ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသ တရားရုံးအပါအဝင် ခရိုင်တရားရုံးများ၏ တရားမ စီရင်ပိုင်ခွင့် အမှုတန်ဖိုးများ တိုးမြှင့်

1214

စော(NP News)-မတ် ၂၇
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသ တရားရုံးအပါအဝင် ခရိုင်တရားရုံးများ၏ တရားမ စီရင်ပိုင်ခွင့် အမှုတန်ဖိုးများ တိုးမြှင့်လိုက်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အချက်အလက်များအရ သိရသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၆၄ အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ နှင့် ခရိုင်တရားသူကြီးများအား သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ သို့မဟုတ် ခရိုင်အတွင်း ၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၃၂ (၁) အရ တင်သွင်းသော လွှဲအပ်လွှာကို စီရင်ရန် စီရင်ပိုင်ခွင့်အာဏာ အပ်နှင်းလိုက်ကြောင်း သိရသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၆၃ အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများနှင့် ခရိုင် တရားရုံးများအား တန်ဖိုးကျပ် သိန်း (၅၀၀၀၀) ထက်မပိုသည့် တရားမမူလမှု သို့မဟုတ် မူလမှုခင်း များကို စီရင်ရန် စီရင်ပိုင်ခွင့်အာဏာများကို အပ်နှင်းလိုက်ကြောင်း သိရသည်။
ထို့ပြင် ဒုတိယကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ဒုတိယကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများ နှင့် ဒုတိယခရိုင်တရားရုံးများအား တန်ဖိုးကျပ် သိန်း (၃၀၀၀၀) ထက်မပိုသည့် တရားမမူလမှု သို့မဟုတ် မူလမှုခင်း များကို စီရင်ရန် စီရင်ပိုင်ခွင့်အာဏာများကို အပ်နှင်းလိုက်ကြောင်း သိရသည်။
“ခေတ်ကာလအလျောက် အားလုံးက ကုန်ဈေးနှုန်းတွေကြီးမြင့်တယ်။ အမှုတန်ဖိုးတန်ဖိုးတွေလဲ လိုက်မြင့်မယ် ဟိုတစ်လောကလည်း ၁၄ရက်၊ ၂ လ၊ ၂၀၂၄တုန်းကလည်း တစ်ကြိမ်ပြင်ပြီးပြီလေ။ မြို့နယ်တရားရုံးများသည် အမှုတန်ဖိုး ကျပ်သိန်း၅၀၀အထိ စီရင်ပိုင်ခွင့်ရှိတယ်လေ ဒီလို အခုလည်းလိုအပ်လို့ပြင်တာ”ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်ဇော်(မရမ်းကုန်း)က NP News ကိုပြောသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားသူကြီး သို့မဟုတ် ခရိုင်တရားသူကြီးသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ညွှန်ကြားချက်နှင့်အညီ မိမိရုံးရှိ အခြားတရားသူကြီးတစ်ဦးဦးအား အမှုများကို စစ်ဆေးစီရင်ရန် လွှဲအပ်နိုင်ပြီး အဆိုပါတရားသူကြီးများ ခေတ္တရုံးမထိုင်နိုင်သည့်အခါ ၎င်းက တာဝန်လွှဲအပ် ထားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သို့မဟုတ် ခရိုင် အဆင့် တရားသူကြီးသည် အမှုများကို စစ်ဆေးစီရင်ရန် လွှဲအပ်နိုင်ကြောင်း သိရသည်။
အဆိုပါတရားသူကြီးများသည် ၎င်းတို့လွှဲအပ်ထားသောအမှုကို ပြန်လည် တောင်းခေါ်၍ ၎င်းတို့ကိုယ်တိုင် စစ်ဆေးစီရင်ခြင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ သို့မဟုတ် ခရိုင်အဆင့် အခြားတရားသူကြီးတစ်ဦးအား စစ်ဆေးစီရင်ရန် အတွက် လွှဲအပ်ခြင်း လုပ်ပိုင်ခွင့်များ ကျင့်သုံးနိုင်ကြောင်း သိရသည်။
