ဂျပန်နိုင်ငံ၊ အနောက်ပိုင်းမှာ လေပြင်းတိုက်ခတ်မှုကြောင့် တောမီးလောင်ကျွမ်းမှုများ အရှိန်မြင့်

349

ရောင်နီ (NP News) - မတ် ၂၈
ဂျပန်နိုင်ငံ၊ အနောက်ပိုင်းစီရင်စုနှစ်ခုမှာ မတ်လ ၂၆ ရက်က လေပြင်း တိုက်ခတ်မှုကြောင့် တောမီးလောင်ကျွမ်းမှု ပိုမိုပြင်းထန်လာခဲ့ကာ စုစုပေါင်း ဟက်တာ ၉၀၀ ကျော် လောင်ကျွမ်းခဲ့ပြီး အနည်းဆုံး အဆောက်အအုံ ၁၅ လုံးထိ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အာမီ စီရင်စုရှိ အိုင်မာဘာရီ နဲ့ ဆိုင်ဂျိုမှာ ဟက်တာ ၄၁၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီး အိမ် ၇ လုံးနဲ့ ဂိုဒေါင် ၂ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အိုကာယာမစီရင်စုမှာ ခန့်မှန်းခြေအားဖြင့် ဟက်တာ ၅၄၀ ခန့်နဲ့ အဆောက်အဦ ၆ လုံး မီးလောင်ခဲ့ပါတယ်။ စီရင်စုနှစ်ရပ်စလုံးမှာ မီးလောင်ကျွမ်းမှုကို ထိန်းချုပ်ဖို့ မီးသတ်သမား တွေနဲ့ မြေပြင်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေကြပြီး ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ တောင်းဆိုထားပါတယ်။ ဝန်ကြီးချုပ် ရှီဂီရုအစ်ဟီဘာကတော့ သက်ဆိုင်ရာအေဂျင်စီတွေက မီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ဓာတ်အားပြတ်တောက်မှုဖြစ်နိုင်ခြေရှိနိုင်တာ ကြောင့် ဓာတ်အားထောက်ပံ့ရေး ယာဉ်တွေ ဖြန့်ကျက်ချထားရေးကိုလည်း ဝန်ကြီးချုပ်က အမိန့်ပေးထားပါတယ်။
ရဟတ်ယာဉ်သုံး ငြိမ်းသတ်မှုတွေ ပြုလုပ်နေတဲ့ တောမီးလောင်မှုဟာ လူအသေအပျောက် မရှိသေးပေမယ့် အန္တရာယ်ရှိနေဆဲဖြစ်တယ်လို့ ကြေညာထားပါတယ်။ မီးသတ်နဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အေဂျင်စီက လည်း အရေးပေါ်မီးသတ်တပ်ဖွဲ့ဝင်တွေ စေလွှတ်ဖို့ စီရင်စု ရှစ်ခုကို ဆက်လက်တောင်းဆိုထားပါတယ်။ လက်ရှိ အိုင်မာဘာရီနဲ့ ဆိုင်ဂျိုရှိ အိမ်ခြေ ၃၈၀၀ ကျော်မှ လူ ၇,၅၀၀ နီးပါးကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အမိန့်ထုတ်ထား ပါတယ်။
မတ်လ ၂၅ ရက်က စလောင်ကျွမ်းခဲ့တဲ့ မီယာဇာကီမြို့ရဲ့ သီးခြားမီးလောင်ကျွမ်းမှုကိုလည်း မတ် ၂၆ ရက် ညနေပိုင်းက ထိန်းချုပ်နိုင်ခဲ့ပြီး အဆိုပါဒေသရှိ အိမ်ထောင်စု ၇၀ ကို ဘေးလွတ်ရာပြောင်းရွှေ့ဖို့ အမိန့်ထုတ်ထား တယ်လို့ သိရပါတယ်။

