ချန်ပီယံလိဂ်ဝင်ခွင့် လက်ကျန်(၃)နေရာအတွက် တိုက်ပွဲဝင်မယ့် ပရီးမီးယားလိဂ်အသင်းများ

 73

ရဲထက် (NP News) - မတ် ၂၈

လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ်အသင်းတွေက ဝင်ခွင့် (၅) နေရာအထိရရှိထားပြီးပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဥရောပပြိုင်ပွဲအသီးသီးမှာ ပရီးမီးယားလိဂ် ကလပ်အသင်းတွေအကုန် ကွာတားဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး အခြားသော လိဂ်အ သင်းတွေထက် ရမှတ်ပိုကောင်းတာကြောင့်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်(၅)နေရာ အတွက် ဘယ်အသင်းတွေ ဝင်ခွင့်ရမလဲဆိုတဲ့ မေးခွန်းကလည်းရှိနေပါတယ်။ လက်ရှိအမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ကတော့ ရမှတ်ကွာဟမှုကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကို ကျိန်းသေပေါက် ရောက်ရှိနိုင်ပါတယ်။ ဒါပေမဲ့ နောက်ထပ်(၃)နေရာ အတွက် ဝင်ခွင့်ကတော့ နော်တင်ဖောရက်စ်၊ ချဲလ်ဆီး၊ မန်စီးတီး၊ နယူးကာဆယ်၊ ဘရိုက်တန်၊ ဖူဟမ်၊ အက် စတွန်ဗီလာ၊ ဘုန်းမောက်စ်အသင်းတွေက ရမှတ်အနေအထားအရ တက်ရောက်နိုင်ဖို့ အလား အလာ ရှိနေဆဲဖြစ်ပါတယ်။ ဒါကြောင့် NP News ကနေ ချန်ပီယံဝင်ခွင့် လက်ကျန်(၃)နေရာအ တွက် ဝင်ရောက်နိုင်ခြေရှိတဲ့ အသင်း(၄)သင်းကို သုံးသပ်တင်ဆက်ပေးချင်ပါတယ်။

နော်တင်ဖောရက်စ်

ပရီးမီးယားလိဂ်ပွဲစဉ်တွေဟာ လက်ကျန်(၉) ပွဲလောက်သာကျန်ရှိတော့တဲ့အခြေအနေမှာ နော် တင်ဖောရက်စ်အသင်းက ချဲလ်ဆီးအသင်းကို ရမှတ် (၅)မှတ်ဖြတ်ထားနိုင်သလို မန်စီးတီးကို(၆) မှတ် ဖြတ်ထားတာကိုတွေ့ရပြီး အဆင့်(၆)က နယူးကာဆယ်နဲ့ (၇)မှတ်ဖြတ်ထားသလို ဘုန်းမောက်စ် အသင်းနဲ့ဆိုရင် ရမှတ်(၁၀)မှတ်အထိဖြတ်ထားနိုင်တာကြောင့် လီဗာ ပူးလ်အသင်းနဲ့ အာဆင်နယ် အသင်းပြီးရင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဖြစ်နိုင်ခြေအရှိဆုံးအသင်းဟာ နော်တင်ဖောရက်စ်အသင်း ဖြစ်ပါတယ်။ ဒါ့ပြင် နော် တင်ဖောရက်စ်အသင်းရဲ့ ကစားပုံကလည်း လက်ရှိအချိန်မှာ အတည်ငြိမ်ဆုံး ပုံစံဖြစ်နေပြီး ခံစစ်ပိုင်းမှာ အသင်းကြီးတွေနဲ့အပြိုင်ခြေစွမ်းပြကစားနေတဲ့ ကစားသမားကောင်းတွေ ရှိနေတဲ့အပြင် ကွင်းလယ်ပိုင်းမှာ လုပ်အားနှုန်းကောင်းတဲ့ကစားသမားတွေရှိနေပြီး တိုက်စစ်မှာလည်း တောင်ပံတိုက်စစ်က ခြေစွမ်းပြနေတာကိုတွေ့ရပါတယ်။ ပြီးခဲ့တဲ့ (၂)နှစ် လောက်ကစပြီး ချန်ပီယံလိဂ် ဝင်ခွင့်ကို အသင်းကြီးတွေထဲက မဟုတ်တဲ့အသင်းအဖြစ် နော်တင်ဖောရက်စ်အသင်းက ပြန်လည် ဝင်ရောက်လာနိုင်မှာလည်း ဖြစ်ပါတယ်။ ပထမတစ်နှစ်မှာ နယူးကာဆယ်အသင်းက ဝင်ရောက်ထား ပြီး ဒုတိယနှစ်မှာတော့ အက်စတွန်ဗီလာ အသင်းက ဝင်ရောက်ထားသလို ဒီနှစ်မှာလည်း နော်တင်ဖော ရက်စ်အသင်းက ဝင်ရောက်နိုင်ဖို့ အလားအလာများနေပါတယ်။ နော်တင်ဖောရက်စ် အသင်းရဲ့ လက် ကျန်ပွဲစဉ်တွေကိုပြန်ကြည့်ရင် မန်ယူ၊အဲဗာတန်၊ ဘရန်းဖို့ဒ်၊ လက်စတာ၊ ချဲလ်ဆီးအသင်းတွေကို အိမ် ကွင်းမှာ ကစားရဖို့ရှိနေပြီး အက်စတွန်ဗီလာ၊ စပါးစ်၊ ခရစ္စတယ်ပဲလေ့စ်နဲ့ ဝက်စ်ဟမ်းအသင်းတွေကို တော့ အဝေးကွင်းမှာသွား ရောက်ရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်။ ဒီအနေအထားကိုပြန်ကြည့်ရင် ချဲလ် ဆီး၊ စပါးစ်၊ မန်ယူနဲ့ အက်စတွန်ဗီလားအသင်းတွေကို ကျော်ဖြတ်ရဖို့ရှိ နေတာကြောင့် နော်တင်ဖော ရက်စ်အသင်းရဲ့ ချန်ပီယံ လိဂ်ဝင်ခွင့်တစ်နေရာအတွက် ဝင်ခွင့်ရဖို့ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီ အ သင်းတွေရဲ့ ခြေစွမ်းကို ပြန်ကြည့်ရင် နော်တင်ဖောရက်စ်အသင်းက ပိုပြီးခြေစွမ်း တည်ငြိမ်နေတာကို တွေ့ရတာကြောင့် နော်တင်ဖောရက်စ်အသင်းကသာ အတည်ငြိမ်ဆုံးပုံစံနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် တစ် နေရာကို ရယူသွားနိုင်ဖို့ရှိနေပါတယ်။ နော်တင်ဖောရက်စ်အသင်းဟာ ချန်ပီယံလိဂ်ဖလားကို (၂)ကြိမ် တိုင်တိုင် ရရှိထားတဲ့အသင်းဖြစ်တဲ့အပြင် ဥရောပမှာ အောင်မြင်တဲ့နာမည်တစ်ခုကိုပါ စိုက်ထူထားနိုင် ခဲ့တဲ့အသင်းတစ်သင်းဟာ ဒီရာသီမှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်နိုင်ဖို့အလားအလာကောင်း တွေရှိနေပြီပဲဖြစ်ပါတယ်။

