ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို ICC တရားရုံး ဖမ်းဆီးနိုင်ခြင်းရဲ့နောက်ကွယ်က အကြောင်းအရာ အစစ်အမှန်က ဘာလဲ

 568

ဂျန်ဇက် (NP News) - မတ် ၂၇

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို ဖမ်းဆီးပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ထံ ပို့ဆောင်ခံရခြင်းကို စုံစမ်း စစ်ဆေးမယ်လို့ ဖိလစ်ပိုင် အထက်လွှတ်တော်က သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒူတာတေးဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ်ရဲ့ဖမ်းဆီးခြင်းခံရပြီး ICC တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခံခဲ့ရတယ်လို့ သိရပါတယ်။
ဒူတာတေးဟာ ဖိလစ်ပိုင်သမ္မတအဖြစ် တာဝန်ယူချိန်အတွင်း မူးယစ်ဆေးဝါးစစ်ပွဲဆင်နွှဲခဲ့ရာ လူပေါင်းထောင်ချီ သေဆုံးခဲ့မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာလူအခွင့်အရေးအဖွဲ့တွေက လူသေမှုများအတွက် စွဲချက်တင်ခဲ့တယ်လို့ သိရပါတယ်။ ဒူတာတေးဖမ်းဆီးခံရခြင်းနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံအတွင်းမှာ သဘောထားကွဲလွဲမှုတွေ မြင့်တက်နေပြီး ဒူတာတေးကို အားပေးထောက်ခံသူတွေက ဖိလစ်ပိုင်အစိုးရကို ဝေဖန်ပြစ်တင်ခဲ့တယ်လို့ သိရပါ တယ်။ တကယ်တော့ နိုင်ငံတကာရာဇဝတ်တရားရုံး ICC ဟာ ဒူတာတေးကိုဖမ်းဆီးပြီး စုံစမ်းစစ်ဆေးဖို့ ဒူတာတေး သမ္မတအဖြစ်တာဝန်ယူချိန်ကတည်းက ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မှုမရဘဲဖြစ်ခဲ့ရပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ သမ္မတအပြောင်းအလဲဖြစ်ခဲ့ပြီး ဖာဒီနန်မာကို့စ်ဂျူနီယာ သမ္မတအဖြစ်တာဝန်ယူချိန် အစောပိုင်း နှစ်တွေတုန်းကလည်း ဒူတာတေးကို ဖမ်းဆီးပြီး စုံစမ်းစစ်ဆေးဖို့ ICC က ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ပါဘူး။ ဖိလစ်ပိုင်နိုင်ငံမှာ သမ္မတ အပြောင်းအလဲဖြစ်ခဲ့ပြီးနောက် ဖာဒီနန်မာကို့စ်က သမ္မတအဖြစ်တာဝန်ယူခဲ့ပြီး ဒူတာတေးရဲ့သမီးဖြစ်သူ ဆာရာဒူတာတေးက ဒုတိယသမ္မတအဖြစ်တာဝန်ယူခဲ့ရာ ဒူတာတေးကို ဖမ်းဆီးဖို့ ငြင်းဆန်ခဲ့တာမျိုးဖြစ်ပါတယ်။
ဒါပေမဲ့ ဖိလစ်ပိုင်လက်ရှိသမ္မတ ဖာဒီနန်မာကို့စ်နဲ့ ဒုတိယသမ္မတ ဆာရာဒူတာတေးကြား အငြင်းပွားမှုတွေဖြစ် လာခဲ့ကာ အပြန်အလှန် ပြစ်တင်ဝေဖန်မှုတွေနဲ့ ရန်ဘက်အသွင်ဖြစ်ခဲ့ပြီးနောက် လပိုင်းအကြာမှာပဲ သမ္မတဟောင်း ဒူတာတေး ဖမ်းဆီးခံရတာဖြစ်ပါတယ်။ ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး ဖမ်းဆီးခံရခြင်းဟာ ဖိလစ်ပိုင်လက်ရှိ သမ္မတ ဖာဒီနန်မာကို့စ်နဲ့ ဒူတာတေးရဲ့သမီးဖြစ်သလို ဖိလစ်ပိုင်ဒုတိယသမ္မတ ဆာရာဒူတာတေးကြားဖြတ် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြိုင်ဆိုင်မှုပြင်းထန်မှုနဲ့ဆက်နွှယ်ဖွယ်ရှိနေပါတယ်။ ဒူတာတေးဟာ လက်ရှိ အချိန်မှာ အသက် (၇၉)နှစ်အရွယ်ရှိနေပြီး ICC အဖွဲ့ကဖမ်းဆီးစစ်ဆေးခံရတဲ့ အာရှတိုက်ခေါင်းဆောင်တွေထဲမှာ ပထမဆုံး ဖမ်းဆီးခံရသူဖြစ်ခဲ့ပါတယ်။ ဒူတာတေးမိသားစုနဲ့ လက်ရှိဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကို့စ်မိသားစုတွေဟာ (၂၀၂၂) ခုနှစ်တုန်းက မဟာမိတ်တွေဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ အပြန်အလှန်ဝေဖန်ပြစ်တင်မှုများနဲ့ အငြင်းပွားမှုများ ဖြစ်ခဲ့ရာ ဒူတာတေး မိသားစုက ဖာဒီနန်မာကိုစ့်ကို သမ္မတရာထူးက ဖယ်ရှားဖို့တောင်းဆိုခဲ့ပါတယ်။ အပြန်အလှန် အနေနဲ့ ဒူတာတေးရဲ့သမီးဖြစ်သူ ဆာရာဒူတာတေးကို ဖာဒီနန်မာကိုစ့် မိသားစုဝင်တွေက အကျင့်ပျက်လာဘ်စား မှုနဲ့ လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်ခဲ့ပါတယ်။ ဒါ့ပြင် ဆာရာဒူတာတေးက ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကို့စ် ကို လုပ်ကြံမယ်လို့ ခြိမ်း ခြောက်ပြောဆိုတဲ့အထိ တင်းမာမှုတွေမြင့်တက်လာခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် ပြုလုပ်တဲ့မဲဆွယ်စည်းရုံးပွဲအတွင်းမှာလည်း သမ္မတဟောင်း ဒူတာတေးက အထက်လွှတ်တော်အမတ်တွေကို ဗုံးခွဲသတ်ပစ်မယ်လို့ပြောဆိုခဲ့ဖူးပါတယ်။ အဲဒီလိုမျိုး အငြင်းပွားမှု တွေဖြစ်နေချိန်မှာပဲ မတ်လ (၁၁)ရက်မှာ ဒူတာတေးဟာ ဖိလစ်ပိုင် လက်ရှိသမ္မတရဲ့အမိန့်ကြောင့် မနီလာလေဆိပ် မှာ ဖမ်းဆီးခံရပြီး ICC တရားရုံးထံပို့ဆောင်စွဲချက်တင်ခံရတာဖြစ်ပါတယ်။
ဒူတာတေးကိုထောက်ခံသူတွေက နိုင်ငံတစ်ဝန်းဆန္ဒပြဖို့တောင်းဆိုထားပြီး ဒူတာတေးကို ပြန်လွှတ်ပေးဖို့၊ မိခင်နိုင်ငံကို ပြန်ပို့ပေးဖို့တောင်းဆိုနေတယ်လို့ သိရပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာလာမယ့် မေလ(၁၂)ရက်မှာ လွှတ်တော်ရွေးကောက်ပွဲကျင်းပမှာဖြစ်ရာ ဒူတာတေး ဖမ်းဆီးခံရတာဟာ ဖိလစ်ပိုင်နိုင်ငံကို အခက်အခဲများစွာ ဖြစ်လာဖွယ်ရှိတယ်လို့ လက်ရှိ ဖိလစ်ပိုင်သမ္မတရဲ့ညီမဖြစ်သူ အိုင်မီမာကို့စ်က ပြောပါတယ်။

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး ဖမ်းဆီးခံရပြီးနောက် ဖိလစ်ပိုင်နိုင်ငံအတွင်းမှာ ဆန္ဒပြပွဲ အရှိန်မြင့်တက်လာခဲ့ သလို ဒူတာတေးကိုဆန့်ကျင်သူတွေကလည်း ICC ရဲ့ဖမ်းဆီးမှုအားပေးထောက်ခံနေတယ်လို့ သိရပါတယ်။ ဒူတာတေးဟာ ဖိလစ်ပိုင်သမ္မတအဖြစ် (၂၀၁၆)ခုနှစ်ကနေ (၂၀၂၂)ခုနှစ်အထိ တာဝန်ယူခဲ့ဖူးပြီး ဖိလစ်ပိုင်နိုင်ငံရဲ့ သမ္မတသမိုင်းမှာ အသက်အကြီးဆုံးသမ္မတအဖြစ် မှတ်တမ်းဝင်ခဲ့သူဖြစ်ပါတယ်။ ဒူတာတေးဟာ သမ္မတအဖြစ် တာဝန်ယူချိန်အတွင်း ဖိလစ်ပိုင်နိုင်ငံအတွင်း မူးယစ်ဆေးဝါး သုံးစွဲသူတွေ၊ ရောင်းဝယ်သူတွေကို ပစ်မှတ်ထားပြီး ဖြိုခွင်းမှုတွေလုပ်ဆောင်ခဲ့ရာ ကမ္ဘတစ်ဝန်းမှာ လူစိတ်ဝင်စားမှုမြင့်တက်စေခဲ့သူဖြစ်ပါတယ်။
