အခြားနိုင်ငံကိုထိန်းချုပ်လိုတဲ့အတွေးအခေါ်တွေနဲ့ ရှုမြင်နေတာတွေကိုရပ်တန့်ဖို့ အမေရိကန်ကို တရုတ် တိုက်တွန်း

 365

Pika (NP News) - မတ် ၂၇

အမေရိကန်နိုင်ငံဟာ ၎င်းတို့ရဲ့အာဏာကိုအသုံးချပြီး အခြားနိုင်ငံတွေကိုထိန်းချုပ်လိုတဲ့အတွေးအခေါ်တွေနဲ့ တရုတ်နိုင်ငံအပေါ် တွေးတောနေတာတွေကို ရပ်တန့်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ(၂၆)ရက်မှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံကို ထိပ်တန်းစစ်ရေးနဲ့ ဆိုက်ဘာခြိမ်းခြောက်မှုတစ်ခုအဖြစ် အမေရိကန်က ပြောဆိုခဲ့တာကို တုံ့ပြန်တဲ့ အနေနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယခုလိုတိုက်တွန်းခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အမေရိကန်ဟာ တရုတ်နိုင်ငံကို ထိန်းချုပ်ဖို့နဲ့ဖိနှိပ်ဖို့အတွက် ခြိမ်းခြောက်မှုဖြစ်တယ်ဆိုတဲ့ သီအိုရီကိုပဲ အသုံးပြုနေ တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန‌ ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ပြောကြားခဲ့ပါတယ်။

ပြီးတော့ တရုတ်(တိုင်ပေ)လွတ်လပ်ရေးလှုပ်ရှားမှုတွေကို ယုံယုံကြည်ကြည်နဲ့ ထောက်ခံအားပေးနေတာတွေကို ရပ်တန့်ဖို့ အမေရိကန်ကို တရုတ်က တိုက်တွန်းခဲ့တယ်လို့ Guo Jiakun က ပြောကြားခဲ့ပါတယ်။ မတ်လ(၂၅)ရက် က ထုတ်ပြန်ခဲ့တဲ့ အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာအရ တရုတ်နိုင်ငံဟာ ကမ္ဘာတစ်ဝှမ်း အမေရိကန် အကျိုးစီးပွားအတွက် ထိပ်တန်းခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်လို့ ရေးသားဖော်ပြထားပါတယ်။ ဒါ့ပြင် တရုတ်နိုင်ငံ ဟာ ၎င်းတို့ရဲ့စစ်ရေးနဲ့ ဆိုက်ဘာစွမ်းရည်တွေကို တိုးတက်အောင်လုပ်ဆောင်နေတယ်လို့လည်း အစီရင်ခံစာမှာ ရေးသားဖော်ပြထားပါတယ်။

Zawgyi Version:
အျခားႏိုင္ငံကိုထိန္းခ်ဳပ္လိုတဲ့အေတြးအေခၚေတြနဲ႔ ရႈျမင္ေနတာေတြကိုရပ္တန႔္ဖို႔ အေမရိကန္ကို တ႐ုတ္ တိုက္တြန္း
Pika (NP News) - မတ္ ၂၇

အေမရိကန္ႏိုင္ငံဟာ ၎တို႔ရဲ႕အာဏာကိုအသုံးခ်ၿပီး အျခားႏိုင္ငံေတြကိုထိန္းခ်ဳပ္လိုတဲ့အေတြးအေခၚေတြနဲ႔ တ႐ုတ္ႏိုင္ငံအေပၚ ေတြးေတာေနတာေတြကို ရပ္တန႔္ဖို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက မတ္လ(၂၆)ရက္မွာ တိုက္တြန္းခဲ့တယ္လို႔ သိရပါတယ္။
တ႐ုတ္ႏိုင္ငံကို ထိပ္တန္းစစ္ေရးနဲ႔ ဆိုက္ဘာၿခိမ္းေျခာက္မႈတစ္ခုအျဖစ္ အေမရိကန္က ေျပာဆိုခဲ့တာကို တုံ႔ျပန္တဲ့ အေနနဲ႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ယခုလိုတိုက္တြန္းခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အေမရိကန္ဟာ တ႐ုတ္ႏိုင္ငံကို ထိန္းခ်ဳပ္ဖို႔နဲ႔ဖိႏွိပ္ဖို႔အတြက္ ၿခိမ္းေျခာက္မႈျဖစ္တယ္ဆိုတဲ့ သီအိုရီကိုပဲ အသုံးျပဳေန တယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန‌ ေျပာေရးဆိုခြင့္ရွိသူ Guo Jiakun က ေျပာၾကားခဲ့ပါတယ္။

ၿပီးေတာ့ တ႐ုတ္(တိုင္ေပ)လြတ္လပ္ေရးလႈပ္ရွားမႈေတြကို ယုံယုံၾကည္ၾကည္နဲ႔ ေထာက္ခံအားေပးေနတာေတြကို ရပ္တန႔္ဖို႔ အေမရိကန္ကို တ႐ုတ္က တိုက္တြန္းခဲ့တယ္လို႔ Guo Jiakun က ေျပာၾကားခဲ့ပါတယ္။ မတ္လ(၂၅)ရက္ က ထုတ္ျပန္ခဲ့တဲ့ အေမရိကန္ေထာက္လွမ္းေရး အစီရင္ခံစာအရ တ႐ုတ္ႏိုင္ငံဟာ ကမာၻတစ္ဝွမ္း အေမရိကန္ အက်ိဳးစီးပြားအတြက္ ထိပ္တန္းၿခိမ္းေျခာက္မႈတစ္ခုျဖစ္တယ္လို႔ ေရးသားေဖာ္ျပထားပါတယ္။ ဒါ့ျပင္ တ႐ုတ္ႏိုင္ငံ ဟာ ၎တို႔ရဲ႕စစ္ေရးနဲ႔ ဆိုက္ဘာစြမ္းရည္ေတြကို တိုးတက္ေအာင္လုပ္ေဆာင္ေနတယ္လို႔လည္း အစီရင္ခံစာမွာ ေရးသားေဖာ္ျပထားပါတယ္။

Related news

© 2021. All rights reserved.