မန္တလေးရှိ ရွှေအိုးဆေးဆိုင်(၂)ဆိုင်တွင် အရေးပေါ် 𝐅𝐢𝐫𝐬𝐭 𝐀𝐢𝐝 ပစ္စည်းများ အခမဲ့လာရောက်ယူဆောင်နိုင်

1597

သန့်ဇင်(NP News)-မတ် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့ရှိ ရွှေအိုးဆေးဆိုင်(၂)ဆိုင်တွင် အရေးပေါ် 𝐅𝐢𝐫𝐬𝐭 𝐀𝐢𝐝 ပစ္စည်းများ အခမဲ့လာရောက်ယူဆောင်နိုင်ကြောင်း “𝐒𝐡𝐰𝐞 𝐎𝐡𝐡 𝐏𝐡𝐚𝐫𝐦𝐚𝐜𝐲 - ရွှေအိုးဆေး”၏ လူမှုကွန်ယက် Facebook စာမျက် နှာတွင် ထုတ်ဖော်ရေးသားထားချက်အရ သိရသည်။
ယမန်နေ့(မတ်လ ၂၈ရက်) မွန်းလွဲပိုင်း ၁၂နာရီ ၅၁မိနစ်အချိန်ခန့်က လှုပ်ခတ်ခဲ့သော မြေငလျင်ကြောင့် မန္တလေးမြို့တွင် နေအိမ်၊ အဆောက်အအုံများ ထိခိုက်ပျက်စီးမှုများနှင့် အသက်သေဆုံးမှုများ ထိခိုက်ဒဏ်ရာရရှိမှုများစွာဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မန္တလေးမြို့ရှိ ရွှေအိုးဆေးဆိုင် ဆိုင်ခွဲများတွင် အသက်ကယ်ဆယ်ရေး လူနာယာဥ်များ ၊ ကယ်ဆယ်ရေးအဖွဲ့များ အနေဖြင့် လိုအပ်သည့် အရေးပေါ် 𝐅𝐢𝐫𝐬𝐭 𝐀𝐢𝐝 ပစ္စည်းများ 𝐒𝐡𝐰𝐞 𝐎𝐡𝐡 𝐏𝐡𝐚𝐫𝐦𝐚𝐜𝐲 - ရွှေအိုးဆေးဆိုင်များတွင် ပစ္စည်းရှိသလောက် အခမဲ့ ယူဆောင်းနိုင်ကြောင်း ရွှေအိုးဆေးဆိုင်က ဖိတ်ခေါ်ထားသည်။
ကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် အရေးပေါ် 𝐅𝐢𝐫𝐬𝐭 𝐀𝐢𝐝 ပစ္စည်းများအတွက် အခကြေးငွေ ပေးရန်မလိုပဲ ချမ်းမြသာစည်မြို့နယ်၊ ၆၂ လမ်း၊ (၁၀၃ နှင့် ၁၀၃ အေ) လမ်းကြား၊ ကုတင် (၃၀၀) သင်ကြားရေးနှင့် ကုတင် (၅၀၀) အရိုးဆေးရုံကြီးရှေ့ရှိ ရွှေအိုးဆေးဆိုင်နှင့် အောင်မြေသာစံမြို့နယ်၊ အမှတ် (၆၅ ~ ဇ)၊ (၁၉) လမ်း၊ (၅၈) လမ်းထိပ်၊ နန်းရှေ့ဈေးအနီးရှိ ရွှေအိုးဆေးဆိုင်တို့တွင် လာရောက်ယူဆောင် နိုင်ကြောင်း သိရသည်။
ငလျင်ဘေးဒဏ်ကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သေဆုံးခဲ့ရသူစုစုပေါင်း ၁၀၀၇ ဦး၊ ဒဏ်ရာရရှိသူစုစုပေါင်း ၂၃၈၉ ဦး၊ ပျောက်ဆုံးနေသူ ၃၀ ဦးရှိပြီဖြစ်ကြောင်း နစက၏ ကနဦးထုတ်ပြန်ချက်များအရသိရသည်။