ဒူတာတေးဟာ မင်နာဒါအို ပြည်နယ်ကနေ ဖိလစ်ပိုင်သမ္မတအဖြစ် ပထမဆုံးရွေးကောက်ခံရသူ ဖြစ်ပြီး ရှေ့နေအဖြစ် အသက်မွေးဝမ်းကြောင်းပြုခဲ့သူဖြစ်ပါတယ်။ ဒူတာတေးကို Maasin အရပ်ဒေသမှာ မွေးဖွားခဲ့ပြီး နောက် ဒါဗာအိုမြို့ကို ပြောင်းရွှေ့ခဲ့ကာ ၎င်းရဲ့ဖခင်ဖြစ်သူက ဒါဗာအိုပြည်နယ်အုပ်ချုပ်ရေး မှူးတစ်ဦးဖြစ်ပါတယ်။ ဒူတာတေးဟာ ဖိလစ်ပိုင်တက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို လေ့လာခဲ့ ပြီး (၁၉၆၈) ခုနှစ်က ဘွဲ့ရရှိခဲ့ပြီး (၁၉၇၂)ခုနှစ်မှာ San Beda College of Law ကျောင်းကနေ ဥပဒေဘွဲ့ ထပ်မံရရှိခဲ့ပါတယ်။ ၎င်းဟာ ဥပဒေဘွဲ့ ရရှိခဲ့ပြီးနောက် ဒါဗာအိုမြို့မှာ ရှေ့နေ၊ အစိုးရရှေ့နေအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ သူဟာ ရှေ့နေအဖြစ် လုပ်ကိုင်ခဲ့ပြီး (၁၉၈၆)ခုနှစ်က ဖိလစ်ပိုင်နိုင်ငံမှာ People Power Revolution တွင်ပါဝင်ခဲ့ပြီး နောက် ဒါဗာအိုမြို့တော်ဝန်အဖြစ် နှစ်ပေါင်း (၂၂)နှစ်ကြာတာဝန်ယူ ခဲ့သူဖြစ်ပါတယ်။ ဒူတာတေးဟာ (၂၀၁၆)ခုနှစ်က ကျင်းပတဲ့ ဖိလစ်ပိုင်သမ္မတ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးပွဲမှာ ဦးဆောင်ပါဝင်ခဲ့ပြီး အနိုင်ရခဲ့ပါတယ်။ သူဟာ သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း ရာဇဝတ်မှုတွေ၊ အကျင့်ပျက်လာဘ်စားမှုတွေနဲ့ တရားမဝင်မူးယစ်ဆေးဝါးသုံးစွဲ ရောင်းဝယ်မှုတွေကို အဓိကထားလုပ်ဆောင်ခဲ့သလို ကွန်မြူနစ် လက်နက်ကိုင် အဖွဲ့တွေ၊ အကြမ်းဖက်တိုက်ဖျက်မှု တွေကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ပါတယ်။ ဒူတာတေး ဟာ ဖိလစ်ပိုင်နိုင်ငံမှာ ဖက်ဒရယ်စနစ်ပြောင်းလဲဖို့ စီစဉ်ခဲ့ပေ မယ့် အောင်မြင်မှုမရဘဲအငြင်းပွားမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒူတာတေးဟာ ဖိလစ်ပိုင်နိုင်ငံရေးလောကမှာ ပေါ်ပြူလာ အဖြစ်ဆုံး နိုင်ငံရေးသမားဖြစ်သလို အမျိုးသားရေးဝါဒီတစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ သမ္မတအဖြစ်တာဝန်ယူ ချိန်အတွင်း ပြတ်ပြတ်သားသားလုပ်ကိုင်ခဲ့တဲ့အတွက် လူအခွင့်အရေးအဖွဲ့တွေရဲ့ဝေဖန်ပြစ်တင်မှုတွေကို မကြာခဏ ရင်ဆိုင်ခဲ့ရသူလည်းဖြစ်ပါတယ်။
ဒူတာတေးဟာ ဖိလစ်ပိုင်သမ္မတသမိုင်းမှာ ပိုင်ဆိုင်မှုတွေကို လူသိရှင်ကြားကြေညာခြင်းမရှိတဲ့ ပထမဆုံး သမ္မတဖြစ်ခဲ့သလို ၎င်းကို ICC တရားရုံးက စုံစမ်းစစ်ဆေးဖို့ကြိးပမ်းချိန်မှာ ICC တရား ရုံး အဖွဲ့ ဝင်နိုင်ငံအဖြစ်ကနေ ဖိလစ်ပိုင်နိုင်ငံပါဝင်မှုကို နုတ်ထွက်ခဲ့သူဖြစ်ပါတယ်။ သူဟာ ငယ်စဉ်ကလေး ဘဝတုန်းက ကက်သလစ်ဘာသာရေး ဆရာရဲ့လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံခဲ့ရဖူးသူဖြစ်ပြီး ဒါဗာအိုမြို့တော်ဝန် အဖြစ် တာဝန်ယူချိန်အတွင်း မြို့အတွင်း ရာ ဇဝတ်မှုတွေ၊ လျော့နည်းပပျောက်ဖို့နဲ့ စီးပွားရေး ပိုမိုကောင်းမွန်အောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်ရာ လက်ရှိအချိန် အထိ ဒါဗာအိုမြို့ခံတွေရဲ့အာပေးထောက်ခံမှုကို