PDF အဖြစ်မှ နှုတ်ထွက်လိုသော CDM သူနာပြု ကို ခွင့်မပြုသည့် အပြင် ဖမ်းဆီး၊ ရိုက်နှက်သော ဖြစ်စဉ်ဖြစ်ပွား

 37976

ချယ်ရီ(NP News)-မတ် ၂၇
PDF အဖြစ်မှ နှုတ်ထွက်လိုသော CDM သူနာပြု ကို ခွင့်မပြုသည့် အပြင် ဖမ်းဆီး၊ ရိုက်နှက်သော ဖြစ်စဉ်ဖြစ်ပွား ခဲ့ကြောင်း Shieldအမျိုးသမီးအဖွဲ့ ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါထုတ်ပြန်ချက်ကို ယမန်နေ့ (မတ်လ ၂၆ ရက်) က ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ကျူးလွန်ခံသူမှာ မိုးမိတ်ပြည်သူ့ဆေးရုံမှ CDM ပြုလုပ်ခဲ့သော သူနာပြု ယဉ်မွန်အောင် ဖြစ်ကြောင်း သိရသည်။
၎င်းသည် NUG ၏ စစ်ဒေသ (၁)၊ အမှတ် (၅၁၅) တပ်ရင်းတွင် ဆေးတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာ တပ်ရင်းမှူး ဒေါက်တာလုံးလုံး၏ ညွှန်ကြားချက်ဖြင့် ကျောက်ဆည်ခရိုင်၊ တပ်ရင်း (၃)ကို ပြောင်းရွှေ့ကာ တာဝန်ထမ်းဆောင်ခဲ့ရကြောင်း ထုတ်ပြန်စာ အရ သိရသည်။
ယင်းနောက် PDFတပ်ရင်းမှူးထံသို့ နှုတ်ထွက်ရန် စာ(၃)ကြိမ် တင်သွင်းခဲ့သော်လည်း အကြောင်းပြန်မှုမရှိ သောကြောင့် NUG ၏ စစ်ရေးချုပ်ထံ တိုက်ရိုက်တင်ပြခဲ့ရာ တပ်ရင်းမှူး က NUG ဝန်ကြီးဌာန နှုတ်မိန့်ဟု ဆိုကာ မတ်လ ၁၈ ရက်တွင် ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း စာတွင်ရေးသားထားသည်။
ထို့ပြင် ခွင့်ပြုချက်မရှိဘဲ အဖွဲ့၏ “Facebook Messenger" မှ ထွက်ခွာသည်ဟုဆိုကာ အကြမ်းပတမ်း ဆွဲထုတ်ပြီး အရိုက်ခံခဲ့ရသည်သာမက သတိလစ်သည် အထိ ဒဏ်ပေးခဲ့ကြောင်းသိရသည်။
ထို့ပြင် အမျိုးသား အကျဉ်းသားများနှင့်အတူ (၃) ရက်ကြာ ထိပ်တုံးခတ် အချုပ်ခံရသည့် အပြင် ချုပ်ရက် ပြည့်သော နေ့တွင်လည်း ထပ်မံ အရိုက်ခံရကြောင်း နှင့် ဖုန်း၊ မှတ်ပုံတင်တို့ကိုလည်း သိမ်းထားသည့် အပြင် မိသားစု နှင့် လည်း ဆက်သွယ်ခွင့် မပေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားကာ အဆိုပါ အချက်နှင့် ပတ်သက်၍ တောင်းဆိုချက်များကို Shieldအမျိုးသမီးအဖွဲ့ က ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

