ဟောင်ကောင် မီးရထားမှာ အိမ်မွေးကြောင်တွေနဲ့ ခွေးတွေ တင်ဆောင်ပြီး စီးနင်းနိုင်ခွင့်(၂)လ အစမ်း ခွင့်ပြု

318

ရောင်နီ (NP News) - မတ် ၂၈
ဟောင်ကောင်ရှိ အိမ်မွေးကြောင်တွေနဲ့ ခွေးပိုင်ရှင်တွေအနေနဲ့ MTR Corp ရဲ့ရထားတွေပေါ်မှာ သူတို့ရဲ့ တိကလေးမတွေနဲ့အတူ စီးနင်းနိုင်ခွင့်ကို မေလ ၁ ရက်နေ့မှ စ နှစ်လကြာ အစမ်း ခွင့်ပြုမယ်လို့ သိရပါတယ်။
ဒီအစီအစဉ်ဟာ စမ်းသပ်အစီအစဉ်သာ ရှိသေးပြီး တနင်္ဂနွေပိတ်ရက်တွေနဲ့ အစိုးရရုံးပိတ်ရက်တွေမှာသာ အိမ်မွေး တိရစ္ဆာန်တွေ ရထားပေါ်တင်ဆောင်သွားလာခွင့်ပြုမယ်လို့ သယ်ယူပို့ဆောင်ရေး အော်ပရေတာက မတ်လ ၂၅ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၁၉၈၈ ခုနှစ်က စတင်မိတ်ဆက်ခဲ့တဲ့ MTR မီးရထားကွန်ရက်ဟာ လူစီးနင်းသူတွေကို အဓိက ဝန်ဆောင်မှုပေးထား ပြီး အဓိကရထားလိုင်းများထဲက တစ်ခုကိုသာ အစားအသောက်ဝန်ဆောင်ပါ ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ အခုအစီအစဉ်ကတော့ "ကြောင်/ခွေး ခရီးသွားလာမှုတွေ အဆင်ပြေချောမွေ့စေရေးအတွက် လူထုတောင်းဆိုမှုကို ကျွန်တော်တို့အသိအမှတ်ပြုပြီး အားလုံးပါဝင်နိုင်တဲ့ အသိုင်းအဝိုင်းကို မြှင့်တင်ဖို့ မျှော်လင့်ပါတယ်" လို့ ကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်မှုနဲ့ မက်ထရိုအပိုင်းအကြီးအကဲ မစ္စချာရစ်လီက ပြောကြားခဲ့ပါတယ်။
ခရီးသည်တွေဟာ ချစ်ရတဲ့ တိလေးတစ်ကောင်နဲ့ ရထားစီးနိုင်ဖို့ လစဉ် ဟောင်ကောင် ဒေါ်လာ ၉၉ တန် လက်မှတ် ကို ဝယ်ယူဖို့ လိုမှာဖြစ်ပြီး ကိုယ်အလေးချိန် ၂၀ ကီလိုဂရမ်နဲ့အထက်ရှိတဲ့ခွေးတွေကိုတော့ စီးနင်းခွင့် တားမြစ်ထား ပါတယ်။ အစမ်းစီးနင်းခွင့် ကာလမှာ အဆင်ပြေချောမွေ့ရင်တော့ ဒီအစီအစဉ်ဟာ ဆက်လက်ရှိနေနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

Zawgyi Version:
ေဟာင္ေကာင္ မီးရထားမွာ အိမ္ေမြးေၾကာင္ေတြနဲ႔ ေခြးေတြ တင္ေဆာင္ၿပီး စီးနင္းႏိုင္ခြင့္(၂)လ အစမ္း ခြင့္ျပဳ
ေရာင္နီ (NP News) - မတ္ ၂၈
ေဟာင္ေကာင္ရွိ အိမ္ေမြးေၾကာင္ေတြနဲ႔ ေခြးပိုင္ရွင္ေတြအေနနဲ႔ MTR Corp ရဲ႕ရထားေတြေပၚမွာ သူတို႔ရဲ႕ တိကေလးမေတြနဲ႔အတူ စီးနင္းႏိုင္ခြင့္ကို ေမလ ၁ ရက္ေန႔မွ စ ႏွစ္လၾကာ အစမ္း ခြင့္ျပဳမယ္လို႔ သိရပါတယ္။
ဒီအစီအစဥ္ဟာ စမ္းသပ္အစီအစဥ္သာ ရွိေသးၿပီး တနဂၤေႏြပိတ္ရက္ေတြနဲ႔ အစိုးရ႐ုံးပိတ္ရက္ေတြမွာသာ အိမ္ေမြး တိရစာၦန္ေတြ ရထားေပၚတင္ေဆာင္သြားလာခြင့္ျပဳမယ္လို႔ သယ္ယူပို႔ေဆာင္ေရး ေအာ္ပေရတာက မတ္လ ၂၅ ရက္ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
၁၉၈၈ ခုႏွစ္က စတင္မိတ္ဆက္ခဲ့တဲ့ MTR မီးရထားကြန္ရက္ဟာ လူစီးနင္းသူေတြကို အဓိက ဝန္ေဆာင္မႈေပးထား ၿပီး အဓိကရထားလိုင္းမ်ားထဲက တစ္ခုကိုသာ အစားအေသာက္ဝန္ေဆာင္ပါ ထည့္သြင္းေပးထားတာျဖစ္ပါတယ္။ အခုအစီအစဥ္ကေတာ့ "ေၾကာင္/ေခြး ခရီးသြားလာမႈေတြ အဆင္ေျပေခ်ာေမြ႕ေစေရးအတြက္ လူထုေတာင္းဆိုမႈကို ကြၽန္ေတာ္တို႔အသိအမွတ္ျပဳၿပီး အားလုံးပါဝင္ႏိုင္တဲ့ အသိုင္းအဝိုင္းကို ျမႇင့္တင္ဖို႔ ေမွ်ာ္လင့္ပါတယ္" လို႔ ကုမၸဏီရဲ႕ လုပ္ငန္းလည္ပတ္မႈနဲ႔ မက္ထ႐ိုအပိုင္းအႀကီးအကဲ မစၥခ်ာရစ္လီက ေျပာၾကားခဲ့ပါတယ္။
ခရီးသည္ေတြဟာ ခ်စ္ရတဲ့ တိေလးတစ္ေကာင္နဲ႔ ရထားစီးႏိုင္ဖို႔ လစဥ္ ေဟာင္ေကာင္ ေဒၚလာ ၉၉ တန္ လက္မွတ္ ကို ဝယ္ယူဖို႔ လိုမွာျဖစ္ၿပီး ကိုယ္အေလးခ်ိန္ ၂၀ ကီလိုဂရမ္နဲ႔အထက္ရွိတဲ့ေခြးေတြကိုေတာ့ စီးနင္းခြင့္ တားျမစ္ထား ပါတယ္။ အစမ္းစီးနင္းခြင့္ ကာလမွာ အဆင္ေျပေခ်ာေမြ႕ရင္ေတာ့ ဒီအစီအစဥ္ဟာ ဆက္လက္ရွိေနႏိုင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။