အပြည့်အဝရရှိခဲ့သူလည်းဖြစ်ပါတယ်။ ဒူတာတေးဟာ ဖိလစ်ပိုင်နိုင်ငံကို ဖက်ဒရယ်အစိုးရစနစ်ကို အသွင်ကူးပြောင်းဖို့ နဲ့ ဗဟိုအုပ်ချုပ်မှုစနစ်လျော့ချဖို့ လိုလားသူတစ်ဦး ဖြစ်ပါတယ်။ ဒူတာတေးသမ္မတ အဖြစ် တာဝန်ယူချိန်အတွင်း ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံရေးမူဝါဒတွေဟာ လွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒ တွေကိုကျင့်သုံးခဲ့ပြီး ပြည်ပနိုင်ငံတွေရဲ့ကြားဝင်စွက်ဖက်မှုတွေကို ငြင်းဆန်ပယ်ချခဲ့သူဖြစ်ကာ တရုတ် နိုင်ငံနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်နိုင်ခဲ့ပါတယ်။
လက်ရှိဖိလစ်ပိုင် သမ္မတ ဖာဒီနန်မာကို့စ် ဂျူနီယာ လက်ထက်မှာတော့ တရုတ်နိုင်ငံနဲ့ ဆက်ဆံ ရေးတင်းမာခဲ့ပြီး တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ကာ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပွားခဲ့ပါတယ်။ ဒူတာတေးဟာ ဖိလစ်ပိုင်သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း (၂၀၁၇)ခုနှစ်တုန်းက အတိုက်အခံနိုင်ငံ ရေးသမား Gary Alejano ရဲ့ လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်ခံခဲ့ရဖူးပေမယ့် အောင်မြင်စွာကျော် ဖြတ်နိုင်ခဲ့ဖူးပါတယ်။ ဒူတာတေးဟာ (၂၀၂၂) ခုနှစ် မှာ သမ္မတ ရာထူးကအနားယူခဲ့ပြီး မြို့တော်ဝန်အဖြစ် နှစ်ပေါင်း (၂၀)ကျော်ကြာ တာဝန်ယူဖူးတဲ့ ဒါဗာအိုမြို့ကို ပြန်လာခဲ့ပြီး လူမသိသူမသိပုံစံမျိုးနဲ့ နေထိုင်ခဲ့ပါတယ်။ ၎င်းဟာ သမ္မတအဖြစ်က အနားယူပြီးနောက် အေးဆေးစွာနေထိုင်ခဲ့ပေမယ့် ဖိလစ်ပိုင်အောက်လွှတ်တော်ဥက္ကဋ္ဌ မာတင်ရိုမြူဒက်ရဲ့ခေါင်း ဆောင်မှုကြောင့် ဒူတာတေးမိသားစုနဲ့လက်ရှိ ဖိလစ်ပိုင် သမ္မတ ဖာဒီနန်မာကို့စ်ဂျူနီယာမိသားစု အမတ်တွေကြား အငြင်းပွားမှုတွေဖြစ်လာချိန်မှာတော့ ပါဝင် ဆက်နွှယ်လာခဲ့ပါ တယ်။ ဒူတာတေးဟာ သမီးဖြစ်သူ ဒုတိယသမ္မတ ဆာရာဒူတာတေးနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်သမ္မတအပြင် ဖိလစ်ပိုင်သမ္မတရဲ့ ဆွေးမျိုးတော်စပ်တဲ့ ဖိလစ်ပိုင် လွှတ်တော်တာဝန်ရှိသူတွေကို လူသိရှင်ကြားဝေဖန်ပြစ်တင်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒူတာတေးဟာ ဖိလစ်ပိုင်သမ္မတအဖြစ် တာဝန်ယူချိန်အတွင်းမှာလည်း ဆုံးဖြတ်ထားတဲ့အရာတွေကို ပြတ်ပြတ်သားသားလုပ်ကိုင် ရဲတဲ့သမ္မတတစ်ဦးအဖြစ် လူသိများခဲ့သလို လက်ရှိအချိန် မှာလည်း ICC ရဲ့ဖမ်းဆီးခံရခြင်းနဲ့ပတ်သက်ပြီး တာဝန်ယူ ခြင်း တာဝန်ခံခြင်းလုပ်ဆောင်မယ်လို့ ကတိပြုထားပါတယ်။
