နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နေပြည်တော်ရှိ ငလျင်ဒဏ်သင့်ခဲ့သော နေရာများကို သွားရောက် ကြည့်ရှုစစ်ဆေး

1818

(NP News)- မတ် ၂၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်ရှိ ငလျင်ဒဏ်သင့်ခဲ့သောနေရာများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယနေ့ (မတ်လ ၂၈ရက်)၊ မွန်းလွဲ ၁၂ နာရီ ၅၁မိနစ် အချိန်ခန့်က အင်အား ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ပြီး နောက်ဆက်တွဲငလျင်ငယ် (၃) ခုခန့် လှုပ်ရှားခဲ့သည်ကို တိုင်းထွာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင်ဒဏ်သင့်ခဲ့ရပြီး လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရကာ လူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့သို့ဖြစ်ပေါ်ခဲ့သဖြင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ငလျင်ဒဏ်သင့် နေရာများအား ငလျင်လှုပ်ခတ်ခဲ့မှုဖြစ်ပွားခဲ့ပြီး မကြာမီနာရီပိုင်းအတွင်း သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ပင်လောင်းလမ်းဆုံနေရာမှ နေပြည်တော်တိုင်းစစ်ဌာန ချုပ် မီးပွိုင့်နေရာအထိ ငလျင်ဒဏ်ကြောင့် လမ်းတံတားပျက်စီးခဲ့မှုများ၊ ရာဇဌာနီ လမ်းမ ကြီးပေါ်ရှိ လမ်းတံတားပျက်စီးမှုများ၊ ပျဉ်းမနား-တောင်ညိုလမ်းမကြီးပေါ်ရှိ လမ်းတံတား ပျက်စီးမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် အများပြည်သူများ သွားလာမှု အဆင် ပြေစေရေးနှင့် အမြန်ဆုံးသွားလာနိုင်ရေး ဦးစားပေးဆောင်ရွက်သွားရန်၊ လူအင်အား၊ ယာဉ်ယန္တရား အင်အားများကိုအသုံးပြု၍ လမ်းကြောင်းများ အမြန်ဆုံးပြန်လည်ကောင်း မွန်စေရေး ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ၎င်းအဖွဲ့များသည် နေပြည်တော်၊ ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)သို့ ရောက်ရှိကြပြီး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ဆေးဝါးကုသမှုဆောင်ရွက်ပေး နေမှုများကို ကြည့်ရှု၍ အားပေးစကားပြောကြားကာ လိုအပ်သည်များကိုလည်း မှာကြားခဲ့ကြောင်း သိရသည်။
အလားတူ နေပြည်တော်မြို့မဈေးအနီးရှိ ခရေဝန်ထမ်းအိမ်ရာအတွင်း ငလျင်ဘေး ဒဏ်သင့်မှုကြောင့် ပျက်စီးခဲ့ရသည့် အိမ်ရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို သွားရောက်ကြည့်ရှု၍ အဆောက်အဦပျက်များအတွင်း ပိတ်မိ နေသူများကို အမြန်ဆုံးကယ်ထုတ်နိုင်ရေး ဦးစားပေးဆောင်ရွက်သွားရန်နှင့် အခြားလို အပ်သည်များကို မှာကြားခဲ့ပြီး အခြားငလျင်ဘေးဒဏ်သင့်နေရာများသို့ ဆက် လက်၍ လိုက်လံကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

