အလုံဓာတ်အားပေးစက်(၁)လုံး စတင်ရပ်တန့်သွား၍ ရန်ကုန်ဓာတ်အားပေးစနစ် ယာယီချို့ယွင်းခဲ့

19172

စော (NP News) - မတ် ၃၀
အလုံဓာတ်အားပေးစက်(၁)လုံး စတင်ရပ်တန့်သွား၍ ရန်ကုန်ဓာတ်အားပေးစနစ် ယာယီချို့ယွင်းမှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းထံမှ သိရသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က ယနေ့ (မတ်လ ၃၀ ရက်) တွင် အသိပေးထုတ်ပြန်ထားသည်။
ယနေ့ (မတ်လ ၃၀ ရက်)၊ နံနက် (၃)နာရီအချိန်ခန့်က အလုံဓာတ်အားပေးစက်(၁)လုံး စတင်ရပ်တန့်သွားပြီး ရန်ကုန်မြိုရှိ ဓာတ်အားပေးစက်အားလုံး ဆက်လက်ရပ်တန့်ခဲ့ပါသဖြင့် ရန်ကုန်ဓာတ်အားပေးစနစ် ယာယီချို့ယွင်းမှုဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးစက်ရုံအားလုံး ပြန်လည်မောင်းနှင်ချိတ်ဆက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ထုတ်လုပ်နိုင်မှုနှင့်သုံးစွဲမှု အချိုးညီစေရေး ထိန်းညှိလျှက် ဓာတ်အားပြန်လည်ဖြန့်ဖြူးလျှက်ရှိပါကြောင်း အသိပေးထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ယမန်နေ့ မတ်လ ၂၈ ရက် မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့သည့် အလွန်ပြင်းထန်သောငလျင်ဒဏ်ကြောင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်လျှက်ရှိသည့် ဓာတ်အားပေးစက်ရုံ၊ ခွဲရုံနှင့် ဓာတ်အားလိုင်းများ၏ ဓာတ်လွှတ်ပစ္စည်းများ ချို့ယွင်းပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ငလျင်ဒဏ်ကြောင့် ရန်ကုန်မြို့၌ အုပ်စု (၆)ခုခွဲ၍ တစ်ရက်လျှင် (၄)နာရီနှုန်းခန့်သာ ရေတင်နိုင်ရန်အတွက် ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း ယမန်နေ့ (မတ်လ ၂၉ ရက်) က အသိပေးထုတ်ပြန်ထားသေးသည်။

Zawgyi Version:
အလုံဓာတ္အားေပးစက္(၁)လုံး စတင္ရပ္တန႔္သြား၍ ရန္ကုန္ဓာတ္အားေပးစနစ္ ယာယီခ်ိဳ႕ယြင္းခဲ့
ေစာ (NP News) - မတ္ ၃၀
အလုံဓာတ္အားေပးစက္(၁)လုံး စတင္ရပ္တန႔္သြား၍ ရန္ကုန္ဓာတ္အားေပးစနစ္ ယာယီခ်ိဳ႕ယြင္းမႈျဖစ္ပြားခဲ့ေၾကာင္း ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္းထံမွ သိရသည္။
ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္း(YESC)က ယေန႔ (မတ္လ ၃၀ ရက္) တြင္ အသိေပးထုတ္ျပန္ထားသည္။
ယေန႔ (မတ္လ ၃၀ ရက္)၊ နံနက္ (၃)နာရီအခ်ိန္ခန႔္က အလုံဓာတ္အားေပးစက္(၁)လုံး စတင္ရပ္တန႔္သြားၿပီး ရန္ကုန္ၿမိဳရွိ ဓာတ္အားေပးစက္အားလုံး ဆက္လက္ရပ္တန႔္ခဲ့ပါသျဖင့္ ရန္ကုန္ဓာတ္အားေပးစနစ္ ယာယီခ်ိဳ႕ယြင္းမႈျဖစ္ပြားခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
ရန္ကုန္တိုင္းေဒသႀကီးအတြင္း ဓာတ္အားျဖန႔္ျဖဴးေပးႏိုင္ေရးစက္႐ုံအားလုံး ျပန္လည္ေမာင္းႏွင္ခ်ိတ္ဆက္ရန္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိၿပီး ထုတ္လုပ္ႏိုင္မႈႏွင့္သုံးစြဲမႈ အခ်ိဳးညီေစေရး ထိန္းညႇိလွ်က္ ဓာတ္အားျပန္လည္ျဖန႔္ျဖဴးလွ်က္ရွိပါေၾကာင္း အသိေပးထုတ္ျပန္ထားသည္။
ၿပီးခဲ့သည့္ ယမန္ေန႔ မတ္လ ၂၈ ရက္ မြန္းလြဲပိုင္းက လႈပ္ခတ္ခဲ့သည့္ အလြန္ျပင္းထန္ေသာငလ်င္ဒဏ္ေၾကာင့္ ဓာတ္အားစနစ္အတြင္းသို႔ ဓာတ္အားထုတ္လုပ္ပို႔လႊတ္လွ်က္ရွိသည့္ ဓာတ္အားေပးစက္႐ုံ၊ ခြဲ႐ုံႏွင့္ ဓာတ္အားလိုင္းမ်ား၏ ဓာတ္လႊတ္ပစၥည္းမ်ား ခ်ိဳ႕ယြင္းပ်က္စီးမႈျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ငလ်င္ဒဏ္ေၾကာင့္ ရန္ကုန္ၿမိဳ႕၌ အုပ္စု (၆)ခုခြဲ၍ တစ္ရက္လွ်င္ (၄)နာရီႏႈန္းခန႔္သာ ေရတင္ႏိုင္ရန္အတြက္ ဓာတ္အားျဖန႔္ျဖဴးေပးႏိုင္မည္ျဖစ္ေၾကာင္း ယမန္ေန႔ (မတ္လ ၂၉ ရက္) က အသိေပးထုတ္ျပန္ထားေသးသည္။