ညောင်ခြေထောက်ဘူတာနှင့်ကျွဲကွဲဘူတာအကြားတွင် အကြမ်းဖက်အဖွဲ့က ဖောက်ခွဲ၊ပစ်ခတ်မှုပြုလုပ်

 1192

စော (NP News) - မတ် ၂၈

ရန်ကုန်-မန္တလေးရထားလမ်းပိုင်း၊ ညောင်ခြေထောက်ဘူတာနှင့်ကျွဲကွဲဘူတာအကြားတွင် အကြမ်းဖက်အဖွဲ့က ဖောက်ခွဲ၊ ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၂၈ရက်)က ဖြူး-တောင်ငူလမ်းပိုင်း လုံခြုံ‌ရေးစစ်ဆေးသည့် RCG-125 သည် နံနက် (၇)နာရီ (၃၆)မိနစ်တွင် ညောင်ခြေထောက်ဘူတာမှထွက်ခွာလာပြီး အဆိုပါဘူတာနှင့် ကျွဲပွဲဘူတာအကြား မိုင် ၁၄၄/၁၀-၁၁ခန့်အရောက် နံနက် (၇)နာရီ (၅၀)မိနစ်တွင် သံလမ်းအနောက်ဘက် ရန်ကုန်-မန္တလေးကားလမ်းဘက်မှ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပစ်ခတ်မှုကြောင့် RGC 125 စက်ခေါင်း၏ အနောက်ဖက်မှန်တစ်ချပ်ကွဲသွားခဲ့ပြီး အနောက်ဖက်သံဘောင်တွင် ကျည်ထိမှန်ခဲ့သော်လည်း စက်ခေါင်းမောင်းနှင့် လုံခြုံရေးတပ်ဖွဲ့များ ထိခိုက်မှုမရှိကြောင်း သိရသည်။

အလားတူ နံနက်(၉)နာရီ (၁၅)မိနစ်အချိန်တွင် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ‌ညောင်ခြေထောက်ဘူတာနှင့် ကျွဲပွဲဘူတာအကြား၊ မိုင်တိုင်အမှတ် ၁၄၄/၁၀-၁၁ နေရာရှိ အဆန်ရထားလမ်းပေါ်တွင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အဆန်ရထားလမ်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထိုသို့သတင်းအရ ‌ညောင်ခြေထောက်ဘူတာနှင့် ကျွဲပွဲရထားလမ်းပိုင်းကို ဧကလမ်းစနစ်အသုံးပြု၍ အစုန်လမ်းမှ နံနက် (၉)နာရီ (၁၈)မိနစ်အချိန်တွင် ရထားများအား ဖြတ်သန်းခွင့်ပြုထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တို့က နယ်မြေရှင်းလင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ မိုင်းခွဲခံရမှုကြောင့် အဆန်လမ်းရှိ အနောက်ဘက်သံလမ်း (၁၀)ပေခန့် တွန့်ခေါက်သွားပြီး လမ်းခင်းကျောက်နှင့် ကွန်ကရစ်ဇလီဖားတုံးအချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လမ်းပိုင်းအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အဆန်လမ်း၏ သံလမ်းအား လဲလှယ်ခြင်း၊ လမ်းပြုပြင်ခြင်းများကို ညနေ ၆ နာရီအချိန် အပြီးဆောင်ရွက်နိုင်ခဲ့ပြီး ရထားများ ပုံမှန်အတိုင်း ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

အကြမ်းဖက်သမားများက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ လက်ရှိအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း(၈၀)ကြိမ်၊ ရထားတံတား/သံလမ်းများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း(၁၇၅)ကြိမ်၊ ဘူတာအဆောက်အအုံနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း(၁၆) ကြိမ် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

zawgyi version
ေညာင္ေျခေထာက္ဘူတာႏွင့္ကြၽဲကြဲဘူတာအၾကားတြင္ အၾကမ္းဖက္အဖြဲ႕က ေဖာက္ခြဲ၊ပစ္ခတ္မႈျပဳလုပ္
ေစာ (NP News) - မတ္ ၂၈