ချဲလ်ဆီး

ချဲလ်ဆီးအသင်း လက်ရှိလန်ဒန်ဒါဘီမှာ အာဆင်နယ်အသင်းကို ရှုံးနိမ့်ထားသလို အဝေးကွင်း (၄)ပွဲဆက် ရှုံးထားတဲ့အသင်းဖြစ်ပါတယ်။ နောက် ဆုံးကန်ခဲ့တဲ့ ပရီးမီးယားလိဂ်တွေမှာ လက်စတာနဲ့ ဆောက်သမ်တန်ကလွဲရင် မန်စီးတီး၊ ဘရိုက်တန်၊ အက်စတွန်ဗီလာ၊ အာဆင်နယ်အသင်းတွေကို အ ဝေးကွင်းမှာ ဆက်တိုက်ရှုံးနိမ့်ထားပြီး ခြေစွမ်းပိုင်းအရလည်း အားရစရာမရှိခဲ့တာကိုတွေ့ရပါတယ်။ ရာသီအစမှာတော့ လူစာရင်းအရရော ခြေစွမ်း ကောင်းတစ်ရပ်ကို ပြန်လည်ရရှိပြီလို့ တွေးဆခဲ့ပေမယ့် ရာသီဝက်ကျော်လာချိန်မှာတော့ ခြေစွမ်းပိုင်းကျဆင်းသွားသလို ကစားသမားတစ်ယောက်ချင်းစီရဲ့ ခြေစွမ်းကလည်း တည်ငြိမ်မှုမရှိတော့ တာဖြစ်ပါတယ်။ အထူးသဖြင့် ချဲလ်ဆီးအသင်းရဲ့ ဂိုးပေါက်တစ် နေရာက ဂိုးသမားဟာ အရမ်းစိုးရိမ်ရတဲ့အနေအထားဖြစ်ပြီး ယုံကြည်စိတ်ချထားလို့မရတဲ့ အဓိက ပြဿနာတစ်ခုဖြစ်သလို နောက်တန်းခံစစ်မှာလည်း ပြဿနာများစွာရှိနေတဲ့အသင်းဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ လက်ကျန်ပွဲစဉ်(၉)ပွဲမှာ စပါးစ်၊ အစ်ဆွစ်တောင်း၊ အဲဗာတန်၊ လီဗာပူးလ်၊ မန်ယူ အသင်းတို့ကို အိမ်ကွင်း မှာရင်ဆိုင်ကစားရဖို့ရှိနေပြီး ဘရန်းဖို့ဒ်၊ ဖူဟမ်၊ နယူးကာဆယ်နဲ့ နော်တင်ဖော ရက်စ်အသင်းတွေကို အဝေးကွင်းမှာ သွားရောက်ကစားရမှာလည်းဖြစ်ပါတယ်။ ဒီအနေအထားကို ကြည့်ရင် ချဲလ်ဆီးအသင်းဟာ အဝေးကွင်းမှာရော အိမ်ကွင်းမှာပါ အသင်းကောင်းတွေအပြင် အသင်း ကြီးတွေကိုပါ ရင်ဆိုင်ရမှာဖြစ်တာကြောင့် ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်‌ တစ်နေရာအတွက် တော် တော်ရုန်းကန်သွားရမယ့် အနေအထားမျိုးမှာရှိနေပါတယ်။ ဒါ့ပြင် အသင်းမှာ ပုံမှန်ခြေစွမ်းပြနေတဲ့ ကိုးလ်ပါးမားရဲ့ ခြေစွမ်း ကျဆင်းလာမှု၊ ကွင်းလယ်ပိုင်းမှာ ပွဲဆက်များနေတဲ့ ကိုင်စီဒိုနဲ့ အန်ဇိုအတွဲ အဖက် ရုန်းကန်လာရမှုနဲ့အတူ ချဲလ်ဆီးအသင်းအတွက် လက်ကျန်ပွဲစဉ်တွေဟာ ကျိန်းသေပေါက် နိုင်ပွဲရဖို့ ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာက (၅)နေရာရှိနေ တာဖြစ်တဲ့အတွက် ချဲလ်ဆီးအသင်းရဲ့ စုဖွဲ့မှုနဲ့ လူစာရင်းတောင့်တင်းမှုအရ ရာသီကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာ ကိုတော့ အရယူသွားနိုင်ဖို့ရှိနေပါတယ်။ ဒါပေမဲ့ အဝေးကွင်းပွဲစဉ်တွေကို သတိထားရမှာဖြစ်သလို အိမ်ကွင်းပွဲစဉ်တွေမှာလည်း အသင်းကြီးတွေကိုဆက်တိုက်မရှုံးနိမ့်မှသာ ချန်ပီယံလိဂ် ဝင်ခွင့်တစ် နေရာကို ရယူနိုင်ပါမယ်။