ဒူတာတေးဟာ ဖိလစ်ပိုင်နိုင်ငံမှာလူကြိုက် များတဲ့ခေါင်းဆောင်တစ်ဦးဖြစ်နေရာ ICC အဖွဲ့က ဖမ်းဆီးခံရ ခြင်းဟာ လက်ရှိဖိလစ်ပိုင်သမ္မတ ဖာဒီနန် မာကို့စ်ဂျူနီယာမိသားစုနဲ့ ဒူတာတေးမိသားစုကြား ထိပ်တိုက်တွေ့ဆုံ မှုတွေ၊ အငြင်းပွားမှုတွေ ပိုမိုဖြစ်လာဖွယ်ရှိနေပါတယ်။ လက်ရှိဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကို့စ်ဟာ သမ္မတအဖြစ် တာဝန်ယူတဲ့ အစောပိုင်းကာလတွေမှာ ဒူတာတေးကို ICC တရားရုံးက ဖမ်းဆီးစစ်ဆေးမယ့်အစီအစဉ်ကို ငြင်းဆန်ခဲ့ဖူးပေမယ့် ဒူတာတေးရဲ့သမီးဖြစ်သူ ဆာရာဒူတာတေးနဲ့ အငြင်းပွားမှုများပိုမိုဖြစ်လာပြီးချိန်မှာ ဒူတာတေးကို ICC တရား ရုံးက ဖမ်းဆီးအောင် ခွင့်ပြုပေးခဲ့ခြင်း ဟာ ပါးရိုက်ခံရလို့ နားပြန်ကိုက်လေလာသလား ဆိုတာ မေးခွန်းထုတ်စရာဖြစ်လာစေခဲ့ပါတယ်။

Zawgyi Version:
ဖိလစ္ပိုင္သမၼတေဟာင္း ဒူတာေတးကို ICC တရား႐ုံး ဖမ္းဆီးႏိုင္ျခင္းရဲ႕ေနာက္ကြယ္က အေၾကာင္းအရာ အစစ္အမွန္က ဘာလဲ
ဂ်န္ဇက္ (NP News) - မတ္ ၂၇

ဖိလစ္ပိုင္သမၼတေဟာင္း ဒူတာေတးကို ဖမ္းဆီးၿပီး ႏိုင္ငံတကာရာဇဝတ္ခုံ႐ုံး ICC ထံ ပို႔ေဆာင္ခံရျခင္းကို စုံစမ္း စစ္ေဆးမယ္လို႔ ဖိလစ္ပိုင္ အထက္လႊတ္ေတာ္က သတင္းထုတ္ျပန္လိုက္ပါတယ္။ ဒူတာေတးဟာ ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္းမွာ ႏိုင္ငံတကာရဲတပ္ဖြဲ႕ အင္တာပိုလ္ရဲ႕ဖမ္းဆီးျခင္းခံရၿပီး ICC တရား႐ုံးမွာ ပထမဆုံးအႀကိမ္ ႐ုံးထုတ္စစ္ေဆးခံခဲ့ရတယ္လို႔ သိရပါတယ္။
ဒူတာေတးဟာ ဖိလစ္ပိုင္သမၼတအျဖစ္ တာဝန္ယူခ်ိန္အတြင္း မူးယစ္ေဆးဝါးစစ္ပြဲဆင္ႏႊဲခဲ့ရာ လူေပါင္းေထာင္ခ်ီ ေသဆုံးခဲ့မႈနဲ႔ပတ္သက္ၿပီး ႏိုင္ငံတကာလူအခြင့္အေရးအဖြဲ႕ေတြက လူေသမႈမ်ားအတြက္ စြဲခ်က္တင္ခဲ့တယ္လို႔ သိရပါတယ္။ ဒူတာေတးဖမ္းဆီးခံရျခင္းနဲ႔ပတ္သက္ၿပီး ဖိလစ္ပိုင္ႏိုင္ငံအတြင္းမွာ သေဘာထားကြဲလြဲမႈေတြ ျမင့္တက္ေနၿပီး ဒူတာေတးကို အားေပးေထာက္ခံသူေတြက ဖိလစ္ပိုင္အစိုးရကို ေဝဖန္ျပစ္တင္ခဲ့တယ္လို႔ သိရပါ တယ္။ တကယ္ေတာ့ ႏိုင္ငံတကာရာဇဝတ္တရား႐ုံး ICC ဟာ ဒူတာေတးကိုဖမ္းဆီးၿပီး စုံစမ္းစစ္ေဆးဖို႔ ဒူတာေတး သမၼတအျဖစ္တာဝန္ယူခ်ိန္ကတည္းက ႀကိဳးပမ္းခဲ့ေပမယ့္ ေအာင္ျမင္မႈမရဘဲျဖစ္ခဲ့ရပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံမွာ သမၼတအေျပာင္းအလဲျဖစ္ခဲ့ၿပီး ဖာဒီနန္မာကို႔စ္ဂ်ဴနီယာ သမၼတအျဖစ္တာဝန္ယူခ်ိန္ အေစာပိုင္း ႏွစ္ေတြတုန္းကလည္း ဒူတာေတးကို ဖမ္းဆီးၿပီး စုံစမ္းစစ္ေဆးဖို႔ ICC က ႀကိဳးပမ္းခဲ့ေပမယ့္ ေအာင္ျမင္မႈမရခဲ့ပါဘူး။ ဖိလစ္ပိုင္ႏိုင္ငံမွာ သမၼတ အေျပာင္းအလဲျဖစ္ခဲ့ၿပီးေနာက္ ဖာဒီနန္မာကို႔စ္က သမၼတအျဖစ္တာဝန္ယူခဲ့ၿပီး ဒူတာေတးရဲ႕သမီးျဖစ္သူ ဆာရာဒူတာေတးက ဒုတိယသမၼတအျဖစ္တာဝန္ယူခဲ့ရာ ဒူတာေတးကို ဖမ္းဆီးဖို႔ ျငင္းဆန္ခဲ့တာမ်ိဳးျဖစ္ပါတယ္။