Zawgyi Version:
ဂ်ပန္ႏိုင္ငံ၊ အေနာက္ပိုင္းမွာ ေလျပင္းတိုက္ခတ္မႈေၾကာင့္ ေတာမီးေလာင္ကြၽမ္းမႈမ်ား အရွိန္ျမင့္
ေရာင္နီ (NP News) - မတ္ ၂၈
ဂ်ပန္ႏိုင္ငံ၊ အေနာက္ပိုင္းစီရင္စုႏွစ္ခုမွာ မတ္လ ၂၆ ရက္က ေလျပင္း တိုက္ခတ္မႈေၾကာင့္ ေတာမီးေလာင္ကြၽမ္းမႈ ပိုမိုျပင္းထန္လာခဲ့ကာ စုစုေပါင္း ဟက္တာ ၉၀၀ ေက်ာ္ ေလာင္ကြၽမ္းခဲ့ၿပီး အနည္းဆုံး အေဆာက္အအုံ ၁၅ လုံးထိ ပ်က္စီးခဲ့တယ္လို႔ သိရပါတယ္။
အာမီ စီရင္စုရွိ အိုင္မာဘာရီ နဲ႔ ဆိုင္ဂ်ိဳမွာ ဟက္တာ ၄၁၀ ေက်ာ္ မီးေလာင္ကြၽမ္းခဲ့ၿပီး အိမ္ ၇ လုံးနဲ႔ ဂိုေဒါင္ ၂ လုံး မီးေလာင္ပ်က္စီးခဲ့ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ အိုကာယာမစီရင္စုမွာ ခန႔္မွန္းေျခအားျဖင့္ ဟက္တာ ၅၄၀ ခန႔္နဲ႔ အေဆာက္အဦ ၆ လုံး မီးေလာင္ခဲ့ပါတယ္။ စီရင္စုႏွစ္ရပ္စလုံးမွာ မီးေလာင္ကြၽမ္းမႈကို ထိန္းခ်ဳပ္ဖို႔ မီးသတ္သမား ေတြနဲ႔ ေျမျပင္ကိုယ္ပိုင္ ကာကြယ္ေရးတပ္ဖြဲ႕တို႔ ပူးေပါင္းေဆာင္႐ြက္ေနၾကၿပီး ေဒသခံေတြကို ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းၾကဖို႔ ေတာင္းဆိုထားပါတယ္။ ဝန္ႀကီးခ်ဳပ္ ရွီဂီ႐ုအစ္ဟီဘာကေတာ့ သက္ဆိုင္ရာေအဂ်င္စီေတြက မီးေလာင္ကြၽမ္းမႈကို ထိန္းခ်ဳပ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။ ဓာတ္အားျပတ္ေတာက္မႈျဖစ္ႏိုင္ေျခရွိႏိုင္တာ ေၾကာင့္ ဓာတ္အားေထာက္ပံ့ေရး ယာဥ္ေတြ ျဖန႔္က်က္ခ်ထားေရးကိုလည္း ဝန္ႀကီးခ်ဳပ္က အမိန႔္ေပးထားပါတယ္။
ရဟတ္ယာဥ္သုံး ၿငိမ္းသတ္မႈေတြ ျပဳလုပ္ေနတဲ့ ေတာမီးေလာင္မႈဟာ လူအေသအေပ်ာက္ မရွိေသးေပမယ့္ အႏၲရာယ္ရွိေနဆဲျဖစ္တယ္လို႔ ေၾကညာထားပါတယ္။ မီးသတ္နဲ႔ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ေအဂ်င္စီက လည္း အေရးေပၚမီးသတ္တပ္ဖြဲ႕ဝင္ေတြ ေစလႊတ္ဖို႔ စီရင္စု ရွစ္ခုကို ဆက္လက္ေတာင္းဆိုထားပါတယ္။ လက္ရွိ အိုင္မာဘာရီနဲ႔ ဆိုင္ဂ်ိဳရွိ အိမ္ေျခ ၃၈၀၀ ေက်ာ္မွ လူ ၇,၅၀၀ နီးပါးကို ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းဖို႔ အမိန႔္ထုတ္ထား ပါတယ္။
မတ္လ ၂၅ ရက္က စေလာင္ကြၽမ္းခဲ့တဲ့ မီယာဇာကီၿမိဳ႕ရဲ႕ သီးျခားမီးေလာင္ကြၽမ္းမႈကိုလည္း မတ္ ၂၆ ရက္ ညေနပိုင္းက ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး အဆိုပါေဒသရွိ အိမ္ေထာင္စု ၇၀ ကို ေဘးလြတ္ရာေျပာင္းေ႐ႊ႕ဖို႔ အမိန႔္ထုတ္ထား တယ္လို႔ သိရပါတယ္။