မန်စီးတီး
မန်စီးတီးအသင်းက ဒီနှစ်ရာသီမှာ ခန့်မှန်း ရခက်တဲ့အသင်းဖြစ်ပြီး ပေးဂိုးအနေနဲ့ (၄၀)တောင် ရှိနေပြီး ပရီးမီးယားလိဂ်မှာရော ဥရောပပြိုင်ပွဲတွေမှာ အခြေအနေမကောင်းတော့တဲ့အထိ ရလဒ်တွေ ဆိုးရွားနေတဲ့ အသင်းဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဒီရာသီမှာ ခံစစ်ပိုင်းတော်တော်လေးအားနည်း နေပြီး ဂိုးသမား အက်ဒီဆင် ဒဏ်ရာရနေတဲ့အနေအ ထားမှာ အရန်ဂိုးသမားရဲ့ လိုအပ်ချက်တွေအပြင် နောက်တန်းခံစစ်မှာ ပေးဂိုးတွေဆက်တိုက်ခွင့်ပြုနေရတာကိုတွေ့ရပါတယ်။ ကွင်းလယ်ပိုင်းမှာလည်း အသက်အရွယ်အားဖြင့် လုပ်အားနှုန်းကောင်းကောင်းပေးနိုင်တဲ့ ကစားသမားလိုအပ်ချက်အပြင် ဖိုဒန်ရဲ့ ခြေစွမ်းပိုင်းကျဆင်းမှုနဲ့ တိုက်စစ်ပိုင်းမှာ ဟာလန်းခြေစွမ်းမပြတဲ့နိုင်ပွဲစဉ်တွေများလာတဲ့အခါမှာတော့ မန်စီးတီးအသင်းအတွက် ဒီရာသီချန်ပီယံ လိဂ်ဝင်ခွင့်တစ်နေရာက မေးခွန်းပေါင်းများစွာနဲ့ဖြစ် လို့နေပါ တယ်။ နောက်ဆုံးလက်ကျန်ပွဲစဉ်(၉)ပွဲမှာ မန်စီးတီး အသင်းက လက်စတာစီးတီး၊ ခရစ္စတယ်ပဲလေ့စ်၊ အက်စတွန်ဗီလာ၊ ဝုဗ်လ်၊ ဘုန်းမောက်စ်အသင်းတွေကို အိမ်ကွင်းမှာရင်ဆိုင်ရဖို့ရှိနေပြီး မန်ယူ၊ အဲဗာ တန်၊ ဆောက်သမ်တန်၊ ဖူဟမ်အသင်းတွေကိုတော့ အဝေး ကွင်းမှာ သွားရောက်ကစားရဖို့ရှိနေပါတယ်။ ဒီပွဲစဉ်တွေကိုကြည့်ရင် မန်စီးတီးအသင်းဟာ ချဲလ်ဆီးနဲ့ နော်တင်ဖောရက်စ်တို့ထက် အိမ်ကွင်းလက် ကျန် ပွဲစဉ်မှာရော အဝေးကွင်းလက်ကျန်ပွဲစဉ်တွေမှာပါ အခြေအနေကောင်းသွားနိုင်တဲ့အသင်းဖြစ်ပြီး မန်စီးတီးအသင်းကတော့ အဆင့်(၃) ဒါမှမဟုတ် အဆင့်(၄) လောက်နဲ့ ရာသီသိမ်းနိုင်တဲ့ အ‌ခြေအနေ မျိုးဖြစ်သွားနိုင်ပါတယ်။ အမှတ်ပေးဇယားမှာလည်း နော်တင်ဖောရက်စ်ထက် (၇)မှတ်၊ ချဲလ်ဆီး အသင်း နဲ့(၁)မှတ်သာ ကွာဟနေပေမယ့် စိုးရိမ်စရာရှိတာက နယူးကာဆယ်အသင်းနဲ့ ဘရိုက်တန် အသင်းတို့ကို ရမှတ်(၁)မှတ်သာ ဖြတ်ထားနိုင်တာကြောင့် မန်စီးတီး အသင်းအနေနဲ့ နောက်ပိုင်းပွဲစဉ် တွေဟာ အမှားခံလို့ မရတဲ့ပွဲစဉ်တွေဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် နယူးကာဆယ်အသင်းက မန်စီး တီးအသင်းထက် တစ်ပွဲလျော့ကန်ထားတဲ့အနေအထားမှာ အမှားသေးသေးလေးကအစ မန်စီးတီး အသင်းအတွက် ပေးဆပ်မှုကြီးသွားနိုင်ပါတယ်။ ဒါပေမဲ့ မန်စီးတီးအသင်းရဲ့ ရာသီကုန်ခြေစွမ်းပိုင်းကို စောင့် ကြည့်ရဖို့ရှိနေသလို ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် အကြိတ်အနယ်ပြိုင်ဆိုင်မှုတွေမှာ မန်စီးတီး အသင်းရဲ့အစဉ်အလာအရ ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်(၅)နေရာထဲကို ဝင်ရောက်နိုင်ဖို့ရှိ နေပါတယ်။

