အနောက်အုပ်စုကလူတွေက ရုရှားကို နားမလည်ကြဘူးလို့ သမ္မတပူတင်ပြော

 1033

Pika (NP News) - မတ် ၂၇

ရုရှားနိုင်ငံကို အနောက်အုပ်စုမှာရှိတဲ့ အချို့လူတွေက နားမလည်ကြပေမယ့်လည်း အဲဒီအချက်က ရုရှားရဲ့ဖွံ့ဖြိုး တိုးတက်မှုကို အဟန့်အတားဖြစ်စေမှာမဟုတ်ဘူးလို့ သမ္မတပူတင်က ပြောကြားခဲ့ပါတယ်။
ပူတင်ဟာ ကလေးငယ်တွေနဲ့ လူငယ်တွေအတွက် ရုရှားအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Movement of the First ရဲ့ ကြီးကြပ်မှုဘုတ်အဖွဲ့အစည်းအဝေးအတွင်းမှာ ယခုလိုမှတ်ချက်ပြုပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ပူတင်က “ရုရှားကို နားမလည်တဲ့ အနောက်အုပ်စုကလူတွေရှိပါတယ်။ ဒါပေမယ့် သူတို့ရဲ့နားမလည်မှုက ကျွန်တော်တို့ရဲ့ရှင်သန်ဖွံ့ဖြိုးတိုးတက်မှုတွေကို တားဆီးနိုင်မှာမဟုတ်ပါဘူး။ ဒါက ကျွန်တော်တို့ကို နားလည်တဲ့ လူအရေအတွက်နဲ့ ငြိမ်းချမ်းတဲ့ချစ်ကြည်ရေးနဲ့အတူ နေထိုင်လိုတဲ့လူ‌တွေ တိုးလာစေဖို့ပဲ လှုံ့ဆော်မှုတစ်ခုဖြစ်လာ စေပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် လူငယ်တွေနဲ့အတူ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်မှုတွေကနေတစ်ဆင့် အဲဒီရည်မှန်းချက်မျိုးကို ရရှိနိုင် တယ်လို့လည်း ပူတင်က အလေးပေးပြောကြားခဲ့ပါတယ်။ ပူတင်က “ကျွန်တော်တို့ဟာ နိုင်ငံရဲ့ အနာဂါတ်ကို ဖန်တီးမယ့်သူတွေ၊ ဒီနိုင်ငံကို တန်ဖိုးထားတဲ့သူတွေ၊ ကလေးတွေ၊ ဆယ်ကျော်သက်တွေ၊ လူငယ်တွေနဲ့အတူ တက်တက်ကြွကြွနဲ့ထိထိရောက်ရောက် လက်တွဲလုပ်ဆောင်မယ်ဆိုရင် ဒီနယ်ပယ်မှာ အောင်မြင်မှုက ကျွန်တော် တို့ကို စောင့်ကြိုနေပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
အေနာက္အုပ္စုကလူေတြက ႐ုရွားကို နားမလည္ၾကဘူးလို႔ သမၼတပူတင္ေျပာ
Pika (NP News) - မတ္ ၂၇

႐ုရွားႏိုင္ငံကို အေနာက္အုပ္စုမွာရွိတဲ့ အခ်ိဳ႕လူေတြက နားမလည္ၾကေပမယ့္လည္း အဲဒီအခ်က္က ႐ုရွားရဲ႕ဖြံ႕ၿဖိဳး တိုးတက္မႈကို အဟန႔္အတားျဖစ္ေစမွာမဟုတ္ဘူးလို႔ သမၼတပူတင္က ေျပာၾကားခဲ့ပါတယ္။
ပူတင္ဟာ ကေလးငယ္ေတြနဲ႔ လူငယ္ေတြအတြက္ ႐ုရွားအဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ Movement of the First ရဲ႕ ႀကီးၾကပ္မႈဘုတ္အဖြဲ႕အစည္းအေဝးအတြင္းမွာ ယခုလိုမွတ္ခ်က္ျပဳေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ပူတင္က “႐ုရွားကို နားမလည္တဲ့ အေနာက္အုပ္စုကလူေတြရွိပါတယ္။ ဒါေပမယ့္ သူတို႔ရဲ႕နားမလည္မႈက ကြၽန္ေတာ္တို႔ရဲ႕ရွင္သန္ဖြံ႕ၿဖိဳးတိုးတက္မႈေတြကို တားဆီးႏိုင္မွာမဟုတ္ပါဘူး။ ဒါက ကြၽန္ေတာ္တို႔ကို နားလည္တဲ့ လူအေရအတြက္နဲ႔ ၿငိမ္းခ်မ္းတဲ့ခ်စ္ၾကည္ေရးနဲ႔အတူ ေနထိုင္လိုတဲ့လူ‌ေတြ တိုးလာေစဖို႔ပဲ လႈံ႕ေဆာ္မႈတစ္ခုျဖစ္လာ ေစပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ လူငယ္ေတြနဲ႔အတူ က်ယ္က်ယ္ျပန႔္ျပန႔္လုပ္ေဆာင္မႈေတြကေနတစ္ဆင့္ အဲဒီရည္မွန္းခ်က္မ်ိဳးကို ရရွိႏိုင္ တယ္လို႔လည္း ပူတင္က အေလးေပးေျပာၾကားခဲ့ပါတယ္။ ပူတင္က “ကြၽန္ေတာ္တို႔ဟာ ႏိုင္ငံရဲ႕ အနာဂါတ္ကို ဖန္တီးမယ့္သူေတြ၊ ဒီႏိုင္ငံကို တန္ဖိုးထားတဲ့သူေတြ၊ ကေလးေတြ၊ ဆယ္ေက်ာ္သက္ေတြ၊ လူငယ္ေတြနဲ႔အတူ တက္တက္ႂကြႂကြနဲ႔ထိထိေရာက္ေရာက္ လက္တြဲလုပ္ေဆာင္မယ္ဆိုရင္ ဒီနယ္ပယ္မွာ ေအာင္ျမင္မႈက ကြၽန္ေတာ္ တို႔ကို ေစာင့္ႀကိဳေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.