ရွှေဘိုမြို့တွင် ဈေးအတွင်းသို့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ကလေးငယ် အပါအဝင် ဈေးသည်များ ထိခိုက် ဒဏ်ရာရရှိ

1056
စော (NP News) - မတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ရှိ ဈေးအတွင်းသို့ အကြမ်းဖက်သမားများက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ခြင်း ကြောင့် ကလေးငယ် အပါအဝင် ဈေးသည်များ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းအချက်အလက်များအရ သိရသည်။
ဖြစ်စဉ်မှာ ရွှေဘိုမြို့၊ သက်သာပန်းတောင်းရပ်ကွက်ရှိ အောင်ဇေယျဈေးအတွင်းသို့ ပြီးခဲ့သည့် မတ်လ ၂၅ရက်၊ မွန်းလွဲ ၁ နာရီခန့်က PDF အကြမ်းဖက်သမားများက ဥသျှစ်ကန်ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၂၅၀ ခန့်အကွာမှ ရှော့တိုက်ဒုံး ၁ လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်ခဲ့သဖြင့် အသက် ၅ နှစ်အရွယ်ရှိ ကလေးငယ် တစ်ဦးနှင့် ဈေးအတွင်းဈေးရောင်းနေသော အမျိုးသမီး (၄) ဦးတို့ ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့၍ အဆိုပါထိခိုက်ဒဏ်ရာရရှိသူများအား ရွှေဘိုမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကာ ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version:
ေ႐ႊဘိုၿမိဳ႕တြင္ ေဈးအတြင္းသို႔ ေရွာ့တိုက္ဒုံးျဖင့္ ပစ္ခတ္ခဲ့ျခင္းေၾကာင့္ ကေလးငယ္ အပါအဝင္ ေဈးသည္မ်ား ထိခိုက္ ဒဏ္ရာရရွိ
ေစာ (NP News) - မတ္ ၂၇
စစ္ကိုင္းတိုင္းေဒသႀကီး၊ ေ႐ႊဘိုၿမိဳ႕ရွိ ေဈးအတြင္းသို႔ အၾကမ္းဖက္သမားမ်ားက ေရွာ့တိုက္ဒုံးျဖင့္ ပစ္ခတ္ခဲ့ျခင္း ေၾကာင့္ ကေလးငယ္ အပါအဝင္ ေဈးသည္မ်ား ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။
ျဖစ္စဥ္မွာ ေ႐ႊဘိုၿမိဳ႕၊ သက္သာပန္းေတာင္းရပ္ကြက္ရွိ ေအာင္ေဇယ်ေဈးအတြင္းသို႔ ၿပီးခဲ့သည့္ မတ္လ ၂၅ရက္၊ မြန္းလြဲ ၁ နာရီခန႔္က PDF အၾကမ္းဖက္သမားမ်ားက ဥသွ်စ္ကန္ေက်း႐ြာ၏ အေနာက္ေတာင္ဘက္ မီတာ ၂၅၀ ခန႔္အကြာမွ ေရွာ့တိုက္ဒုံး ၁ လုံးျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ပစ္ခတ္ခဲ့သျဖင့္ အသက္ ၅ ႏွစ္အ႐ြယ္ရွိ ကေလးငယ္ တစ္ဦးႏွင့္ ေဈးအတြင္းေဈးေရာင္းေနေသာ အမ်ိဳးသမီး (၄) ဦးတို႔ ဗုံးစထိမွန္ ဒဏ္ရာမ်ားရရွိခဲ့၍ အဆိုပါထိခိုက္ဒဏ္ရာရရွိသူမ်ားအား ေ႐ႊဘိုၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ကာ ေဆးကုသမႈခံယူေစလ်က္ရွိေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္သည့္လုံၿခဳံေရးလုပ္ငန္းမ်ား တိုးျမႇင့္ေဆာင္႐ြက္ လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။