နယူးကာဆယ်
နယူးကာဆယ်အသင်းကတော့ ပြီးခဲ့တဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ လီဗာပူးလ်အသင်း ကိုအနိုင်ယူပြီး နှစ်ပေါင်း(၅၆)နှစ်ကြာ ဖလားမရရှိ ခဲ့မှုကို အဆုံးသတ်ပြီး ကာရာဘောင်းဖလားကို ရယူ ထားနိုင်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။ နယူးကာဆယ်အသင်းရဲ့ လီဗာပူးလ်အသင်းကိုနိုင်ခဲ့တဲ့ ခြေစွမ်းအရ လက်ကျန်ပွဲစဉ်တွေမှာ ချန်ပီယံလိဂ်ဝင်ခွင့်တစ် နေရာကို သေချာပေါက် ခြိမ်းခြောက်လာနိုင်တဲ့အသင်း ဖြစ်ပါတယ်။ နယူးကာဆယ်အသင်းဟာ လက်ကျန်ပွဲစဉ်(၁၀)ပွဲအထိ ကစားဖို့ကျန်နေတာဖြစ်ပြီး ဘရန်း ဖို့ဒ်၊ မန်ယူ၊ ခရစ္စတယ်ပဲလေ့၊ အစ်ဆွစ်တောင်း၊ ချဲလ်ဆီးနဲ့ အဲဗာတန်အသင်းတို့ကို အိမ်ကွင်းမှာ ရင်ဆိုင် ကစားရဖို့ရှိနေပါတယ်။ အိမ်ကွင်းအနေ အထားမှာတော့ မန်ယူနဲ့ ချဲလ်ဆီးအသင်းတွေ လောက်သာ ခက်ခဲနိုင်တာကိုတွေ့ရပြီး နှစ်သင်းလုံး ကိုလဲ အနိုင်ယူနိုင်တဲ့ ခြေစွမ်းမျိုးရှိနေပါတယ်။ ဒါ့ပြင် လက်စတာစီးတီး၊ အက်စတွန်ဗီလာ၊ ဘရိုက်တန်၊ အာဆင်နယ်အသင်းတို့ကို အဝေးကွင်းမှာ ရင်ဆိုင် ရဖို့ရှိနေပြီး လက်ကျန်ပွဲစဉ် ဆယ်ပွဲမှာ အဝေးကွင်း(၄)ပွဲသာ ကစားရမှာဖြစ်တာကြောင့် နယူးကာဆယ် အသင်းအတွက် ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာဟာ အခွင့်အရေးရှိနေဆဲဖြစ်ပြီး ကိုယ့်သမိုင်းကိုယ်ရေး ထိုးသွားနိုင်ဖို့လည်းရှိနေပါတယ်။ ဒါ့ပြင် နယူးကာဆယ် အသင်းဟာ ဒီရာသီမှာ ဒဏ်ရာပြဿနာမရှိသ လောက်နည်းတဲ့အသင်းဖြစ်ပြီး ကစားပုံးမာကျော ကျစ်လျစ်မှုနဲအတူ ကွင်းလယ်ပိုင်းမှာလည်း လုပ် အား နှုန်းကောင်းတဲ့ ကစားသမားအများစုရှိနေတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကို မန်စီးတီးနဲ့ ချဲလ်ဆီးအသင်းတို့နဲ့အပြိုင် စိန်ခေါ်လာနိုင်ဖို့ရှိနေတဲ့အပြင် လက်ရှိမှာလည်း ကာရာဘောင်းဖလားကို ပူပူနွေးနွေး ရယူထားတဲ့အသင်းဖြစ်တာကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကို အရယူဖို့ ကြိုးပမ်းလာဖွယ်ရှိနေပါတယ်။

zawgyi version
ခ်န္ပီယံလိဂ္ဝင္ခြင့္ လက္က်န္(၃)ေနရာအတြက္ တိုက္ပြဲဝင္မယ့္ ပရီးမီးယားလိဂ္အသင္းမ်ား
ရဲထက္ (NP News) - မတ္ ၂၈

