ပြင်ဦးလွင်မြို့နယ်တွင် မိနစ်ပိုင်းသာခြား၍ ဆိုင်ကယ်လုယက်သတ်ဖြတ်မှုဖြစ်ပွားကာ အမျိုးသား(၂)ဦးပွဲချင်းပြီး သေဆုံး

 2318

သန့်ဇင် (NP News) - မတ် ၂၇

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် မိနစ်ပိုင်းသာခြား၍ ဆိုင်ကယ်လုယက်သတ်ဖြတ်မှုဖြစ်ပွားကာ အမျိုးသား(၂)ဦးပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း တုသိတာလူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၂၆ ရက်)၊ နံနက် ၁ဝ နာရီအချိန်ခန့်က ပြင်ဦးလွင်မြို့နယ်၊ လက်ပံကုန်းကျေးရွာနှင့် နမ့်ကပ်ကျေးရွာလမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပထမတစ်ယောက်က နမ့်ကပ်ရွာထိပ်မှာဖြစ်တာ။ သူကတော့ နောက်စေ့ပွင့်သွားတယ်။ ဒုတိယတစ်ယောက် ကတော့ ဆိုင်ကယ်က မြောင်းထဲကျပြီး လူနဲ့ဆိုင်ကယ်နဲ့ တခြားစီဖြစ်နေတာ။ ဆိုင်ကယ်က ရစရာမရှိတော့လို့ ထားခဲ့တာဖြစ်မယ်။ သူကတော့ ဘယ်ဘက် ရင်အုံကို ဓားနဲ့ထိုးသွားတာ။ ဘယ်ဘက်ခြေထောက်လဲ ဓားနဲ့ခုတ်သွား တာ။ ဖြစ်တဲ့နေရာတွေက တစ်နေရာနဲ့တစ်နေရာမဝေးဘူး။ တစ်ဖွဲ့တည်းလုပ်တယ်လို့ ယူဆရတယ်” ဟု တုသိတာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ထိုသို့ ဆိုင်ကယ်လုယက်သတ်ဖြတ်ခံရမှုကြောင့် အသက်(၅ဝ)နှစ်ဝန်းကျင် အမျိုးသားတစ်ဦးနှင့် အသက်(၂၀) နှစ် ဝန်းကျင် အမျိုးသားတစ်ဦးတို့မှ အခင်းဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

“နှစ်ယောက်လုံးက အခင်းဖြစ်တဲ့နေရာမှာပဲဆုံးသွားကြတာ။ အဲဒီနေရာက လူလည်းပြတ်တယ်။ ဖြစ်တာကတော့ နေရာစုံမှာဖြစ်နေတာ။ အရင်ကတော့ လိုက်လုတာတွေရှိတာပေါ့။ ဓားနဲ့လိုက်လုတာတွေရှိပေမယ့် အခုလို သတ်တာတွေတော့ မရှိဘူး။ လူသေတာကတော့ ပထမဆုံးဖြစ်တာပေါ့။ ဆိုင်ကယ်တွေကိုလည်း ရွေးလုပ်တာ။ Click တို့ Scoopy တွေပဲ ရွေးလုတာ။ အဲဒါကြောင့် လူပြတ်တဲ့နေရာတွေဆိုရင် တစ်ယောက်တည်းမသွားဖို့ အကြံပြုချင်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့် သေဆုံးသူ(၂)ဦးအား တုသိတာလူမှုကူညီရေးအသင်းနှင့် ပြင်ဦးလွင်လူမှုကူညီရေးအသင်းတို့က ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
ျပင္ဦးလြင္ၿမိဳ႕နယ္တြင္ မိနစ္ပိုင္းသာျခား၍ ဆိုင္ကယ္လုယက္သတ္ျဖတ္မႈျဖစ္ပြားကာ အမ်ိဳးသား(၂)ဦးပြဲခ်င္းၿပီး ေသဆုံး
သန႔္ဇင္ (NP News) - မတ္ ၂၇

မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ၿမိဳ႕နယ္တြင္ မိနစ္ပိုင္းသာျခား၍ ဆိုင္ကယ္လုယက္သတ္ျဖတ္မႈျဖစ္ပြားကာ အမ်ိဳးသား(၂)ဦးပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေၾကာင္း တုသိတာလူမႈကူညီေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (မတ္လ ၂၆ ရက္)၊ နံနက္ ၁ဝ နာရီအခ်ိန္ခန႔္က ျပင္ဦးလြင္ၿမိဳ႕နယ္၊ လက္ပံကုန္းေက်း႐ြာႏွင့္ နမ့္ကပ္ေက်း႐ြာလမ္းေပၚတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ပထမတစ္ေယာက္က နမ့္ကပ္႐ြာထိပ္မွာျဖစ္တာ။ သူကေတာ့ ေနာက္ေစ့ပြင့္သြားတယ္။ ဒုတိယတစ္ေယာက္ ကေတာ့ ဆိုင္ကယ္က ေျမာင္းထဲက်ၿပီး လူနဲ႔ဆိုင္ကယ္နဲ႔ တျခားစီျဖစ္ေနတာ။ ဆိုင္ကယ္က ရစရာမရွိေတာ့လို႔ ထားခဲ့တာျဖစ္မယ္။ သူကေတာ့ ဘယ္ဘက္ ရင္အုံကို ဓားနဲ႔ထိုးသြားတာ။ ဘယ္ဘက္ေျခေထာက္လဲ ဓားနဲ႔ခုတ္သြား တာ။ ျဖစ္တဲ့ေနရာေတြက တစ္ေနရာနဲ႔တစ္ေနရာမေဝးဘူး။ တစ္ဖြဲ႕တည္းလုပ္တယ္လို႔ ယူဆရတယ္” ဟု တုသိတာလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ထိုသို႔ ဆိုင္ကယ္လုယက္သတ္ျဖတ္ခံရမႈေၾကာင့္ အသက္(၅ဝ)ႏွစ္ဝန္းက်င္ အမ်ိဳးသားတစ္ဦးႏွင့္ အသက္(၂၀) ႏွစ္ ဝန္းက်င္ အမ်ိဳးသားတစ္ဦးတို႔မွ အခင္းျဖစ္ေနရာတြင္ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

“ႏွစ္ေယာက္လုံးက အခင္းျဖစ္တဲ့ေနရာမွာပဲဆုံးသြားၾကတာ။ အဲဒီေနရာက လူလည္းျပတ္တယ္။ ျဖစ္တာကေတာ့ ေနရာစုံမွာျဖစ္ေနတာ။ အရင္ကေတာ့ လိုက္လုတာေတြရွိတာေပါ့။ ဓားနဲ႔လိုက္လုတာေတြရွိေပမယ့္ အခုလို သတ္တာေတြေတာ့ မရွိဘူး။ လူေသတာကေတာ့ ပထမဆုံးျဖစ္တာေပါ့။ ဆိုင္ကယ္ေတြကိုလည္း ေ႐ြးလုပ္တာ။ Click တို႔ Scoopy ေတြပဲ ေ႐ြးလုတာ။ အဲဒါေၾကာင့္ လူျပတ္တဲ့ေနရာေတြဆိုရင္ တစ္ေယာက္တည္းမသြားဖို႔ အႀကံျပဳခ်င္တယ္” ဟု ၎က ဆက္လက္ေျပာသည္။
ထို႔ေၾကာင့္ ေသဆုံးသူ(၂)ဦးအား တုသိတာလူမႈကူညီေရးအသင္းႏွင့္ ျပင္ဦးလြင္လူမႈကူညီေရးအသင္းတို႔က ျပင္ဦးလြင္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.