ငလျင်အပြီး မန္တလေးတက္ကသိုလ် မီးလောင်မှုအတွင်း တိုင်းနှင့်ပြည်နယ်သုံးခုမှ စာဖြေလွှာအုပ်ရေ သုံးသိန်း ခုနှစ်သောင်းကျော် မီးလောင်ပျက်စီးဆုံးရှုံး

1534

သုတကျော် (NP News) - မတ် ၂၉
ငလျင်အပြီး မန္တလေးတက္ကသိုလ် မီးလောင်မှုဖြစ်စဥ်အတွင်း တိုင်းနှင့်ပြည်နယ် သုံးခုမှ စာမေးပွဲ အဖြေလွှာ အုပ်ရေ သုံးသိန်းခုနှစ်သောင်းကျော် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
မန္တလေးတက္ကသိုလ် ပင်မဆောင်သည် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အပြင် နောက်ဆက်တွဲအဖြစ် မီးလောင်မှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ မီးလောင်မှုကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်သို့ ရောက်ရှိလျက်ရှိသည့် ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများဖြစ်သည့် မန္တလေးတိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ ၄၆၉၄၄ ဦး၏ အဖြေလွှာအုပ်ရေ ၂၈၀၉၄၀ အုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ ၇၃၁၁ ဦး၏ အဖြေလွှာအုပ်ရေ ၄၃၈၂၇ အုပ်၊ ကချင်ပြည်နယ်မှ ဖြေဆိုသူဦးရေ ၈၆၉၉ ဦး၏ အဖြေလွှာအုပ်ရေ
၅၂၁၈၉ အုပ်တို့သည် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့သည့်အချိန်သည် စာစစ်လုပ်ငန်းများ လုပ်ဆောင်နေသည့်အချိန်ဖြစ်ပြီး စာစစ်လုပ်ငန်းဆောင်ရွက်နေသူ ဆရာ၊ ဆရာမ ၂၆၇ ဦးခန့်သည် စာစစ်လုပ်ငန်းများ(Code လုပ်ငန်းဆောင်ရွက်နေချိန်)၌ ပြင်းထန်ငလျင်ဖြစ်ပေါ်ခဲ့သဖြင့် ပင်မဆောင်အောက်သို့ ပြေးထွက်တိမ်းရှောင်ခဲ့ကြရကြောင်း ဖော်ပြထားသည်။
ထို့နောက် ငလျင်လှုပ်ခတ်မှုမှ နောက်ဆက်တွဲမီးလောင်မှုများဖြစ်ပေါ်ခဲ့စဉ် မန္တလေးတက္ကသိုလ်
ပင်မဆောင်ကြီးတစ်ခုလုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရမှုနှင့်အတူ မန္တလေးတိုင်းဒေသကြီး၊
စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့မှ ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင် စာမေးပွဲအဖြေလွှာများသည်လည်း မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း စိစစ်သိရှိရသည်ဟု ဖော်ပြထားသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ပျက်စီးဆုံးရှုံးမှုများ အား အလျင်အမြန် စုံစမ်းစစ်ဆေးခြင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအားဆောလျင်စွာ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ငလ်င္အၿပီး မႏၲေလးတကၠသိုလ္ မီးေလာင္မႈအတြင္း တိုင္းႏွင့္ျပည္နယ္သုံးခုမွ စာေျဖလႊာအုပ္ေရ သုံးသိန္း ခုႏွစ္ေသာင္းေက်ာ္ မီးေလာင္ပ်က္စီးဆုံးရႈံး
