အမေရိကန်သမ္မတအသစ်က ထုတ်ပြန်သော ကားများကို အခွန်(၂၅ )ရာခိုင်နှုန်းကောက်မည့် အမိန့်ကြောင့် ထိုင်း အပါအဝင် ကမ္ဘာ့နိုင်ငံအချို့ကို သက်ရောက်မှုဖြစ်ဖွယ်ရှိနေ

 963

ဂျန်ဇက် (NP News) - မတ် ၂၇

အမေရိကန် သမ္မတဒေါ်နယ်ထရမ့်သည် ကာလအတန်ကြာကတိပေးထားသည့် နိုင်ငံအတွင်းသို့တင်သွင်းသော ကားများကို ကုန်သွယ်ခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမည့်အမိန့်ကို မတ်လ ၂၇ ရက်က ထုတ်ပြန်ခဲ့ရာ ထိုင်းနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံတွေအပေါ် သက်ရောက်မှုများဖြစ်လာခဲ့ပြီး ကမ္ဘာကုန်သွယ်ရေးစစ်ပွဲ ပိုမိုတင်းမာလာဖွယ် ရှိနေသည်ဟု သိရသည်။
အမေရိကန်သမ္မတ၏အမိန့်ကြောင့် ကားဈေးနှုန်းများ နှင့် ကားထုတ်လုပ်မှုပိုင်း ပိုမိုမြင့်တက်လာဖွယ်ရှိနေကြောင်း ကားနှင့်ပတ်သက်သော ကျွမ်းကျင်သူများက ပြောသည်။ အမေရိကန်သမ္မတက "အမေရိကန်နိုင်ငံထုတ်မဟုတ်တဲ့ ကားအားလုံးကို အခွန် ၂၅ ရာခိုင်နှုန်းကောက်ခံသွားမယ်။ နိုင်ငံအတွင်း တင်သွင်းနေတဲ့ ကားတွေကို အခွန် ၂ ဒသမ ၅ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းအထိ ကောက်ခံသွားမယ်" ဟု ပြောသည်။
အမေရိကန်သမ္မတသည် ပြည်သူများထံမှ အခွန်ကောက်ခံခြင်းကိုလျော့ချရန် နှင့် အမေရိကန်နိုင်ငံ၏ စက်မှု လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံအတွင်း တင်သွင်းသော ကုန်စည် များကို အခွန်ကောက်ခံရန် စီစဉ်လာခြင်းဖြစ်သည်။ ကားများ အခွန်ကောက်ခံခြင်းကို ဧပြီ ၂ ရက်တွင် စတင်မည် ဖြစ်ကြောင်း သိရသည်။
ကားများကိုအခွန်ကောက်ခံမည့် ဒေါ်နယ်ထရမ့်၏ အမိန့်အသစ်နှင့်ပတ်သက်ပြီး ထိုင်းဘဏ္ဍာရေးဝန်ကြီးက ထိုင်းနိုင်ငံ၏ ကားလုပ်ငန်းကို ထိရောက်မှုရှိလာမည်ဖြစ်ကြောင်း ပြောသည်။ အမေရိကန်သမ္မတအသစ်၏ အမိန့်သစ်ကြောင့် ထိုင်းနိုင်ငံ၏ ပြည်ပနိုင်ငံများသို့ ကားပစ္စည်း အစိတ်အပိုင်းများတင်ပို့ခြင်းကို သက်ရောက်မှုများ ရှိလာမည်ဖြစ်ပြီး၊ ကားထုတ်လုပ်သည့် နိုင်ငံများနှင့်ကျော်လွန်ပြီး အမေရိကန် နှင့် တိုက်ရိုက်ဆွေးနွေးမည်ဖြစ် ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက ပြောသည်။ ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် ပြည်ပ ကားထုတ်လုပ်ငန်းအကြီးဆုံးနိုင်ငံဖြစ်ပြီး တိုယိုတာ၊ ဟွန်ဒါ ကားများ အပါအဝင် အခြား ကားများကို ထိုင်းနိုင်ငံ အတွင်းမှတဆင့် အခြားနိုင်ငံများသို့ တင်ပို့ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:
အေမရိကန္သမၼတအသစ္က ထုတ္ျပန္ေသာ ကားမ်ားကို အခြန္(၂၅ )ရာခိုင္ႏႈန္းေကာက္မည့္ အမိန႔္ေၾကာင့္ ထိုင္း အပါအဝင္ ကမာၻ႔ႏိုင္ငံအခ်ိဳ႕ကို သက္ေရာက္မႈျဖစ္ဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - မတ္ ၂၇

