နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းနှင့် မကွေး အပါအဝင် ငလျင်ဒဏ်သင့်နေရာများကို အရေးပေါ်အခြေအနေ သတ်မှတ်

1968

NP News – မတ် ၂၈
နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းနှင့် မကွေး အပါအဝင် ငလျင်ဒဏ်သင့်နေရာများကို အရေးပေါ်အခြေအနေသတ်မှတ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယနေ့ (မတ်လ ၂၈ရက်)၊ မွန်းလွဲ ၁၂ နာရီ ၅၁ အချိန်ခန့်က ပြင်းအား ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ပြီး နောက်ဆက်တွဲငလျင်ငယ် (၃) ခုခန့် လှုပ်ရှားခဲ့သည်ကို တိုင်းထွာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့မြောက်)၊ နေပြည်တော်နှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ ငလျင်ဒဏ်သင့်သည့် နေရာများကို အရေးပေါ်အခြေအနေအဖြစ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီမှ ကြေညာလိုက်ကြောင်း သိရသည်။
“အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောလျင်စွာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့ ထွက်ပေါ်လာနိုင်တဲ့ကောလာဟလတွေအပေါ်မှာ ယုံကြည်ခြင်းမရှိဘဲ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရဲ့ အဆက်မပြတ် ထုတ်ပြန်ခဲ့တဲ့ သတင်းထုတ်ပြန်ချက်များကိုသာ နဲ့အညီသာလိုက်နာဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။
ထို့ကြောင့် အဆိုပါဒေသများ၌ ပျက်စီးဆုံးရှုံးမှုများအား အလျင်အမြန် စုံစမ်းစစ်ဆေးခြင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား ဆောလျင်စွာဆောင် ရွက်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် လိုအပ်သည့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိ စေရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
အလားတူ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်လည်း နေပြည်တော် (ကုတင် ၁၀၀ဝ) ဆေးရုံသို့ ရောက်ရှိနေသည့် လူနာများအား သွားရောက်ကြည့်ရှုနေကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
"မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်းမှာရှိတဲ့ ဆေးရုံတွေမှာ ငလျင်ဒဏ်ကြောင့် ဒဏ်ရာရ လူနာတွေများပြားနေပါတယ်။ အဲဒီမှာ သွေးလိုအပ်ချက်လည်း များပြားပါတယ်။ သွေးအလှူရှင်များ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်းက ဆေးရုံများနဲ့ အမြန်ဆုံးဆက်သွယ် ကုသိုလ်ပြုပေးကြပါလို့ မေတ္တာရပ်ခံပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောသည်။

zawgyi verson
ေနျပည္ေတာ္၊ မႏၲေလး၊ စစ္ကိုင္းႏွင့္ မေကြး အပါအဝင္ ငလ်င္ဒဏ္သင့္ေနရာမ်ားကို အေရးေပၚအေျခအေန သတ္မွတ္
NP News – မတ္ ၂၈
ေနျပည္ေတာ္၊ မႏၲေလး၊ စစ္ကိုင္းႏွင့္ မေကြး အပါအဝင္ ငလ်င္ဒဏ္သင့္ေနရာမ်ားကို အေရးေပၚအေျခအေနသတ္မွတ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ယေန႔ (မတ္လ ၂၈ရက္)၊ မြန္းလြဲ ၁၂ နာရီ ၅၁ အခ်ိန္ခန႔္က ျပင္းအား ရစ္(ခ္)တာစေကး ၇ ဒသမ ၇ အဆင့္ရွိ အင္အားအလြန္ျပင္းထန္ေသာ ေျမငလ်င္တစ္ခု လႈပ္ရွားသြားခဲ့ၿပီး ေနာက္ဆက္တြဲငလ်င္ငယ္ (၃) ခုခန႔္ လႈပ္ရွားခဲ့သည္ကို တိုင္းထြာရရွိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါငလ်င္လႈပ္ခတ္မႈေၾကာင့္ စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္(အေရွ႕ေျမာက္)၊ ေနျပည္ေတာ္ႏွင့္ ပဲခူးတိုင္းေဒသႀကီးတို႔ရွိ ငလ်င္ဒဏ္သင့္သည့္ ေနရာမ်ားကို အေရးေပၚအေျခအေနအျဖစ္ အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ေကာ္မတီမွ ေၾကညာလိုက္ေၾကာင္း သိရသည္။
“အစိုးရအေနနဲ႔ စုံစမ္းစစ္ေဆးမႈေတြ ကူညီကယ္ဆယ္ေရးလုပ္ငန္းေတြ ေဆာလ်င္စြာ ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။ ျပည္သူလူထုအေနနဲ႔ ထြက္ေပၚလာႏိုင္တဲ့ေကာလာဟလေတြအေပၚမွာ ယုံၾကည္ျခင္းမရွိဘဲ အမ်ိဳးသား သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈေကာ္မတီရဲ႕ အဆက္မျပတ္ ထုတ္ျပန္ခဲ့တဲ့ သတင္းထုတ္ျပန္ခ်က္မ်ားကိုသာ နဲ႔အညီသာလိုက္နာေဆာင္႐ြက္ၾကဖို႔ ေမတၱာရပ္ခံလိုပါတယ္”ဟု ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားထားသည္။
ထို႔ေၾကာင့္ အဆိုပါေဒသမ်ား၌ ပ်က္စီးဆုံးရႈံးမႈမ်ားအား အလ်င္အျမန္ စုံစမ္းစစ္ေဆးျခင္း၊ ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ားအား ေဆာလ်င္စြာေဆာင္ ႐ြက္ျခင္းတို႔ကို ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ ထို႔ျပင္ လိုအပ္သည့္ သဘာဝေဘးအႏၲရာယ္ ကူညီကယ္ဆယ္ေရးႏွင့္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီမ်ားရရွိ ေစေရးအတြက္လည္း ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။
အလားတူ နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္လည္း ေနျပည္ေတာ္ (ကုတင္ ၁၀၀ဝ) ေဆး႐ုံသို႔ ေရာက္ရွိေနသည့္ လူနာမ်ားအား သြားေရာက္ၾကည့္ရႈေနေၾကာင္း နစက၏ သတင္းထုတ္ျပန္ခ်က္အရသိရသည္။
"မႏၲေလး၊ ေနျပည္ေတာ္၊ စစ္ကိုင္းမွာရွိတဲ့ ေဆး႐ုံေတြမွာ ငလ်င္ဒဏ္ေၾကာင့္ ဒဏ္ရာရ လူနာေတြမ်ားျပားေနပါတယ္။ အဲဒီမွာ ေသြးလိုအပ္ခ်က္လည္း မ်ားျပားပါတယ္။ ေသြးအလႉရွင္မ်ား မႏၲေလး၊ ေနျပည္ေတာ္၊ စစ္ကိုင္းက ေဆး႐ုံမ်ားနဲ႔ အျမန္ဆုံးဆက္သြယ္ ကုသိုလ္ျပဳေပးၾကပါလို႔ ေမတၱာရပ္ခံပါတယ္"ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆက္လက္ေျပာသည္။