလို႔ သိရပါတယ္။
နာမည္ေက်ာ္ သ႐ုပ္ေဆာင္ေတြျဖစ္တဲ့ သူတို႔ႏွစ္ဦးဟာ ၂၀၁၆ ခုႏွစ္ထြက္ Manga ကိုျပန္႐ိုက္ထားတဲ့ ဇာတ္ကား "Your Lie In April" မွာ အတူတြဲ သ႐ုပ္ေဆာင္ခဲ့ၿပီး ရင္းနီးခဲ့တာပါ။
အဲဒီေနာက္ သူတို႔ႏွစ္ဦးရဲ႕ ဆက္ဆံေရးကို ၂၀၂၂ ခုႏွစ္မွာ တရားဝင္ေၾကညာခဲ့ၿပီး လက္တြဲခဲ့ၾကပါတယ္။ ဒါအျပင္ ရာမာဇက္ကီနဲ႔ ဟီ႐ိုစ့္တို႔ ႏွစ္ေယာက္ လက္သူႂကြယ္မွာ ဆင္တူလက္စြပ္ ကိုယ္စီ ဝတ္ဆင္ထားၾကလို႔လည္း မၾကာခင္ လက္ထပ္ၾကေတာ့မယ္လို႔ ပရိသတ္က ေမွ်ာ္လင့္ထားၾကတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ကန္တိုရာမာ ဇက္ကီရဲ႕အမည္မေဖာ္လိုသူ အသိမိတ္ေဆြတစ္ဦးရဲ႕ေျပာၾကားခ်က္အရ သူတို႔စုံတြဲဟာ ၂၀၂၅ ခုႏွစ္ အေစာပိုင္းမွာ လမ္းခြဲခဲ့ၾကတယ္လို႔ သိရပါတယ္။

နီးစပ္သူေတြရဲ႕ေျပာၾကားခ်က္အရ ဟီး႐ိုစ့္ဟာ အေရးႀကီးတဲ့ အခိုက္အတန႔္ေတြမွာ သူ႔ေဘးနားက လူေတြနဲ႔ တိုင္ပင္ရတာကို ႀကိဳက္တဲ့လူအမ်ိဳးအစားျဖစ္ၿပီး ရာမာဇက္ကီ ႐ိုက္ကူးေရးေၾကာင့္ အေဝးကို ထြက္ခြာေနရခ်ိန္မွာ အထီးက်န္မႈနဲ႔အတူ သေဘာထားကြဲလြဲမႈေတြ စတင္ျဖစ္ေပၚလာခဲ့တယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ ႏွစ္ဦးသား ေသခ်ာေဆြးေႏြးခဲ့ၾကၿပီးေနာက္ ေနာက္ဆုံး အသက္ေမြးဝမ္းေၾကာင္းလုပ္ငန္းကိုသာ ကိုယ္စီအာ႐ုံစိုက္ဖို႔ ဆုံးျဖတ္ခဲ့ ၾကတာျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.