Zawgyi Version:
PDF အျဖစ္မွ ႏႈတ္ထြက္လိုေသာ CDM သူနာျပဳ ကို ခြင့္မျပဳသည့္ အျပင္ ဖမ္းဆီး၊ ႐ိုက္ႏွက္ေသာ ျဖစ္စဥ္ျဖစ္ပြား
ခ်ယ္ရီ(NP News)-မတ္ ၂၇
PDF အျဖစ္မွ ႏႈတ္ထြက္လိုေသာ CDM သူနာျပဳ ကို ခြင့္မျပဳသည့္ အျပင္ ဖမ္းဆီး၊ ႐ိုက္ႏွက္ေသာ ျဖစ္စဥ္ျဖစ္ပြား ခဲ့ေၾကာင္း Shieldအမ်ိဳးသမီးအဖြဲ႕ ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါထုတ္ျပန္ခ်က္ကို ယမန္ေန႔ (မတ္လ ၂၆ ရက္) က ထုတ္ျပန္ခဲ့ျခင္း ျဖစ္ၿပီး က်ဴးလြန္ခံသူမွာ မိုးမိတ္ျပည္သူ႔ေဆး႐ုံမွ CDM ျပဳလုပ္ခဲ့ေသာ သူနာျပဳ ယဥ္မြန္ေအာင္ ျဖစ္ေၾကာင္း သိရသည္။
၎သည္ NUG ၏ စစ္ေဒသ (၁)၊ အမွတ္ (၅၁၅) တပ္ရင္းတြင္ ေဆးတပ္ဖြဲ႕ဝင္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ရာ တပ္ရင္းမႉး ေဒါက္တာလုံးလုံး၏ ၫႊန္ၾကားခ်က္ျဖင့္ ေက်ာက္ဆည္ခ႐ိုင္၊ တပ္ရင္း (၃)ကို ေျပာင္းေ႐ႊ႕ကာ တာဝန္ထမ္းေဆာင္ခဲ့ရေၾကာင္း ထုတ္ျပန္စာ အရ သိရသည္။
ယင္းေနာက္ PDFတပ္ရင္းမႉးထံသို႔ ႏႈတ္ထြက္ရန္ စာ(၃)ႀကိမ္ တင္သြင္းခဲ့ေသာ္လည္း အေၾကာင္းျပန္မႈမရွိ ေသာေၾကာင့္ NUG ၏ စစ္ေရးခ်ဳပ္ထံ တိုက္႐ိုက္တင္ျပခဲ့ရာ တပ္ရင္းမႉး က NUG ဝန္ႀကီးဌာန ႏႈတ္မိန႔္ဟု ဆိုကာ မတ္လ ၁၈ ရက္တြင္ ဖမ္းဆီး ထိန္းသိမ္းခဲ့ေၾကာင္း စာတြင္ေရးသားထားသည္။
ထို႔ျပင္ ခြင့္ျပဳခ်က္မရွိဘဲ အဖြဲ႕၏ “Facebook Messenger" မွ ထြက္ခြာသည္ဟုဆိုကာ အၾကမ္းပတမ္း ဆြဲထုတ္ၿပီး အ႐ိုက္ခံခဲ့ရသည္သာမက သတိလစ္သည္ အထိ ဒဏ္ေပးခဲ့ေၾကာင္းသိရသည္။
ထို႔ျပင္ အမ်ိဳးသား အက်ဥ္းသားမ်ားႏွင့္အတူ (၃) ရက္ၾကာ ထိပ္တုံးခတ္ အခ်ဳပ္ခံရသည့္ အျပင္ ခ်ဳပ္ရက္ ျပည့္ေသာ ေန႔တြင္လည္း ထပ္မံ အ႐ိုက္ခံရေၾကာင္း ႏွင့္ ဖုန္း၊ မွတ္ပုံတင္တို႔ကိုလည္း သိမ္းထားသည့္ အျပင္ မိသားစု ႏွင့္ လည္း ဆက္သြယ္ခြင့္ မေပးေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားကာ အဆိုပါ အခ်က္ႏွင့္ ပတ္သက္၍ ေတာင္းဆိုခ်က္မ်ားကို Shieldအမ်ိဳးသမီးအဖြဲ႕ က ထုတ္ျပန္ခ်က္အတြင္း ေဖာ္ျပထားသည္။

Picture

Nyi Aung

27/03/2025 16:11

ရောင်ပြန်ဟပ်တာ

Related news

© 2021. All rights reserved.