ဒါေပမဲ့ ဖိလစ္ပိုင္လက္ရွိသမၼတ ဖာဒီနန္မာကို႔စ္နဲ႔ ဒုတိယသမၼတ ဆာရာဒူတာေတးၾကား အျငင္းပြားမႈေတြျဖစ္ လာခဲ့ကာ အျပန္အလွန္ ျပစ္တင္ေဝဖန္မႈေတြနဲ႔ ရန္ဘက္အသြင္ျဖစ္ခဲ့ၿပီးေနာက္ လပိုင္းအၾကာမွာပဲ သမၼတေဟာင္း ဒူတာေတး ဖမ္းဆီးခံရတာျဖစ္ပါတယ္။ ဖိလစ္ပိုင္သမၼတေဟာင္း ဒူတာေတး ဖမ္းဆီးခံရျခင္းဟာ ဖိလစ္ပိုင္လက္ရွိ သမၼတ ဖာဒီနန္မာကို႔စ္နဲ႔ ဒူတာေတးရဲ႕သမီးျဖစ္သလို ဖိလစ္ပိုင္ဒုတိယသမၼတ ဆာရာဒူတာေတးၾကားျဖတ္ ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ၿပီး ၿပိဳင္ဆိုင္မႈျပင္းထန္မႈနဲ႔ဆက္ႏႊယ္ဖြယ္ရွိေနပါတယ္။ ဒူတာေတးဟာ လက္ရွိ အခ်ိန္မွာ အသက္ (၇၉)ႏွစ္အ႐ြယ္ရွိေနၿပီး ICC အဖြဲ႕ကဖမ္းဆီးစစ္ေဆးခံရတဲ့ အာရွတိုက္ေခါင္းေဆာင္ေတြထဲမွာ ပထမဆုံး ဖမ္းဆီးခံရသူျဖစ္ခဲ့ပါတယ္။ ဒူတာေတးမိသားစုနဲ႔ လက္ရွိဖိလစ္ပိုင္သမၼတ ဖာဒီနန္မာကို႔စ္မိသားစုေတြဟာ (၂၀၂၂) ခုႏွစ္တုန္းက မဟာမိတ္ေတြျဖစ္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ အျပန္အလွန္ေဝဖန္ျပစ္တင္မႈမ်ားနဲ႔ အျငင္းပြားမႈမ်ား ျဖစ္ခဲ့ရာ ဒူတာေတး မိသားစုက ဖာဒီနန္မာကိုစ့္ကို သမၼတရာထူးက ဖယ္ရွားဖို႔ေတာင္းဆိုခဲ့ပါတယ္။ အျပန္အလွန္ အေနနဲ႔ ဒူတာေတးရဲ႕သမီးျဖစ္သူ ဆာရာဒူတာေတးကို ဖာဒီနန္မာကိုစ့္ မိသားစုဝင္ေတြက အက်င့္ပ်က္လာဘ္စား မႈနဲ႔ လႊတ္ေတာ္အတြင္း စြပ္စြဲျပစ္တင္ခဲ့ပါတယ္။ ဒါ့ျပင္ ဆာရာဒူတာေတးက ဖိလစ္ပိုင္သမၼတ ဖာဒီနန္မာကို႔စ္ ကို လုပ္ႀကံမယ္လို႔ ၿခိမ္း ေျခာက္ေျပာဆိုတဲ့အထိ တင္းမာမႈေတြျမင့္တက္လာခဲ့ပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံမွာ ၾကားျဖတ္ေ႐ြးေကာက္ပြဲမတိုင္ခင္ ျပဳလုပ္တဲ့မဲဆြယ္စည္း႐ုံးပြဲအတြင္းမွာလည္း သမၼတေဟာင္း ဒူတာေတးက အထက္လႊတ္ေတာ္အမတ္ေတြကို ဗုံးခြဲသတ္ပစ္မယ္လို႔ေျပာဆိုခဲ့ဖူးပါတယ္။ အဲဒီလိုမ်ိဳး အျငင္းပြားမႈ ေတြျဖစ္ေနခ်ိန္မွာပဲ မတ္လ (၁၁)ရက္မွာ ဒူတာေတးဟာ ဖိလစ္ပိုင္ လက္ရွိသမၼတရဲ႕အမိန႔္ေၾကာင့္ မနီလာေလဆိပ္ မွာ ဖမ္းဆီးခံရၿပီး ICC တရား႐ုံးထံပို႔ေဆာင္စြဲခ်က္တင္ခံရတာျဖစ္ပါတယ္။
ဒူတာေတးကိုေထာက္ခံသူေတြက ႏိုင္ငံတစ္ဝန္းဆႏၵျပဖို႔ေတာင္းဆိုထားၿပီး ဒူတာေတးကို ျပန္လႊတ္ေပးဖို႔၊ မိခင္ႏိုင္ငံကို ျပန္ပို႔ေပးဖို႔ေတာင္းဆိုေနတယ္လို႔ သိရပါတယ္။ ဖိလစ္ပိုင္ႏိုင္ငံမွာလာမယ့္ ေမလ(၁၂)ရက္မွာ လႊတ္ေတာ္ေ႐ြးေကာက္ပြဲက်င္းပမွာျဖစ္ရာ ဒူတာေတး ဖမ္းဆီးခံရတာဟာ ဖိလစ္ပိုင္ႏိုင္ငံကို အခက္အခဲမ်ားစြာ ျဖစ္လာဖြယ္ရွိတယ္လို႔ လက္ရွိ ဖိလစ္ပိုင္သမၼတရဲ႕ညီမျဖစ္သူ အိုင္မီမာကို႔စ္က ေျပာပါတယ္။

ဖိလစ္ပိုင္သမၼတေဟာင္း ဒူတာေတး ဖမ္းဆီးခံရၿပီးေနာက္ ဖိလစ္ပိုင္ႏိုင္ငံအတြင္းမွာ ဆႏၵျပပြဲ အရွိန္ျမင့္တက္လာခဲ့ သလို ဒူတာေတးကိုဆန႔္က်င္သူေတြကလည္း ICC ရဲ႕ဖမ္းဆီးမႈအားေပးေထာက္ခံေနတယ္လို႔ သိရပါတယ္။ ဒူတာေတးဟာ ဖိလစ္ပိုင္သမၼတအျဖစ္ (၂၀၁၆)ခုႏွစ္ကေန (၂၀၂၂)ခုႏွစ္အထိ တာဝန္ယူခဲ့ဖူးၿပီး ဖိလစ္ပိုင္ႏိုင္ငံရဲ႕ သမၼတသမိုင္းမွာ အသက္အႀကီးဆုံးသမၼတအျဖစ္ မွတ္တမ္းဝင္ခဲ့သူျဖစ္ပါတယ္။ ဒူတာေတးဟာ သမၼတအျဖစ္ တာဝန္ယူခ်ိန္အတြင္း ဖိလစ္ပိုင္ႏိုင္ငံအတြင္း မူးယစ္ေဆးဝါး သုံးစြဲသူေတြ၊ ေရာင္းဝယ္သူေတြကို ပစ္မွတ္ထားၿပီး ၿဖိဳခြင္းမႈေတြလုပ္ေဆာင္ခဲ့ရာ ကမၻတစ္ဝန္းမွာ လူစိတ္ဝင္စားမႈျမင့္တက္ေစခဲ့သူျဖစ္ပါတယ္။
