သင်္ကြန်ကာလအတွင်း ယဉ်ကျေးမှုဇုန်များ ဖွင့်လှစ်ပေးထားမည်

 1174

NP News မတ်လ (၂၇)ရက်
သင်္ကြန်ကာလအတွင်း ယဉ်ကျေးမှုဇုန်များကို အများပြည်သူများ လေ့လာအပန်းဖြေနိုင်ရန်အတွက် ဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန မှ သိရသည်။
မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် မဟာသင်္ကြန်ကာလအတွင်း မန္တလေးတိုင်းဒေသကြီးရှိ ပင်းယယဉ်ကျေးမှုဇုန်၊ အင်းဝယဉ်ကျေးမှုဇုန်၊ ပုဂံယဉ်ကျေးမှုဇုန်၊ ပဲခူးယဉ်ကျေးမှုဇုန်နှင့် သရေခေတ္တရာ ယဉ်ကျေးမှုဇုန် စသည့် ယဉ်ကျေးမှုဇုန်များကို အများပြည်သူများလာရောက်လေ့လာအပန်းဖြေနိုင်ရန် ဖွင့်လှစ်ပေး ထားမည် ဖြစ်ကြောင်း သိရသည်။
“ယဉ်ကျေးမှုဇုန်တွေထဲမှာ ခရီးသွားတွေ အသွားအလာများတဲ့ ဇုန်တွေကတော့ ပင်းယ၊ အင်းဝ နဲ့ ပုဂံ ယဉ်ကျေးမှုဇုန်တွေဖြစ်ပါတယ်။ အဲဒီဇုန်တွေကို သင်္ကြန်ကာလမှာ ဖွင့်လှစ်ပေးထားမှာဖြစ်သလို၊ ကျန်တဲ့ ပဲခူး၊ သရေခေတ္တရာ ယဉ်ကျေးမှုဇုန်တွေကိုလည်း အခုနှစ်မှာ ဖွင့်လှစ်ပေးထားမှာ ဖြစ်ပါတယ်” ဟု ရှေးဟောင်းသု တေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မှ တာဝန် ရှိသူတစ်ဦးက ပြော သည်။
အထက်ပါ ယဉ်ကျေးမှုဇုန်များကို သင်္ကြန်ကာလမှာ ဖွင့်လှစ်ပေးထားမှာ ဖြစ်သော်လည်း ဇုန်ဧရိယာများ အတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှု ပြတိုက်များကိုမူ ပိတ်ထားမည်ဖြစ်ကြောင်း ၊ အလားတူ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်လက်ရာများ တည်ရှိရာ မြနန်းစံကျော် ရွှေနန်းတော်ကိုလည်း ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
သၾကၤန္ကာလအတြင္း ယဥ္ေက်းမႈဇုန္မ်ား ဖြင့္လွစ္ေပးထားမယ္
NP News မတ္လ (၂၇)ရက္
သၾကၤန္ကာလအတြင္း ယဥ္ေက်းမႈဇုန္မ်ားကို အမ်ားျပည္သူမ်ား ေလ့လာအပန္းေျဖႏိုင္ရန္အတြက္ ဖြင့္လွစ္ေပးထားမည္ျဖစ္ေၾကာင္း ေရွးေဟာင္းသုေတသနႏွင့္အမ်ိဳးသားျပတိုက္ ဦးစီးဌာန မွ သိရသည္။
ျမန္မာသကၠရာဇ္ ၁၃၈၆ ခုႏွစ္ မဟာသၾကၤန္ကာလအတြင္း မႏၲေလးတိုင္းေဒသႀကီးရွိ ပင္းယယဥ္ေက်းမႈဇုန္၊ အင္းဝယဥ္ေက်းမႈဇုန္၊ ပုဂံယဥ္ေက်းမႈဇုန္၊ ပဲခူးယဥ္ေက်းမႈဇုန္ႏွင့္ သေရေခတၱရာ ယဥ္ေက်းမႈဇုန္ စသည့္ ယဥ္ေက်းမႈဇုန္မ်ားကို အမ်ားျပည္သူမ်ားလာေရာက္ေလ့လာအပန္းေျဖႏိုင္ရန္ ဖြင့္လွစ္ေပး ထားမည္ ျဖစ္ေၾကာင္း သိရသည္။
“ယဥ္ေက်းမႈဇုန္ေတြထဲမွာ ခရီးသြားေတြ အသြားအလာမ်ားတဲ့ ဇုန္ေတြကေတာ့ ပင္းယ၊ အင္းဝ နဲ႔ ပုဂံ ယဥ္ေက်းမႈဇုန္ေတြျဖစ္ပါတယ္။ အဲဒီဇုန္ေတြကို သၾကၤန္ကာလမွာ ဖြင့္လွစ္ေပးထားမွာျဖစ္သလို၊ က်န္တဲ့ ပဲခူး၊ သေရေခတၱရာ ယဥ္ေက်းမႈဇုန္ေတြကိုလည္း အခုႏွစ္မွာ ဖြင့္လွစ္ေပးထားမွာ ျဖစ္ပါတယ္” ဟု ေရွးေဟာင္းသု ေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန မွ တာဝန္ ရွိသူတစ္ဦးက ေျပာ သည္။
အထက္ပါ ယဥ္ေက်းမႈဇုန္မ်ားကို သၾကၤန္ကာလမွာ ဖြင့္လွစ္ေပးထားမွာ ျဖစ္ေသာ္လည္း ဇုန္ဧရိယာမ်ား အတြင္းရွိ ေရွးေဟာင္းယဥ္ေက်းမႈ ျပတိုက္မ်ားကိုမူ ပိတ္ထားမည္ျဖစ္ေၾကာင္း ၊ အလားတူ ေရွးေဟာင္းယဥ္ေက်းမႈအေမြအႏွစ္လက္ရာမ်ား တည္ရွိရာ ျမနန္းစံေက်ာ္ ေ႐ႊနန္းေတာ္ကိုလည္း ပိတ္ထားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.