လာမယ့္ရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ အဂၤလန္ပရီးမီးယားလိဂ္ကလပ္အသင္းေတြက ဝင္ခြင့္ (၅) ေနရာအထိရရွိထားၿပီးပါတယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ဥေရာပၿပိဳင္ပြဲအသီးသီးမွာ ပရီးမီးယားလိဂ္ ကလပ္အသင္းေတြအကုန္ ကြာတားဖိုင္နယ္အထိ တက္ေရာက္ႏိုင္ခဲ့တာျဖစ္ၿပီး အျခားေသာ လိဂ္အ သင္းေတြထက္ ရမွတ္ပိုေကာင္းတာေၾကာင့္လည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ ခ်န္ပီယံလိဂ္ဝင္ခြင့္(၅)ေနရာ အတြက္ ဘယ္အသင္းေတြ ဝင္ခြင့္ရမလဲဆိုတဲ့ ေမးခြန္းကလည္းရွိေနပါတယ္။ လက္ရွိအမွတ္ေပးဇယားရဲ႕ ထိပ္ဆုံးမွာ ရပ္တည္ေနတဲ့ လီဗာပူးလ္အသင္းနဲ႔ အာဆင္နယ္အသင္းတို႔ကေတာ့ ရမွတ္ကြာဟမႈေၾကာင့္ ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ေနရာကို က်ိန္းေသေပါက္ ေရာက္ရွိႏိုင္ပါတယ္။ ဒါေပမဲ့ ေနာက္ထပ္(၃)ေနရာ အတြက္ ဝင္ခြင့္ကေတာ့ ေနာ္တင္ေဖာရက္စ္၊ ခ်ဲလ္ဆီး၊ မန္စီးတီး၊ နယူးကာဆယ္၊ ဘ႐ိုက္တန္၊ ဖူဟမ္၊ အက္ စတြန္ဗီလာ၊ ဘုန္းေမာက္စ္အသင္းေတြက ရမွတ္အေနအထားအရ တက္ေရာက္ႏိုင္ဖို႔ အလား အလာ ရွိေနဆဲျဖစ္ပါတယ္။ ဒါေၾကာင့္ NP News ကေန ခ်န္ပီယံဝင္ခြင့္ လက္က်န္(၃)ေနရာအ တြက္ ဝင္ေရာက္ႏိုင္ေျခရွိတဲ့ အသင္း(၄)သင္းကို သုံးသပ္တင္ဆက္ေပးခ်င္ပါတယ္။

ေနာ္တင္ေဖာရက္စ္

ပရီးမီးယားလိဂ္ပြဲစဥ္ေတြဟာ လက္က်န္(၉) ပြဲေလာက္သာက်န္ရွိေတာ့တဲ့အေျခအေနမွာ ေနာ္ တင္ေဖာရက္စ္အသင္းက ခ်ဲလ္ဆီးအသင္းကို ရမွတ္ (၅)မွတ္ျဖတ္ထားႏိုင္သလို မန္စီးတီးကို(၆) မွတ္ ျဖတ္ထားတာကိုေတြ႕ရၿပီး အဆင့္(၆)က နယူးကာဆယ္နဲ႔ (၇)မွတ္ျဖတ္ထားသလို ဘုန္းေမာက္စ္ အသင္းနဲ႔ဆိုရင္ ရမွတ္(၁၀)မွတ္အထိျဖတ္ထားႏိုင္တာေၾကာင့္ လီဗာ ပူးလ္အသင္းနဲ႔ အာဆင္နယ္ အသင္းၿပီးရင္ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ျဖစ္ႏိုင္ေျခအရွိဆုံးအသင္းဟာ ေနာ္တင္ေဖာရက္စ္အသင္း ျဖစ္ပါတယ္။ ဒါ့ျပင္ ေနာ္ တင္ေဖာရက္စ္အသင္းရဲ႕ ကစားပုံကလည္း လက္ရွိအခ်ိန္မွာ အတည္ၿငိမ္ဆုံး ပုံစံျဖစ္ေနၿပီး ခံစစ္ပိုင္းမွာ အသင္းႀကီးေတြနဲ႔အၿပိဳင္ေျခစြမ္းျပကစားေနတဲ့ ကစားသမားေကာင္းေတြ ရွိေနတဲ့အျပင္ ကြင္းလယ္ပိုင္းမွာ လုပ္အားႏႈန္းေကာင္းတဲ့ကစားသမားေတြရွိေနၿပီး တိုက္စစ္မွာလည္း ေတာင္ပံတိုက္စစ္က ေျခစြမ္းျပေနတာကိုေတြ႕ရပါတယ္။ ၿပီးခဲ့တဲ့ (၂)ႏွစ္ ေလာက္ကစၿပီး ခ်န္ပီယံလိဂ္ ဝင္ခြင့္ကို အသင္းႀကီးေတြထဲက မဟုတ္တဲ့အသင္းအျဖစ္ ေနာ္တင္ေဖာရက္စ္အသင္းက ျပန္လည္ ဝင္ေရာက္လာႏိုင္မွာလည္း ျဖစ္ပါတယ္။ ပထမတစ္ႏွစ္မွာ နယူးကာဆယ္အသင္းက ဝင္ေရာက္ထား ၿပီး ဒုတိယႏွစ္မွာေတာ့ အက္စတြန္ဗီလာ အသင္းက ဝင္ေရာက္ထားသလို ဒီႏွစ္မွာလည္း ေနာ္တင္ေဖာ ရက္စ္အသင္းက ဝင္ေရာက္ႏိုင္ဖို႔ အလားအလာမ်ားေနပါတယ္။ ေနာ္တင္ေဖာရက္စ္ အသင္းရဲ႕ လက္ က်န္ပြဲစဥ္ေတြကိုျပန္ၾကည့္ရင္ မန္ယူ၊အဲဗာတန္၊ ဘရန္းဖို႔ဒ္၊ လက္စတာ၊ ခ်ဲလ္ဆီးအသင္းေတြကို အိမ္ ကြင္းမွာ ကစားရဖို႔ရွိေနၿပီး အက္စတြန္ဗီလာ၊ စပါးစ္၊ ခရစၥတယ္ပဲေလ့စ္နဲ႔ ဝက္စ္ဟမ္းအသင္းေတြကို ေတာ့ အေဝးကြင္းမွာသြား ေရာက္ရင္ဆိုင္ရမွာလည္းျဖစ္ပါတယ္။ ဒီအေနအထားကိုျပန္ၾကည့္ရင္ ခ်ဲလ္ ဆီး၊ စပါးစ္၊ မန္ယူနဲ႔ အက္စတြန္ဗီလားအသင္းေတြကို ေက်ာ္ျဖတ္ရဖို႔ရွိ ေနတာေၾကာင့္ ေနာ္တင္ေဖာ ရက္စ္အသင္းရဲ႕ ခ်န္ပီယံ လိဂ္ဝင္ခြင့္တစ္ေနရာအတြက္ ဝင္ခြင့္ရဖို႔ခက္ခဲႏိုင္ပါတယ္။ ဒါေပမဲ့ အဲဒီ အ သင္းေတြရဲ႕ ေျခစြမ္းကို ျပန္ၾကည့္ရင္ ေနာ္တင္ေဖာရက္စ္အသင္းက ပိုၿပီးေျခစြမ္း တည္ၿငိမ္ေနတာကို ေတြ႕ရတာေၾကာင့္ ေနာ္တင္ေဖာရက္စ္အသင္းကသာ အတည္ၿငိမ္ဆုံးပုံစံနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ ေနရာကို ရယူသြားႏိုင္ဖို႔ရွိေနပါတယ္။ ေနာ္တင္ေဖာရက္စ္အသင္းဟာ ခ်န္ပီယံလိဂ္ဖလားကို (၂)ႀကိမ္ တိုင္တိုင္ ရရွိထားတဲ့အသင္းျဖစ္တဲ့အျပင္ ဥေရာပမွာ ေအာင္ျမင္တဲ့နာမည္တစ္ခုကိုပါ စိုက္ထူထားႏိုင္ ခဲ့တဲ့အသင္းတစ္သင္းဟာ ဒီရာသီမွာေတာ့ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကို ဝင္ေရာက္ႏိုင္ဖို႔အလားအလာေကာင္း ေတြရွိေနၿပီပဲျဖစ္ပါတယ္။

ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္း လက္ရွိလန္ဒန္ဒါဘီမွာ အာဆင္နယ္အသင္းကို ရႈံးနိမ့္ထားသလို အေဝးကြင္း (၄)ပြဲဆက္ ရႈံးထားတဲ့အသင္းျဖစ္ပါတယ္။ ေနာက္ ဆုံးကန္ခဲ့တဲ့ ပရီးမီးယားလိဂ္ေတြမွာ လက္စတာနဲ႔ ေဆာက္သမ္တန္ကလြဲရင္ မန္စီးတီး၊ ဘ႐ိုက္တန္၊ အက္စတြန္ဗီလာ၊ အာဆင္နယ္အသင္းေတြကို အ ေဝးကြင္းမွာ ဆက္တိုက္ရႈံးနိမ့္ထားၿပီး ေျခစြမ္းပိုင္းအရလည္း အားရစရာမရွိခဲ့တာကိုေတြ႕ရပါတယ္။ ရာသီအစမွာေတာ့ လူစာရင္းအရေရာ ေျခစြမ္း ေကာင္းတစ္ရပ္ကို ျပန္လည္ရရွိၿပီလို႔ ေတြးဆခဲ့ေပမယ့္ ရာသီဝက္ေက်ာ္လာခ်ိန္မွာေတာ့ ေျခစြမ္းပိုင္းက်ဆင္းသြားသလို ကစားသမားတစ္ေယာက္ခ်င္းစီရဲ႕ ေျခစြမ္းကလည္း တည္ၿငိမ္မႈမရွိေတာ့ တာျဖစ္ပါတယ္။ အထူးသျဖင့္ ခ်ဲလ္ဆီးအသင္းရဲ႕ ဂိုးေပါက္တစ္ ေနရာက ဂိုးသမားဟာ အရမ္းစိုးရိမ္ရတဲ့အေနအထားျဖစ္ၿပီး ယုံၾကည္စိတ္ခ်ထားလို႔မရတဲ့ အဓိက ျပႆနာတစ္ခုျဖစ္သလို ေနာက္တန္းခံစစ္မွာလည္း ျပႆနာမ်ားစြာရွိေနတဲ့အသင္းျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ လက္က်န္ပြဲစဥ္(၉)ပြဲမွာ စပါးစ္၊ အစ္ဆြစ္ေတာင္း၊ အဲဗာတန္၊ လီဗာပူးလ္၊ မန္ယူ အသင္းတို႔ကို အိမ္ကြင္း မွာရင္ဆိုင္ကစားရဖို႔ရွိေနၿပီး ဘရန္းဖို႔ဒ္၊ ဖူဟမ္၊ နယူးကာဆယ္နဲ႔ ေနာ္တင္ေဖာ ရက္စ္အသင္းေတြကို အေဝးကြင္းမွာ သြားေရာက္ကစားရမွာလည္းျဖစ္ပါတယ္။ ဒီအေနအထားကို ၾကည့္ရင္ ခ်ဲလ္ဆီးအသင္းဟာ အေဝးကြင္းမွာေရာ အိမ္ကြင္းမွာပါ အသင္းေကာင္းေတြအျပင္ အသင္း ႀကီးေတြကိုပါ ရင္ဆိုင္ရမွာျဖစ္တာေၾကာင့္ ရာသီကုန္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္‌ တစ္ေနရာအတြက္ ေတာ္ ေတာ္႐ုန္းကန္သြားရမယ့္ အေနအထားမ်ိဳးမွာရွိေနပါတယ္။ ဒါ့ျပင္ အသင္းမွာ ပုံမွန္ေျခစြမ္းျပေနတဲ့ ကိုးလ္ပါးမားရဲ႕ ေျခစြမ္း က်ဆင္းလာမႈ၊ ကြင္းလယ္ပိုင္းမွာ ပြဲဆက္မ်ားေနတဲ့ ကိုင္စီဒိုနဲ႔ အန္ဇိုအတြဲ အဖက္ ႐ုန္းကန္လာရမႈနဲ႔အတူ ခ်ဲလ္ဆီးအသင္းအတြက္ လက္က်န္ပြဲစဥ္ေတြဟာ က်ိန္းေသေပါက္ ႏိုင္ပြဲရဖို႔ ခက္ခဲႏိုင္ပါတယ္။ ဒါေပမဲ့ ခ်န္ပီယံလိဂ္ ဝင္ခြင့္တစ္ေနရာက (၅)ေနရာရွိေန တာျဖစ္တဲ့အတြက္ ခ်ဲလ္ဆီးအသင္းရဲ႕ စုဖြဲ႕မႈနဲ႔ လူစာရင္းေတာင့္တင္းမႈအရ ရာသီကုန္မွာ ခ်န္ပီယံလိဂ္ ဝင္ခြင့္တစ္ေနရာ ကိုေတာ့ အရယူသြားႏိုင္ဖို႔ရွိေနပါတယ္။ ဒါေပမဲ့ အေဝးကြင္းပြဲစဥ္ေတြကို သတိထားရမွာျဖစ္သလို အိမ္ကြင္းပြဲစဥ္ေတြမွာလည္း အသင္းႀကီးေတြကိုဆက္တိုက္မရႈံးနိမ့္မွသာ ခ်န္ပီယံလိဂ္ ဝင္ခြင့္တစ္ ေနရာကို ရယူႏိုင္ပါမယ္။

