ပိုလန်မှာ သီတင်းပတ်(၂)ပတ်လောက်သာ စစ်ပွဲဖြစ်ပွားနိုင်မယ့် ခဲယမ်းမီးကျည်တွေပဲရှိတယ်လို့ လုံခြုံရေးအကြီးအကဲပြော

 1584

Pika (NP News) - မတ် ၂၇

စစ်ပွဲဖြစ်ပွားခဲ့မယ်ဆိုရင် ပိုလန်နိုင်ငံမှာ မဟာမိတ်တပ်ဖွဲ့တွေ မရောက်လာခင်အချိန်အထိ ရှေ့တန်းကို သီတင်းပတ် (၂)ပတ်လောက်သာ ထိန်းထားနိုင်မယ့် ခဲယမ်းမီးကျည်တွေသာရှိတယ်လို့ ပိုလန်နိုင်ငံရဲ့အမျိုးသား လုံခြုံရေးဗျူရို အကြီးအကဲ Dariusz Lukowski က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ပိုလန်နိုင်ငံဟာ အလားအလာရှိတဲ့ ရုရှားတို့ရဲ့တိုက်ခိုက်မှုကို တွန်းလှန်နိုင်ဖို့အတွက် လုံလောက်တဲ့စွမ်းရည် ကို တည်ဆောက်ဖို့ လက်နက်ထုတ်လုပ်မှုတွေကို တိုးမြှင့်လုပ်ဆောင်နေတယ်လို့ Dariusz Lukowski က ပြောကြားခဲ့ပါတယ်။
နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ပိုလန်နိုင်ငံဟာ ရုရှားနိုင်ငံ Kaliningrad exclave နဲ့ နယ်နိမိတ်ချင်း (၁၄၄)မိုင် အထိ ထိစပ်နေတယ်လို့ သိရပါတယ်။ နေတိုးအဖွဲ့ဝင်နိုင်ငံတွေအပေါ် ကျူးကျော်တိုက်ခိုက်မယ့် ရည်ရွယ်ချက်တွေ မရှိဘူးလို့ ရုရှားဘက်က အကြိမ်ကြိမ်ငြင်းဆိုခဲ့ပြီး နေတိုးအဖွဲ့ရဲ့ရုရှားနယ်နမိတ်ဆီကို တိုးချဲ့လာမှုတွေကြောင့် ယူကရိန်းပဋိပက္ခဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ပိုလန်နိုင်ငံရဲ့အရန်စစ်လက်နက်ပစ္စည်းတွေဟာ စစ်ပွဲကို (၅)ရက်လောက်ပဲ ထိန်းထားနိုင်မှာလားဆိုတဲ့ မေးခွန်းတွေကို Dariusz Lukowski က တုံ့ပြန်ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။ Dariusz Lukowski က “အဲဒါက နယ်မြေအများအပြား နဲ့ ခဲယမ်းမီးကျည်အမျိုးအစားတွေအပေါ် မူတည်ပြီးဖြစ်နိုင်ပါတယ်။ တိုက်ပွဲတွေ ဘယ်လိုဖြစ်လာမလဲဆိုတာပေါ် မူတည်ပြီး လက်ရှိ သိုလှောင်မှုအဆင့်နဲ့ သီတင်းပတ်(၁)ပတ် ဒါမှမဟုတ် (၂)ပတ် လောက် ခံစစ် စစ်ဆင်ရေးတွေကို ထိန်းသိမ်းထားနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ပိုလန္မွာ သီတင္းပတ္(၂)ပတ္ေလာက္သာ စစ္ပြဲျဖစ္ပြားႏိုင္မယ့္ ခဲယမ္းမီးက်ည္ေတြပဲရွိတယ္လို႔ လုံၿခဳံေရးအႀကီးအကဲေျပာ
Pika (NP News) - မတ္ ၂၇

စစ္ပြဲျဖစ္ပြားခဲ့မယ္ဆိုရင္ ပိုလန္ႏိုင္ငံမွာ မဟာမိတ္တပ္ဖြဲ႕ေတြ မေရာက္လာခင္အခ်ိန္အထိ ေရွ႕တန္းကို သီတင္းပတ္ (၂)ပတ္ေလာက္သာ ထိန္းထားႏိုင္မယ့္ ခဲယမ္းမီးက်ည္ေတြသာရွိတယ္လို႔ ပိုလန္ႏိုင္ငံရဲ႕အမ်ိဳးသား လုံၿခဳံေရးဗ်ဴ႐ို အႀကီးအကဲ Dariusz Lukowski က ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ပိုလန္ႏိုင္ငံဟာ အလားအလာရွိတဲ့ ႐ုရွားတို႔ရဲ႕တိုက္ခိုက္မႈကို တြန္းလွန္ႏိုင္ဖို႔အတြက္ လုံေလာက္တဲ့စြမ္းရည္ ကို တည္ေဆာက္ဖို႔ လက္နက္ထုတ္လုပ္မႈေတြကို တိုးျမႇင့္လုပ္ေဆာင္ေနတယ္လို႔ Dariusz Lukowski က ေျပာၾကားခဲ့ပါတယ္။
ေနတိုးအဖြဲ႕ဝင္ႏိုင္ငံတစ္ႏိုင္ငံျဖစ္တဲ့ ပိုလန္ႏိုင္ငံဟာ ႐ုရွားႏိုင္ငံ Kaliningrad exclave နဲ႔ နယ္နိမိတ္ခ်င္း (၁၄၄)မိုင္ အထိ ထိစပ္ေနတယ္လို႔ သိရပါတယ္။ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြအေပၚ က်ဴးေက်ာ္တိုက္ခိုက္မယ့္ ရည္႐ြယ္ခ်က္ေတြ မရွိဘူးလို႔ ႐ုရွားဘက္က အႀကိမ္ႀကိမ္ျငင္းဆိုခဲ့ၿပီး ေနတိုးအဖြဲ႕ရဲ႕႐ုရွားနယ္နမိတ္ဆီကို တိုးခ်ဲ႕လာမႈေတြေၾကာင့္ ယူကရိန္းပဋိပကၡျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ပိုလန္ႏိုင္ငံရဲ႕အရန္စစ္လက္နက္ပစၥည္းေတြဟာ စစ္ပြဲကို (၅)ရက္ေလာက္ပဲ ထိန္းထားႏိုင္မွာလားဆိုတဲ့ ေမးခြန္းေတြကို Dariusz Lukowski က တုံ႔ျပန္ေျဖၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ Dariusz Lukowski က “အဲဒါက နယ္ေျမအမ်ားအျပား နဲ႔ ခဲယမ္းမီးက်ည္အမ်ိဳးအစားေတြအေပၚ မူတည္ၿပီးျဖစ္ႏိုင္ပါတယ္။ တိုက္ပြဲေတြ ဘယ္လိုျဖစ္လာမလဲဆိုတာေပၚ မူတည္ၿပီး လက္ရွိ သိုေလွာင္မႈအဆင့္နဲ႔ သီတင္းပတ္(၁)ပတ္ ဒါမွမဟုတ္ (၂)ပတ္ ေလာက္ ခံစစ္ စစ္ဆင္ေရးေတြကို ထိန္းသိမ္းထားႏိုင္မယ္လို႔ ကြၽန္ေတာ္ယုံၾကည္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.