ငလျင်ဒဏ်သင့် မြန်မာအတွက် တရုတ်အစိုးရ က အမေရိကန်ဒေါ်လာ ၁၃ သန်းကျော်ဖိုး လူသားချင်း စာနာမှု အကူအညီများ ပေးမည်

233

သုတကျော် (NP News) - မတ် ၂၉
ငလျင်ဒဏ်သင့် မြန်မာအတွက် တရုတ်အစိုးရ က အမေရိကန်ဒေါ်လာ ၁၃ သန်း ကျော်ဖိုး လူသားချင်း စာနာမှု အကူအညီများ ပေးမည် ဖြစ်ကြောင်း CGTN သတင်းဌာန ၏ သတင်းတွင် ဖော်ပြထားချက်အရ သိရသည်။
မြန်မာ့ငလျင်ဘေးနှင့်ပတ်သက်၍ လိုအပ်သော အကူအညီများ ပေးအပ်ရန်နှင့်နေအိမ်များ ပြန်လည်တည်ဆောက်နိုင်ရန် တရုတ်မှကူညီ ပေးမည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်က သဝဏ်လွှာပေးပို့ ရာတွင်လည်း ထည့်သွင်း ပြောကြားထားသည်။
တရုတ်အစိုးရသည် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော မြန်မာနိုင်ငံအတွက် ယွမ်သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၁၃.၇၈ သန်းခန့်) အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးရန် ဆုံးဖြတ်ခဲ့ပြီး တဲများ၊ စောင်များ၊ ရှေးဦးသူနာပြုပစ္စည်းများ၊ အစားအစာ၊ သောက်ရေစသည့် အရေးပေါ်လိုအပ်သော ကယ်ဆယ်ရေးပစ္စည်းများနှင့်အတူ ကယ်ဆယ်ရေးအဖွဲ့ နှစ်ဖွဲ့ကို စေလွှတ်ခဲ့ကြောင်း China International Development Cooperation Agency မှ ပြောရေးဆိုခွင့်ရှိသူ Li Ming က ပြောကြောင်း သတင်းတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံမှ စေလွှတ်သော ကယ်ဆယ်ရေး ပထမအဖွဲ့သည် ယနေ့ (မတ်လ ၂၉ ရက်) တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ၏ လိုအပ်ချက်အရ တရုတ်နိုင်ငံအနေဖြင့် နောက်ထပ်အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း လည်း ၎င်းက ဆိုသည်။

Zawgyi Version:
ငလ်င္ဒဏ္သင့္ ျမန္မာအတြက္ တ႐ုတ္အစိုးရ က အေမရိကန္ေဒၚလာ ၁၃ သန္းေက်ာ္ဖိုး လူသားခ်င္း စာနာမႈ အကူအညီမ်ား ေပးမည္
သုတေက်ာ္ (NP News) - မတ္ ၂၉
ငလ်င္ဒဏ္သင့္ ျမန္မာအတြက္ တ႐ုတ္အစိုးရ က အေမရိကန္ေဒၚလာ ၁၃ သန္း ေက်ာ္ဖိုး လူသားခ်င္း စာနာမႈ အကူအညီမ်ား ေပးမည္ ျဖစ္ေၾကာင္း CGTN သတင္းဌာန ၏ သတင္းတြင္ ေဖာ္ျပထားခ်က္အရ သိရသည္။
ျမန္မာ့ငလ်င္ေဘးႏွင့္ပတ္သက္၍ လိုအပ္ေသာ အကူအညီမ်ား ေပးအပ္ရန္ႏွင့္ေနအိမ္မ်ား ျပန္လည္တည္ေဆာက္ႏိုင္ရန္ တ႐ုတ္မွကူညီ ေပးမည္ ျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္၊ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ထံ တ႐ုတ္ႏိုင္ငံသမၼတ ရွီက်င့္ဖ်င္က သဝဏ္လႊာေပးပို႔ ရာတြင္လည္း ထည့္သြင္း ေျပာၾကားထားသည္။
တ႐ုတ္အစိုးရသည္ ငလ်င္ဒဏ္ေၾကာင့္ ပ်က္စီးသြားေသာ ျမန္မာႏိုင္ငံအတြက္ ယြမ္သန္း ၁၀၀ (အေမရိကန္ေဒၚလာ ၁၃.၇၈ သန္းခန႔္) အေရးေပၚ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီမ်ား ေပးရန္ ဆုံးျဖတ္ခဲ့ၿပီး တဲမ်ား၊ ေစာင္မ်ား၊ ေရွးဦးသူနာျပဳပစၥည္းမ်ား၊ အစားအစာ၊ ေသာက္ေရစသည့္ အေရးေပၚလိုအပ္ေသာ ကယ္ဆယ္ေရးပစၥည္းမ်ားႏွင့္အတူ ကယ္ဆယ္ေရးအဖြဲ႕ ႏွစ္ဖြဲ႕ကို ေစလႊတ္ခဲ့ေၾကာင္း China International Development Cooperation Agency မွ ေျပာေရးဆိုခြင့္ရွိသူ Li Ming က ေျပာေၾကာင္း သတင္းတြင္ ေဖာ္ျပထားသည္။
တ႐ုတ္ႏိုင္ငံမွ ေစလႊတ္ေသာ ကယ္ဆယ္ေရး ပထမအဖြဲ႕သည္ ယေန႔ (မတ္လ ၂၉ ရက္) တြင္ ရန္ကုန္ၿမိဳ႕သို႔ ေရာက္ရွိခဲ့ၿပီး ျမန္မာႏိုင္ငံ၏ လိုအပ္ခ်က္အရ တ႐ုတ္ႏိုင္ငံအေနျဖင့္ ေနာက္ထပ္အကူအညီမ်ား ေပးအပ္သြားမည္ျဖစ္ေၾကာင္း လည္း ၎က ဆိုသည္။