မန္စီးတီး
မန္စီးတီးအသင္းက ဒီႏွစ္ရာသီမွာ ခန႔္မွန္း ရခက္တဲ့အသင္းျဖစ္ၿပီး ေပးဂိုးအေနနဲ႔ (၄၀)ေတာင္ ရွိေနၿပီး ပရီးမီးယားလိဂ္မွာေရာ ဥေရာပၿပိဳင္ပြဲေတြမွာ အေျခအေနမေကာင္းေတာ့တဲ့အထိ ရလဒ္ေတြ ဆိုး႐ြားေနတဲ့ အသင္းျဖစ္ပါတယ္။ မန္စီးတီးအသင္းဟာ ဒီရာသီမွာ ခံစစ္ပိုင္းေတာ္ေတာ္ေလးအားနည္း ေနၿပီး ဂိုးသမား အက္ဒီဆင္ ဒဏ္ရာရေနတဲ့အေနအ ထားမွာ အရန္ဂိုးသမားရဲ႕ လိုအပ္ခ်က္ေတြအျပင္ ေနာက္တန္းခံစစ္မွာ ေပးဂိုးေတြဆက္တိုက္ခြင့္ျပဳေနရတာကိုေတြ႕ရပါတယ္။ ကြင္းလယ္ပိုင္းမွာလည္း အသက္အ႐ြယ္အားျဖင့္ လုပ္အားႏႈန္းေကာင္းေကာင္းေပးႏိုင္တဲ့ ကစားသမားလိုအပ္ခ်က္အျပင္ ဖိုဒန္ရဲ႕ ေျခစြမ္းပိုင္းက်ဆင္းမႈနဲ႔ တိုက္စစ္ပိုင္းမွာ ဟာလန္းေျခစြမ္းမျပတဲ့ႏိုင္ပြဲစဥ္ေတြမ်ားလာတဲ့အခါမွာေတာ့ မန္စီးတီးအသင္းအတြက္ ဒီရာသီခ်န္ပီယံ လိဂ္ဝင္ခြင့္တစ္ေနရာက ေမးခြန္းေပါင္းမ်ားစြာနဲ႔ျဖစ္ လို႔ေနပါ တယ္။ ေနာက္ဆုံးလက္က်န္ပြဲစဥ္(၉)ပြဲမွာ မန္စီးတီး အသင္းက လက္စတာစီးတီး၊ ခရစၥတယ္ပဲေလ့စ္၊ အက္စတြန္ဗီလာ၊ ဝုဗ္လ္၊ ဘုန္းေမာက္စ္အသင္းေတြကို အိမ္ကြင္းမွာရင္ဆိုင္ရဖို႔ရွိေနၿပီး မန္ယူ၊ အဲဗာ တန္၊ ေဆာက္သမ္တန္၊ ဖူဟမ္အသင္းေတြကိုေတာ့ အေဝး ကြင္းမွာ သြားေရာက္ကစားရဖို႔ရွိေနပါတယ္။ ဒီပြဲစဥ္ေတြကိုၾကည့္ရင္ မန္စီးတီးအသင္းဟာ ခ်ဲလ္ဆီးနဲ႔ ေနာ္တင္ေဖာရက္စ္တို႔ထက္ အိမ္ကြင္းလက္ က်န္ ပြဲစဥ္မွာေရာ အေဝးကြင္းလက္က်န္ပြဲစဥ္ေတြမွာပါ အေျခအေနေကာင္းသြားႏိုင္တဲ့အသင္းျဖစ္ၿပီး မန္စီးတီးအသင္းကေတာ့ အဆင့္(၃) ဒါမွမဟုတ္ အဆင့္(၄) ေလာက္နဲ႔ ရာသီသိမ္းႏိုင္တဲ့ အ‌ေျခအေန မ်ိဳးျဖစ္သြားႏိုင္ပါတယ္။ အမွတ္ေပးဇယားမွာလည္း ေနာ္တင္ေဖာရက္စ္ထက္ (၇)မွတ္၊ ခ်ဲလ္ဆီး အသင္း နဲ႔(၁)မွတ္သာ ကြာဟေနေပမယ့္ စိုးရိမ္စရာရွိတာက နယူးကာဆယ္အသင္းနဲ႔ ဘ႐ိုက္တန္ အသင္းတို႔ကို ရမွတ္(၁)မွတ္သာ ျဖတ္ထားႏိုင္တာေၾကာင့္ မန္စီးတီး အသင္းအေနနဲ႔ ေနာက္ပိုင္းပြဲစဥ္ ေတြဟာ အမွားခံလို႔ မရတဲ့ပြဲစဥ္ေတြျဖစ္လာႏိုင္ပါတယ္။ အထူးသျဖင့္ နယူးကာဆယ္အသင္းက မန္စီး တီးအသင္းထက္ တစ္ပြဲေလ်ာ့ကန္ထားတဲ့အေနအထားမွာ အမွားေသးေသးေလးကအစ မန္စီးတီး အသင္းအတြက္ ေပးဆပ္မႈႀကီးသြားႏိုင္ပါတယ္။ ဒါေပမဲ့ မန္စီးတီးအသင္းရဲ႕ ရာသီကုန္ေျခစြမ္းပိုင္းကို ေစာင့္ ၾကည့္ရဖို႔ရွိေနသလို ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ေနရာအတြက္ အႀကိတ္အနယ္ၿပိဳင္ဆိုင္မႈေတြမွာ မန္စီးတီး အသင္းရဲ႕အစဥ္အလာအရ ရာသီကုန္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္(၅)ေနရာထဲကို ဝင္ေရာက္ႏိုင္ဖို႔ရွိ ေနပါတယ္။