Zawgyi Version:
မႏၲေလးရွိ ေ႐ႊအိုးေဆးဆိုင္(၂)ဆိုင္တြင္ အေရးေပၚ 𝐅𝐢𝐫𝐬𝐭 𝐀𝐢𝐝 ပစၥည္းမ်ား အခမဲ့လာေရာက္ယူေဆာင္ႏိုင္
သန႔္ဇင္(NP News)-မတ္ ၂၉
မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ႏွင့္ ေအာင္ေျမသာစံၿမိဳ႕နယ္တို႔ရွိ ေ႐ႊအိုးေဆးဆိုင္(၂)ဆိုင္တြင္ အေရးေပၚ 𝐅𝐢𝐫𝐬𝐭 𝐀𝐢𝐝 ပစၥည္းမ်ား အခမဲ့လာေရာက္ယူေဆာင္ႏိုင္ေၾကာင္း “𝐒𝐡𝐰𝐞 𝐎𝐡𝐡 𝐏𝐡𝐚𝐫𝐦𝐚𝐜𝐲 - ေ႐ႊအိုးေဆး”၏ လူမႈကြန္ယက္ Facebook စာမ်က္ ႏွာတြင္ ထုတ္ေဖာ္ေရးသားထားခ်က္အရ သိရသည္။
ယမန္ေန႔(မတ္လ ၂၈ရက္) မြန္းလြဲပိုင္း ၁၂နာရီ ၅၁မိနစ္အခ်ိန္ခန႔္က လႈပ္ခတ္ခဲ့ေသာ ေျမငလ်င္ေၾကာင့္ မႏၲေလးၿမိဳ႕တြင္ ေနအိမ္၊ အေဆာက္အအုံမ်ား ထိခိုက္ပ်က္စီးမႈမ်ားႏွင့္ အသက္ေသဆုံးမႈမ်ား ထိခိုက္ဒဏ္ရာရရွိမႈမ်ားစြာျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ မႏၲေလးၿမိဳ႕ရွိ ေ႐ႊအိုးေဆးဆိုင္ ဆိုင္ခြဲမ်ားတြင္ အသက္ကယ္ဆယ္ေရး လူနာယာဥ္မ်ား ၊ ကယ္ဆယ္ေရးအဖြဲ႕မ်ား အေနျဖင့္ လိုအပ္သည့္ အေရးေပၚ 𝐅𝐢𝐫𝐬𝐭 𝐀𝐢𝐝 ပစၥည္းမ်ား 𝐒𝐡𝐰𝐞 𝐎𝐡𝐡 𝐏𝐡𝐚𝐫𝐦𝐚𝐜𝐲 - ေ႐ႊအိုးေဆးဆိုင္မ်ားတြင္ ပစၥည္းရွိသေလာက္ အခမဲ့ ယူေဆာင္းႏိုင္ေၾကာင္း ေ႐ႊအိုးေဆးဆိုင္က ဖိတ္ေခၚထားသည္။
ကယ္ဆယ္ေရးအဖြဲ႕မ်ားအေနျဖင့္ အေရးေပၚ 𝐅𝐢𝐫𝐬𝐭 𝐀𝐢𝐝 ပစၥည္းမ်ားအတြက္ အခေၾကးေငြ ေပးရန္မလိုပဲ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ၆၂ လမ္း၊ (၁၀၃ ႏွင့္ ၁၀၃ ေအ) လမ္းၾကား၊ ကုတင္ (၃၀၀) သင္ၾကားေရးႏွင့္ ကုတင္ (၅၀၀) အ႐ိုးေဆး႐ုံႀကီးေရွ႕ရွိ ေ႐ႊအိုးေဆးဆိုင္ႏွင့္ ေအာင္ေျမသာစံၿမိဳ႕နယ္၊ အမွတ္ (၆၅ ~ ဇ)၊ (၁၉) လမ္း၊ (၅၈) လမ္းထိပ္၊ နန္းေရွ႕ေဈးအနီးရွိ ေ႐ႊအိုးေဆးဆိုင္တို႔တြင္ လာေရာက္ယူေဆာင္ ႏိုင္ေၾကာင္း သိရသည္။
ငလ်င္ေဘးဒဏ္ေၾကာင့္ တစ္ႏိုင္ငံလုံး အတိုင္းအတာျဖင့္ ေသဆုံးခဲ့ရသူစုစုေပါင္း ၁၀၀၇ ဦး၊ ဒဏ္ရာရရွိသူစုစုေပါင္း ၂၃၈၉ ဦး၊ ေပ်ာက္ဆုံးေနသူ ၃၀ ဦးရွိၿပီျဖစ္ေၾကာင္း နစက၏ ကနဦးထုတ္ျပန္ခ်က္မ်ားအရသိရသည္။