ဒူတာေတးဟာ မင္နာဒါအို ျပည္နယ္ကေန ဖိလစ္ပိုင္သမၼတအျဖစ္ ပထမဆုံးေ႐ြးေကာက္ခံရသူ ျဖစ္ၿပီး ေရွ႕ေနအျဖစ္ အသက္ေမြးဝမ္းေၾကာင္းျပဳခဲ့သူျဖစ္ပါတယ္။ ဒူတာေတးကို Maasin အရပ္ေဒသမွာ ေမြးဖြားခဲ့ၿပီး ေနာက္ ဒါဗာအိုၿမိဳ႕ကို ေျပာင္းေ႐ႊ႕ခဲ့ကာ ၎ရဲ႕ဖခင္ျဖစ္သူက ဒါဗာအိုျပည္နယ္အုပ္ခ်ဳပ္ေရး မႉးတစ္ဦးျဖစ္ပါတယ္။ ဒူတာေတးဟာ ဖိလစ္ပိုင္တကၠသိုလ္မွာ ႏိုင္ငံေရးသိပၸံဘာသာရပ္ကို ေလ့လာခဲ့ ၿပီး (၁၉၆၈) ခုႏွစ္က ဘြဲ႕ရရွိခဲ့ၿပီး (၁၉၇၂)ခုႏွစ္မွာ San Beda College of Law ေက်ာင္းကေန ဥပေဒဘြဲ႕ ထပ္မံရရွိခဲ့ပါတယ္။ ၎ဟာ ဥပေဒဘြဲ႕ ရရွိခဲ့ၿပီးေနာက္ ဒါဗာအိုၿမိဳ႕မွာ ေရွ႕ေန၊ အစိုးရေရွ႕ေနအျဖစ္ လုပ္ကိုင္ခဲ့သူျဖစ္ပါတယ္။ သူဟာ ေရွ႕ေနအျဖစ္ လုပ္ကိုင္ခဲ့ၿပီး (၁၉၈၆)ခုႏွစ္က ဖိလစ္ပိုင္ႏိုင္ငံမွာ People Power Revolution တြင္ပါဝင္ခဲ့ၿပီး ေနာက္ ဒါဗာအိုၿမိဳ႕ေတာ္ဝန္အျဖစ္ ႏွစ္ေပါင္း (၂၂)ႏွစ္ၾကာတာဝန္ယူ ခဲ့သူျဖစ္ပါတယ္။ ဒူတာေတးဟာ (၂၀၁၆)ခုႏွစ္က က်င္းပတဲ့ ဖိလစ္ပိုင္သမၼတ ေ႐ြးေကာက္ပြဲ မဲဆြယ္ စည္း႐ုံးပြဲမွာ ဦးေဆာင္ပါဝင္ခဲ့ၿပီး အႏိုင္ရခဲ့ပါတယ္။ သူဟာ သမၼတအျဖစ္တာဝန္ယူခ်ိန္အတြင္း ရာဇဝတ္မႈေတြ၊ အက်င့္ပ်က္လာဘ္စားမႈေတြနဲ႔ တရားမဝင္မူးယစ္ေဆးဝါးသုံးစြဲ ေရာင္းဝယ္မႈေတြကို အဓိကထားလုပ္ေဆာင္ခဲ့သလို ကြန္ျမဴနစ္ လက္နက္ကိုင္ အဖြဲ႕ေတြ၊ အၾကမ္းဖက္တိုက္ဖ်က္မႈ ေတြကို အရွိန္ျမႇင့္လုပ္ေဆာင္ခဲ့ပါတယ္။ ဒူတာေတး ဟာ ဖိလစ္ပိုင္ႏိုင္ငံမွာ ဖက္ဒရယ္စနစ္ေျပာင္းလဲဖို႔ စီစဥ္ခဲ့ေပ မယ့္ ေအာင္ျမင္မႈမရဘဲအျငင္းပြားမႈေတြ ျဖစ္ခဲ့ပါတယ္။ ဒူတာေတးဟာ ဖိလစ္ပိုင္ႏိုင္ငံေရးေလာကမွာ ေပၚျပဴလာ အျဖစ္ဆုံး ႏိုင္ငံေရးသမားျဖစ္သလို အမ်ိဳးသားေရးဝါဒီတစ္ဦးလည္းျဖစ္ပါတယ္။ သူဟာ သမၼတအျဖစ္တာဝန္ယူ ခ်ိန္အတြင္း ျပတ္ျပတ္သားသားလုပ္ကိုင္ခဲ့တဲ့အတြက္ လူအခြင့္အေရးအဖြဲ႕ေတြရဲ႕ေဝဖန္ျပစ္တင္မႈေတြကို မၾကာခဏ ရင္ဆိုင္ခဲ့ရသူလည္းျဖစ္ပါတယ္။
ဒူတာေတးဟာ ဖိလစ္ပိုင္သမၼတသမိုင္းမွာ ပိုင္ဆိုင္မႈေတြကို လူသိရွင္ၾကားေၾကညာျခင္းမရွိတဲ့ ပထမဆုံး သမၼတျဖစ္ခဲ့သလို ၎ကို ICC တရား႐ုံးက စုံစမ္းစစ္ေဆးဖို႔ႀကိးပမ္းခ်ိန္မွာ ICC တရား ႐ုံး အဖြဲ႕ ဝင္ႏိုင္ငံအျဖစ္ကေန ဖိလစ္ပိုင္ႏိုင္ငံပါဝင္မႈကို ႏုတ္ထြက္ခဲ့သူျဖစ္ပါတယ္။ သူဟာ ငယ္စဥ္ကေလး ဘဝတုန္းက ကက္သလစ္ဘာသာေရး ဆရာရဲ႕လိင္ပိုင္းဆိုင္ရာ က်ဴးလြန္ခံခဲ့ရဖူးသူျဖစ္ၿပီး ဒါဗာအိုၿမိဳ႕ေတာ္ဝန္ အျဖစ္ တာဝန္ယူခ်ိန္အတြင္း ၿမိဳ႕အတြင္း ရာ ဇဝတ္မႈေတြ၊ ေလ်ာ့နည္းပေပ်ာက္ဖို႔နဲ႔ စီးပြားေရး ပိုမိုေကာင္းမြန္ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့သူျဖစ္ရာ လက္ရွိအခ်ိန္ အထိ ဒါဗာအိုၿမိဳ႕ခံေတြရဲ႕အာေပးေထာက္ခံမႈကို အျပည့္အဝရရွိခဲ့သူလည္းျဖစ္ပါတယ္။ ဒူတာေတးဟာ ဖိလစ္ပိုင္ႏိုင္ငံကို ဖက္ဒရယ္အစိုးရစနစ္ကို အသြင္ကူးေျပာင္းဖို႔ နဲ႔ ဗဟိုအုပ္ခ်ဳပ္မႈစနစ္ေလ်ာ့ခ်ဖို႔ လိုလားသူတစ္ဦး ျဖစ္ပါတယ္။ ဒူတာေတးသမၼတ အျဖစ္ တာဝန္ယူခ်ိန္အတြင္း ဖိလစ္ပိုင္ႏိုင္ငံရဲ႕ ႏိုင္ငံေရးမူဝါဒေတြဟာ လြတ္လပ္တဲ့ ႏိုင္ငံျခားေရးမူဝါဒ ေတြကိုက်င့္သုံးခဲ့ၿပီး ျပည္ပႏိုင္ငံေတြရဲ႕ၾကားဝင္စြက္ဖက္မႈေတြကို ျငင္းဆန္ပယ္ခ်ခဲ့သူျဖစ္ကာ တ႐ုတ္ ႏိုင္ငံနဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရးတည္ေဆာက္ႏိုင္ခဲ့ပါတယ္။
