PDF များအပေါ် KIO တို့၏ ဗိုလ်ကျခဲ့သောဖြစ်ရပ်များစွာ ထွက်ပေါ်

 4594

သန့်ဇင် (NP News) - မတ် ၂၉

ကချင်ပြည်နယ်တွင် KIA၊ KIO ထံသွားရောက်ကာ စစ်ပညာသင်ယူခဲ့သည့် PDF များအပေါ် KIO တို့၏ ဗိုလ်ကျခဲ့ သောဖြစ်ရပ်များစွာ ထွက်ပေါ် လာခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် နိုင်ငံရေးအခင်းအကျင်းတွင် စစ်ကိုင်း၊ မန္တလေး နှင့် မကွေးဒေသမှ လူငယ်များစွာသည် KIA ထံ သွားရောက်စစ်ပညာသူခဲ့ပြီး သင်တန်းအတွင်း KIA ၏ ဖိနှိပ်ဗိုလ်ကျမှုများစွာခံခဲ့ရကြောင်း သိရသည်။

KIA က သင်ကြားပေးသော စစ်သင်တန်းတက်ရောက်သည့် လူငယ်များအား သင်တန်းပြီးပါက KIA အဖွဲ့အတွင်း ရောက်လျှင် လစာနှင့် သေနတ်ပေးမည်ဖြစ်ပြီး KIA လက်အောက် KPDF လုပ်မည်ဆိုပါက သေနတ်ပေးကာ လစာ ခံစားခွင့်မရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် NUG၊ MOD တို့၏ PDF အဖြစ်တာဝန်ထမ်းဆောင်မည်ဆိုပါက သင်တန်းပြီးလျှင် သေနတ်တပ်ဆင်ပေးခြင်း မရှိသည့်အပြင် သင်တန်းရက်အတွက် အထွေထွေကုန်ကျစရိတ်များကိုပါ ပေးဆောင်ခဲ့ရကြောင်း သိရသည်။
ကချင်လူမျိုးလူငယ်များသည်လည်း PDF အဖြစ်နေထိုင်ရန် သွားရောက်စစ်သင်တန်းတက်ရောက်ရာ၌ KIA က ၎င်းတို့အဖွဲ့ဝင်အဖြစ် အဓမ္မဆွဲသွင်းခေါ်ယူခဲ့သည့်ဖြစ်စဉ်များလည်း များစွာဖြစ်ပေါ်ခဲ့ပြီး ပြည်မမှ PDF များကိုမူ တစ်ဖြည်းဖြည်းချင်း KPDF အဖွဲ့အဖြစ် အသွင်ပြောင်းလဲခဲ့ခြင်းများလည်း ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် KIA သင်ကြားပေးသော စစ်သင်တန်းအတွင်း သင်တန်းသားအချင်းချင်း သွေးခွဲ သင်ကြားခဲ့ခြင်းများလည်း ရှိခဲ့ပြီး သင်တန်းပြီးပါက လက်နက်တပ်ဆင်ပေးခြင်းမရှိသည့်အပြင် KIA ထံမှ သေနတ်ပြန်လည်ဝယ်ယူရကြောင်း သိရသည်။
NUG ကသာ KIA အား မဟာမိတ်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသော်လည်း PDF များ စစ်သင်တန်းသွားရောက် သင်ယူရာတွင် KPDF အဖြစ် အသွင်ပြောင်းစေခြင်းများအပြင် စစ်မြေပြင်တွင် ဒဏ်ရာရရှိခဲ့သည့် KPDF များအား ထောက်ပံ့ငွေ မပေးခြင်း နှင့် လက်နက်ပြန်လည်ရုပ်သိမ်းခြင်းပါ ခံခဲ့ရကြောင်း သိရသည်။
လက်ရှိ နစကအစိုးရအား တိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့များအတွင်း PDF အဖွဲ့ဝင်များက အများဆုံး ပါဝင် တိုက်ခိုက်ပေးနေပြီး နယ်မြေများ ထိန်းချုပ်နိုင်လာပါက ဗမာ PDF များအား အတင်းအဓမ္မမောင်းထုတ်ခဲ့ခြင်းများ ရှိခဲ့ကြောင်း သိရသည်။

Zawgyi Version:
သန့်ဇင် (NP News) - မတ် ၂၉




© 2021. All rights reserved.