သုတကျော် (NP News) - မတ် ၂၇
ရှမ်းပြည်နယ် မြောက်ပိုင်းက နယ်မြေ အငြင်းပွားမှုများနှင့် ပတ်သက်၍ TNLA ၏ ခေါင်းဆောင် တစ်ဦး ဖြစ်သော တာဘုန်းကျော် ၏ ပြောစကားမှာ တာဝန်ခံမှု အားနည်းသော လူမိုက် အားပေး စကားဖြစ်ကြောင်း ရှမ်းတိုင်းရင်းသား နိုင်ငံရေး ကျွမ်းကျင်သူတစ်ဦးက NP News သတင်းဌာနက တဆင့် ပြောကြားသည်။
TNLA အဖွဲ့ သည် KIA၊ SSPP တို့နှင့် မကြာခဏ နယ်မြေ အငြင်းပွားမှု ဖြစ်ပွားနေခြင်း ဖြစ်ပြီး KIA နှင့် TNLA တပ်ဖွဲ့ဝင် အချင်းချင်းကြား ကိုယ်ထိလက်ရောက် ဖြစ်စဉ်များ အထိပင် ရှိခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ပြီးခဲ့သည့် ရက်ပိုင်းက ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုးမိတ်ခရိုင်တွင် TNLA က သဘောတူညီချက် ကို ချိုးဖောက်ကာ SSPP အဖွဲ့ဝင်များကို မောင်းထုတ်ရန် ကြိုးပမ်းသောကြောင့် သေနတ်ပစ်ဖောက် သည် အထိပင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်များ နှင့် ပတ်သက်၍ PSLF/TNLA ၏ အထွေထွေ အတွင်းရေးမှူး တာဘုန်းကျော် က ၎င်း၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် မတ်လ ၂၆ ရက်က ပို့စ်တစ်ခု တင်ခဲ့ရာ ဝေဖန်သော မှတ်ချက်များစွာ ကို ရရှိခဲ့သည်။
“အရပ်ကတို့ရေ ရွာက မိအေး စွာတေးလန်တယ် အများတကာနဲ့လှည့်ပတ်ရန်လုပ်တယ် ဘာဖြစ်တယ် ညာဖြစ်တယ် နဲ့။ မိအေးကို ဝိုင်းသမတာငယ်နိုင်ဆိုပြီး ဖိတာ အဲဒါတွေကျတော့ မသိသလိုပဲလုပ်နေကြပေါ့။ မိအေးလည်း ၁၉၉၀ မတိုင်ခင်လို ၂၀၀၀ တုန်းကလို ခေါင်းငုံ့ခံတဲ့ခေတ် ကုန်ပြီလေ ရင်ဖွင့်ကြည့်တာပါ။ အများပြောတဲ့ တင်နီလာအေး တကယ်ဆိုးတာ အကြောင်းရှိလို့ပါ” ဟု တာဘုန်းကျော် က ရေးသားထားခြင်း ဖြစ်သည်။
အဆိုပါ စကားနှင့် ပတ်သက်ရှိ လက်ရှိ အခြေအနေတွင် TNLA အနေဖြင့် ၎င်းတို့ ထိန်းချုပ်ဒေသမှ အခြား တိုင်းရင်းသားများကို မလေးစားသည့် အပြင် ရန်လိုခြင်း ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသား နိုင်ငံရေး သုံးသပ်လေ့လာသူ တစ်ဦးက ဆိုသည်။
“ပလောင်တပ်တွေနဲ့ ပတ်သက်ပြီး လူမိုက်ဆန်တယ်၊ ရမ်းကားတယ် ဆိုပြီး ပြောနေ၊ တွေ့နေရတာပဲ။ အခု တာဘုန်းကျော် ရေးတာက သူ့လူတွေ ကို လူမိုက်အားပေး စကား ပြောတာပါပဲ။ ပြီးတော့ အခု သူတို့ အငြင်းပွားနေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ တာဝန်ခံမှု အားနည်းတာကို ပြတယ်။ ဒီအတွက် သူ ရေးတဲ့ အောက်မှာလည်း မန့်တွေ ကြည့်လေ ဆိုးဆိုးဝါးဝါးတွေချည်းပဲ” ဟု ၎င်းက ဆိုသည်။
Zawgyi Version:
အျငင္းပြားမႈမ်ားႏွင့္ ပတ္သက္၍ TNLA ၏ ေခါင္းေဆာင္ တစ္ဦး ျဖစ္ေသာ တာဘုန္းေက်ာ္ ၏ ေျပာစကားမွာ တာဝန္ခံမႈ အားနည္းေသာ လူမိုက္ အားေပး စကားျဖစ္
သုတေက်ာ္ (NP News) - မတ္ ၂၇
ရွမ္းျပည္နယ္ ေျမာက္ပိုင္းက နယ္ေျမ အျငင္းပြားမႈမ်ားႏွင့္ ပတ္သက္၍ TNLA ၏ ေခါင္းေဆာင္ တစ္ဦး ျဖစ္ေသာ တာဘုန္းေက်ာ္ ၏ ေျပာစကားမွာ တာဝန္ခံမႈ အားနည္းေသာ လူမိုက္ အားေပး စကားျဖစ္ေၾကာင္း ရွမ္းတိုင္းရင္းသား ႏိုင္ငံေရး ကြၽမ္းက်င္သူတစ္ဦးက NP News သတင္းဌာနက တဆင့္ ေျပာၾကားသည္။
TNLA အဖြဲ႕ သည္ KIA၊ SSPP တို႔ႏွင့္ မၾကာခဏ နယ္ေျမ အျငင္းပြားမႈ ျဖစ္ပြားေနျခင္း ျဖစ္ၿပီး KIA ႏွင့္ TNLA တပ္ဖြဲ႕ဝင္ အခ်င္းခ်င္းၾကား ကိုယ္ထိလက္ေရာက္ ျဖစ္စဥ္မ်ား အထိပင္ ရွိခဲ့ျခင္း ျဖစ္သည္။
ထို႔ျပင္ ၿပီးခဲ့သည့္ ရက္ပိုင္းက ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ မိုးမိတ္ခ႐ိုင္တြင္ TNLA က သေဘာတူညီခ်က္ ကို ခ်ိဳးေဖာက္ကာ SSPP အဖြဲ႕ဝင္မ်ားကို ေမာင္းထုတ္ရန္ ႀကိဳးပမ္းေသာေၾကာင့္ ေသနတ္ပစ္ေဖာက္ သည္ အထိပင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ ျဖစ္စဥ္မ်ား ႏွင့္ ပတ္သက္၍ PSLF/TNLA ၏ အေထြေထြ အတြင္းေရးမႉး တာဘုန္းေက်ာ္ က ၎၏ လူမႈကြန္ယက္ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ မတ္လ ၂၆ ရက္က ပို႔စ္တစ္ခု တင္ခဲ့ရာ ေဝဖန္ေသာ မွတ္ခ်က္မ်ားစြာ ကို ရရွိခဲ့သည္။
“အရပ္ကတို႔ေရ ႐ြာက မိေအး စြာေတးလန္တယ္ အမ်ားတကာနဲ႔လွည့္ပတ္ရန္လုပ္တယ္ ဘာျဖစ္တယ္ ညာျဖစ္တယ္ နဲ႔။ မိေအးကို ဝိုင္းသမတာငယ္ႏိုင္ဆိုၿပီး ဖိတာ အဲဒါေတြက်ေတာ့ မသိသလိုပဲလုပ္ေနၾကေပါ့။ မိေအးလည္း ၁၉၉၀ မတိုင္ခင္လို ၂၀၀၀ တုန္းကလို ေခါင္းငုံ႔ခံတဲ့ေခတ္ ကုန္ၿပီေလ ရင္ဖြင့္ၾကည့္တာပါ။ အမ်ားေျပာတဲ့ တင္နီလာေအး တကယ္ဆိုးတာ အေၾကာင္းရွိလို႔ပါ” ဟု တာဘုန္းေက်ာ္ က ေရးသားထားျခင္း ျဖစ္သည္။
အဆိုပါ စကားႏွင့္ ပတ္သက္ရွိ လက္ရွိ အေျခအေနတြင္ TNLA အေနျဖင့္ ၎တို႔ ထိန္းခ်ဳပ္ေဒသမွ အျခား တိုင္းရင္းသားမ်ားကို မေလးစားသည့္ အျပင္ ရန္လိုျခင္း ျဖစ္ေၾကာင္း ရွမ္းတိုင္းရင္းသား ႏိုင္ငံေရး သုံးသပ္ေလ့လာသူ တစ္ဦးက ဆိုသည္။
“ပေလာင္တပ္ေတြနဲ႔ ပတ္သက္ၿပီး လူမိုက္ဆန္တယ္၊ ရမ္းကားတယ္ ဆိုၿပီး ေျပာေန၊ ေတြ႕ေနရတာပဲ။ အခု တာဘုန္းေက်ာ္ ေရးတာက သူ႔လူေတြ ကို လူမိုက္အားေပး စကား ေျပာတာပါပဲ။ ၿပီးေတာ့ အခု သူတို႔ အျငင္းပြားေနတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ တာဝန္ခံမႈ အားနည္းတာကို ျပတယ္။ ဒီအတြက္ သူ ေရးတဲ့ ေအာက္မွာလည္း မန႔္ေတြ ၾကည့္ေလ ဆိုးဆိုးဝါးဝါးေတြခ်ည္းပဲ” ဟု ၎က ဆိုသည္။
Related news
© 2021. All rights reserved.