လက္ရွိဖိလစ္ပိုင္ သမၼတ ဖာဒီနန္မာကို႔စ္ ဂ်ဴနီယာ လက္ထက္မွာေတာ့ တ႐ုတ္ႏိုင္ငံနဲ႔ ဆက္ဆံ ေရးတင္းမာခဲ့ၿပီး ေတာင္တ႐ုတ္ပင္လယ္အေရးနဲ႔ ပတ္သက္ကာ ထိပ္တိုက္ေတြ႕ဆုံမႈျဖစ္ပြားခဲ့ပါတယ္။ ဒူတာေတးဟာ ဖိလစ္ပိုင္သမၼတအျဖစ္တာဝန္ယူခ်ိန္အတြင္း (၂၀၁၇)ခုႏွစ္တုန္းက အတိုက္အခံႏိုင္ငံ ေရးသမား Gary Alejano ရဲ႕ လႊတ္ေတာ္အတြင္း စြပ္စြဲျပစ္တင္ခံခဲ့ရဖူးေပမယ့္ ေအာင္ျမင္စြာေက်ာ္ ျဖတ္ႏိုင္ခဲ့ဖူးပါတယ္။ ဒူတာေတးဟာ (၂၀၂၂) ခုႏွစ္ မွာ သမၼတ ရာထူးကအနားယူခဲ့ၿပီး ၿမိဳ႕ေတာ္ဝန္အျဖစ္ ႏွစ္ေပါင္း (၂၀)ေက်ာ္ၾကာ တာဝန္ယူဖူးတဲ့ ဒါဗာအိုၿမိဳ႕ကို ျပန္လာခဲ့ၿပီး လူမသိသူမသိပုံစံမ်ိဳးနဲ႔ ေနထိုင္ခဲ့ပါတယ္။ ၎ဟာ သမၼတအျဖစ္က အနားယူၿပီးေနာက္ ေအးေဆးစြာေနထိုင္ခဲ့ေပမယ့္ ဖိလစ္ပိုင္ေအာက္လႊတ္ေတာ္ဥကၠ႒ မာတင္႐ိုျမဴဒက္ရဲ႕ေခါင္း ေဆာင္မႈေၾကာင့္ ဒူတာေတးမိသားစုနဲ႔လက္ရွိ ဖိလစ္ပိုင္ သမၼတ ဖာဒီနန္မာကို႔စ္ဂ်ဴနီယာမိသားစု အမတ္ေတြၾကား အျငင္းပြားမႈေတြျဖစ္လာခ်ိန္မွာေတာ့ ပါဝင္ ဆက္ႏႊယ္လာခဲ့ပါ တယ္။ ဒူတာေတးဟာ သမီးျဖစ္သူ ဒုတိယသမၼတ ဆာရာဒူတာေတးနဲ႔ပတ္သက္ၿပီး ဖိလစ္ပိုင္သမၼတအျပင္ ဖိလစ္ပိုင္သမၼတရဲ႕ ေဆြးမ်ိဳးေတာ္စပ္တဲ့ ဖိလစ္ပိုင္ လႊတ္ေတာ္တာဝန္ရွိသူေတြကို လူသိရွင္ၾကားေဝဖန္ျပစ္တင္တာေတြ လုပ္ေဆာင္ခဲ့ပါတယ္။ ဒူတာေတးဟာ ဖိလစ္ပိုင္သမၼတအျဖစ္ တာဝန္ယူခ်ိန္အတြင္းမွာလည္း ဆုံးျဖတ္ထားတဲ့အရာေတြကို ျပတ္ျပတ္သားသားလုပ္ကိုင္ ရဲတဲ့သမၼတတစ္ဦးအျဖစ္ လူသိမ်ားခဲ့သလို လက္ရွိအခ်ိန္ မွာလည္း ICC ရဲ႕ဖမ္းဆီးခံရျခင္းနဲ႔ပတ္သက္ၿပီး တာဝန္ယူ ျခင္း တာဝန္ခံျခင္းလုပ္ေဆာင္မယ္လို႔ ကတိျပဳထားပါတယ္။
ဒူတာေတးဟာ ဖိလစ္ပိုင္ႏိုင္ငံမွာလူႀကိဳက္ မ်ားတဲ့ေခါင္းေဆာင္တစ္ဦးျဖစ္ေနရာ ICC အဖြဲ႕က ဖမ္းဆီးခံရ ျခင္းဟာ လက္ရွိဖိလစ္ပိုင္သမၼတ ဖာဒီနန္ မာကို႔စ္ဂ်ဴနီယာမိသားစုနဲ႔ ဒူတာေတးမိသားစုၾကား ထိပ္တိုက္ေတြ႕ဆုံ မႈေတြ၊ အျငင္းပြားမႈေတြ ပိုမိုျဖစ္လာဖြယ္ရွိေနပါတယ္။ လက္ရွိဖိလစ္ပိုင္သမၼတ ဖာဒီနန္မာကို႔စ္ဟာ သမၼတအျဖစ္ တာဝန္ယူတဲ့ အေစာပိုင္းကာလေတြမွာ ဒူတာေတးကို ICC တရား႐ုံးက ဖမ္းဆီးစစ္ေဆးမယ့္အစီအစဥ္ကို ျငင္းဆန္ခဲ့ဖူးေပမယ့္ ဒူတာေတးရဲ႕သမီးျဖစ္သူ ဆာရာဒူတာေတးနဲ႔ အျငင္းပြားမႈမ်ားပိုမိုျဖစ္လာၿပီးခ်ိန္မွာ ဒူတာေတးကို ICC တရား ႐ုံးက ဖမ္းဆီးေအာင္ ခြင့္ျပဳေပးခဲ့ျခင္း ဟာ ပါး႐ိုက္ခံရလို႔ နားျပန္ကိုက္ေလလာသလား ဆိုတာ ေမးခြန္းထုတ္စရာျဖစ္လာေစခဲ့ပါတယ္။

Related news

© 2021. All rights reserved.