သုတေက်ာ္ (NP News) - မတ္ ၂၉
ငလ်င္အၿပီး မႏၲေလးတကၠသိုလ္ မီးေလာင္မႈျဖစ္စဥ္အတြင္း တိုင္းႏွင့္ျပည္နယ္ သုံးခုမွ စာေမးပြဲ အေျဖလႊာ အုပ္ေရ သုံးသိန္းခုႏွစ္ေသာင္းေက်ာ္ မီးေလာင္ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။
မႏၲေလးတကၠသိုလ္ ပင္မေဆာင္သည္ ငလ်င္ဒဏ္ေၾကာင့္ ၿပိဳက်ပ်က္စီးမႈမ်ားျဖစ္ေပၚခဲ့သည့္အျပင္ ေနာက္ဆက္တြဲအျဖစ္ မီးေလာင္မႈမ်ားျဖစ္ေပၚခဲ့ျခင္းျဖစ္သည္။
အဆိုပါ မီးေလာင္မႈေၾကာင့္ မႏၲေလးတကၠသိုလ္ ပင္မေဆာင္သို႔ ေရာက္ရွိလ်က္ရွိသည့္ ၂၀၂၄-၂၀၂၅ တကၠသိုလ္ဝင္စာေမးပြဲအေျဖလႊာမ်ားျဖစ္သည့္ မႏၲေလးတိုင္းေဒသႀကီးမွ ေျဖဆိုသူဦးေရ ၄၆၉၄၄ ဦး၏ အေျဖလႊာအုပ္ေရ ၂၈၀၉၄၀ အုပ္၊ စစ္ကိုင္းတိုင္းေဒသႀကီးမွ ေျဖဆိုသူဦးေရ ၇၃၁၁ ဦး၏ အေျဖလႊာအုပ္ေရ ၄၃၈၂၇ အုပ္၊ ကခ်င္ျပည္နယ္မွ ေျဖဆိုသူဦးေရ ၈၆၉၉ ဦး၏ အေျဖလႊာအုပ္ေရ
၅၂၁၈၉ အုပ္တို႔သည္ မီးေလာင္ပ်က္စီးဆုံးရႈံးခဲ့ရေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါ ျပင္းထန္ငလ်င္လႈပ္ခတ္ခဲ့သည့္အခ်ိန္သည္ စာစစ္လုပ္ငန္းမ်ား လုပ္ေဆာင္ေနသည့္အခ်ိန္ျဖစ္ၿပီး စာစစ္လုပ္ငန္းေဆာင္႐ြက္ေနသူ ဆရာ၊ ဆရာမ ၂၆၇ ဦးခန႔္သည္ စာစစ္လုပ္ငန္းမ်ား(Code လုပ္ငန္းေဆာင္႐ြက္ေနခ်ိန္)၌ ျပင္းထန္ငလ်င္ျဖစ္ေပၚခဲ့သျဖင့္ ပင္မေဆာင္ေအာက္သို႔ ေျပးထြက္တိမ္းေရွာင္ခဲ့ၾကရေၾကာင္း ေဖာ္ျပထားသည္။
ထို႔ေနာက္ ငလ်င္လႈပ္ခတ္မႈမွ ေနာက္ဆက္တြဲမီးေလာင္မႈမ်ားျဖစ္ေပၚခဲ့စဥ္ မႏၲေလးတကၠသိုလ္
ပင္မေဆာင္ႀကီးတစ္ခုလုံး မီးေလာင္ပ်က္စီးဆုံးရႈံးခဲ့ရမႈႏွင့္အတူ မႏၲေလးတိုင္းေဒသႀကီး၊
စစ္ကိုင္းတိုင္းေဒသႀကီးႏွင့္ ကခ်င္ျပည္နယ္တို႔မွ ၂၀၂၄-၂၀၂၅ တကၠသိုလ္ဝင္ စာေမးပြဲအေျဖလႊာမ်ားသည္လည္း မီးေလာင္ပ်က္စီးဆုံးရႈံးခဲ့ရျခင္းျဖစ္ေၾကာင္း စိစစ္သိရွိရသည္ဟု ေဖာ္ျပထားသည္။
ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ငလ်င္ဒဏ္သင့္ခဲ့ရသည့္ေဒသမ်ား၌ ပ်က္စီးဆုံးရႈံးမႈမ်ား အား အလ်င္အျမန္ စုံစမ္းစစ္ေဆးျခင္း၊ ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ားအားေဆာလ်င္စြာ ေဆာင္႐ြက္ျခင္းတို႔ကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။