ပီကေဟာ ခံတွင်းထဲကို မိုက်ခရိုပလတ်စတစ်တွေ ထုတ်လွှတ်ပေးနိုင်တယ်လို့ သုတေသီများဆို

 3163

ရောင်နီ (NP News) - မတ် ၂၇

ပီကေဟာ လူတွေရဲ့ခံတွင်းထဲကို ရာနဲ့ချီတဲ့ မိုက်ခရို ပလတ်စတစ် သေးသေးလေးတွေကို ထုတ်လွှတ်နိုင်တယ်လို့ University of California, Los Angeles (UCLA) မှ သုတေသီတွေက မတ် ၂၅ ရက်မှာ ပြောကြားပါတယ်။
အဆုတ်၊ သွေး၊ ဦးနှောက်အတွင်း အပါအဝင် လူ့ခန္ဓာကိုယ်အနှံ့မှာ မိုက်ခရိုပလတ်စတစ်တွေ ရှာဖွေတွေ့ရှိ နေခဲ့ပြီး ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် မိုက်ခရိုပလတ်စတစ်တွေက လူ့ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ တိုက်ရိုက်ပြသတဲ့အထောက်အထားတော့ မရှိဘူးလို့ လေ့လာမှုပြုလုပ်တဲ့ အဖွဲ့က ပြောပါတယ်။
စမ်းသပ်လေ့လာမှုအသစ်အတွက် UCLA မှ PhD ကျောင်းသူ မစ္စလီဆာလိုဝီဟာ ပီကေတံဆိပ် ၁၀ ခုစီကို ဝါးစားခဲ့ပါတယ်။ အဲဒီနောက် သူ့ရဲ့တံတွေးကို ဓာတုဗေဒဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုတွေပြုလုပ်ခဲ့ပါတယ်။ အဲဒီထဲမှာ မိုက်ခရိုပလက်စတစ်အစိတ်အပိုင်း ၆၀၀ ကျော်တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် တစ်နှစ်ကို ပီကေ ၁၈၀ လောက် ဝါးစားလေ့ရှိသူတွေဟာ အကြမ်းဖျင်းအားဖြင့် မိုက်ခရိုပလတ်စတစ် ၃၀၀၀၀ ခန့်ကို စားသုံးမိနိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။

ဒါပေမယ့် ပလတ်စတစ် ရေတစ်လီတာ ဗူးမှာတောင် မိုက်ခရိုပလတ်စတစ် ၂၄၀,၀၀၀ ပါ၀င်နေတာကြောင့် အခု ပီကေကနေ တွေ့ရှိတဲ့ မိုက်ခရို ပလက်စတစ်ကတော့ ပမာဏ နည်းပါးနေသေးတယ်လို့ ဆိုပါတယ်။

Zawgyi Version:
ပီေကဟာ ခံတြင္းထဲကို မိုက္ခ႐ိုပလတ္စတစ္ေတြ ထုတ္လႊတ္ေပးႏိုင္တယ္လို႔ သုေတသီမ်ားဆို
ေရာင္နီ (NP News) - မတ္ ၂၇

ပီေကဟာ လူေတြရဲ႕ခံတြင္းထဲကို ရာနဲ႔ခ်ီတဲ့ မိုက္ခ႐ို ပလတ္စတစ္ ေသးေသးေလးေတြကို ထုတ္လႊတ္ႏိုင္တယ္လို႔ University of California, Los Angeles (UCLA) မွ သုေတသီေတြက မတ္ ၂၅ ရက္မွာ ေျပာၾကားပါတယ္။
အဆုတ္၊ ေသြး၊ ဦးေႏွာက္အတြင္း အပါအဝင္ လူ႔ခႏၶာကိုယ္အႏွံ႔မွာ မိုက္ခ႐ိုပလတ္စတစ္ေတြ ရွာေဖြေတြ႕ရွိ ေနခဲ့ၿပီး က်န္းမာေရးနဲ႔ပတ္သက္ၿပီး စိုးရိမ္မႈေတြျဖစ္ေပၚလာခဲ့ပါတယ္။ ဒါေပမယ့္ မိုက္ခ႐ိုပလတ္စတစ္ေတြက လူ႔က်န္းမာေရးကို ထိခိုက္ေစႏိုင္တယ္လို႔ တိုက္႐ိုက္ျပသတဲ့အေထာက္အထားေတာ့ မရွိဘူးလို႔ ေလ့လာမႈျပဳလုပ္တဲ့ အဖြဲ႕က ေျပာပါတယ္။
စမ္းသပ္ေလ့လာမႈအသစ္အတြက္ UCLA မွ PhD ေက်ာင္းသူ မစၥလီဆာလိုဝီဟာ ပီေကတံဆိပ္ ၁၀ ခုစီကို ဝါးစားခဲ့ပါတယ္။ အဲဒီေနာက္ သူ႔ရဲ႕တံေတြးကို ဓာတုေဗဒဆိုင္ရာ ခြဲျခမ္းစိတ္ျဖာမႈေတြျပဳလုပ္ခဲ့ပါတယ္။ အဲဒီထဲမွာ မိုက္ခ႐ိုပလက္စတစ္အစိတ္အပိုင္း ၆၀၀ ေက်ာ္ေတြ႕ရွိခဲ့ပါတယ္။ ဒါေၾကာင့္ တစ္ႏွစ္ကို ပီေက ၁၈၀ ေလာက္ ဝါးစားေလ့ရွိသူေတြဟာ အၾကမ္းဖ်င္းအားျဖင့္ မိုက္ခ႐ိုပလတ္စတစ္ ၃၀၀၀၀ ခန႔္ကို စားသုံးမိႏိုင္တယ္လို႔ သုေတသီေတြက ေျပာပါတယ္။

ဒါေပမယ့္ ပလတ္စတစ္ ေရတစ္လီတာ ဗူးမွာေတာင္ မိုက္ခ႐ိုပလတ္စတစ္ ၂၄၀,၀၀၀ ပါ၀င္ေနတာေၾကာင့္ အခု ပီေကကေန ေတြ႕ရွိတဲ့ မိုက္ခ႐ို ပလက္စတစ္ကေတာ့ ပမာဏ နည္းပါးေနေသးတယ္လို႔ ဆိုပါတယ္။

Related news

© 2021. All rights reserved.