Zawgyi Version:
နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေနျပည္ေတာ္ရွိ ငလ်င္ဒဏ္သင့္ခဲ့ေသာ ေနရာမ်ားကို သြားေရာက္ ၾကည့္ရႈစစ္ေဆး
(NP News)- မတ္ ၂၈
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေနျပည္ေတာ္ရွိ ငလ်င္ဒဏ္သင့္ခဲ့ေသာေနရာမ်ားကို သြားေရာက္ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ယေန႔ (မတ္လ ၂၈ရက္)၊ မြန္းလြဲ ၁၂ နာရီ ၅၁မိနစ္ အခ်ိန္ခန႔္က အင္အား ရစ္(ခ္)တာစေကး ၇ ဒသမ ၇ အဆင့္ရွိ အင္အားအလြန္ျပင္းထန္ေသာ ေျမငလ်င္တစ္ခု လႈပ္ရွားသြားခဲ့ၿပီး ေနာက္ဆက္တြဲငလ်င္ငယ္ (၃) ခုခန႔္ လႈပ္ရွားခဲ့သည္ကို တိုင္းထြာရရွိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါ ငလ်င္လႈပ္ခတ္ခဲ့မႈေၾကာင့္ စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလး တိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီးႏွင့္ ရွမ္းျပည္နယ္၊ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ပဲခူးတိုင္းေဒသႀကီးတို႔၌ ငလ်င္ဒဏ္သင့္ခဲ့ရၿပီး လမ္းတံတား၊ အေဆာက္အဦမ်ား ထိခိုက္ပ်က္စီးခဲ့ရကာ လူအခ်ိဳ႕ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
ထို႔သို႔ျဖစ္ေပၚခဲ့သျဖင့္ နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္းရွိ ငလ်င္ဒဏ္သင့္ ေနရာမ်ားအား ငလ်င္လႈပ္ခတ္ခဲ့မႈျဖစ္ပြားခဲ့ၿပီး မၾကာမီနာရီပိုင္းအတြင္း သြားေရာက္ ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္း သိရသည္။
နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ပင္ေလာင္းလမ္းဆုံေနရာမွ ေနျပည္ေတာ္တိုင္းစစ္ဌာန ခ်ဳပ္ မီးပြိဳင့္ေနရာအထိ ငလ်င္ဒဏ္ေၾကာင့္ လမ္းတံတားပ်က္စီးခဲ့မႈမ်ား၊ ရာဇဌာနီ လမ္းမ ႀကီးေပၚရွိ လမ္းတံတားပ်က္စီးမႈမ်ား၊ ပ်ဥ္းမနား-ေတာင္ညိဳလမ္းမႀကီးေပၚရွိ လမ္းတံတား ပ်က္စီးမႈမ်ားအား သြားေရာက္ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ အမ်ားျပည္သူမ်ား သြားလာမႈ အဆင္ ေျပေစေရးႏွင့္ အျမန္ဆုံးသြားလာႏိုင္ေရး ဦးစားေပးေဆာင္႐ြက္သြားရန္၊ လူအင္အား၊ ယာဥ္ယႏၲရား အင္အားမ်ားကိုအသုံးျပဳ၍ လမ္းေၾကာင္းမ်ား အျမန္ဆုံးျပန္လည္ေကာင္း မြန္ေစေရး ေဆာင္႐ြက္သြားရန္ႏွင့္ အျခားလိုအပ္သည္မ်ားကို မွာၾကားခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ျပင္ ၎အဖြဲ႕မ်ားသည္ ေနျပည္ေတာ္၊ ျပည္သူ႔ေဆး႐ုံႀကီး(ခုတင္-၁၀၀၀)သို႔ ေရာက္ရွိၾကၿပီး ငလ်င္ေဘးဒဏ္ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိခဲ့သူမ်ားအား ေဆးဝါးကုသမႈေဆာင္႐ြက္ေပး ေနမႈမ်ားကို ၾကည့္ရႈ၍ အားေပးစကားေျပာၾကားကာ လိုအပ္သည္မ်ားကိုလည္း မွာၾကားခဲ့ေၾကာင္း သိရသည္။
အလားတူ ေနျပည္ေတာ္ၿမိဳ႕မေဈးအနီးရွိ ခေရဝန္ထမ္းအိမ္ရာအတြင္း ငလ်င္ေဘး ဒဏ္သင့္မႈေၾကာင့္ ပ်က္စီးခဲ့ရသည့္ အိမ္ရာမ်ားတြင္ ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးေနမႈမ်ားကို သြားေရာက္ၾကည့္ရႈ၍ အေဆာက္အဦပ်က္မ်ားအတြင္း ပိတ္မိ ေနသူမ်ားကို အျမန္ဆုံးကယ္ထုတ္ႏိုင္ေရး ဦးစားေပးေဆာင္႐ြက္သြားရန္ႏွင့္ အျခားလို အပ္သည္မ်ားကို မွာၾကားခဲ့ၿပီး အျခားငလ်င္ေဘးဒဏ္သင့္ေနရာမ်ားသို႔ ဆက္ လက္၍ လိုက္လံၾကည့္ရႈစစ္ေဆးလ်က္ရွိေၾကာင္း ထုတ္ျပန္ထားသည္။