ရန္ကုန္-မႏၲေလးရထားလမ္းပိုင္း၊ ေညာင္ေျခေထာက္ဘူတာႏွင့္ကြၽဲကြဲဘူတာအၾကားတြင္ အၾကမ္းဖက္အဖြဲ႕က ေဖာက္ခြဲ၊ ပစ္ခတ္မႈျပဳလုပ္ခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (မတ္လ ၂၈ရက္)က ျဖဴး-ေတာင္ငူလမ္းပိုင္း လုံၿခဳံ‌ေရးစစ္ေဆးသည့္ RCG-125 သည္ နံနက္ (၇)နာရီ (၃၆)မိနစ္တြင္ ေညာင္ေျခေထာက္ဘူတာမွထြက္ခြာလာၿပီး အဆိုပါဘူတာႏွင့္ ကြၽဲပြဲဘူတာအၾကား မိုင္ ၁၄၄/၁၀-၁၁ခန႔္အေရာက္ နံနက္ (၇)နာရီ (၅၀)မိနစ္တြင္ သံလမ္းအေနာက္ဘက္ ရန္ကုန္-မႏၲေလးကားလမ္းဘက္မွ လက္နက္ငယ္ျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ပစ္ခတ္မႈေၾကာင့္ RGC 125 စက္ေခါင္း၏ အေနာက္ဖက္မွန္တစ္ခ်ပ္ကြဲသြားခဲ့ၿပီး အေနာက္ဖက္သံေဘာင္တြင္ က်ည္ထိမွန္ခဲ့ေသာ္လည္း စက္ေခါင္းေမာင္းႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕မ်ား ထိခိုက္မႈမရွိေၾကာင္း သိရသည္။

အလားတူ နံနက္(၉)နာရီ (၁၅)မိနစ္အခ်ိန္တြင္ ရန္ကုန္-မႏၲေလး ရထားလမ္းပိုင္းအတြင္း ပဲခူးတိုင္းေဒသႀကီး၊ အုတ္တြင္းၿမိဳ႕နယ္၊ ‌ေညာင္ေျခေထာက္ဘူတာႏွင့္ ကြၽဲပြဲဘူတာအၾကား၊ မိုင္တိုင္အမွတ္ ၁၄၄/၁၀-၁၁ ေနရာရွိ အဆန္ရထားလမ္းေပၚတြင္ အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕က ေထာင္ထားသည့္ မိုင္းေပါက္ကြဲမႈေၾကာင့္ အဆန္ရထားလမ္း ထိခိုက္ပ်က္စီးခဲ့ေၾကာင္း သိရသည္။

ထိုသို႔သတင္းအရ ‌ေညာင္ေျခေထာက္ဘူတာႏွင့္ ကြၽဲပြဲရထားလမ္းပိုင္းကို ဧကလမ္းစနစ္အသုံးျပဳ၍ အစုန္လမ္းမွ နံနက္ (၉)နာရီ (၁၈)မိနစ္အခ်ိန္တြင္ ရထားမ်ားအား ျဖတ္သန္းခြင့္ျပဳထားေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါျဖစ္စဥ္ျဖစ္ပြားရာေနရာသို႔ နယ္ေျမေဒသတာဝန္ရွိသူမ်ား၊ နယ္ေျမခံလုံၿခဳံေရးတပ္ဖြဲ႕ဝင္တို႔က နယ္ေျမရွင္းလင္းစစ္ေဆးေဆာင္႐ြက္ခဲ့ရာ မိုင္းခြဲခံရမႈေၾကာင့္ အဆန္လမ္းရွိ အေနာက္ဘက္သံလမ္း (၁၀)ေပခန႔္ တြန႔္ေခါက္သြားၿပီး လမ္းခင္းေက်ာက္ႏွင့္ ကြန္ကရစ္ဇလီဖားတုံးအခ်ိဳ႕ ပ်က္စီးခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ လမ္းပိုင္းအား အျမန္ဆုံးျပန္လည္ဖြင့္လွစ္ႏိုင္ေရးအတြက္ အဆန္လမ္း၏ သံလမ္းအား လဲလွယ္ျခင္း၊ လမ္းျပဳျပင္ျခင္းမ်ားကို ညေန ၆ နာရီအခ်ိန္ အၿပီးေဆာင္႐ြက္ႏိုင္ခဲ့ၿပီး ရထားမ်ား ပုံမွန္အတိုင္း ေျပးဆြဲေပးလ်က္ရွိေၾကာင္း သိရသည္။

အၾကမ္းဖက္သမားမ်ားက ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလမွစ၍ လက္ရွိအခ်ိန္အထိ ျမန္မာ့မီးရထားလမ္းကြန္ရက္တစ္ခုလုံးတြင္ ရထားလမ္းႏွင့္ ရထားဘူတာနယ္ေျမအတြင္း မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးျခင္း(၈၀)ႀကိမ္၊ ရထားတံတား/သံလမ္းမ်ားအား မိုင္းေထာင္ေဖာက္ခြဲ ဖ်က္ဆီးျခင္း(၁၇၅)ႀကိမ္၊ ဘူတာအေဆာက္အအုံႏွင့္ ဝန္ထမ္းေနအိမ္မ်ားအား မီးရႈိ႕ဖ်က္ဆီးျခင္း(၁၆) ႀကိမ္ ျပဳလုပ္ခဲ့ၾကေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.