အေမရိကန္ သမၼတေဒၚနယ္ထရမ့္သည္ ကာလအတန္ၾကာကတိေပးထားသည့္ ႏိုင္ငံအတြင္းသို႔တင္သြင္းေသာ ကားမ်ားကို ကုန္သြယ္ခြန္ ၂၅ ရာခိုင္ႏႈန္း ေကာက္ခံမည့္အမိန႔္ကို မတ္လ ၂၇ ရက္က ထုတ္ျပန္ခဲ့ရာ ထိုင္းႏိုင္ငံ အပါအဝင္ ကမာၻ႔ႏိုင္ငံေတြအေပၚ သက္ေရာက္မႈမ်ားျဖစ္လာခဲ့ၿပီး ကမာၻကုန္သြယ္ေရးစစ္ပြဲ ပိုမိုတင္းမာလာဖြယ္ ရွိေနသည္ဟု သိရသည္။
အေမရိကန္သမၼတ၏အမိန႔္ေၾကာင့္ ကားေဈးႏႈန္းမ်ား ႏွင့္ ကားထုတ္လုပ္မႈပိုင္း ပိုမိုျမင့္တက္လာဖြယ္ရွိေနေၾကာင္း ကားႏွင့္ပတ္သက္ေသာ ကြၽမ္းက်င္သူမ်ားက ေျပာသည္။ အေမရိကန္သမၼတက "အေမရိကန္ႏိုင္ငံထုတ္မဟုတ္တဲ့ ကားအားလုံးကို အခြန္ ၂၅ ရာခိုင္ႏႈန္းေကာက္ခံသြားမယ္။ ႏိုင္ငံအတြင္း တင္သြင္းေနတဲ့ ကားေတြကို အခြန္ ၂ ဒသမ ၅ ရာခိုင္ႏႈန္းကေန ၂၅ ရာခိုင္ႏႈန္းအထိ ေကာက္ခံသြားမယ္" ဟု ေျပာသည္။
အေမရိကန္သမၼတသည္ ျပည္သူမ်ားထံမွ အခြန္ေကာက္ခံျခင္းကိုေလ်ာ့ခ်ရန္ ႏွင့္ အေမရိကန္ႏိုင္ငံ၏ စက္မႈ လုပ္ငန္းမ်ားတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ပိုမိုျဖစ္လာေစရန္ ရည္႐ြယ္ခ်က္ျဖင့္ ႏိုင္ငံအတြင္း တင္သြင္းေသာ ကုန္စည္ မ်ားကို အခြန္ေကာက္ခံရန္ စီစဥ္လာျခင္းျဖစ္သည္။ ကားမ်ား အခြန္ေကာက္ခံျခင္းကို ဧၿပီ ၂ ရက္တြင္ စတင္မည္ ျဖစ္ေၾကာင္း သိရသည္။
ကားမ်ားကိုအခြန္ေကာက္ခံမည့္ ေဒၚနယ္ထရမ့္၏ အမိန႔္အသစ္ႏွင့္ပတ္သက္ၿပီး ထိုင္းဘ႑ာေရးဝန္ႀကီးက ထိုင္းႏိုင္ငံ၏ ကားလုပ္ငန္းကို ထိေရာက္မႈရွိလာမည္ျဖစ္ေၾကာင္း ေျပာသည္။ အေမရိကန္သမၼတအသစ္၏ အမိန႔္သစ္ေၾကာင့္ ထိုင္းႏိုင္ငံ၏ ျပည္ပႏိုင္ငံမ်ားသို႔ ကားပစၥည္း အစိတ္အပိုင္းမ်ားတင္ပို႔ျခင္းကို သက္ေရာက္မႈမ်ား ရွိလာမည္ျဖစ္ၿပီး၊ ကားထုတ္လုပ္သည့္ ႏိုင္ငံမ်ားႏွင့္ေက်ာ္လြန္ၿပီး အေမရိကန္ ႏွင့္ တိုက္႐ိုက္ေဆြးေႏြးမည္ျဖစ္ ေၾကာင္း အေမရိကန္ဘ႑ာေရးဝန္ႀကီးက ေျပာသည္။ ထိုင္းႏိုင္ငံသည္ အေရွ႕ေတာင္အာရွေဒသတြင္ ျပည္ပ ကားထုတ္လုပ္ငန္းအႀကီးဆုံးႏိုင္ငံျဖစ္ၿပီး တိုယိုတာ၊ ဟြန္ဒါ ကားမ်ား အပါအဝင္ အျခား ကားမ်ားကို ထိုင္းႏိုင္ငံ အတြင္းမွတဆင့္ အျခားႏိုင္ငံမ်ားသို႔ တင္ပို႔ေရာင္းခ်ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.