နယူးကာဆယ္
နယူးကာဆယ္အသင္းကေတာ့ ၿပီးခဲ့တဲ့ ကာရာေဘာင္းဖလား ဗိုလ္လုပြဲမွာ လီဗာပူးလ္အသင္း ကိုအႏိုင္ယူၿပီး ႏွစ္ေပါင္း(၅၆)ႏွစ္ၾကာ ဖလားမရရွိ ခဲ့မႈကို အဆုံးသတ္ၿပီး ကာရာေဘာင္းဖလားကို ရယူ ထားႏိုင္ခဲ့တဲ့ အသင္းျဖစ္ပါတယ္။ နယူးကာဆယ္အသင္းရဲ႕ လီဗာပူးလ္အသင္းကိုႏိုင္ခဲ့တဲ့ ေျခစြမ္းအရ လက္က်န္ပြဲစဥ္ေတြမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ ေနရာကို ေသခ်ာေပါက္ ၿခိမ္းေျခာက္လာႏိုင္တဲ့အသင္း ျဖစ္ပါတယ္။ နယူးကာဆယ္အသင္းဟာ လက္က်န္ပြဲစဥ္(၁၀)ပြဲအထိ ကစားဖို႔က်န္ေနတာျဖစ္ၿပီး ဘရန္း ဖို႔ဒ္၊ မန္ယူ၊ ခရစၥတယ္ပဲေလ့၊ အစ္ဆြစ္ေတာင္း၊ ခ်ဲလ္ဆီးနဲ႔ အဲဗာတန္အသင္းတို႔ကို အိမ္ကြင္းမွာ ရင္ဆိုင္ ကစားရဖို႔ရွိေနပါတယ္။ အိမ္ကြင္းအေန အထားမွာေတာ့ မန္ယူနဲ႔ ခ်ဲလ္ဆီးအသင္းေတြ ေလာက္သာ ခက္ခဲႏိုင္တာကိုေတြ႕ရၿပီး ႏွစ္သင္းလုံး ကိုလဲ အႏိုင္ယူႏိုင္တဲ့ ေျခစြမ္းမ်ိဳးရွိေနပါတယ္။ ဒါ့ျပင္ လက္စတာစီးတီး၊ အက္စတြန္ဗီလာ၊ ဘ႐ိုက္တန္၊ အာဆင္နယ္အသင္းတို႔ကို အေဝးကြင္းမွာ ရင္ဆိုင္ ရဖို႔ရွိေနၿပီး လက္က်န္ပြဲစဥ္ ဆယ္ပြဲမွာ အေဝးကြင္း(၄)ပြဲသာ ကစားရမွာျဖစ္တာေၾကာင့္ နယူးကာဆယ္ အသင္းအတြက္ ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ေနရာဟာ အခြင့္အေရးရွိေနဆဲျဖစ္ၿပီး ကိုယ့္သမိုင္းကိုယ္ေရး ထိုးသြားႏိုင္ဖို႔လည္းရွိေနပါတယ္။ ဒါ့ျပင္ နယူးကာဆယ္ အသင္းဟာ ဒီရာသီမွာ ဒဏ္ရာျပႆနာမရွိသ ေလာက္နည္းတဲ့အသင္းျဖစ္ၿပီး ကစားပုံးမာေက်ာ က်စ္လ်စ္မႈနဲအတူ ကြင္းလယ္ပိုင္းမွာလည္း လုပ္ အား ႏႈန္းေကာင္းတဲ့ ကစားသမားအမ်ားစုရွိေနတာေၾကာင့္ ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ေနရာကို မန္စီးတီးနဲ႔ ခ်ဲလ္ဆီးအသင္းတို႔နဲ႔အၿပိဳင္ စိန္ေခၚလာႏိုင္ဖို႔ရွိေနတဲ့အျပင္ လက္ရွိမွာလည္း ကာရာေဘာင္းဖလားကို ပူပူေႏြးေႏြး ရယူထားတဲ့အသင္းျဖစ္တာေၾကာင့္ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ေနရာကို အရယူဖို႔ ႀကိဳးပမ္းလာဖြယ္ရွိေနပါတယ္။

Related news

© 2021. All rights reserved.