ထို့ပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီး၊ ခရိုင်တရားသူကြီး၊ တွဲဖက်ခရိုင်တရားသူကြီး၊ ဒုတိယကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး၊ ဒုတိယကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးနှင့် ဒုတိယခရိုင်တရားသူကြီးများသည် မိမိစီရင်ပိုင်ခွင့်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သို့မဟုတ် ခရိုင်အတွင်း တရားရုံးတစ်ရုံးမှ အခြားတရားရုံးတစ်ရုံးသို့ အမှုလွှဲပြောင်းပေးမှုကို စီရင်နိုင်ပြီး ၎င်း၏ဆုံးဖြတ်ချက်အရ လွှဲပြောင်းရယူသောအမှုကို စီရင်နိုင်ကြောင်း သိရသည်။
အဆိုပါ တရားမ စီရင်ပိုင်ခွင့် အာဏာအပ်နှင်းခြင်းနှင့် ပတ်သက်၍ ယခုနှစ်၊ ဧပြီလ ၂၅ ရက် စ၍ အကျိုးသက်ရောက်မှုရှိစေရမည်ဖြစ်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
ယခင်က ခရိုင်တရားရုံးများ၏ တရားမမူလမှု သို့မဟုတ် မူလမှုခင်း များကို ကျပ်သိန်း (၃၀၀၀)သောင်းအထိ စီရင်ပိုင်ခွင့်ရှိကြောင်း သိရသည်။

Zawgyi Version:
ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ တိုင္းႏွင့္ ေဒသ တရား႐ုံးအပါအဝင္ ခ႐ိုင္တရား႐ုံးမ်ား၏ တရားမ စီရင္ပိုင္ခြင့္ အမႈတန္ဖိုးမ်ား တိုးျမႇင့္
ေစာ(NP News)-မတ္ ၂၇
ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ တိုင္းႏွင့္ ေဒသ တရား႐ုံးအပါအဝင္ ခ႐ိုင္တရား႐ုံးမ်ား၏ တရားမ စီရင္ပိုင္ခြင့္ အမႈတန္ဖိုးမ်ား တိုးျမႇင့္လိုက္ေၾကာင္း ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္၏ အခ်က္အလက္မ်ားအရ သိရသည္။
ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္သည္ ျပည္ေထာင္စုတရားစီရင္ေရးဥပေဒပုဒ္မ ၆၄ အရ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္းတရားသူႀကီး၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတရားသူႀကီးမ်ား ႏွင့္ ခ႐ိုင္တရားသူႀကီးမ်ားအား သက္ဆိုင္ရာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း သို႔မဟုတ္ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသ သို႔မဟုတ္ ခ႐ိုင္အတြင္း ၁၉၆၀ ျပည့္ႏွစ္၊ ၿမိဳ႕ျပဆိုင္ရာငွားရမ္းခႀကီးၾကပ္ေရး အက္ဥပေဒပုဒ္မ ၃၂ (၁) အရ တင္သြင္းေသာ လႊဲအပ္လႊာကို စီရင္ရန္ စီရင္ပိုင္ခြင့္အာဏာ အပ္ႏွင္းလိုက္ေၾကာင္း သိရသည္။
ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္သည္ ျပည္ေထာင္စုတရားစီရင္ေရးဥပေဒပုဒ္မ ၆၃ အရ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္းတရား႐ုံး၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတရား႐ုံးမ်ားႏွင့္ ခ႐ိုင္ တရား႐ုံးမ်ားအား တန္ဖိုးက်ပ္ သိန္း (၅၀၀၀၀) ထက္မပိုသည့္ တရားမမူလမႈ သို႔မဟုတ္ မူလမႈခင္း မ်ားကို စီရင္ရန္ စီရင္ပိုင္ခြင့္အာဏာမ်ားကို အပ္ႏွင္းလိုက္ေၾကာင္း သိရသည္။
ထို႔ျပင္ ဒုတိယကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္းတရား႐ုံး၊ ဒုတိယကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတရား႐ုံးမ်ား ႏွင့္ ဒုတိယခ႐ိုင္တရား႐ုံးမ်ားအား တန္ဖိုးက်ပ္ သိန္း (၃၀၀၀၀) ထက္မပိုသည့္ တရားမမူလမႈ သို႔မဟုတ္ မူလမႈခင္း မ်ားကို စီရင္ရန္ စီရင္ပိုင္ခြင့္အာဏာမ်ားကို အပ္ႏွင္းလိုက္ေၾကာင္း သိရသည္။
