ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများတွင် သွေးလိုအပ်မှုများရှိနေသဖြင့် လှူဒါန်းပေးရန် မေတ္တာရပ်ခံ

1790

Pearl (NP News) - မတ် ၂၈
ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများတွင် အရေးပေါ်သွေးလိုအပ်မှုများရှိနေသဖြင့် လှူဒါန်းပေးကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက မေတ္တာရပ်ခံထားသည်။
ယနေ့ (မတ်လ ၂၈ရက်)၊ နေ့လည် (၁)နာရီ ဝန်းကျင်ခန့်တွင် ပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် ၊ နေပြည်တော် ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသ ကြီးတို့ရှိ ပြည်သူအများအပြား ငလျင်ဒဏ်သင့်ခဲ့ရသည်။
ထိုသို့ ငလျင်ဒဏ်သင့်ခဲ့ရသည့်အတွက် ပြည်သူအချို့ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူလည်း များပြားခဲ့သဖြင့် စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း ၊ နေပြည်တော် တို့ရှိ ပြည်သူ့ဆေးရုံများတွင် တက်ရောက် ဆေးကုသမှုခံယူရလျက် ရှိကာ အရေးပေါ်သွေးလိုအပ်မှုများရှိနေကြောင်း သိရသည်။
“အဓိက ကျွန်တော်ထုတ်ပြန်ချင်တာက မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်းမှာ ရှိတဲ့ ဆေးရုံတွေမှာ ကျွန်ေတာ်တို့ ငလျင်ဒဏ်ကြောင့် ဒဏ်ရာရ လူနာတွေ များပြားနေပါတယ်။ သွေးလိုအပ်ချက်လည်းများပြားနေပါတယ်။ သွေးအလှူရှင်များ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်းဒေသမှာရှိတဲ့ သွေးအလှူရှင်များ ဆေးရုံများသို့အမြန်ဆုံးဆက်သွယ် ကုသိုလ်ပြုပေးကြပါလို့ မေတ္တာရပ်ခံပါတယ်” ဟု နစက၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့ကြောင့် သွေးအလှူရှင်များအနေဖြင့် ဆေးရုံများသို့ အမြန်ဆုံးဆက်သွယ်၍ သွားရောက်လှူဒါန်းပေးရန် နစကမှ မေတ္တာရပ်ခံထား သည်။

Zawgyi Version:
ငလ်င္ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားတြင္ ေသြးလိုအပ္မႈမ်ားရွိေနသျဖင့္ လႉဒါန္းေပးရန္ ေမတၱာရပ္ခံ
Pearl (NP News) - မတ္ ၂၈
ငလ်င္ဒဏ္ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားတြင္ အေရးေပၚေသြးလိုအပ္မႈမ်ားရွိေနသျဖင့္ လႉဒါန္းေပးၾကရန္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီက ေမတၱာရပ္ခံထားသည္။
ယေန႔ (မတ္လ ၂၈ရက္)၊ ေန႔လည္ (၁)နာရီ ဝန္းက်င္ခန႔္တြင္ ျပင္းထန္သည့္ ငလ်င္လႈပ္ခတ္မႈေၾကာင့္ စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီးႏွင့္ ရွမ္းျပည္နယ္ ၊ ေနျပည္ေတာ္ ေကာင္စီနယ္ေျမ၊ ပဲခူးတိုင္းေဒသ ႀကီးတို႔ရွိ ျပည္သူအမ်ားအျပား ငလ်င္ဒဏ္သင့္ခဲ့ရသည္။
ထိုသို႔ ငလ်င္ဒဏ္သင့္ခဲ့ရသည့္အတြက္ ျပည္သူအခ်ိဳ႕ ေသဆုံးခဲ့ၿပီး ထိခိုက္ဒဏ္ရာ ရရွိသူလည္း မ်ားျပားခဲ့သျဖင့္ စစ္ကိုင္းတိုင္း ၊ မႏၲေလးတိုင္း ၊ ေနျပည္ေတာ္ တို႔ရွိ ျပည္သူ႔ေဆး႐ုံမ်ားတြင္ တက္ေရာက္ ေဆးကုသမႈခံယူရလ်က္ ရွိကာ အေရးေပၚေသြးလိုအပ္မႈမ်ားရွိေနေၾကာင္း သိရသည္။
“အဓိက ကြၽန္ေတာ္ထုတ္ျပန္ခ်င္တာက မႏၲေလး၊ ေနျပည္ေတာ္၊ စစ္ကိုင္းမွာ ရွိတဲ့ ေဆး႐ုံေတြမွာ ကြၽန္ေတာ္တို႔ ငလ်င္ဒဏ္ေၾကာင့္ ဒဏ္ရာရ လူနာေတြ မ်ားျပားေနပါတယ္။ ေသြးလိုအပ္ခ်က္လည္းမ်ားျပားေနပါတယ္။ ေသြးအလႉရွင္မ်ား မႏၲေလး၊ ေနျပည္ေတာ္၊ စစ္ကိုင္းေဒသမွာရွိတဲ့ ေသြးအလႉရွင္မ်ား ေဆး႐ုံမ်ားသို႔အျမန္ဆုံးဆက္သြယ္ ကုသိုလ္ျပဳေပးၾကပါလို႔ ေမတၱာရပ္ခံပါတယ္” ဟု နစက၏ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
ထို႔ေၾကာင့္ ေသြးအလႉရွင္မ်ားအေနျဖင့္ ေဆး႐ုံမ်ားသို႔ အျမန္ဆုံးဆက္သြယ္၍ သြားေရာက္လႉဒါန္းေပးရန္ နစကမွ ေမတၱာရပ္ခံထား သည္။