“ေခတ္ကာလအေလ်ာက္ အားလုံးက ကုန္ေဈးႏႈန္းေတြႀကီးျမင့္တယ္။ အမႈတန္ဖိုးတန္ဖိုးေတြလဲ လိုက္ျမင့္မယ္ ဟိုတစ္ေလာကလည္း ၁၄ရက္၊ ၂ လ၊ ၂၀၂၄တုန္းကလည္း တစ္ႀကိမ္ျပင္ၿပီးၿပီေလ။ ၿမိဳ႕နယ္တရား႐ုံးမ်ားသည္ အမႈတန္ဖိုး က်ပ္သိန္း၅၀၀အထိ စီရင္ပိုင္ခြင့္ရွိတယ္ေလ ဒီလို အခုလည္းလိုအပ္လို႔ျပင္တာ”ဟု တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေဇာ္(မရမ္းကုန္း)က NP News ကိုေျပာသည္။
ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္းတရားသူႀကီး သို႔မဟုတ္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ တရားသူႀကီး သို႔မဟုတ္ ခ႐ိုင္တရားသူႀကီးသည္ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္၏ ၫႊန္ၾကားခ်က္ႏွင့္အညီ မိမိ႐ုံးရွိ အျခားတရားသူႀကီးတစ္ဦးဦးအား အမႈမ်ားကို စစ္ေဆးစီရင္ရန္ လႊဲအပ္ႏိုင္ၿပီး အဆိုပါတရားသူႀကီးမ်ား ေခတၱ႐ုံးမထိုင္ႏိုင္သည့္အခါ ၎က တာဝန္လႊဲအပ္ ထားေသာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း သို႔မဟုတ္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ သို႔မဟုတ္ ခ႐ိုင္ အဆင့္ တရားသူႀကီးသည္ အမႈမ်ားကို စစ္ေဆးစီရင္ရန္ လႊဲအပ္ႏိုင္ေၾကာင္း သိရသည္။
အဆိုပါတရားသူႀကီးမ်ားသည္ ၎တို႔လႊဲအပ္ထားေသာအမႈကို ျပန္လည္ ေတာင္းေခၚ၍ ၎တို႔ကိုယ္တိုင္ စစ္ေဆးစီရင္ျခင္း၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း သို႔မဟုတ္ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသ သို႔မဟုတ္ ခ႐ိုင္အဆင့္ အျခားတရားသူႀကီးတစ္ဦးအား စစ္ေဆးစီရင္ရန္ အတြက္ လႊဲအပ္ျခင္း လုပ္ပိုင္ခြင့္မ်ား က်င့္သုံးႏိုင္ေၾကာင္း သိရသည္။
ထို႔ျပင္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္းတရားသူႀကီး၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတရားသူႀကီး၊ ခ႐ိုင္တရားသူႀကီး၊ တြဲဖက္ခ႐ိုင္တရားသူႀကီး၊ ဒုတိယကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္းတရားသူႀကီး၊ ဒုတိယကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတရားသူႀကီးႏွင့္ ဒုတိယခ႐ိုင္တရားသူႀကီးမ်ားသည္ မိမိစီရင္ပိုင္ခြင့္ရွိေသာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း သို႔မဟုတ္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ သို႔မဟုတ္ ခ႐ိုင္အတြင္း တရား႐ုံးတစ္႐ုံးမွ အျခားတရား႐ုံးတစ္႐ုံးသို႔ အမႈလႊဲေျပာင္းေပးမႈကို စီရင္ႏိုင္ၿပီး ၎၏ဆုံးျဖတ္ခ်က္အရ လႊဲေျပာင္းရယူေသာအမႈကို စီရင္ႏိုင္ေၾကာင္း သိရသည္။
အဆိုပါ တရားမ စီရင္ပိုင္ခြင့္ အာဏာအပ္ႏွင္းျခင္းႏွင့္ ပတ္သက္၍ ယခုႏွစ္၊ ဧၿပီလ ၂၅ ရက္ စ၍ အက်ိဳးသက္ေရာက္မႈရွိေစရမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ယခင္က ခ႐ိုင္တရား႐ုံးမ်ား၏ တရားမမူလမႈ သို႔မဟုတ္ မူလမႈခင္း မ်ားကို က်ပ္သိန္း (၃၀၀၀)ေသာင္းအထိ စီရင္ပိုင္ခြင့္ရွိေၾကာင္း သိရသည္။